လိမ်ဖည်လိမ်ဖည်သွား၍မရတော့သည့် ခရီးသွားလုပ်ငန်း

ပို့စ်တင်ချိန် - 7/01/2014 04:33:00 PM



၂၀၁၁ ခုနှစ်မှစပြီး တိုးတက်ဖွံ့ဖြိုးလာသော မြန်မာနိုင်ငံ၏ စီးပွားရေးလုပ်ငန်းများထဲတွင် တစ်နှစ်ထက်တစ်နှစ် အောင်မြင်လာသည်မှာ ခရီးသွားလုပ်ငန်းကဏ္ဍပင်ဖြစ် သည်။ ပွင့်လင်းမြင်သာသည့် ၂၀၁၁ ခုနှစ်ကစပြီး ကမ္ဘာလှည့် ခရီးသွား ရှစ်သိန်းကျော်လာ ရောက်ခဲ့သည်မှစ၍ ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်တွင် ခရီးသွား နှစ်သန်းကျော်ခဲ့ပြီ။ လွန်ခဲ့သည့် ဆယ်စုနှစ်ကျော်ကတည်းက မြန်မာပြည်သည် ယခုအခြေအနေတွင်ရောက်နေသင့်သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ယခုအချိန်မှသာ စတင်ဖွံ့ဖြိုးခဲ့ခြင်း ဖြစ်၏။ သစ်တစ်ပင် ခုတ်စရာမလိုဘဲ၊ ဘာသယံဇာတ မှရောင်းစရာမလိုဘဲ မီးခိုးမထွက်သော ခရီးသွားလုပ်ငန်းကရသည့် တိုင်းပြည်ဝင်ငွေများသည် တစ် ဦးတစ်ယောက်တည်းသာမက ဆိုက်ကားသမားနှင့် လမ်းဘေးဈေးသည်ပါမကျန် အခြေခံလူတန်းစားများအထိ စီးဆင်းလေ့ရှိသည်။ ယခုလည်း၂၀၁၄ တွင် ခရီးသည်သုံးသန်းကျော်လာဖို့ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ခရီးသွားအေဂျင်စီလုပ်ငန်းရှင်များက တတ်အားသရွေ့ ကြိုးစားနေကြပြီ။
ဝန်ဆောင်မှုဆိုသည့်ကဏ္ဍ လေးမရောက်မီ ကျွန်တော့် အကြောင်းလေး မိတ်ဆက်ပါရစေ။ ကျွန်တော်သည် ခရီးသွား လုပ်ငန်းသို့ ၂၀၀၀ ပြည့်နှစ်လောက်ကတည်းက စဝင်ခဲ့သူ ဖြစ်ပါသည်။ Tour Guide လိုင်စင်ကို ၂၀၀၁ခုနှစ်တွင်ရခဲ့ပြီး ပြည်တွင်း၊ ပြည်ပခရီးသွားအေဂျင်စီများ၌ အောက်ခြေဝန်ထမ်းဘဝမှ မန်နေဂျာ အဆင့်အထိလုပ်ခဲ့သည်။ ထို့နောက်၂၀၀၄  ခုနှစ်မှစပြီး အလွတ်တန်းဧည့်လမ်းညွှန် (Freelance TourGuide) ဘဝနှင့် ခရီးသွားအေဂျင်စီကြီးများမှာ on call ဂိုက်အနေဖြင့်ယနေ့အထိ တာဝန်ထမ်းဆောင်လျက်ပင်။ ၂၀၀၇-၂၀၀၈ မြန်မာခရီးသွား လုပ်ငန်းများကျဆင်းနေချိန်တွင်မိသားစုစားဝတ်နေရေးအတွက် ပြည်ပနိုင်ငံကြီးတစ်ခုမှ ကြယ်ငါးပွင့်အဆင့်ရှိ ဟိုတယ်ကြီးတစ်ခုနှင့် Emirates Airlines တွင် ခရီးသည်ဝန်ဆောင်မှုပေးသော Guest Relation ပိုင်းမှာအထိုက် အလျောက်ရာထူးတစ်ခုနှင့် လေး နှစ်တာဝန်ထမ်းဆောင်ခဲ့သည်။ ၂၀၁၃ စက်တင်ဘာတွင် တိုးတက်နေသော မြန်မာပြည်ကို လေ့လာဆည်းပူးခဲ့သည့် အတွေ့အကြုံများနှင့်ပေါင်းစပ်ပြီး ကိုယ်ကျင်လည်မည့်ဧည့်လမ်းညွှန်ဘဝတွင် Quality of Service ကိုအသုံးချလို၍ ပြန်လာခဲ့သည်။

