မ မြင် ဖူး သော ချစ် မိတ် ဆွေ များ

ပို့စ်တင်ချိန် - 7/28/2014 10:05:00 AM


ပါဠိတွင် ” အဒိဌ သဟာယ ” ဟူသော စကားတစ်ရပ် ရှိသည် ။
မမြင်ရသော မိတ်ဆွေ ၊ တစ်ဦးနှင့်တစ်ဦး မမြင်ဖူးသေးဘဲ နှင့် စာဖြင့်သော်လည်းကောင်း၊ သတင်းစကားဖြင့်သော်လည်းကောင်း၊
ခင်မင်ရင်းနှီးသော မိတ်ဆွေကို ဆိုလိုသည် ။

သူသူငါငါတို့တွင် ယင်းသို့သော မိတ်ဆွေများ ရှိကြသည် ။ ထိုမိတ်ဆွေစာရင်းတွင် ဘုရားရှင်သည် ထိပ်ဆုံးမှ ဖြစ်ပေသည် ။ ဘုရားရှင်ဟူသည်
သူသူငါငါတို့ဧ။် အသည်းနှလုံးတွင် မမြင်ဖူး မတွေ့ဖူးပါဘဲ နှင့် စွဲစွဲထင်ထင် တည်ရှိနေသော မိတ်ဆွေကြီးပင်ဖြစ်သည် ။

အဒိဌ သဟာယ မိတ်ဆွေများသည် ခင်မင်ချစ်ကြည်မှု ပို၍သန့်ရှင်းကြည်လင်တတ်သည် ။ အကြောင်းမူကား အချင်းချင်း တွေ့ဆုံ ဆက်ဆံရသော
မိတ်ဆွေများအဖို့ ရှုပ်ထွေးပွေလီသော လောကီကိစ္စများဖြင့် ၊ တစ်ကြောင်းမဟုတ် တစ်ကြောင်း ၊ တစ်နည်းမဟုတ် တစ်နည်း ငြိစွန်းအပြစ်မြင်၍
လာတတ်ကြပေရာ ၊ ချစ်ကြည်မှုတွင် အဖုအထစ်ကလေးများ အစွန်းကလေးများ ရှိတတ်သောကြောင့် မသန့်ရှင်း မကြည်လင် ဖြစ်တတ်ကြသည် ။
မမြင်ဖူး မတွေ့ဖူးသော မိတ်ဆွေတွင်မူကား ယင်းအငြိအစွန်း မရှိဘဲ မေတ္တာစင်စင် ကြည်ကြည်လင်လင် ဖြင့်သာ ခင်မင်ကြခြင်းဖြစ်သည် ။

သို့အတွက် ဤအခြေအနေကို ဆက်လက်ထိန်သိမ်းထားရန် လိုအပ်ပါသည် ။ လူ့သဘာဝ တစ်ဦးနှင့် တစ်ဦး အမြင်ချင်း သဘောထားချင်း ထပ်တူကျဖို့
ဆိုသည်မှာ ရှားရှားပါးပါးပင်ဖြစ်သည် ။ တစ်ယောက်ဧ။် ခံယူထင်မြင်ချက်ကို ဖေါ်ပြထားရာတွင် အခြားတစ်ယောက်က ကြိုက်နှစ်သက်ခြင်း၊ ထောက်ခံအားပေးခြင်း
မပြုခဲ့လျှင် သိတ်ပြီး ဘဝင်မကျ ဖြစ်တတ်သည် ။ အမှန်အားဖြင့် မိမိဧ။် ထင်မြင်ယူဆချက်သည် တစ်စုံတစ်ယောက်အတွက် ရည်ရွယ်ရင်း မဖြစ်ဖို့လိုသည် ။
ဓမ္မ ဟူသည့် သဘာဝတရားကို အရင်းတည်ပြီး ဖြစ်တတ်ပျက်တတ်သော သဘောအမြင်ကို ရည်ညွှန်းလျက် ၊ အတုယူရန်, ဆင်ခြင်တတ်ရန်, သင်ခန်းစာရစေရန်
အတွက် လူ့အသိုင်းအဝိုင်း( ဘာသာဝါဒ တူသည်ဖြစ်စေ မတူသည်ဖြစ်စေ) အတွင်း၌ စိတ်ရင်း စေတနာမှန်ဖြင့် တင်ပြဆွေးနွေးနိုင်ဖို့ လိုအပ်ပေသည် ။

