ပုဒ်မ ၄၃၆ နှင့် ၂၀၀၄ ခုနှစ်အလွန် အမျိုးသားညီလာခံ
ပို့စ်တင်ချိန်
- 6/19/2014 03:26:00 PM
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၄၃၆ ဖြစ်လာမည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်းအခန်း၏ အခြေခံရမည့်မူများကို ၂၀၀၇ ခုနှစ်၊ သြဂုတ်လ အမျိုးသားညီလာခံ အစည်းအဝေးများတွင်ဆုံးဖြတ်အတည်ပြုခဲ့သည်။
အစိုးရနှင့် ပြည်ခိုင်ဖြိုးအ သင်းသည် စိတ်တိုင်းကျရွေးချယ် ခဲ့သော အမျိုးသားညီလာခံကိုယ် စားလှယ် ၈၀ ရာခိုင်နှုန်းကျော်၏ ထောက်ခံမှုဖြင့် ပုဒ်မ ၄၃၆ ဖြစ် လာမည့် အခြေခံမူများကို အတည်ပြုခဲ့ခြင်းမှာ နိုင်ငံရေးအဓမ္မ ပြုကျင့်ခြင်းဖြစ်သည်။ လွန်ခဲ့သော ခုနစ်နှစ်က နိုင်ငံရေး ဗလက္ကာရ ပြုလျက် ဆုံးဖြတ်အတည်ပြုခဲ့သော ပုဒ်မများအား ညောင်မြစ်တူးခြင်းသည် ပုဒ်မ ၄၃၆ ပြင်ဆင်ရေးလူထုအခြေပြုလှုပ်ရှားမှုများနှင့် ထုံမွမ်းလျက်ရှိသည့် ခေတ်ပြိုင်နိုင်ငံရေးကိုအထောက်အကူပြုနိုင်မည်ဖြစ်သည်။
မြန်မာ့နိုင်ငံရေးလမ်းပြမြေပုံ ၏ ပထမအဆင့်အဖြစ် ရှစ်နှစ် ကြာရပ်ဆိုင်းထားခဲ့သော အမျိုး သားညီလာခံကို ၂၀၀၄ ခုနှစ် မေ လ ၁၇ ရက်တွင် ရန်ကုန်တိုင်း မှော်ဘီမြို့နယ် ညောင်နှစ်ပင် စခန်းရှိ ပြည်ထောင်စုခန်းမ၌ ပြန်လည်ကျင်းပခဲ့သည်။ အမျိုးသား ညီလာခံကျင်းပရေး ကော်မရှင် ဥက္ကဋ္ဌသည် ဒုတိယဗိုလ်ချုပ်ကြီး သိန်းစိန် (ယခုနိုင်ငံတော်သမ္မတ ဦးသိန်းစိန်)ဖြစ်ပြီး ကိုယ်စားလှယ် ၁၀၀၀ ဦးကို ဖိတ်ကြားခဲ့သည်။ ၁၉၉၃ ခုနှစ် ဇန်န၀ါရီလ ၉ ရက်မှ ၁၉၉၆ ခုနှစ် မတ်လ ၃၁ ရက်အထိ ကျင်းပခဲ့သော အမျိုးသားညီလာခံ အစည်းအဝေးများနှင့် နှိုင်းယှဉ်လျှင်စုစုပေါင်း ကိုယ်စားလှယ်ဦးရေမှာ လေးရာနီးပါး ပိုများခဲ့သော်လည်း နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များနှင့် ရွေးကောက်ပွဲတွင် ရွေးချယ်ခံထားရသော ကိုယ်စားလှယ်ဦးရေမှာ တစ်ရာကျော် လျော့နည်းခဲ့သည်ကို တွေ့ရှိရသည်။
နိုင်ငံရေးပါတီများမှ ကိုယ် စားလှယ် ၂၉ ဦး၊ ရွေးကောက်ပွဲ တွင် ရွေးချယ်ခံထားရသော ကိုယ် စားလှယ် ၁၅ ဦး၊ တိုင်းရင်းသား လူမျိုးကိုယ်စားလှယ် ၆၃၃ ဦး၊ တောင်သူလယ်သမား ကိုယ်စား လှယ် ၉၃ ဦး၊ အလုပ်သမား ကိုယ်စားလှယ် ၄၈ ဦး၊ အသိ ပညာရှင်၊ အတတ်ပညာရှင်ကိုယ် စားလှယ် ၅၆ ဦး၊ နိုင်ငံ့ဝန်ထမ်း ကိုယ်စားလှယ် ၁ဝ၉ ဦးနှင့် အ ခြားဖိတ်ကြားသင့်သည့် ကိုယ်စား လှယ် ၁၀၅ ဦးတို့ တက်ရောက်ခဲ့ သည်။ အမျိုးသားညီလာခံကိုယ် စားလှယ် ၁၀၈၈ ဦးအနက် တိုင်း ရင်းသား လူမျိုးကိုယ်စားလှယ် ၆၃၃ ဦး၊ တောင်သူလယ်သမား