ဂျပန်နိုင်ငံ၊ တိုကျိုမြို့တော်၌ ဆော်ဒီလူမျိုးတစ်ဦးမှ နှစ်သုံးရာသက်တမ်းရှိ ဗုဒ္ဓဆင်းတုတော်များအား ဖျက်ဆီး
ပို့စ်တင်ချိန်
- 6/16/2014 10:49:00 AM
ဇွန် ၁၁၊ ဗုဒ္ဓဟူးနေ့က ဆော်ဒီလူမျိုးတစ်ယောက်သည် ဂျပန်နိုင်ငံ၊ တိုကျိုမြို့တော်၊
ဆန်စို-ဂျီဗုဒ္ဓဘာသာဘုရားကျောင်းရှိ နှစ်ပေါင်း ၃၀၀ သက်တမ်းရှိသော
ရှေးဟောင်းဗုဒ္ဓဆင်းတုတော်များအား ဖျက်ဆီးသွားခဲ့သည်။
ဆန်စို-ဂျီ ဘုရားကျောင်းသည် ဗုဒ္ဓဘာသာကျောင်းတော်တစ်ခုဖြစ်ပြီး တိုကျို၊ တိုင်တို၊ အဆာကူဆာ၌ တည်ရှိသည်။ ၎င်းဘုရားကျောင်းသည် တိုကျိုမြို့တော်၌ တည်ရှိသော ဘုရားကျောင်းများအနက် ရှေးအကျဆုံးဖြစ်ပြီး တိုကျိုမြို့၏ အထင်ကရ နေရာတစ်ခုလည်း ဖြစ်သည်။
အဆိုပါ ဆော်ဒီနိုင်ငံသားအား တိုကျိုရဲဌာနမှ ဖမ်းဆီးထားပြီး ၎င်းလုပ်ရပ်၏ နောက်ကွယ်မှ ရည်ရွယ်ချက်ကို စစ်ဆေးလျက်ရှိသည်။
မျိုးမင်းသက်
ဘာသာပြန်ဆိုသည်။
မူရင်းလင့်
ရွှေမြန်မာမီဒီယာ