” အဒိဌ သဟာယ ” မမြင်ဖူးသော မိတ်ဆွေစစ်ဖြစ်သော ဘုရားရှင်ဧ။် တရားတော်များသည် လူသားတိုင်းအတွက် လိုက်နာကျင့်ကြံသင့်သော အမှန်ကန်ဆုံး
အယူအဆ မူဝါဒများ ဖြစ်သည် ။ ထို့ကြောင့် ဗုဒ္ဓတရားတော်များကို အခြေခံ၍ ရေးသား ဆွေးနွေး မေးမြန်းကြရင်းဖြင့် ကြည်လင်သန့်စင်သော ခင်မင်မှုကို
မပျက်ပြယ်ရန် ထိန်သိမ်းထားသင့်ပေသည် ။

ဂေါတမ ဘုရားရှင် မပွင့်ပေါ်မီ အချိန်လေးမှာ ဗိမ္ဗိသာရ ဘုရင်နှင့် ပက္ကုသာတိ ဘုရင်တို့သည် တစ်ဆင့်စကား တစ်ဆင့်နားဖြင့် သဘောထားမေးမြန်းဆွေးနွေးကြရင်းဖြင့်
‘ အဒိဌ သဟာယ ‘ မမြင်ဖူးသောမိတ်ဆွေများ ဖြစ်သွားကြသည် ။ ဘုရားရှင်ပွင့်တော်မူပြီး ဗိမ္ဗိသာရ ဘုရင်သည် ဘုရားရှင်ဧ။် တရားတော်ကို ကြားနာရ၍ ဘုရားဒါယကာ,
ကျောင်းဒါယကာကြီး ဖြစ်လာသောအခါ ၊ ပက္ကုသာတိ ဘုရင်ထံသို့ အမွန်မြတ်ဆုံးဖြစ်သော ရတနာသုံးပါးဂုဏ်ရည်တို့ကို အနက်အဓိပ္ပာယ်နှင့်အတူ ရတနာရွှေကြုတ်နှင့်ထည့်၍
ပို့ပေးလိုက်သော် ၊ ရတနာလက်ဆောင်ရသည်နှင့် မမြင်ဖူးသော မိတ်ဆွေကြီးကို မြင်ဖူးသောမိတ်ဆွေကြီးအဖြစ် တွေ့ဆုံရန်လည်းကောင်း၊ ရတနာသုံးပါးကို ကိုယ်တိုင်ကိုယ်ကြပ်
တွေ့ဆုံဖူးမျှော်ရန်လည်းကောင်း ၊ နေ့မဆိုင်း ညမဆိုင်း ရာဇဂြိုဟ်ပြည်သို့ ကြွချီလာသည် ။ ယင်းသည့်နောက် အလွန်ချစ်ကြည်ရင်းနှီးသော ဓမ္မမိတ်ဆွေများအဖြစ် သက်ဆုံးတိုင်
ချစ်ချစ်ခင်ခင် နေထိုင်သွားကြရလေသည် ။ ထို့ကြောင့် မမြင်ဖူးသော မိတ်ဆွေစစ်ကြီးဖြစ်သည့် ဘုရားရှင်ကို အကြောင်းပြု၍ ဆက်သွယ်မေးမြန်း ရေးသားဆွေးနွေးကြမည်ဆိုလျှင်
အချင်းချင်းသည်လည်း မိတ်ဆွေစစ်များအဖြစ် ရောက်ရှိကြကာ နှစ်ဦးနှစ်ဖက် အကျိုးများကြရပေလိမ့်မည် ဖြစ်သည် ။