မြန်မာပြည် ပြန်ရောက် ရောက်ချင်း on call tour guide ဘဝနှင့် ရပ်တည်နေရင်းတစ်ဖက် ကလည်း ဟိုတယ်များ၊ လူအများ နှင့်ဆက်ဆံသည့် လုပ်ငန်းများတွင်part time customer service trainer အဖြစ် လက်ရှိရပ်တည် နေပါသည်။

အဓိက ပြောလိုသည်မှာ ကျွန်တော်တို့ မြန်မာပြည်သည် အိမ် နီးနားချင်းနိုင်ငံအားလုံးထက် သာသော သဘာဝအလှများ၊ ရှေးဟောင်းစေတီ၊ ဘုရား၊ မြို့ ဟောင်းများ၊ တောတောင်အလှ တရားများ၊ ကမ်းခြေများ၊ ကမ္ဘာ လှည့်ခရီးသည်များ ဖော်မပြနိုင် လောက်အောင် အံ့ဩစရာမြင် ကွင်းများနှင့် တည်ရှိနေသော် လည်း တစ်ခါလာလည်ဖူးတဲ့ ကမ္ဘာလှည့်ခရီးသွားတွေအများစု သည် နောက်တစ်ခါထပ်မလာ ကြတော့တာလဲ ဆိုသည်မှာ အရေးကြီးနေသည်။ တကယ်တော့ မြန်မာပြည်ကို သူတို့နောက် တစ်ခေါက်လာချင်ကြပါသည်။ ကျွန်တော်တို့ဆီမှာ လိုအပ်နေသော အခြေခံအဆောက်အအုံများ၊ နေထိုင်၊ စားသောက်၊ သွားလာရေးများမှာ ဈေးကြီးနေပြီးပေးလိုက်ရသည့် ကုန်ကျစရိတ်အပေါ် ထိုက်တန်သောဝန်ဆောင်မှု ပြန်မရသည်များကြောင့် အချိန်တိုအတွင်း နောက်တစ်ခေါက် မလာနိုင်ကြဘူးလို့ထင်သည်။

ကျွန်တော်တို့ ဧည့်လမ်း ညွှန်များသည် ခရီးသည်များနှင့်တိုက်ရိုက်ထိတွေ့နေရ၍ သူတို့ စိတ်ကျေနပ်မှုခံစားချက်များကို ပိုသိရသည်။ နယ်မှ မြို့ရွာများဆီ သွားသောခရီးစဉ်ကို ကားနှင့်သွားကာ ကျေးလက်ရှုခင်းနှင့် လူမှုဘဝများကို သူတို့စိတ်ဝင်စားသည်။ သို့သော်လည်း ရန်ကုန်မြို့ ပြန်ရောက်သည်နှင့် စည်းကမ်း မလိုက်နာသောကား၊ ဆိုင်ကယ်၊ လမ်းဖြတ်ကူးသူအချို့၏ စည်းမဲ့ ကမ်းမဲ့လမ်းဖြတ်တာများကို တွေ့ပြန်တော့လည်း Oh My God! ဆိုပြီး အံ့သြကြပါလေသည်။ သူတို့အတွက် အတွေ့အကြုံသစ်တစ်ခု ခံစားရသကဲ့သို့ ကျွန်တော်တို့ ဧည့်လမ်းညွှန်များမှာလည်း ယာဉ်မောင်းနှင့်အတူ ဘေးအန္တရာယ်ကင်းသောခရီးစဉ်ဖြစ်ဖို့ တစ်ချိန်လုံးဂရုစိုက်နေရပါသည်။

