တက္ကစီသမားတစ်ယောက် နဲ့ စကားစမြည်
ပို့စ်တင်ချိန်
- 6/25/2014 09:17:00 AM
ကျွန်မရဲ့ကျန်းမာရေးအခြေအနေကြောင့် ကျောင်းသွားရင် အသွားအပြန် နေ့စဉ် တက်စီနဲ့သွားရတယ်။ ကျွန်မ ကျောင်းသွားဖို့ တက္ကစီကို ကျွန်မနေတဲ့ မြို့နယ်ကနေ စီစဉ်ပေးပါတယ်။ အဲဒီတက္ကစီခက တစ်နေ့ကို အသွား ၁၀၀၀ ခရိုနာ၊ အပြန် ၁၀၀၀ ခရိုနာကျတယ်။ ကျွန်မနေတဲ့မြို့နယ်က တစ်လကို ခရိုနာ ၄၀,၀၀၀ တက္ကစီခ ကျွန်မအတွက် ရှင်းပေးရတယ်။ ကျွန်မ ပြောပြချင်တာ တက္ကစီသမားတွေအကြောင်းပါ။ တက္ကစီ မောင်းတဲ့သူက အသက် ၅၅ အရွယ် နော်ဝေအမျိုးသားပါပဲ။ အဲဒီတက္ကစီသမားက မနက်ရှစ်နာရီဆို အိမ်ရှေ့မှာ ရောက်နေပြီ။ ကျွန်မ ကားနားရောက်တာနဲ့ ကားတံခါးဖွင့်ပေးထားတယ်။ ကျွန်မ ကျောပိုးအိတ်ကို ယူပြီး ကားပေါ်မှာ နေရာတကျထားပေးတယ်။ ကျောင်ဆင်းချိန် ၁၂ နာရီခွဲဆို ကျောင်းရှေ့မှာရောက်နေပြီ။ နေတိုင်း ကျောင်းသွားကျောင်းပြန်သူနဲ့ စကားပြောရင်း ကျွန်မအတွက်တော့ ဘာသာစကားလည်း ပိုနားလည်လာတယ်။ တစ်ခါတလေ ကျောင်းမှာသင်ခဲ့တဲ့ စကားလုံးတချို့ နားမလည်တာရှိရင် အဲဒါ ဘာအဓိပ္ပာယ်လည်းဆိုတာ သူ့ကို ပြန်မေးရတယ်။ သူကလည်း စိတ်ရှည်ရှည်နဲ့ ရှင်းပြတတ်ပါတယ်။
အစပိုင်းမှာ ဘာသာစကားကလည်း မတတ်သေး၊ သူစကားပြောတာလည်း အရမ်းမြန်တော့ သူပြောတာ ကျွန်မဘာမှ နားမလည်ခဲ့ဘူး။ တစ်ခါတလေ သူမေးချင်တာမေး “ဟုတ်ကဲ့” လို့ပဲ ပြန်ဖြေတတ်တယ်။ အခု တော့ သူကျွန်မကို ရယ်စရာပြန်ပြောတတ်တယ်။ “နင်စပြီးကျောင်းသွားကာစကဆို ငါပြောသမျှဟုတ်ကဲ့ပဲ ပြန်ဖြေတယ်နော်။ အခုတော့နင်က ပြန်ပြောတတ်နေပြီ” တဲ့။
သူ ကျွန်မကို တက္ကစီမောင်းပို့နေတာ ကျွန်မသတိထားမိတယ်။ သူ့အလုပ်သူ အရမ်းလေးစားတယ်။သူတာ ၀န်ယူပြီး မောင်းပို့နေတဲ့သူကိုလည်းလးစေားတယ်။ တစ်ရက်တော့ ကျွန်မကိုကျောင်းလာကြိုပြီး အပြန် လမ်းမှာ သူ့အဖေမြို့ထဲလာတယ်။ အဲဒါအိမ်အပြန်သူ့အဖေကိုဝင်ခေါ်ပြီးတင်ချင်တယ်တဲ့။ တင်လို့ရမလား တဲ့ ကျွန်မကိုမေးတယ်။ သူ့အိမ်က ကျွန်မကျောင်းသွာကျောင်းပြန်သွားတဲ့ ကားလမ်းဘေးမှာပဲရှိတယ်။ကျွန် မ ကလည်း “ရပါတယ်ကိစ္စမရှိပါဘူး၊ တင်ခဲ့ပါလို့” ပြောတော့ သူတော်တော်ဝမ်းသာသွားပုံရတယ်။ သူ့အ ဖေဆီ ချက်ချင်းဖုန်းဆက်ပြီးဈေးအပြင်မှာ ထွက်စောင့်နေဖို့ ပြောနေတယ်။ကျွန်မကိုလည်းသူ့ကို အဲလို ကူ ညီတာကျေးဇူးတင်ပါဆိုတဲ့အကြောင်းပြောသေးတယ်။ ကျွန်မ တော်တော်အံ့သြသွားမိတယ်။ တကယ်ဆို ကျွန်မကသူတို့ ဥပဒေတွေ၊ စည်းကမ်းတွေ နားလည်တာမှမဟုတ်ဘဲ။ သူ့အိမ်ကလည်း ကားလမ်းဘေးမှာ ပဲသူ့အဖေတင်ခေါ်ပြီး အိမ်နားမှာချထားပေးခဲ့လို့ရတာပဲ။ ကျွန်မကိုတောင် ခွင့်တောင်းနေစရာမလိုဘူး။ ဒါပေမဲ့သူ ကျွန်မဆီကို တလေးတစားနဲ့ ခွင့်တောင်းပြီးမှတင်ခေါ်တယ်။ သူ့သားကိုလမ်းကြုံ တင်ခေါ် ချင် တယ်ဆိုရင်လည်း အမြဲတမ်းကျွန်မဆီမှာ ခွင့်တောင်းပြီးမှခေါ်တယ်။ ကျွန်မက သူ့ကို ပြောတယ်။“လမ်း လည်းကြုံနေတာပဲ။ ငါ့အတွက် ဘာမှအနှောင့်အယှက်မဖြစ်ဘူး။ ခွင့်တောင်းစရာမလိုပါဘူးတင်ပါလို့ ကျွန်မ ပြောတဲ့အခါ “နင်က ငါ့ကားကိုငှားစီးလို့ နင့်ကို တာဝန်ယူပြီး မောင်းပို့ပေးနေရတာ။ နင်ငှားထားတဲ့ အချိန်အတွင်းမှာ ငါက နင့်အလုပ်သမားပဲ။ ဒီအချိန်အတွင်းမှာ ငါလုပ်ချင်တာလုပ်လို့မရဘူး။ နင့်ကို ခွင့် တောင်းရမယ်။ နင့်မှာ စိတ်အနှောင့်အယှက်ဖြစ်သွားရင် ငါတို့မှာ ပြသနာရှိတယ်တဲ့ဗျာ။ နောက်ဆုံး ကော် ဖီဆိုင်မှာ ကော်ဖီဝင်ဝယ်တာတောင် “သူ ကော်ဖီခဏ၀င်ဝယ်လိုက်မယ်နော်။ ခဏနှစ်မိနစ်ပဲလို့” ခွင့် တောင်းပြီးမှဆင်းဝယ်တယ်။ ကိုယ် လုပ်နေတဲ့အလုပ်ပေါ်မှာ တန်ဖိုးထားပြီး ဥပဒေနဲ့စည်းကမ်းကို လိုက် နာတတ်တဲ့ သူတို့ရဲ့စိတ်ဓာတ်ကို တကယ်လေးစားမိတယ်။
အဲလို မျိုးစိတ်ဓာတက် သူတစ်ေယာက်တည်းမဟုတ်ပါဘူး။ ကျွန်မစီးဖူးတဲ့ တက္ကစီသမားတိုင်းပါပဲ။ ကျွန်မ က ဆေးရုံကို ခဏခဏသွားနေရတော့လည်း တက္ကစီနဲ့ပဲသွားရတာဆိုတော့ တက္ကစီသမား တော်တော်များ များနဲ့ ဆုံဖူးတယ်။ တစ်ခေါက်နဲ့တစ် ခေါက်မောင်းတဲ့သူတော့ မတူတာများပါတယ်။ ကျောင်းသွားတာက တော့ သူ့ကုမ္ပဏီ နဲ့စာချုပ်ထားတာဆိုတာ့ဒီလူတစ်ေယာက်တည်း ဖြစ်နေတာပေါ့။ ဆေးရုံကိုသွားရင်တော့ ကိုယ်နေတဲ့ မြို့နယ်ဆေးခန်းကနေ ဆေးရုံသွားဖို့အခက်အခဲရှိတဲ့ သူတွေအတွက် တက္ကစီ စီစဉ်ပေးတယ်။
