တောဆင်ရိုင်းမှနှာမောင်း ဖြင့်ရစ်ပတ်ကာ ကိုင်ပေါက်ခံရ၍ အမျိုးသမီး(၁)ဦး သေဆုံး
ပို့စ်တင်ချိန်
- 6/29/2014 09:48:00 AM
၂၇.၆.၂၀၁၄ ရက်နေ့ ၀၆၀၀ အချိန် တိုက်ကြီးမြို့နယ်၊ ဥက္ကံရဲစခန်းမှ တပ်ဖွဲ့ဝင်များသည်
တိုက်ကြီး မြို့နယ်၊ ချောင်းစောက်ကျေးရွာအရှေ့ဘက်(၂)မိုင်ခန့်အကွာရှိ ကျွန်းစိုက်
ခင်းတောစပ်လျှိုအနီးတွင် အမျိုးသမီးတစ်ဦးကိုတောဆင်ရိုင်း(၁)ကောင်မှ နှာမောင်းဖြင့်ရစ်ပတ်ကာ ကိုင်ပေါက်ခံရကြောင်း သတင်းအရ သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါနေရာတွင် ကျွန်းစိုက်ခင်းခြံစောင့်ဖြစ်သူ ချောင်းစောက် ကျေးရွာနေ ဦးအောင်ဒင်၏ဇနီး ဒေါ်သေးတင်၊ (၆၁)နှစ်မှာ ၀မ်းဗိုက်ပေါက်ထွက်၊ ခါးရိုးကျိုး၊ ၀ဲလက်ကျိုးဒဏ်ရာများဖြင့်သေဆုံးနေသည်ကိုတွေ့ရှိရပါသည်။
ဖြစ်စဉ်အားစုံစမ်းရာ ၂၆.၆.၂၀၁၄ရက်နေ့၁၈၃၀အချိန်ခန့်တွင် သေဆုံးသူနှင့် ခင်ပွန်းဖြစ်သူ တို့မှာ အဆိုပါတောထဲရှိသစ်ပင်ပေါ်၌ပြုလုပ်ထားသော လင့်စင်ပေါ်တွင်ရှိနေစဉ် တောဆင်ရိုင်း(၁)ကောင်ရောက်ရှိလာပြီးလင့်စင်ထိုးထားသည့် သစ်ကိုင်းကိုဆွဲချသဖြင့် သေဆုံးသူနှင့်ခင်ပွန်း ဖြစ်သူတို့မှာ အောက်သို့ပြုတ်ကျသွားခဲ့ကြောင်း၊
တောဆင်ရိုင်းမှသေဆုံးသူအား နှာမောင်းဖြင့် ရစ်ပတ်ကာ
ကိုင်ပေါက်ခဲ့ကြောင်း၊
ခင်ပွန်းဖြစ်သူဦးအောင်ဒင်မှာ လွတ်မြောက်သွားခဲ့ပြီး ၎င်းတွင်လည်း လင့်စင်ပေါ်မှပြုတ်ကျခဲ့သည့်အတွက် ရင်ပတ်နှင့်ညှပ်ရိုးပွန်းဒဏ်ရာ ယာဘက်နံရိုးနှင့်ပေါင်တို့တွင် နာကျင်ဒဏ်ရာများရရှိခဲ့ကြောင်း
သိရှိရပါသည်။
ယင်းသို့ ဒေါ်သေးတင် သေဆုံးခဲ့ရသည့်အတွက်ဥက္ကံနယ်မြေရဲစခန်းသေမှုသေခင်းအမှတ်စဉ် (၄/၂၀၁၄)ဖြင့်ရေးဖွင့်ကာ စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police