ယဉ်ကျေးသော လူ့လောက စတင်သည်မှ အစပြု၍ ငယ်စဉ်တွင် ပညာရှာခြင်း၊ ကြီးလာလျှင် ဥစ္စာရှာခြင်းတို့မှာ အစဉ်အလာ သိမှတ်လိုက်နာချက်များဖြစ်သည် ။ သို့ရာတွင် အတတ်ပညာနှင့်
ဥစ္စာအပြင်၊ တရားရှာ အသိရှာခြင်းမှာကား အကြင်သူတစ်ဦးဧ။် အသိပညာကြီးမှ ဖြစ်နိုင်သည် ။ အသိပညာ အခြေခံ မကြီးလျှင် ရအပ်သော စီးပွားဥစ္စာ၊ ရာထူးဂုဏ်သိန်တို့တွင်သာ သေသည်အထိ
သာယာနစ်မြော မွေ့ထုံနေသွားတတ်သည် ။ ရာထူးဂုဏ်သိန်နှင့် ပြည့်စုံနေသေးသမျှ တရားရှာ အသိရှာဖို့ကို သတိမရပေ၊ ရာထူးဂုဏ်သိန် လျောကျသည့်အခါမျိုးမှာသာ တရားစာပေဘက် ,
တရားအလုပ်ဘက်ကို ရောက်လာတတ်သည် ။ ထိုအခါမျိုးတွင် ထင်သလောက် ခရီးမတွင်နိုင် ဖြစ်ရတတ်သည် ။

သို့ရာတွင် အကြင်သူတစ်ဦး၌ ဆန္ဒတစ်ရပ်ထက်သန်လာပြီဆိုလျှင် ယင်းဆန္ဒကို ဖြစ်မြောက်အောင်မြင်ရန် နှိုးဆွ ပင့်မြှောက်ပေးသော အကြောင်းအချက်တစ်ရပ်ရပ်သည် မမျှော်လင့်သော
တစ်နေရာရာမှ ပေါ်ပေါက်လာတတ်သည် ။ ဤသည်တို့ကို အဒိဌ သဟာယ မိတ်ဆွေတို့မှ ရရှိနိုင်သလို မိမိကိုယ်တိုင်လည်း စာပေကျမ်းဂန်တို့ကို ဆည်းပူးလေ့လာခြင်းဖြင့်ရရှိနိုင်ပေသည် ။
တရားဆန္ဒ တရားအခြေခံ ရှိသော ပုဂ္ဂိုလ်များတွင် ယေဘူယျအားဖြင့် ဤလောကဧ။် ဆင်းရဲမှု၊ မမြဲမှု၊ ဤခန္ဓာကိုယ်ဧ။် အနှစ်သာရမရှိမှု စသော အခြေခံ အတွေးအသိများ ရှိနေကြပေသည် ။
ယင်းအခြေခံ အသိတရားတို့ကို ဥစ္စာဓန ပျက်ပြားမှ ၊ ရာထူးဂုဏ်သိန် လျောကျမှ ၊ သက်ကြီးရွယ်အို ဘဝ ရောက်မှ ရရှိလာပါက အလွန်နောက်ကျနေပေလိမ့်မည် ။ ပညာရှာစဉ် , ဥစ္စာရှာစဉ်မှာပင်
တရားသဘာဝ အယူအဆတို့ကို လုံ့လပြု အချိန်ပေး၍ ရှာဖွေလေ့လာ မှတ်သားထားကြရပေလိမ့်မည် ။ သူ့အသိ သူ့ဆန္ဒကို နှိုးဆွပေးသော အကြောင်းအချက်ကလေးများက လှုံ့ဆော်ပေးလိုက်သည့်
အခါတွင် တရားသံဝေဂဘက်သို့ ရုတ်ခြည်း ကူးပြောင်းလာတတ်သည် ။ တရားဧ။် အကျိုးအမြတ်သည် ဆွေးနွေးရုံမျှ ၊ ဖတ်ရှုကြားနာရုံမျှ ဖြင့် မသိနိုင် မရနိုင် ၊ ကျင့်သုံးဆောက်တည်ပါမှ သိနိုင် ရနိင်
မည်ဆိုသည်ကို ကောင်းစွာ နားလည် သဘောပေါက် ထားရန်လည်း လိုအပ်လှပေသည် ။

တရားသမားတို့ဧ။် ဘဝ၌ နေနိုင်ခဲ့ပါသော် ဧကစာ တစ်ယောက်တည်းသာနေခြင်းသည် အကောင်းဆုံးဖြစ်ဧ။် ၊ သို့သော် အဖေါ်ဖြစ်လာခဲ့လျှင်လည်း မိမိထက်သာသောအဖေါ်၊ မိမိနှင့်ရည်တူသောအဖေါ်ကို
ရနိုင်သော် ကောင်းဧ။် ။ ယုတ်ညံ့သောအဖေါ်ကိုကား အဖေါ်လိုသည့် အကြောင်းပြချက်တစ်ခုမျှဖြင့် မပေါင်းလေနှင့် ၊ တစ်ယောက်တည်းနေသည်က အကောင်းဆုံးဖြစ်သည် ဟူ၍ ဘုရားရှင်ဟောတော်မူဧ။် ။

သိဒ္ဓတ္တ မင်သားသည် တစ်ပါးတည်းတောထွက်တော်မူသည် ။ ဖဝါးခြေထပ် ကပ်၍ လိုက်ပါလိုသော ငယ်ဖေါ်မောင်ဆန်ကို လက်မခံခဲ့ပေ၊ အကြောင်းကား မောင်ဆန်သည် ကျိုးနွံသော်လည်း တရားအဖေါ်
ဓမ္မအဖေါ်မိတ်ဆွေ မဖြစ်နိုင်သောကြောင့်ဖြစ်သည် ။ တရားအကျိုး တိုးတိုးဖေါ်မျှ မဖြစ်နိုင်ကြောင်း ရှေးမဆွကပင် မြင်သိခဲ့ဧ။် ။ မှန်ပါသည် ၊ ခက်ထန် မာန်ကြီးသော မောင်ဆန်ခေါ် အရှင်ဆန္ဒသည် ဘုရားရှင်
ပရိနိဗ္ဗာန် စံယူတော်မူပြီးသည့်နောက်မှသာ အကျွတ်တရားရခဲ့သူဖြစ်သည် ။ သို့သော် အရည်တူ ပဉ္စဝဂ္ဂီ တို့ရောက်လာသောအခါတွင်မူ အဖေါ်အဖြစ် လက်ခံတော်မူခဲ့သည် ။

ယင်းသို့ဖြင့် တောထွက်သည်ဆိုသော်လည်း ဧကစာ တစ်ပါးတည်း လွတ်လွတ်ကျွတ်ကျွတ် မဟုတ်ဘဲ သဘောတူရာတူရာ ဓမ္မမိတ်ဆွေအဖြစ်ပူးပေါင်း၍ နှစ်ပါးစု၊ သုံးပါးစု၊ ငါးပါးစု(ပဉ္စဝဂ္ဂီ) အစ၊ လေးငါးရာထိ
စုပေါင်းတောထွက်ကြသည်များလည်း ရှိခဲ့ဖူးသည် ။ သို့သော် လက်ကောက် နှစ်ရံ ဆင့်ထားလျှင် ထိခိုက်တတ်သည်ကို မဟာဇနက ဇာတ်တော်လာ စကားကဲ့သို့ အဖေါ်ကြောင့် အကျိုးထွက်သကဲ့သို့ အဖေါ်ကြောင့်
အကျိုးပျက် ပြဿနာတက် ရသည်များလည်း ရှိလာတတ်လေသည် ။

မိတ်ဆွေအပေါင်းအသင်းဟူ၍ ဖြစ်လာခဲ့သော် ၊ ဝေဖန် ပြစ်တင် , ဆိုဆုံးမမှုတို့ကို စိတ်ရင်းစေတနာဖြင့် ပြုမူတတ်ကြသည် ။ လူသည် ယဉ်ကျေးမှုအရ သာမန်အားဖြင့် ကြီးသူက ငယ်သူအား ဆိုဆုံးမခွင့်၊ အပြစ်နှင့်
ကြုံလာလျှင် ပြစ်တင်ဝေဖန်နိုင်ခွင့် ရှိသယောင် ယူဆကြရဧ။် ။ ငယ်သူက ကြီးသူဧ။် အဆုံးအမကို လေးစားနာယူရမယောင် ရှိတတ်ဧ။် ။ သို့သော် သိမှတ် ခံယူပြီးသော ဆရာနှင့်တပည့်၊ မိဘနှင့်သားသမီးမဟုတ်ခဲ့သော်
ကျိုးနွံနာခံဖို့ရာမှာ လွယ်မယောင်နှင့် ခက်သည် ။ ယခုခေတ်၌ ဆရာ,မိဘ စကားကိုပင် လေလေးစားစား နာယူတတ်သောအကျင့်တို့ နည်ပါးလျက်ရှိချေပြီ ။ အကြောင်းမူကား ဝေဖန်ဆုံးမမှုဟူသည် အကြောင်းပင်
မှန်စေဦးတော့ , အကြင်သူတစ်ဦးဧ။် မာန နှင့် အတ္တ ကို ထိခိုက်လာတတ်သောကြောင့် ဖြစ်ပေသည် ။ ဆုံးမဝေဖန်ခံရသောအခါ အကြောင်းသင့်သော ဆုံးမမှုပင်ဖြစ်သော်လည်း အတ္တမာနအခံကြောင့် ကြောင်းကျိုးကို
မဆင်ခြင်နိုင်တော့သဖြင့် ပြန်လှန် တုန့်ပြန်တတ်ကြခြင်း ဖြစ်သည် ။

