ငယ်သော်ပျောက်၏

ပို့စ်တင်ချိန် - 6/03/2014 11:55:00 AM



ဒုတိယသမ္မတဦးဉာဏ်ထွန်းက ပြည်သူတစ်ယောက်ဟာ တစ်နေ့ကျပ်နှစ်ထောင်ဆိုရင်  စားလို့ သုံးလို့လောက်ပါတယ်လို့ပြောလိုက်တာ ဝေဖန်သံတွေသော သောညံသွားတာပဲ။ ဒါတင်ဘယ် ကဦးမလဲဗျာ။ ပြည်ထောင်စုဝန် ကြီးတစ်ပါးက သူ့လက်မနဲ့လက် ညှိုးကို ခပ်ဟဟလေးပြပြီး အမေ ရိကန်နဲ့ကျုပ်တို့ရဲ့တိုင်းဌာနီမြန် မာရွှေပြည်ဟာ လူနေမှုအဆင့် မှာ အနှာလောက်ပဲကွာတော့တာ ကို အစည်းအဝေးတစ်ခုမှာဖွင့် ကာပြောတာလည်း  ကြားရပါ သေးရဲ့။ ကျုပ်တို့အစိုးရလူကြီး မင်းများဟာ  အပြောင်အပြက် ပြောရာမှာ သို့ကလိုတော်ကြရှာ ပေတာခင်ဗျ။

ကျုပ်တို့ ပြည်သူများက လည်း ဘယ်ငြိမ်ခံနေမှာလဲ။ အနှီ စကားများကြားရတဲ့အခါ တစ် ယောက်တစ်မျိုးမရိုးရအောင် တုံ့ ပြန်လိုက်ကြသမှ ပွက်ပွက်ကိုဆူ ရောပါလားဗျို့။ သြော် . . . ဒီမိုက ရေစီအစိုးရဆိုတာ တက်လာက တည်းက ဝန်ကြီးတွေရဲ့အသော မှာ ကျုပ်တို့ပြည်သူတွေအူနှိပ်နေ ရတာကြာပြီကောဗျာ။ နို့ပေတဲ့ ဝန်ကြီးများလိုတော့လည်း ကျုပ် တို့ဟာ ခပ်ပေါပေါမနေနိုင်ဘူး ဗျာ။ သူတို့စကားကြားရတာ ရယ် ရယ်မောမောဖြစ်တာမှန်ပါရဲ့။ သို့သော်ငြား ရယ်စရာရဲ့နောက် မှာမောစရာတွေက လိုက်လာ သကိုးဗျ။ ကျုပ်တို့ရဲ့လက်တွေ့ နေ့စဉ်ဘဝပြဿနာတွေက ဝန် ကြီးတွေပြောသလိုမှ  ရယ်စရာ မကောင်းတာ။

မောရတာတွေထဲမှာ ပိုပြီးမောရတာကတော့ ဒုတိယသမ္မတ ကိုယ်တိုင်က ပြည်သူတစ်ယောက်ဟာ တစ်နေ့ကျပ်နှစ်ထောင်နဲ့ စားလို့ သောက်လို့ဖြစ်တယ်လို့ အထင်ရောက်နေတာပဲ ခင်ဗျ။ဘယ်ကရတဲ့သတင်း အချက်အလက်အခြေခံနဲ့များ အနှီစကားပြောသလဲဆိုတာ ကျုပ်တို့ဖြင့်မစဉ်းစားတတ်အောင် ဖြစ်ရပါတယ်။ အခုဆိုရင် နေ့စဉ်စားသုံးကုန်ဈေးနှုန်းတွေက တအိအိနဲ့ တက်နေပါတယ်။ ဒီနှစ်ဘဏ္ဍာနှစ် အစမှာ အစိုးရဝန်ထမ်းတွေကို လစာတိုးမယ်ဆိုတဲ့သတင်းထွက် လာကတည်းက ကုန်ဈေးနှုန်းတွေ ကြိုတက်နေတာ  အနှီဒုသမ္မတ မသိရှာဘူးထင်ပါရဲ့။

