လမ်းလျှောက်နေသော ရဲ နှင့် ကားပေါ်က ရဲ တာဝန်မတူကြရော့သလား
ပို့စ်တင်ချိန်
- 6/03/2014 05:33:00 PM
ကျွန်တော်သည် မဟာဗန္ဓုလပန်း ခြံလမ်းနှင့် ကုန်သည်လမ်းထောင့် မီးပွိုင့် ကို ကွေ့ဝိုက်ကာ နိုင်ငံခြားကုန်သွယ်မှု ဘဏ်အရှေ့ပလက်ဖောင်းပေါ်မှ အလယ် ဘလောက် သို့ လျှောက်လာခဲ့သည်။ အချိန်မှာ နံနက် ၁၁ နာရီခန့် ရှိသည်။ ဘဏ်ဝတ်စုံဖြင့် လုံခြုံရေး ဝန်ထမ်းတစ်ဦးက ”ဟိုမှာလာနေကြပြီ..ကားနဲ့” ဟု အော် လိုက်ပါသည်။
မီးပွိုင့် နှင့် ဘဏ်ရှေ့ဘက်လမ်းဘေး ပလက်ဖောင်းဈေးသည်အားလုံး ဝရုန်းသုန်း ကားဖြစ်သွားသည်။ရှေ့တွင် ဈေးဆိုင်များမှာ အသင့်ထိုးရပ် ထားသော ကားပေါ် တင်သူ တင်၊ ပလတ်စတစ်သေတ္တာပုံးကြီးထဲ ထည့်သူထည့်၊ ထမ်းပြီးပြေးသူပြေး။ ပွက်လောညံနေပါသည်။
မကြာမီပင် ကျွန်တော်ရှေ့မှ ဝတ်စုံအပြည့် ရဲသားတစ်ဦးက ”မြန်မြန်သိမ်း၊ မြန်မြန်သိမ်းကြ ဟိုမှာလာနေကြပြီ” ဧမာနွေလ ဘုရားကျောင်းမရောက် မီ တရားရုံးချုပ် ဂိတ် ဝ အနီး ရဲသားတစ် ဦး ဝတ်စုံအပြည့်ဖြင့် ”လာနေပြီ မြန် မြန်သိမ်းကြ… မြန်မြန်သိမ်းကြ”ဟု သတိပေး၍ ကျွန်တော့်ကို ကျောပေးကာ ပလက်ဖောင်းဈေးသည်များကို သ တိပေးပြောသွားသည်။ ကျွန်တော်သိလိုက်ပါပြီ။ ပလက် ဖောင်းဈေးသည်များ မရောင်းရသည့် အချိန်၊ မရောင်းရသည့် နေရာကန့်သတ် နယ်မြေအတွင်း စီမံချက်ဖြင့် လိုက် လံ အရေးယူနေသော ရဲကားများ လှည့်လာခြင်းကို သတိပေးနေကြသည့် မြင်ကွင်းပင်ဖြစ်သည်။
► တာဝန်ယူမှု မတူကြဘူးလား
ရဲတပ်ဖွဲ့တစ်ခု၏ စီမံချက်တစ်ခုကို လိုက်လံအရေးယူဖမ်းဆီးသည့် အစီအစဉ်ကိုမလာရောက်မီ အချိန်တိုအတွင်း ရှေ့ပြေးအဖြစ် အခြားရဲတပ်ဖွဲ့တစ်ဦး(သို့) ပလက်ဖောင်း တာဝန်ကျ ရဲများက သတိပေးဆိုင်သိမ်းခိုင်းခြင်း (သို့) ကားပြန်သွားပြီ ပြန်ရောင်းကြတော့ဆိုသည့် ခွင့်ပြုပေးခြင်းသည် အဖွဲ့အစည်းတစ်ခု(သို့) ပူးပေါင်းပါဝင်ဖွဲ့ စည်း ထားသော အဖွဲ့အစည်းများ၏ လုပ်ဆောင်နေမှုအပေါ်တွင် ကျွန်တော်လို အရပ်သားလမ်းသွားလမ်းလာသူတစ်ဦးအတွက် အလွန်ထူးဆန်း ရွံရှာစရာ ကောင်း သည့် မြင် ကွင်းတစ်ခုကို မြင် လိုက်ရပါသည်။ ကျွန်တော့်အတွေးထဲမှာ မေးခွန်း ပေါင်းများစွာ ထွက်လာ၏။