ဆုံးမခံယူမည့်သူကို သူ့အားတိုက်ရိုက် မရည်ညွှန်းဘဲ နီတိကျမ်းဂန်များဖြင့် ဥပမာပြ ဆုံးမခဲ့သော် နားဝင်နိုင်လောက်ပေသည် ။ သို့ရာတွင် နာယူသူမှ စိတ်ဝင်တစားဖြင့် အာရုံစိုက် ကြားနာရန် လိုအပ်ပေသည် ။
အပြစ်ကြုံလာသဖြင့် မိမိဧ။် ကိုယ်ပိုင်အသိ ကိုယ်တိုင်စကားတို့ဖြင့် ဆုံးမဝေဖန်ခဲ့သော် လျှောလျှောလျူလျူ နာခံဖို့မှာ ယခုခေတ်၌ မရှိသလောက် ရှားလှပေတော့သည် ။

အရှင်သာရိပုတ္တရာသည်လည်းကောင်း၊ အရှင်ရာဟုလာသည်လည်းကောင်း၊ ဆုံးမလိုသူတို့ဧ။် အဆုံးအမစကားကို မပြတ်ခံယူလိုပါသည် ဆိုခြင်းမှာ ထိုအရှင်တို့သည် အတ္တ မာန ကင်းပြတ်ပြီးသော ရဟန္တာအရှင်တို့
ဖြစ်သောကြောင့်ဖြစ်ပေသည် ။ ပုထုဇဉ်တို့ နယ်ပယ်တွင်မူကား ဆုံးမဝေဖန်မှုကို ထားပါဦး အလွန်ချစ်ပါသည်ဆိုသော မိတ်ဆွေချင်းပင်လျှင် စကားအယူအဆ အဆင်မပြေလျှင် အဖုအထစ် ကတောက်ကဆဖြစ်တတ်သည်။
သို့အတွက် မိတ်ဆွေအချင်းချင်း သဘောထား၊ အယူအဆ၊ အတွေးအမြင် တို့ကို ရေးသားဆွေးနွေးရသည်ရှိသော် ဓမ္မဓိဌာန် ကျကျ ရှုမြင်သုံးသပ်တတ်ဖို့လိုသည် ၊ အတ္တ မာန ကင်းဖို့လိုသည် ၊ မေတ္တာအစေး မပြယ်ရန်
အမြဲသတိဖြင့် နှလုံးသွင်း ဆင်ခြင်တတ်ဖို့လိုပေသည် ။

ဘုရားလောင်းနှင့် အရှင်အာနန္ဒာလောင်းတို့သည် တစ်ချိန်တုန်းအခါက ‘ အဒိဌ သဟာယ ‘ မမြင်ဖူးသော မိတ်ဆွေ ဘုရင် နှစ်ပါး ဖြစ်ခဲ့ဖူးသည် ။ နောက်တွင် နှစ်ဦးသဘောတူ နန်းစွန့်ကာ ရသေ့ပြုလျက် တောတွင်
အတူတကွ တရားအားထုတ်ကြသည် ။ တစ်နေ့ ဆွမ်းခံပြန်လာပြီး ဆွမ်းဝိုင်းတွင် ဆားထုပ်ကို တွေ့ရသောအခါ ဘုရားလောင်းရသေ့(ဂန္ဓာရ ရသေ့)က အရှင်အာနန္ဒာလောင်းရသေ့(ဝေဒေဟ ရသေ့)ကို စကားဆိုလိုက်သည် ။