နောက်ပြီး အခုအစိုးရတက် လာခါစ ဆင်းရဲမွဲတေမှုလျှော့ချ ရေးအတွက်လုပ်မယ်ဆိုပြီး အင် တိုက်အားတိုက်စည်းဝေးလိုက် တာ အဲဒီကရလဒ်တွေလည်း ဘယ်အခြေ  ရောက်နေသလဲ တောင်မသိတော့ပါဘူး။ တစ်လ တစ်ခါ ရုပ်မြင်သံကြားမှာမိန့်ခွန်း ပြောလာတဲ့ သမ္မတလည်း ဆင်း ရဲသားလျှော့ချရေးနဲ့ပတ်သက်ပြီး လေသံတောင်မဟတော့တာ အတော်ကြာပြီမဟုတ်လားဗျာ။ အစိုးရဖြစ်စ  ပြည်သူကိုပျားရည်နဲ့ ဝမ်းချတာ နည်းနည်းအရှိန်လွန် သွားပုံပါပဲ။  အခုဆို  စကားပဲ အဖတ်တင်ကျန်ခဲ့တယ်။

ဆင်းရဲမွဲတေမှုတွေလျှော့ရ မယ့်အစား နဂိုစားနိုင်သောက်နိုင် ရှိနေတဲ့သူတောင်မှ တစ်နေ့တ ခြားပိုကျပ်တည်းလာတာတော့ အမှန်ပဲခင်ဗျ။ သို့ပေတဲ့လဲရာ သူခိုးထောင်းဆိုသလိုပဲနေ့စဉ် အလုပ်ခွင်မှာ ဝင်ငွေလစာက တိုးပြီးရမလာကြပေတဲ့ အသွင်ပြောင်း အစိုးရရဲ့အခွန်အခတွေ က နိုင်ငံတကာအဆင့်တဲ့ဗျာ။ ကျုပ်တို့မှာပေးလိုက်ရတာ မီးမှန်မှန်မလာပေတဲ့ မီတာခဆိုလည်း အင့်ခနဲပဲ။ မီးမလာလို့ ရေမရ သော်ငြား လကုန်ရင်တော့ရေခွန်ဆိုတာကလည်း မလျှော့ဘူးဗျို့။ ဒါနဲ့မှအားမရလို့ ဝင်ငွေခွန်ဆိုတာလည်းကောက်ချင်သေးသတဲ့။

စားဝတ်နေဆိုတဲ့အရေးသုံး ပါးစလုံးမှာ ကျုပ်တို့ပြည်သူတွေ ဟာ ဂျာအေးသူ့အမေရိုက်လုံးချာ လိုက်နေပါတယ်။ အနှီသုံးပါးမှာ မှ အလယ်တစ်ပါးဖြစ်တဲ့ အဝတ်ဆို တဲ့ကိစ္စခဏထားဦးဗျာ။ အရှက် လုံအောင်ဖုံးဟယ်ဖိဟယ်၊ ချုပ် ဟယ်ထေးဟယ် ဖာရာဗရပွနဲ့ လှအောင်နေလို့ရပါသေးတယ်။ အဲ . . . စားဖို့အရေးကတော့ တကယ်ခက်တယ်။ လူဆိုတာ နိစ္စဓူဝမစားဘဲမသောက်ဘဲ အောင့်ထားလို့မရဘူးမဟုတ်လားဗျာ။ ဆိုတော့ကာစား သောက်ကုန်ဈေးနှုန်းတွေကလည်း တစ်နေ့တခြားခုန်တက် နေတာ။  ဝင်ငွေနဲ့ထွက်ငွေဟာ မကာမိကြဘူးဗျာ။