စားသောက်ဆိုင်များအနေ နှင့်လည်း လိုအပ်ချက်အများကြီးရှိနေဆဲပင်။ မြို့ကြီးများမှာ ကမ္ဘာလှည့်ခရီးသွားများအတွက် Food safty and Hygiene ဝန်ဆောင်မှုကောင်းကောင်းနှင့် ကိုက်ညီသော စားသောက်ဆိုင်သည် လက်ချိုးရေတွက်လို့ရသည်။ ကမ္ဘာလှည့်ခရီးသည်တိုင်း စိတ်ကျေနပ်အားရသော စားသောက်ဆိုင်များ ထပ်ဖွင့်ဖို့လိုအပ်သည်။ ခုချိန်ခါမှာတော့ ဧည့်သည်အများစု ဟိုတယ်တွင် မစားချင်ကြ၍ အပြင်မှာသွားစားကြပါက နောက်နေ့မနက် ကျွန်တော်တို့ကိုတွေ့လျှင် ပြောပါပြီ။ အစားအသောက်အပြင်အဆင် မကြိုက်သည်တို့၊ ဝန်ဆောင်မှုပေးသောသူက သူတို့ပြောသည် ကို နားမလည်တာတို့ အခြားအခြားသော အကြောင်းအရာများပေါ့။ တချို့ကျတော့ သူတို့အစာအိမ်က အစားအသောက်များလျှင် ပြဿနာဖြစ်တတ်၍ တွေ့ ကရာမစားလာရဲကြပေ။ ဘာသာစကားနားမလည်သည်ကို လက်ညှိုးထိုးမှာ၍ရသော်လည်း အစားအသောက်ပြင်ဆင်ပုံ၊ ကိုင် တွယ်ပုံစနစ်မကျသည်ကို သူတို့ တအားကြောက်သည်။ ယင်းအခြေအနေများပြင်ဆင်ထားဖို့ တာဝန်ရှိအဖွဲ့အစည်းအသီးသီးက လမ်းဘေးဈေးသည်ကစလို့ စားသောက်ကုန်ရောင်းချသူအားလုံးကို အစားအစာ စနစ်တကျပြင်ဆင်ပုံ၊ မည်သည့် အစားအသောက်ကိုမဆို ကိုင်တွယ်မည်ဆိုလျှင် သန့်ရှင်းသောလက်အိတ်နှင့် ကိုင်တွယ်ဝန်ဆောင်မှုပေးပုံ၊ အခြားသောကျန်းမာရေးအသိ ပညာများကို ကြပ်ကြပ်မတ်မတ် စစ်ဆေးဖြန့်ဝေရန် လိုအပ်နေပါသည်။ နိုင်ငံခြားသားအများစုက မြန်မာ့ရိုးရာမုန့်များစားချင်ကြသည်။ ဟိုတယ်များကို မြန်မာရိုးရာကောက်ညှင်းပေါင်း၊ ကောက်ညှင်းဆန်၊ ဆန်နှင့်လုပ်သော မုန့်အမျိုးမျိုး မရောင်းကြ၍ဖြစ်သည်။ လမ်းဘေးရောင်းတာများစားလိုသော်လည်းအများစုက ဓာတ်ပုံပဲရိုက်သွားပြီး အမှတ်တရယူသွားသည်ကလွဲ၍ အပြင်အဆင် အကိုင်အတွယ်သဘောမကျသဖြင့် မစားသွားခဲ့ကြပါ။