” အရှင်ဘုရား , ဆားရလာသကိုး ”
” မရခဲ့ပါ ၊ မနေ့ကရသောဆားကို သိမ်းထားခဲ့ခြင်း ဖြစ်ပါသည်ဘုရား ”
” အလို အံ့ဖွယ်ရာပါတကား ”
” အဘယ်ပုံ အံ့ဖွယ်ဖြစ်ပါသနည်း အရှင် ”
” အရှင်ဘုရားသည် သုံး၍ပင်မကုန်နိုင်သော ရွှေငွေ ရတနာ စည်းစိမ်ဥစ္စာများ နှင့်အတူ တိုင်းပြည်ကြီး တစ်ခုလုံးကို စွန့်လွှတ်ခဲ့သူဖြစ်ပါလျှက်
ယခုတော့ ဆားကလေးအပေါ်၌ သံယောဇဉ်ထားနေသည်မှာ အံ့ဖွယ်ရာဟု ဆိုရပေသည် ”
” အရှင်ဘုရားက တယ်ပြီး ဆရာလုပ်ချင်သူပါတကား ၊ ဆရာလုပ်ချင်လျှင် ကိုယ့်ဘာသာကိုယ်လုပ်ပေါ့၊ ဆရာမလုပ်ချင်လို့ တောထွက်လာခဲ့ကြတာမဟုတ်လား ၊
သို့ပါလျက် တပည့်တော်အပေါ်မှာ ဆရာလုပ်ချင်သေးသကိုး ”

ဝေဒေဟ ရသေ့သည်လည်း ပုထုဇဉ်မျှသာဖြစ်ပြီး ဘုရင်ဘဝက လာခဲ့သူ ဖြစ်သည့်အလျောက် မှန်ကန်သည့် ဆုံးမစကားပင်ဖြစ်သော်လည်း မနာယူနိုင်ဘဲ နှုတ်လှန် ပြန်ထိုးမိခြင်းဖြစ်သည် ။
( သူတော်ကောင်း ရသေ့ ရဟန်း ဟူသည် ရသတဏှာဖြင့် အစာအာဟာရကို မသိမ်းဆည်းကောင်း၊ နောင်အခါ သာသနာတော်၌ ရဟန်းများအဖို့ မသိမ်းဆည်းကောင်းသော အာဟာရများကို သိက္ခာပုဒ် ပညတ်ထားသည် )။

” ငါ့ရှင် ဝေဒေဟ , ဆုံးမဖွယ်ရာကြုံလာ၍ ဆုံးမစကားပြောကြားခြင်းသည်ကား ဘုရား၊ ပစ္စေကဗုဒ္ဓါ၊ အရိယာတို့ဧ။် အစဉ်အလာပေတည်း။ ထို့ကြောင့်ငါသည် ဓမ္မလမ်းကြောင်းအတိုင်းသာ ပြောဆိုခြင်းဖြစ်ဧ။်။
သို့ရာတွင် တရားစကားပင်ဖြစ်စေကာမူ လူမိုက်တို့သည်ကား မခံယူနိုင်ကြပေကုန် ”
” အရှင်ဘုရား , ဆိုဆုံးမသင့်သည် မှန်ပါဧ။်။ တရားနှင့်လည်းလျော်ပါဧ။်။ သို့ရာတွင် အရှင်ဧ။် ဆုံးမစကားသည် သူတစ်ပါးကို ထိပါးပုတ်ခတ်သော ဆုံးမချက်ဖြစ်နေသည်။ ပညာရှိဟူသည် သူတစ်ပါးကို မထိခိုက်စေအပ်၊
ယခုမူကား အရှင်ဧ။် ဆုံးမစကားမှာ ဓားတုံးကြီးဖြင့် ခေါင်းရိတ်ပေးသကဲ့သို့ ဖြစ်နေတော့သည် ”
” ငါ့ရှင်ဝေဒေဟ , အဆုံးအမတရားစကားဟူသည် ဆုံးမခွင့်ကြုံ၍ ဆုံးမတော့မည်ဆိုလျှင် ခံယူသောသူအား နာလိုခံခက် အမျက်ထွက်သည်မူလည်းဖြစ်စေ၊ ကျေကျေနပ်နပ် နှစ်သက်အပ်သည်မူလည်းဖြစ်စေ ၊
မခံလိုသောကြောင့် ဖွဲပြာအလား လွင့်စင်သွားမူလည်းဖြစ်စေ ၊ ဆုံးမအပ်သည်သာတည်း ”

