တရားမျှတခြင်းနဲ့ အမှန်တရားရဲ့ တိုင်းပြည်ကို ဆာလောင်မွတ်သိပ်သောပြည်သူများ

ပို့စ်တင်ချိန် - 6/22/2014 07:46:00 AM


(နိဒါန်း)
ပြောရလျှင်ရသစာပေဟူသည်ကားရေးဟန်တစ်ခုတည်းပေါ်တွင် မတည်
  ဘဲ (အကြောင်းအရာနှင့် ခံစားမှု) ကို ထိ ထိမိမိဖော်ပြနိုင်ခြင်းပေါ်ထပ်
သည်ဟုထင် ၏။ ဖန်တီးအပ်သောဇာတ်ကောင်သည် လူသားဖြစ်၏။လူပုဂ်္ဂိုလ်ဖြစ်၏ သို့သော်၎င်းင်းသည်
ပုံသဏ္ဌာန်သစ်ကိုဆောင်သောဇာတ် ကောင်ဖြစ်၏။
ပုံစံသစ်ဖြစ်သော ဇာတ်ကောင်ဆို ၍ မိုးပေါ်ကကျလာသည့်မိုးကျရွှေကိုယ် ကဲ့သို့လူထုအသွင်သဏ္ဌာန်ကင်းမဲ့သော  ဇာတ်ကောင်မဟုတ်။


လူထုစွမ်းအားနှင့် လူသားတို့၏ စွမ်းအားကိုဖော်ပြရမည့်ဇာတ်ကောင်ဖြစ် ၏။
လူ့ဘ၀ကို လေ့လာသုံးသပ်သည်ဆို ရာမှာ လူတစ်ဦး၏ဘ၀ (သို့မဟုတ်) မိသားစု၏ဘ၀ဖြစ်ရပ်ကိုသာလေ့လာရုံ နှင့် မလုံလောက်။
တစ်ဦးချင်းကနေပြီး၊ လူ့အဖွဲ့အစည်း  ကိုကြည့်ခြင်း၊ လူ့အဖွဲ့အစည်းကနေတစ် ဦးချင်းကိုပြန်ကြည့်ခြင်းပြုရသည်ဖြစ်ရာ  လူ့သမိုင်းမှာဖြစ်ပွားပေါ်ပေါက်လျက်ရှိ သောကိစ္စရပ်များအားလုံးမှာထိုအတိုင်းပင်  ဆက်စပ်မှုများရှိခဲ့၏။


လူသားတစ်ဦးတစ်ယောက်၏အရေး အခင်းသည်လူတန်းစားတစ်ရပ်လုံး၏အရေး   ကိစ္စနှင့် သက်ဆိုင်၏။ လူတန်းစားတစ် ရပ်လုံး၏အရေးမှာတစ်ဦးတစ်ယောက်၏ အရေးသည်လည်း အကျုံးဝင်လျက်ရှိ၏။
ထို့အတူလူတစ်ဦးတစ်ယောက်၏ အရေးသည်ပြည်သူတစ်ရပ်လုံး၏အရေး နှင့် သက်ဆိုင်ပြီးလျှင်ပြည်သူတစ်ရပ်လုံး ၏အရေးမှာတစ်ဦးတစ်ယောက်သောသူ  သည်လည်းအကျုံးဝင်လျက်ရှိ၏။ ထိုမှ တစ်ဆင့်တက်၍အဓိပ္ပာယ်ဖွင့်သော်
“ကျွန်တော်တို့တိုင်းပြည်၊ ကျွန်တော် တို့အမျိုးသားအရေး” ဟူ၍ဖြစ်လာသည်။


ကျွန်တော်၏မေမေသည်အတ္တ အကျိုးစီးပွားနှင့် ပုဂ္ဂလိက၀ါဒကို ဆန့်ကျင်သည်။ ကျွန်တော်၏ ဖေဖေကား အတ္တအကျိုးစီးပွားနှင့် ပုဂ္ဂလိက၀ါဒကို ထူထောင်သည်။ ကျွန်တော်၏မေမေက ပြောသည်။
“တကယ်တမ်းမှာတော့သားရယ်၊ တခြားလူတွေအပေါ်ကျရောက်တတ်တဲ့ အပူဟာကိုယ့်အပေါ်ကျရောက်တာမဟုတ်  ပေမယ့် ကိုယ့်အပေါ်ကျရောက်တဲ့အပူ လိုခံစားတတ်ရမယ်သားရဲ့ အဲဒီစိတ်ဝိညာဉ် ကိုအခြေခံပြီး မေမေ၀တ္တူရေးတာပဲသား ရယ်”


“ဘာတဲ့မေမေ။တခြားလူတွေအပေါ် ကျရောက်တဲ့အပူဟာ ကိုယ့်အပေါ်ကျ ရောက်တဲ့ အပူလိုခံစားတတ်ရမယ်။ ဟုတ်လားမေမေ”
“အေးပေါ့သားရဲ့။ ဒါမှသာလူတွေ ဟာပိုပြီး ညီညွတ်ကြမှာပေါ့။ပိုပြီးချစ်ခင် ကြမှာပေါ့”
“ဖေဖေ့ရဲ့ စိတ်ဓာတ်ကရော အဲဒီ အတိုင်ပဲလားမေမေ”