အဲဒီထဲမှာ အဆိုးဆုံးက တော့ နေရေးထိုင်ရေးကိစ္စပဲခင် ဗျ။ အခုရန်ကုန်မြို့ကြီးမှာ အိမ် ငှားစရိတ်က  တအားမြင့်တာ။ နောက်ပြီး  တစ်လတစ်ခါပေးရ တာလည်းမဟုတ်။ အနည်းဆုံး ခြောက်လစာချုပ်ရတာကိုး။ အနှီ ခြောက်လတစ်ခါပြည့်ပြီဆိုတဲ့ အခါ အိမ်ငှားဈေးက နောက်တစ် ရစ်တက်ပြီး တောင်းပြန်ရောဗျာ။ အဲဒါတွေမတတ်နိုင်လို့ လမ်းဘေး မှာသွားအိပ်လို့ကလည်းဖြစ်တာ မဟုတ်ဘူးရယ်။ တော်ကြာ ကျူး ကျော်ဆိုပြီး ဆိုင်ရာများကဖမ်း ကြဦးမယ်။

ကျုပ်တို့ရွှေပြည်ကြီးမှာ ခက်တာကလည်း အဲဒါပဲဗျာ။ တချို့များ ကြံရာမရတဲ့အဆုံး စည်ပင်နယ်နိမိတ်လမ်းဘေးမှာ တဲလေးထိုးနေမိပါတယ်။ မကြာဘူး လာဖယ်တာပဲ။ စည်ပင်ဆိုလို့ ပြောရဦးမယ်ဗျို့။ အနှီစည်ပင်က အဲသလိုတဲလေးတစ်လုံးတလေ တည်ပြီးနေတာကိုသာ အာဏာ သုံးဖယ်ရှားတာရယ်။ တချို့ပိုင် တဲ့သူများကျတော့လည်း စည်ပင် နယ်နိမိတ်မှာပဲ ဆိုင်ကြီးကနား ကြီးခင်းပြီး ရောင်းဝယ်စားနေတာ ကျ ခွင့်ပြုထားတာခင်ဗျ။ တိုင်း ပြည်ဘဏ္ဍာမှာ စာရင်းမဝင်တဲ့ အခွန်အခလည်းမြိုးမြိုးမြက်မြက် ရသကိုး။

အခုနလမ်းဘေးမှာ တဲထိုး နေတဲ့သူတွေကျ ‘ကျူးကျော်’ပါ တဲ့ခင်ဗျ။ ဗန်းလေးခင်းပြီး ဟင်း ရွက်ကန်စွန်းလေးတွေ မနက်တစ် ခါ၊ ညနေတစ်လှည့် လမ်းပေါ် ထွက်ရောင်းတဲ့သူများကျတော့ လူကြီးတွေအမြင်မှာ မတင့်တာမို့ ဖယ်ပစ်ကြတယ်။ ဒါနဲ့များ နံပါတ် တစ်သမ္မတရဲ့နှုတ်ဖျားက ဆင်းရဲ သားပပျောက်ရေးစီမံချက်ဆိုတာ ပြောထွက်သေးတယ်။ နံပါတ်နှစ် သမ္မတတစ်ဦးကျတော့လည်း တစ်နေ့ငွေနှစ်ထောင်ဟာ စားဖို့ သောက်ဖို့ ဖူလုံပါသတဲ့။ အစိုးရ ဟာ လူထုဘဝနဲ့ ဘယ်လောက် ကင်းကွာတယ်ဆိုတာ အဲဒါသာ ကြည့်ပါတော့ဗျာ။