ကိုယ်စားလှယ် ၉၃ ဦး၊ အလုပ်သ မားကိုယ်စားလှယ် ၄၈ ဦး၊ အသိ ပညာရှင် အတတ်ပညာရှင် ကိုယ် စားလှယ် ၅၆ ဦးနှင့် နိုင်ငံ့ဝန်ထမ်း ကိုယ်စားလှယ် ၁၀၉ ဦး စုစုပေါင်း ညီလာခံကိုယ်စားလှယ် ၉၃၉ ဦး၊ ကိုယ်စားလှယ်စုစုပေါင်း၏ ၈၆ ရာခိုင်နှုန်းကျော်ကို နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုး ရေးကောင်စီနှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း တို့က ရွေးချယ်ခဲ့သည်။ ကျန်ကိုယ် စားလှယ် ၁၄ ရာခိုင်နှုန်းတွင် အ စိုးရ၊ ပြည်ခိုင်ဖြိုးအသင်းတို့နှင့် နီးစပ်သူ အများအပြား ပါဝင်ခဲ့ သည်။ ပြည်သူလူထုအများစု သည် အမျိုးသားညီလာခံကိုယ် စားလှယ်များကို မည်သို့မည်ပုံ ရွေးချယ်ခဲ့သည်ကို ဂဃနဏ မသိရှိခဲ့သည့်အပြင် မေးခွန်း ထုတ်ခွင့်လည်း မရရှိခဲ့ပေ။
နိုင်ငံရေးပါတီများမှ ကိုယ် စားလှယ်များ အစုအဖွဲ့တွင် ကိုး ကန့်ဒီမိုကရေစီနှင့် ညီညွတ်ရေး ပါတီ၊ တိုင်းရင်းသားစည်းလုံးညီ ညွတ်ရေးပါတီ၊ ပြည်ထောင်စု ကရင်အမျိုးသားများအဖွဲ့ချုပ်၊ ပြည်ထောင်စု ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်၊ မြို (ခေါ်) ခမီအမျိုး သားညီညွတ်ရေးအဖွဲ့၊ လားဟူ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး ပါ တီနှင့် ‘၀’ အမျိုးသား ဖွံ့ဖြိုးတိုး တက်ရေးပါတီတို့မှ ကိုယ်စား လှယ်များပါဝင်ခဲ့သည်။ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် အ များစု အနိုင်ရရှိခဲ့သော ဒီချုပ်နှင့် တိုင်းရင်းသားပါတီများ၏ ကိုယ် စားလှယ်များသည် အမျိုးသားညီ လာခံသို့ တက်ရောက်ခဲ့ခြင်း မရှိ ခဲ့ပေ။
အခြားဖိတ်ကြားသင့်သည့် ပုဂ္ဂိုလ်များ အစုအဖွဲ့တွင် တက် ရောက်ခဲ့သော ငြိမ်းချမ်းရေးအဖွဲ့အစည်းများမှာ ရှမ်းပြည် မြောက်ပိုင်းအထူးဒေသ-၁၊ ရှမ်း ပြည်မြောက်ပိုင်း အထူးဒေသ-၂ (UWSA) ၊ ရှမ်းပြည်မြောက်ပိုင်း အထူးဒေသ-၃ (SSA) ၊ ရှမ်းပြည် မြောက်ပိုင်း အထူးဒေသ-၄ (မိုင်း လား)၊ ရှမ်းပြည်မြောက်ပိုင်းအ ထူးဒေသ-၅ (KDA)၊ ရှမ်းပြည် မြောက်ပိုင်း အထူးဒေသ-၆ (PNA) ၊ ရှမ်းပြည်မြောက်ပိုင်း အ ထူးဒေသ-၇ (PSLA)၊ ကချင် ပြည်နယ် အထူးဒေသ-၁ (NDA-K)၊ ကချင်ပြည်နယ် အထူးဒေ သ-၂ (KIO/KIA) ၊ ကယားပြည် နယ်အထူးဒေသ-၁၊ ကယားပြည် နယ် အထူးဒေသ-၂၊ ကယား ပြည်နယ် အထူးဒေသ-၃၊ ကရင် နီအမျိုးသား တိုးတက်ရေးပါတီ (KNDP) ၊ နဂါးအဖွဲ့၊ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (KNPP) (ဟိုယာ)၊ ကရင်နီအ မျိုးသားစည်းလုံးညီညွတ်ရေးအ ဖွဲ့ (ကမစည)၊ ရှမ်းပြည်နယ်လူ မျိုးပေါင်းစုံ ပြည်သူလွတ်မြောက် ရေးအဖွဲ့ (ရလလဖ)၊ မွန်ပြည် သစ်ပါတီ (NMSP) ၊ တိုးတက် သော ဗုဒ္ဓဘာသာ ကရင်အမျိုး သားအစည်းအရုံး (DKBA) ၊ ဟောင်သရောအထူးဒေသအဖွဲ့၊ ဘုရားကုန်းအထူးဒေသအဖွဲ့၊ ရှမ်းပြည်နယ်အမျိုးသားတပ်မ တော်၊ ဗမာပြည်ကွန်မြူနစ်ပါတီ (ရခိုင်အဖွဲ့)၊ ဟိုမိန်းဒေသ သက် သာချောင်ချိရေးနှင့် ဖွံ့ဖြိုးတိုး တက်ရေးအဖွဲ့၊ ရွှေပြည်အေး MTA အလင်းဝင်အဖွဲ့၊ မန်ပန်ဌာ နေ ပြည်သူ့စစ်အဖွဲ့၊ မွန်လက် နက်ကိုင် ငြိမ်းချမ်းရေးအဖွဲ့ (ချောင်ချိဒေသ)၊ မွန်( ခွဲထွက်) နိုင်သိုက်ချမ်းအဖွဲ့နှင့် ရခိုင်တပ်မ တော် (အေအေ)တို့ဖြစ်သည်။ ၂၀၀၅ ခုနှစ် နောက်ပိုင်းတွင် ရှမ်း ပြည်မြောက်ပိုင်း အထူးဒေသ-၃ (အက်စ်အက်စ်အေ) အဖွဲ့သည် အမျိုးသားညီလာခံ အစည်းအ ဝေးများ၌ တက်ရောက်ခြင်း မရှိခဲ့ ပေ။
၂၀၀၇ ခုနှစ် သြဂုတ်လ ၃ ရက်တွင် ရန်ကုန်တိုင်း၊ မှော်ဘီ မြို့နယ်၊ ညောင်နှစ်ပင်စခန်းရှိ ပြည်ထောင်စုခန်းမ၌ ကျင်းပခဲ့ သည့် အမျိုးသားညီလာခံ စုံညီ အစည်းအဝေးမှ နိုင်ငံတော်ဖွဲ့ စည်းပုံ အခြေခံဥပဒေရေးဆွဲရာ တွင်ပါဝင်မည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ခြင်း အခန်း၏ အ သေးစိတ်အခြေခံရမည့် မူများကို ချမှတ်ခဲ့သည်။ ၁၉၉၃ ခုနှစ် ဇွန် လ ၇ ရက်မှ စက်တင်ဘာ ၁၆ ရက်အတွင်း ပြုလုပ်ခဲ့သော အ မျိုးသားညီလာခံ အစည်းအဝေး များအတွင်း အတည်ပြုခဲ့သော ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲ ရေးအတွက် အခြေခံရမည့် အခြေခံ မူ ၁၀၄ ချက်တွင် ဖွဲ့စည်းပုံအခြေ ခံဥပဒေ ပြင်ဆင်ရေးနှင့် ဆက်စပ် သော အခြေခံမူများ ပါရှိသည်ကို မတွေ့ရှိရပေ။
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင် ဆင်ခြင်းအခန်း၏ အသေးစိတ်အ ခြေခံရမည့် မူများတွင် ချမှတ်ခဲ့ ပြီးဖြစ်သည့် အခြေခံရမည့် မူများ နှင့် အသေးစိတ်အခြေခံရမည့် မူ များရှိ နိုင်ငံတော်အခြေခံမူများ၊ နိုင်ငံတော်ဖွဲ့စည်းတည်ဆောက် ပုံ၊ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးဆိုင်ရာ ဖွဲ့စည်းမှု အပိုင်းနှင့် အရေးပေါ်ကာလဆိုင် ရာ ပြဋ္ဌာန်းချက်များအခန်းတို့ရှိ ပြဋ္ဌာန်းချက်များကို ပြင်ဆင်လို လျှင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံး၏ ခုနစ် ဆယ့်ငါးရာခိုင်နှုန်းကျော်က ပြင် ဆင်ရန် သဘောတူလက်ခံပြီး နောက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပကာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အားလုံး၏ ထက်ဝက်ကျော် ဆန္ဒ မဲဖြင့်သာ ပြင်ဆင်ရမည်ဟုလည်း ကောင်း၊ အထက်ဖော်ပြထား သည့် ပြဋ္ဌာန်းချက်များမှအပ အ ခြား ပြဋ္ဌာန်းချက်များကို ပြည် ထောင်စုလွှတ်တော်ကိုယ်စား လှယ်အားလုံး၏ ခုနစ်ဆယ့်ငါးရာ ခိုင်နှုန်းကျော် ဆန္ဒမဲဖြင့်သာ ပြင် ဆင်ရမည်ဟု လည်းကောင်း၊ အ တည်ပြုချမှတ်ခဲ့သည်။ အဆိုပါ အခြေခံမူကို ကျောထောက်နောက်ခံပြုလျက် ပုဒ်မ ၄၃၆ ကို ရေးဆွဲ၊ အတည်ပြု ပြဋ္ဌာန်းခဲ့သည်။
၁၉၇၄ ခုနှစ် ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံ တော်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပြင်ဆင်ခြင်း၊ အခန်း (၁၅)၊ ပုဒ်မ ၁၉၄ ပါ ပြဋ္ဌာန်းချက်များနှင့် ပြည် ထောင်စုသမ္မတ မြန်မာနိုင်ငံ တော်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပုဒ်မ ၄၃၆ ပါ ပြ ဋ္ဌာန်းချက်များသည် ကျောရိုးဆင် တူသည်။ ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို လွှတ်တော် ကိုယ်စားလှယ်စုစုပေါင်း၏ ၇၅ ရာခိုင်နှုန်းက ထောက်ခံလျှင် ပြင် ဆင်နိုင်သော်လည်း၊ ပုဒ်မ ၄၃၆ ပါ ပြဋ္ဌာန်းချက်များအရ ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်နိုင်ရန် လွှတ်တော်ကိုယ် စားလှယ်စုစုပေါင်း၏ ၇၅ ရာခိုင် နှုန်းကျော် လိုအပ်သည်။ ထို့ ကြောင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေသည် ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေထက်ပင် ပြင်ဆင်ရန် ပိုမိုခက်ခဲ၊ တင်းကျပ် နေသည်။
အချုပ်အားဖြင့်ဆိုသော် အမျိုးသားညီလာခံ အစည်းအ ဝေးများတွင် ကိုယ်စားလှယ်အ များစုကို အစိုးရနှင့် ပြည်ခိုင်ဖြိုး အသင်းက ရွေးချယ်ခဲ့ပြီး အတည် ပြုဆုံးဖြတ်ရာတွင် အစိုးရနှင့် ပြည်ခိုင်ဖြိုးအသင်း အနေဖြင့် ကိုယ်စားလှယ်အများစုအသာစီးရခဲ့သည်။ အစည်းအဝေးများတွင် အကြိတ်အနယ်ဆွေးနွေးမှုများ၊ ပွင့်လင်းမြင်သာမှုရှိရှိ ချဉ်းကပ်သုံးသပ်ဆွေးနွေမှုများ မရှိခဲ့သည့်အပြင် လုံးစေ့ပတ်စေ့ သတင်းထုတ်ပြန်မှုလည်း မရှိခဲ့ပေ။ အမျိုးသား ညီလာခံ ကိုယ်စားလှယ်အများစုကို ရွေးချယ်ရာတွင် ပြည်သူကို အသိပေးရန်၊ ဆန္ဒယူရန် ပျက်ကွက်ခဲ့သည်။
အဆိုပါ ညီလာခံတွင် ဆုံးဖြတ် အတည်ပြုခဲ့သော အခြေခံမူများနှင့် အခန်းအလိုက် အခြေခံမူများသည် ပြည်သူလူထု၏ ဆန္ဒသဘောထားများနှင့် ဝေးကွာလွန်းပြီး အဆိုပါအခြေခံမူများအပေါ် အခြေခံလျက် ရေးဆွဲပြဋ္ဌာန်းခဲ့သော ဖွဲ့စည်းပုံအခြေခံဥပဒေသည်လည်း ပြည် သူ့အသံ၊ ပြည်သူ့ဆန္ဒများနှင့် အလှမ်းဝေးနေနိုင်ဖွယ်ရှိသည်ဟု သုံးသပ်နိုင်သည်။
7day