(၁) လမ်းတာဝန်ကျသူများက ကိုယ့် နည်း ကိုယ်ဟန်ဖြင့် (အပေါ်တစ် ဝက် ပေး ကိုယ်တစ်ဝက်စား)ဈေးကောက် ခိုင်းခွင့်ပြုထားလေသလား။
(၂)ကားနှင့်လှည့်လည်ဖမ်းဆီးနေသူ အ ဖွဲ့များက ဝတ်ကျေတန်းကျေ အဖမ်းပြပွဲ ကျင်းပနေသလား။
(၃)ကားအဖွဲ့နှင့် လမ်းတာဝန်ကျ အဖွဲ့ လက်ဝါးချင်းရိုက်ထားကြလေသလား။
(၄) သို့မဟုတ် ဝန်ထမ်းတစ်ဖွဲ့နှင့် တစ် ဖွဲ့ စိတ်ဝမ်းကွဲ၍ ဖမ်းသူမလာမီကြိုသိမ်းခိုင်းကြလေသလား။
(၅) လမ်းဘေးပလက်ဖောင်းကိုမြို့တော် စည်ပင်ပိုင်သည်ဟု ကျွန်တော်သိထား ပါသည်။ ရန်ကုန်မြို့တော်စည်ပင်ဝန်ကြီး ရုံးစိုက်ရာ မြို့တော်ခန်းမနှင့်ကိုက် ၂ဝဝ ခန့် သာဝေးသောနေရာတွင် ဖြစ်ပျက် နေသော မြင်ကွင်းမှာ တရားဥပဒေစိုးမိုး ရေး မရနိုင်ဘူးလား။
(၆) အမိန့်စည်းကမ်းများကို လိုက်နာရန် ထုတ်ပြန်လိုက်ပြီး တိကျစွာ လိုက်နာရ မည့် ဝန်ထမ်းများ ကိုယ်တိုင် လိုက်နာမှု မရှိခြင်း၊ မျက်ကွယ်ပြုခြင်းဖြစ်နေပါပြီ လား။
(၇) ၎င်းတို့ကိုယ်တိုင် တာဝန်ယူထိန်း သိမ်းလုပ်ဆောင်ရမည်တစ်နည်း၊ မ လိုက်နာသူ ပြည်သူများကို အသိပေး ခြင်း၊ အပြစ်ပေးခြင်း လုပ်ရမည်ကို မသိ ကျိုးကျွံပြုနေပြီ လား။
(၈) ထိုထက်မက ရန်ကုန်မြို့နှင့် မိုင်ပေါင်းများစွာဝေးသော ကျေးလက်ဒေသများတွင် သူတို့၏ လုပ်ရပ်များ ဘယ် လောက်ထိရှိနေနိုင်မလဲစသည့် ကျွန် တော်စိတ်ကူး အတွေးများစွာ ဆွဲထုတ် ယူလျက်စဉ်းစားကာ ရုံးပေါ်တက်လာခဲ့ပါသည်။
ကျွန်တော်ရုံးခန်းသို့ ပြန်ရောက် ချိန်တွင် အတွေးစိတ်ကူးများ ရပ်တန့် လိုက်ပြီး သတင်းစာတစ်စောင် ကောက် ကိုင်ဖတ်လိုက်သည်။ ရန်ကုန်တွင် နှစ် လခန့် အတွင်း မော်ေ တ်ာဆိုင်ကယ်အစီး ၃ဝဝ ခန့် ဖမ်းဆီးရရှိ ဟူသော သတင်းကိုတွေ့ လိုက်ရပါသည်။ ရဲနှင့်ပတ်သက်နေသော သတင်း တစ်ပုဒ်။တရားဥပဒေစိုးမိုးရေး အကြောင်း ကို တွေး ရင်းရပ်သွားသော အတွေးစက ခေါင်းထဲသို့ တစ်ဖန်သွင်းလာရပြန်ပါသည်။