နို့ပေတဲ့ ကျုပ်တို့ရဲ့အသွင် ပြောင်းအစိုးရဟာ စကားကို ဗ လောင်းဗလဲပြောတယ်လို့လည်း အပြစ်တင်မစောနဲ့ဦးခင်ဗျ။ သူတို့ တက်လာတဲ့သုံးနှစ်သက်တမ်း အတွင်းမှာ ပြောင်းတာ၊ လဲတာ တွေဟာရှိတာပေါ့ဗျာ။ အထူးသဖြင့် ကျုပ်တို့ရန်ကုန်မြို့မှာဆိုရင် သိပ်ကိုပြောင်းလဲသွားတယ်။ မြန်မာအစိုးရရဲ့အသွင်ပြောင်း ခေါင်းလောင်းသံကို ကြားလိုက်ရတဲ့အချိန်မှာ နိုင်ငံတကာက သိပ် စိတ်ဝင်စားစွာနဲ့ ကျုပ်တို့ရွှေပြည် ကြီးကိုလာကြတယ်။ အစိုးရက လည်း နိုင်ငံတကာရင်းနှီးမြှုပ်နှံသူ များကို ခေါ်တယ်မဟုတ်လားဗျာ။

အဲဒီတော့ ရန်ကုန်မြို့ကြီး မှာ နေ့ချင်းညချင်းကို အိမ်ခြံမြေ ဈေးတွေဟာ ခေါင်ခိုက်ကုန်ပါ ရောဗျ။ နိုင်ငံတကာက စီးပွားရေး သမားများကလည်း အစိုးရကို မယုံရသေးလို့ ငွေလုံးငွေရင်းပုံ မအောသေးဘူးသာ ပါးစပ်က ပြောတာ။ ရွှေပြည်ကြီးမှာ သူ့ ထက်ငါသာအောင် ခြေကုန်ယူ ထားပြီးပြီဗျာ။ ရန်ကုန်မြို့လယ် ကောင်မှာဆိုရင် ဟိုယခင် ၂၀၁၀ မတိုင်မီတုန်းက အခန်းငှားဈေး က ဘာရှိတာမှတ်လို့။ အခုများ သွားမမေးနဲ့ အားလုံးကနိုင်ငံတ ကာဈေးကိုခေါ်နေတာကလား။

ပန်းဆိုးတန်းလမ်းမတစ် လျှောက်မှာဆိုကြည့်ပါဗျာ။ ဟို တယ်တွေ၊ ကုမ္ပဏီရုံးခန်းဆိုတာ တွေဟာ အစီအရီပေါ်လာလိုက် တာ။ ဟိုတုန်းကအသေးစားလုပ် ငန်းလေးများဖြစ်ကြတဲ့ စာအုပ် ဆိုင်တို့၊  မိတ္တူဆိုင်တို့၊  စား သောက်ဆိုင်လေးတွေဆိုတာ အခန်းငှားခမတတ်နိုင်ကြလို့ ရွှေ့သူရွှေ့၊ ဆိုင်ဖြုတ်သူဖြုတ်နဲ့ဖြစ်ကုန်ကြတာ။ တချို့အခန်းငှားခဟာ ဒေါ်လာနဲ့တောင်ပေးချေရ  မယောင်ဖြစ်ကုန်ပါသဗျ။ မြို့လယ်ကောင်က ဗိုလ်ချုပ်အောင်ဆန်းလမ်းမပေါ်မှာလည်း ကြည့်လိုက်ပါဦးကိုယ့်လူတို့။ လွန်ခဲ့တဲ့ လေးနှစ်လောက်ကမြင်ကွင်းနဲ့များ တူတော့လို့လား။ နိုင်ငံခြားသားများဥဒဟိုနဲ့ စည်းကားတဲ့ လမ်းမကြီးဖြစ်နေပြီဗျာ။ ဟိုတုန်းကရှိခဲ့ဖူးတဲ့လက်ဖက်ရည်ဆိုင်၊ ထမင်းဆိုင်လေးတွေ နေရာမှာ နိုင်ငံခြားသားမှစားနိုင်မယ့်ဈေးနဲ့ ရောင်းနေတဲ့စားသောက်ဆိုင်၊ ကော်ဖီဆိုင်တွေအပြိုင်ပေါ်လာနေပြီမဟုတ်လားဗျာ။ ကျုပ်တို့မှာ  ငွေကျပ်နှစ်ထောင်ရှိတယ်ဆိုပြီး နိုင်ငံခြားသားတွေနဲ့အပြိုင် ဆိုင်ထဲဝင်ထိုင်မယ်စိတ်မကူးနဲ့ဗျို့။ ဒုတိယသမ္မတပြောတဲ့ ငွေနှစ်ထောင်နဲ့ အနှီဆိုင်တွေနားသီလို့ တောင်မရဘူး။