ဟိုတယ်နှင့် တည်းခိုရိပ်သာ များအနေဖြင့်လည်း ကိုယ်ယူထား သော ဈေးနှုန်းနှင့်ထိုက်တန်သည့် ဝန်ဆောင်မှုမျိုး ပေးနိုင်ဖို့လိုအပ် သည်။ ဟိုတယ်များအနေဖြင့် အင်တာနက်တွင် ကြော်ငြာထား သည်ကတော့ အပျံစား။ တကယ် တမ်းဧည့်သည်ရောက်လာတော့ မှ ဧည့်သည်ကိုယ်တိုင် ကိုယ့် အထုပ်ကိုယ်ဆွဲ check in ဝင်ရ တာနှင့် ဧည့်ကြိုကောင်တာမှ ဝန် ထမ်းများ Receptionist အပြုံးနှင့် ဝန်ဆောင်မှု မပေးတတ်တာနှင့် ဧည့်ကြိုအချို့က အလုပ်လေး တစ်ခုလောက်များတာနှင့် နောက် မှာတန်းစီနေသော ဧည့်သည်ကို တောင်ပြုံးမပြနိုင်တာမျိုး၊ အခန်း ရပြန်တော့ လမ်းပြမည့်သူမရှိ၍ ဧည့်သည်ကိုယ်တိုင် အခန်းရှာ။ မောမောပန်းပန်းအခန်းရောက် ပြန်တော့ Air condition က မအေးလို့၊ ရေချိုးခန်းမှာ တစ်ခုခု ပျက်ဖြစ်နေလို့ ပြောရတာမျိုး မကြာခဏဖြစ်လေ့ရှိသည်။ ထို့အပြင် တစ်ခုခုလို၍၊ ဧည့်သည်က အကူအညီတောင်းလို၍ ဟိုတယ်ဝန်ထမ်းကိုလိုက်ရှာရာ မန်နေဂျာကစလို့ ဟိုတယ်ဝန်ထမ်းများ ဝတ်စုံမဝတ်ထားဘဲ စွပ်ကျယ်နှင့် တစ်မျိုး ဟိုတယ်ရှေ့မှာ ဂစ်တာခေါက်နေသူကတစ်ဦး အားလုံးသည် ဟိုတယ်ဝန်ထမ်းပေမယ့် ဂျူတီချိန်တွင် သတ်မှတ်ဝတ်စုံမရှိ၍ ဧည့်သည်ကဘယ်သူ့ခေါ်လို့ ခေါ်ရမည့်အဖြစ်မျိုး။ အထူးသဖြင့် နယ်ဟိုတယ်တွေမှာ အတွေ့ရများသည်။

ဟိုတယ်တစ်ခု၏ ဘေးအန္တရာယ်ကင်းရှင်းမှုပိုင်းမှာလည်း အရေးပေါ်ထွက်ပေါက်များ သေချာထားရှိပေးရန်လိုသည်။ ရေကူးကန်ရှိသော ဟိုတယ် အချို့တွင်လည်းဝင်ကြေးမြိုးမြိုးမြက်မြက်ကောက်ပါလျက် Life Guardတောင်ထားမပေးသည့် ဟိုတယ်များလည်း အများကြီးတွေ့ရတတ်သည်။ တစ်ခုခုဖြစ်ခဲ့လျှင် asse-mbly point ထားသော ဟိုတယ်မှာ မတွေ့ရသလောက်ပင်။ ass-embly point မရှိ၍ တစ်ခုခုဖြစ်လျှင် ကယ်ဆယ်ရေးလုပ်ငန်းများလုပ်ဖို့ တကယ်ခက်သည်။ မြန်မာပြည်မှာ သဘာဝဘေးအန္တရာယ်ဆိုးဆိုးရွားရွား မကျရောက်သေးလို့များ ဒါတွေ အလေးမထားသေးတာထင်သည်။ အဲဒီလိုအဖြစ်များမကြုံရအောင် သက်ဆိုင်ရာဟိုတယ်ပိုင်ရှင်နှင့် ဟိုတယ် Man-agements အဖွဲ့အနေဖြင့် လုပ်ငန်း အတွေ့အကြုံ၊ လေ့လာမှုအား၊ဧည့်သည်အပေါ် စေတနာထားရှိမှုများ လိုအပ်ပါသည်။ သက်ဆိုင်ရာ ဌာနများကလည်း အခါအားလျော်စွာ ဝင်ရောက်စစ်ဆေးရန် လိုသည်။