ရွှေပြည်သာ၊ လှိုင်သာယာ၊ ဒဂုံမြောက်၊ ဒဂုံတောင်၊ သာကေတ၊ အင်းစိန်အ စရှိသော ရန် ကုန်မြို့ပြင်ဘက်မြို့နယ်များတွင် အများအားဖြင့် ညနေမှောင်ရီပျိုးစမှ မနက်မိုးလင်းအထိ မော်တော်ဆိုင်ကယ်များစီး၍ သွားလာနေခြင်း၊ ဈေး ဝယ်ခြင်း၊ ဈေး ပို့ခြင်း၊ ကယ် ရီဆွဲခြင်းများကို ရပ်ကွက်နေသူအားလုံးကွင်းကွင်းမြင်နေရသည်။ အစီး ၃ဝဝ သာ ဖမ်းဆီးရမိသည်မှာ ဘယ်သူ့တာဝန်လဲ။
ဘိန်းဖြူ၊ မူးယစ်ဆေး၊ ဖဲဝိုင်း၊ လောင်းကစားကဲ့သို့ တိတ်ဆိတ် လျှို့ ဝှက်လုပ်၍ မရသော ထင်ပေါ်လှသည့် သွားလာနေသော ယာဉ်တစ်စီးရှိသည် ကို လမ်းမှူး၊ ၁ဝ အိမ်မှူး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး အားလုံးကောင်းကောင်း ကြီး သိကြပါ သည်။ ယာဉ်ထိန်းရဲက စောင့်ကြည့်၍ ဖမ်းဆီးရန်မလိုပါ။ မည်သည့် အိမ်တွင်ရှိသည်ကို သိသူများက မျက် ကွယ်ပြုထားခြင်း၊ မတားဆီးနိုင်ခြင်း၊ တစ်နည်း ၎င်းတို့နှင့် နီးစပ်သူများ ဖြစ်ခြင်းကြောင့် ယာဉ်ထိန်းရဲတပ်ဖွဲ့နှင့် သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးများ က အမိန့် ညွှန်ကြား ချက်ထုတ်သော်လည်း ဂရုမစိုက်တော့ပါ။
တစ်နည်း တရားဥပဒေကို ရင် ဝယ်ပိုက် သားသမီးတစ်ဦးကဲ့ သို့ စောင့် ရှောက်လိုက်နာရမည့်သူများက မလိုက် နာတော့လျှင် မည်သို့သောအခါ သန့် ရှင်းသောအစိုးရ၊ တ ရားဥပဒေစိုးမိုး သော အစိုးရဖြစ်လာပါမည်နည်း။ လက်ဆောင်ပဏ္ဏာကိုသာ ယစ်မူး နေခြင်း၊ ဆွေမျိုး၊ ကိုယ့်လူမျက်နှာလိုက် အားပေးခြင်း၊ မိမိတို့ ကိုယ်တိုင် တာဝန် ယူမှု၊ တာဝန်ခံမှု မရှိခြင်းဟူသော နှစ် ၅ဝ လမ်းဟောင်းကြီးကို ဆက်လက် လျှောက် လှမ်းနေကြရင်တော့…ဟု သာ ကျွန်တော့်အတွေးကို ရပ်လိုက်ရ
ပါတော့သည်။
ကိုလင်းမာန်အောင်
Popular Myanmar News Journal