ဆိုချင်တာကတော့ဗျာ။ တိုင်းပြည်ဟာ အစိုးရလူကြီးမင်း များ တဖွဖွပြောပြနေသလို အသွင်ပြောင်းနေတာတော့အမှန်ပဲခင်ဗျ။ ဒီသုံးနှစ်မှာစားနိုင်သောက်နိုင် အနေအထားရှိတဲ့သူတွေက ကျပ် တည်းလာပြီး နဂိုကမှ ဆင်းရဲနွမ်း ပါးကြတဲ့သူတွေကျတော့ ကုန်း ကောက်စရာမရှိအောင် ဖြစ်သွား ကြတယ်။ လယ်သမားတွေက လယ်မရှိကြတော့ဘူးဗျာ။ လမ်း ဘေးဈေးသည်က တရုတ်ပြည် သွားအလုပ်လုပ်နေရပြီး ရပ်ကွက် ထဲက ကုန်စုံဆိုင်လေးတွေက ဆိုင်ခန်းခမတတ်နိုင်ကြလို့ ဖြုတ် သွားကြပြီ။ အဲဒါတွေဟာ ကျုပ် တို့ရဲ့ အဘဆရာကြီးများပြော ကြားနေတဲ့ ပြုပြင်ပြောင်းလဲရေး တွေပါပဲ။

ဘာပဲဖြစ်ဖြစ် ဘစီတို့ပြည် သူပြည်သား လက်လုပ်လက်စား ဆိုတာ ခေတ်အဆက်ဆက်ခံရတဲ့ ဘက်ကချည်းပါပဲ။ အာဏာရှင် ခေတ်မှာ ဆိုးလှပြီမှတ်တာ။ အခု ဒီမိုကရေစီခေတ်အခါလို့ဆိုလာ တော့လည်း ဘာထူးသတုံး။ ငွေ မရှိလို့ခံရတယ်။ ပညာမတတ်လို့ ခံရတယ်။ အာဏာရှိနေတွေရဲ့ မေတ္တာရိမဟုတ်လို့ခံရတယ်။ အသိုင်းအဝိုင်းမရှိလို့ခံရတယ်။ စသဖြင့် ခံရချက်ကမျိုးစုံပါပဲ။

ဆင်းရဲသားပပျောက်ရေးစီ မံချက်ဆိုသဟာ ပြီးပြီးပျောက် ပျောက်ဖြစ်သွားပြီးနောက် ဟို တစ်လောကတော့ အစိုးရက ‘အသေးစားစီးပွားရေးလုပ်ငန်း’ လေးတွေကို အခွန်အခကင်းလွတ် ခွင့်ပေးမယ်ဆိုတာမျိုး တွင်တွင် ကြီးကြော်ငြာတာတွေ့လိုက်ရပါ သေးရဲ့။ ကြော်ငြာကြည့်ပြီး ဘာ မှန်းမသိလို့ ကျုပ်တို့လူထုနဲ့ မနီး စပ်ဘူးလို့ပဲ မှတ်ခဲ့ပါတယ်။ ဒါပေ တဲ့ တတ်သိသူများပြောတာတော့ အသေးစားစီးပွားရေးလုပ်ငန်း တွေကို အစိုးရကပံ့ပိုးမှုပေးမယ့် သဘောဆိုလို့ ကျုပ်တို့လည်း ပြည်သူများကိုယ်စား အားတက် မိခဲ့သဗျ။