တိုးကုမ္ပဏီကြီးများက လည်း ပုဂံ၊ မန္တလေး၊ အင်းလေး ဘဲ လှည့်ယောင်နေမည်အစား အခြားအခြားသော ခရီးစဉ် အသစ်များကို စဉ်ဆက်မပြတ်ရှာ ဖွေနေရန်လိုသည်။ ခုလက်ရှိ ခရီးသွားအေဂျင်စီအများစုမှာ Opera-tion Manager, Production Manager, Marketing Manager ကောင်းကောင်းများ မခန့်ထား သည်ကို တွေ့ရသည်။ အတွေ့ အကြုံနည်းတော့ Tour itinerary ဆွဲတာကစလို့ Guide ရွေးချယ်မှု၊ Car rental ရွေးချယ်မှုတွေမှာပါ တလွဲတွေဖြစ်ကြသည်။ အချို့ ခရီးသွားအေဂျင်စီတွေဆို မိသား စုလေးယောက်လောက်နှင့် တိုး ကုမ္ပဏီဖြစ်သွားကြ၏။ ခရီးသွား အေဂျင်စီထောင်ထားပြီး ကျွမ်း ကျင်ဝန်ထမ်းကို လစာကောင်း ကောင်းပေးပြီး မခန့်ထားရဲကြ လျှင် မြန်မာပိုင် တိုးကုမ္ပဏီအများ စု သားစိုးသီချင်းထဲကလို လိမ် ဖည်လိမ်ဖည်တွေသာ များပြီး ပြည်ပခရီးသွားအေဂျင်စီတွေက တအား ထိုးတက်လာကြလိမ့် မည်။ ယခုလည်း ပြည်ပခရီးသွား အေဂျင်စီတွေပဲနေရာရနေသည်။ သူတို့၏ အားသာချက်မှာ လုပ် ငန်းကျွမ်းကျင်သည်၊ စနစ်ကျ သည်၊ ကျွမ်းကျင်သူကို ထိုက်သင့် သောလစာပေးခိုင်းသည်၊ သူ့ဝန် ထမ်းတွေကို ပြည်တွင်း၊ ပြည်ပ Travel Show တွေမှာ လေ့လာ ခိုင်း၊ ပါဝင်ဆင်နွှဲခိုင်းသည်။ ပြည်  ပခရီးသွားအေဂျင်စီတွေက ငွေ ကြေးသုံးစွဲရန် အကျိုးအကြောင်း သာခိုင်လုံပါစေ ရင်းရဲသည်။ ပြည် တွင်းအေဂျင်စီအများစုကျတော့ ခရီးသွားလုပ်ငန်း မြတ်တယ်ဆို တာပဲသိပြီး ငွေကြေးမရင်းရဲ။ ဝန် ထမ်းကောင်းမခန့်ရဲ။ ဒီလိုသာ ဆက်သွားနေလျှင် နောက်ထပ် ဝင်လာမည့် ပြည်ပခရီးသွားအေ ဂျင်စီတွေ နေရာရနေဦးမည် ဖြစ် သည်။ နိုင်ငံသားပိုင် အေဂျင်စီတွေအနေဖြင့် ဒါလေးတွေ awaren-ess ရှိ သင့်ပြီ။

ခရီးသွားလုပ်ငန်းနှင့် ဝန် ဆောင်မှုဆိုတာ တိုက်ရိုက်ဆက် ဆက်နေတော့ ဒီနှစ်မျှော်မှန်းထား သော သုံးသန်းသောခရီးသည် များမလာသေးမီ၊ ၂၀၂၀ ပြည့်နှစ် ခုနစ်သန်းသော ခရီးသည်များ မလာသေးမီ ခရီးသွားလုပ်ငန်း နှင့် ဆက်သွယ်သူအားလုံး ကိုယ် စီကိုယ်စီ တာဝန်ကျေစွာဖြင့် ကြို တင်ပြင်ဆင်ရန်လိုသည်။

7day