ဝေဒေဟ ရသေ့ငြိမ်သွားသည် ၊ ခံပက်ဖို့အကွက်မရှိသောကြောင့်ဖြစ်သည် ။ တစ်ကြောင်းမှာလည်း မေတ္တာဓာတ်အပြည့်ပါသော ဂန္ဓာရ ရသေ့ဧ။် စကားသံ တရားသံမှာ သူ့ဒေါသကို ပြေလျှောကွယ်ပျောက်စေသည် ။
ယင်းသို့ဖြင့် သူတော်ကောင်း ဓာတ်ခံ ရှိပြီးသော ဝေဒေဟ ရသေ့သည် ကိုယ်ဟန်ပါ ပြေလျော့သွားသည် ။ ထို့ကြောင့် ဂန္ဓာရ ရသေ့က ဆက်၍ တရားဟောလေသည် ။

” ငါ့ရှင်ဝေဒေဟ , အဆုံးအမကို ခံယူနိုင်ခြင်းသည် သောဝစ္စဿတာ မင်္ဂလာနှင့် ပြည့်စုံသည်မည်ဧ။်။ ဆရာသူတော်ကောင်းတို့ဧ။် အဆုံးအမဟူသည် ခံယူရခဲဘိသည်။ အဆုံးအမကို ခံယူနိုင်အောင်ပင် ကြိုးစားယူရသည်။
အဆုံးအမကို ခံယူခြင်းဖြင့် ပညာရှာရသည် ”
” ငါ့ရှင်ဝေဒေဟ , အကြင်သူသည် ပညာလည်းမရှိ၊ အဆုံးအမကိုလည်းမခံယူ၊ ထိုသူသည် မာနတည်းဟူသော ဦးချိုသာရှိ၍၊ ပညာတည်းဟူသော မျက်စိမရှိသော ကျွဲကန်းကြီးဖြင့် တူလှစွာဧ။် ။ အကြောင်းမူကား
ကျွဲကန်းကြီးသည် အကြောင်းကြုံလာလျှင် မဆင်ခြင် မနှိုင်းဆနိုင်ဘဲ မာနတည်းဟူသော ဦးချိုဖြင့်သာ ယမ်း၍ ခတ်တော့သည် ”
” ငါ့ရှင်ဝေဒေဟ , အကြင်သူတို့သည်ကား ဆရာသူတော်ကောင်းတို့ဧ။် အဆုံးအမကို နာခံကုန်ဧ။် ။ ထိုသူတို့သည် မတိမ်းမစောင်း ကောင်းစွာ ကျင့်ကြံနိုင်ကြကုန်သည်ဖြစ်၍ နိဗ္ဗန်သို့တိုင် သွားရောက်နိုင်ကြကုန်ဧ။် ”
” တပည့်တော်ဧ။် အပြစ်ကို သည်းခံတော်မူပါဘုရား၊ ယနေ့မှစ၍ အရှင်ဧ။် အဆုံးအမကို ဦးလည်မသုံ နာခံပါတော့မည်ဘုရား၊ ဆုံးမဖွယ် တွေ့မြင်တိုင်း ဆုံးမတော်မူပါ အရှင်ဘုရား ”

ဤသို့ ပါရမီရှင်ကြီးများပင် နုစဉ်အခါက တစ်ဦးနှင့်တစ်ဦး မိတ်ဆွေချင်း အချေအတင် ဖြစ်ခဲ့ဖူးရာ ပါရမီဖြည့်ဖက်ချင်း ဖြစ်၍သာ စည်းနှောင်လာခဲ့သော မေတ္တာနှောင်ကြိုး မြောက်မြားစွာရှိနေသောကြောင့် ပြေလည်သွားရဧ။်။
ယနေ့ခေတ်၌ တရားဓမ္မများဖြင့် ဝေးကွာနေသူတို့အဖို့မူ အမြဲပင် သတိဖြင့် ဆင်ခြင်ကာ စိတ်လိုက်မာန်ပါ မပြုမူ မပြောဆို မရေးသားကြရန် နှင့် မိမိအပြစ်နှင့် တိုက်ဆိုင်ခဲ့လျှင်လည်း အတ္တမာန ကင်းစွာဖြင့် လက်ခံပြုပြင်
ကြမည်ဆိုလျှင် အများသူငါ အချင်းချင်း မိတ်မပျက် မေတ္တာမပြယ်ဘဲ အေးချမ်းသာယာသော ဘဝအခြေများရရှိကာ လူဖြစ်လာရကျိုးနပ်ကြမည် ဟူလို ။ ။

Credit: & Thanks : Wara DarYee