အသေးစားစီးပွားရေးလုပ် ငန်းများဖွံ့ဖြိုးလာရင် ပြည်သူတွေ အလုပ်အကိုင်နဲ့ ဝင်ငွေတိုးနိုင်တာ ကိုး။ဘစီတို့ကစီးပွားရေးသဘော တရားများနားလည်လှလို့တော့ မဟုတ်ပါဘူး။ ဒါပေတဲ့ စာထဲပေ ထဲမှာ ဟိုတုန်းကလွတ်လပ်ရေး ရပြီးစ မဖွံ့ဖြိုးသေးတဲ့ အာဖရိက လိုတိုင်းပြည်တွေမှာ အသေးစား လုပ်ငန်းလေးတွေထူထောင်ပြီး ခေတ်ပြောင်းရမယ့်သဘောကို ပညာရှင်တွေပြောတာ ဖတ်ခဲ့ရဖူး တယ်။ အဲဒီတုန်းက ခေတ်စားတဲ့ အယူအဆတစ်ခုက ‘ငယ်သော် လှ၏’(Small is Beautiful)’တဲ့ ခင်ဗျ။

အခုကျုပ်တို့တိုင်းပြည်ဟာ လည်း စီးပွားရေးအရ ဘာတစ်ခု မှရေခံမြေခံရှိတာမဟုတ်ဘူး။ အားလုံးက တစ်ဝမ်းတစ်ခါးအ တွက် ကြုံသလိုလုပ်နေတဲ့အသေး စားစီးပွားရေးဆိုတာလေးတွေပဲ ရှိတယ်။ ဒါတောင်မှ စနစ်ကျလှ တာမဟုတ်ဘူး။ လမ်းဘေးမှာ လက်ဖက်ရည်ဆိုင်ဖွင့်မယ်။ ထမင်းဆိုင်ဖွင့်မယ်ဆိုတာ လောက်ပဲ။ ဒီနေ့အချိန်မှာ နိုင်ငံ ရပ်ခြားတိုင်းတစ်ပါးက ရင်းနှီး မြှုပ်နှံမှုဆိုတာတွေက ငွေပင်ငွေ ရင်းအားကောင်းလှတော့ ကျုပ် တို့ဆီက အသေးစားလေးတွေ ဟာ အကာအကွယ်မရှိရှာတော့ ပါဘူး။ ကျုပ်တို့မှာကလည်း နှစ်လရှည်ကြာ မွဲခဲ့ရတော့ ကိုယ့် မြေကလေး၊ ကိုယ့်ဆိုင်နေရာ လေး ဈေးကောင်းပေးရင် ငှားချင် ရောင်းချင်တာပေါ့ဗျာ။ အနှီလို အနေအထားမှာ ဆိုင်ရာပိုင်ရာ များရဲ့ မရိုးနိုင်တဲ့တလွဲစီမံခန့်ခွဲမှု တွေနဲ့တော့ ကျုပ်တို့အမျိုးသား များရဲ့ အသေးစားစီးပွားရေးတွေ ဟာ လုံးပါးပါးရမယ့်ကိန်းပါခင် ဗျ။ သိတယ်ဟုတ်။ ဒီအတိုင်းသာ သွားလို့ကတော့ ကျုပ်တို့ရွှေပြည် ကြီးမှာ ‘ငယ်သော်လှ၏’တော့ဖြစ် မှာမဟုတ်ဘူး။ ‘ငယ်သော်ပျောက် ၏(Small is Lost)’သာဖြစ်မှာပါ ရယ်။ အခုတောင်မှ လုပ်ငန်းငယ် လေးတွေဟာ အရင်းအနှီးနဲ့အခွန် ကြီးလာတာမို့ ပြုတ်ကုန်ဖြုတ် ကုန်ကြပြီမဟုတ်လားဗျာတို့။

(ဖော်ပြပါ သရော်စာသည် စာရေးသူဘစီ၏ အာဘော်သာဖြစ်သည်)

7DayDaily