“သား ဖေဖေနဲ့ မေမေနဲ့က စိတ်ဝိဉဉ်  ချင်းမတူကြဘူးကွယ့်။စိတ်ဝိဉဉ်ချင်းမတူတဲ့ အခါမှာ ဘ၀အဓိပ္ပာယ်ဖွင့်ဆိုတဲ့ဘာသာ စကားတွေလည်းမတူကြတော့ဘူးပေါ့”
ကျွန်တော့်အသက် ၁၆ နှစ်ပြည့်ချိန် မှာ မေမေက စာတွေပိုရေးလာသည်။ မေမေစာများ၊ မေမေ့စကားလုံးများသည်  သစ်ပင်တစ်ပင်က ရွက်နုသစ်ကလေးတွေ ထွက်လာသလိုပင်မေမေ့ခန်္ဓာကိုယ်ထဲမှ စီးဆင်းထွက်အန်ကျသည်။
မေမေကိုင်သောအကြောင်းအရာများ သည်သာမန်မဆန်ဘဲလူအများဆန်လာ သည်။ တိုင်းပြည်ဆန်လာသည်။ ပြည်သူ  ဆန်လာသည်။

 မေမေ့အနေအတိုင်များ ကမူပိုမိုတစ်သီးတသန့်ဆန်လာသည်။ ဖေဖေနှင့် အတူနေသည့်အခန်းတစ်ခန်း ထဲမှ ထွက်လာကာဝရံတာနှင့် နီးကပ်သည့်  အခန်းမှာ မေမေတစ်ဦးတည်းပဲနေထိုင် သည်။ စက်ရုံအလုပ်စားပွဲလည်းမထိုင် တော့။

“မေမေက ဖေဖေ့အလုပ်စားပွဲမှာ ဘာဖြစ်လို့မထိုင်တော့တာလဲ”
“ဒီအလုပ်ရုံမှာ မေမေက ဆုံးဖြတ်  ချက်မှ မချနိုင်တာပဲသားရယ်။နောက်ပြီး  သားဖေဖေရဲ့ အပြုအမူမျိုးကိုရွေးချယ်ပြီး မေမေ့ဘ၀လမ်းကိုမလျှောက်လှမ်းချင်ဘူး။  မေမေ့ကိုယ်ပိုင်အပြုအမူနဲ့ပဲမေမေလှုပ်ရှား ချင်တယ်။

မိုးတွေရွာနေချိန်မှာ စက်ရုံထဲက အလုပ်သမလေးတစ်ဦးထီးမပါဘဲသူ့အလုပ်  သမားတန်းလျားကို ထမင်းစားပြန်သွား  တာမြင်ရတော့ မေမေက အဲဒီမိန်းကလေး  ကိုထီးအနီကလေးတစ်လက်ဝယ်ပေးဖူး တယ်။ ဒါမျိုးကိုသားဖေဖေက မကြိုက် ချင်ဘူး။ မေမေကအလုပ်သမားတန်းလျား  မှာ ဘယ်သူတွေဆန်မရှိဘူးလဲသွား ကြည့်တတ်တယ်။

သူတို့မှာ ဆန်မရှိတာ တွေ့ရင် မေမေတို့မီးဖိုချောင်ထဲက ဆန်ကိုယူပေးလိုက်တယ်။ ကျောင်းဖွင့် ချိန်မှာဆိုရင် အလုပ်သမားတွေရဲ့ သား သမီးတွေအတွက်မေမေကကျောင်းစာအုပ် တွေ စိုက်ဝယ်ပေးလိုက်တယ်။

သားရဲ့ ဖေဖေက မေမေ့ကိုပြောတယ်။ လူတွေ ကို ဒါလောက်လိုက်လျောနေဖို့မလိုဘူး တဲ့။
မေမေသည်းမခံနိုင်တဲ့နေ့တစ်နေ့က တော့ မေမေတို့ရဲ “တန်ပေး”သမားတစ်ဦး  ဆီက ငွေတွေရစရာရှိတာများလာလို့ဆို ပြီးသားရဲ့ဖေဖေက သူတို့စက်ရက်ကန်း စင်ကိုသွားပြုတ်ပြီးသိမ်းဆည်းယူငင်လိုက် တဲ့နေ့ပဲ။

အဲဒီနေ့ကတည်းက မေမေဟာ သား ဖေဖေရဲ့ အလုပ်စားပွဲမှာမထိုင်ခဲ့ တာပဲ” သည်ကိစ္စမှာ ဖေဖေမှန်သလား။ မေမေမှန်သလား။ စက်ရုံထဲက စက်ရက် ကန်းခတ်သံတွေမှာ ပိုမိုဆူညံမြည်းဟည်း  ပဲ့တင်ထပ်နေ၏။
(နိဂုံး)
ကျွန်တော်မေမေ့အခန်းထဲကနေ အပြင်သို့ပြန်ထွက်လာသောအခါမိုးအငွေ့  အသက်တွေပါသောလေနှင့်ထိတွေ့လိုက် ရ၏။ မကြာမီမှာပင် မိုးရွာကာ၊ မိုးစက် တွေသယ်ဆောင်လာသည့်လေသည် ကျွန်တော်၏ပိတ်ထားသော ပြတင်းပေါက်  ကိုတိုးဝှေ့ပေတော့မည်။ မေမေ အခန်း ထဲမှာ ၀တ်္ထုရေးနေပြီလား။

ကျွန်တော်က တော့ ဂစ်တာတစ်လုံးကိုတီးခတ်ရင်း၊ သီချင်းတစ်ပုဒ်ကိုအော်ဟစ်သီဆိုရင်း ကျွန်တော့်စိတ်ဝိညာဉ်ကို ဟိုးမိုးကောင် ကင်ထက်ဆီသို့လွှင့်မြောက်ပစ်တင်လိုက်  ပါပြီ။
တရားမျှတခြင်းနဲ့ အမှန်တရားရဲ့ တိုင်းပြည်ကို ဆာလောင်မွတ်သိပ်တာ ဘယ်သူတွေလဲ။

       စည်သူမြသန်း
Hot News Journal