အဲဒီအတွက် လူနာမှာ free card ဆိုတာရှိနေရင် တက္ကစီခပိုက်ဆံပေးစရာမလိုဘူး။ free card မရှိဘူးဆို ရင်တော့ တက္ကစီခ ၁၃၀ ခရိုနာ ပေးရတယ်။ တက္ကစီခကတော့ သွားရတဲ့ ဆေးရုံအနီးအဝေးမှာမူတည်ပြီး ၈၀၀၊ ၁၀၀၀ ခရိုနာ ရှိတတ်ပါတယ်။ လူနာက ၁၃၀ ပဲပေးရပြီး ကျန်တဲ့ ပိုက်ဆံကိုတော့ အစိုးရက ပေးပေး ပါတယ်။ တချို့ တက္ကစီသမားတွေကတော့ ကားမောင်းရင်း စကားပြောကြတယ်။ ဘယ်နိုင်ငံကလဲ မေးပြီး ကိုယ့်နိုင်ငံထဲက သူတို့သိချင်တာတွေ၊ နိုင်ငံအခြေအနေတွေမေးတတ်ကြတယ်။ တချို့ တက္ကစီသမားကျ တော့လည်း ဘာစကားမှမပြောကြဘူး။ အေးအေးဆေးဆေးပဲ မောင်းတယ်။ အားလုံး တက္ကစီသမားတွေ ကတော့ သူတို့ တာဝန်ယူပြီး မောင်းပို့ပေးတဲ့လူနာကို အိမ်ရှေ့မှာလာကြိုတယ်။ ဆေးရုံရောက်တဲ့ အခါ လည်း ဆေးရုံရောက်ပြီဆိုတာနဲ့ ကားပေါ်က ချထားခဲ့တာမဟုတ်ဘူး။ လူနာမှာ ဘာအကူအညီလိုအပ်လဲ။ လိုအပ်တာကို အကုန်ကူပြီးလူနာသွားမယ့်နေရာထိ ပို့ပေးရတယ်။ အဲဒီ လိုမလုပ်ပေးတဲ့ တက္ကစီသမားဆို သူတို့ တက္ကစီကုမ္ပဏီကိုတိုင်လို့ရပါတယ်။ ကိုယ်ဆေးရုံကို သွားမယ့်အချိန်၊ ကိုယ်နဲ့အတူလိုက်မယ့် အဖော် လိုက်မယ့်သူတစ်ယောက်ဆို တစ်ယောက်ကြိုပြီး တက္ကစီမှာတဲ့အချိန်မှာ ပြောထားရတယ်။ မပြောထားရင် တက္ကစီသမားတွေက လူအပိုကိုတင်မခေါ်ကြပါဘူး။ တချို့ ကားသမားတွေက်တော့ ကြိုမပြောထားလည်း တင်ခေါ်တတ်ပါတယ်။
တစ်ခါတော့ ကြုံလို့ တက္ကစီသမားတစ်ယောက်ကို မေးကြည့်တယ်။ “တက္ကစီကို ကြိုငှားထားပြီးပြီပဲ။ ဒီလူ နာနဲ့ လူနာရှင်တစ်ယောက်လိုက်တာ တချို့ကကြိုမပြောထားရင်ဘာလို့ မတင်ကြတာလဲ” လို့ မေးကြည့် တော့။ “သူတို့မှာ ဥပေဒေရှိတယ်။ တကယ်လို့ ဥပမာလမ်းမှာ ကားအက်စီးဒင့်ပဲဖြစ်ဖြစ်၊ တစ်ခုခုဖြစ်သွား ခဲ့ရင် ကြိုမပြောထားဘဲ လူတစ်ယောက်အပိုပါလာတဲ့အတွက် အဲဒီလူအတွက်ပါ နစ်နာကြေး လျော်ရမယ် ဆိုရင် သူတို့တက္ကစီဌာနအနေနဲ့ တာဝန်မယူချင်ဘူး။ တင်ခေါ်လာခဲ့တဲ့ ကားသမားမှာလျော်ရတယ်။ အဲဒီ အခါ တက္ကစီရုံးနဲ့ ကားမောင်းတဲ့သူကြားမှာပြဿနာရှိတယ်” လို့ ကားသမားတစ်ယောက်က ရှင်းပြဖူးတယ်။ ဒီလိုသိရတော့ တင်မခေါ်တဲ့သူကို အပြစ်မြင်လို့မဖြစ်တော့ဘူး။ အစကတော့ အဲဒီကားသမားကို တော် တော်စိတ်ဆိုးမိတာအမှန်ပဲ။
တစ်ခါ ကျွန်မဆေးရုံကပြန်လာတော့ ကားသမားကလမ်းမှားပြီး မောင်းတယ် ။ သူတို့ကားတိုင်းမှာ GPS တွေပါတယ်။ လိပ်စာရိုက်ထည့်လိုက်တာနဲ့ သွားရမယ့်နေရာကို တစ်ခါတည်း ညွှန်ပြထားပြီးသားပဲ။ သူတို့ ဌာနကနေကားထွက်လာကတည်းက ကိုယ်ခေါ်ရမယ့် ခရီးသည်ရဲ့နာမည်၊ လိပ်စာ အပြည့်အစုံ ရထား ပြီးသား။ တက္ကစီသမားတစ်ယောက်ကကိုယ်မောင်းပို့ရမယ့်သူကို လာခေါ်ရင် နာမည်နဲ့ဘယ်ေနရာကိုသွား မယ်ဆိုတာ ပြောပြမေးပြီးတော့မှခေါ်တယ်။
ဒါပေမဲ့ အဲဒီနေ့ကတော့ ကားသမားကလိပ်စာရိုက်တာ ကျွန်မတို့လမ်းနာမည်နဲ့ နံပါတ် GPS မှာ ရိုက်ထည့် တာကို အော်စလိုနဲ့မှားပြီး ရိုက်ထည့်မိပုံရပါတယ်။ အော်စလိုမြို့ထဲ ရောက်သွားတယ်။ ကျွန်မလည်းဒီလမ်း ကို တစ်ခါမှမရောက်ဖူးဘူးလို့တော့တွေးမိတယ်။ ဒါပေမဲ့သူ တခြားလမ်းက မောင်းတယ်ပဲထင်လို့ ဘာမှ မပြောမိဘူး။
တစ်နေရာရောက်တော့မှ ကားသမားက ဒီလမ်းဟုတ်လားတဲ့ ကျွန်မကို မေးလာတယ်။ ငါတော့ ဒီလမ်း ကိုတစ်ခါမှ မရောက်ဖူးဘူး။ နင် လိပ်စာရိုက်တာ မှားတယ်ထင်တယ်လို့ သူ့ကိုပြောတော့ လမ်းဘေးမှာ ခဏရပ်ပြီး လိပ်စာပြန်ရှာပြီး ရိုက်ထည့်ရင်း ကျွန်မကိုပြောတယ် “ဘာမှ မပူနဲ့နော်။ အခုလိုလမ်းမှားပြီး မောင်းမိာတ တောင်းပနိပါတယ်။ ဘာမှမစိုးရိမ်ပါနဲ့ ငါတာဝန်ယူပြီး မောင်းပို့တဲ့အချိန် ငါ့မှာတာဝန်ရှိပါ တယ်။ အခုလို ဖြစ်သွားတာကိုလည်း တောင်းပန်ပါတယ်”ဆြိုပီး တလေးတစားနဲ့ တောင်းပန်ပြီး ပြော တယ်။ ကျွန်မ စဉ်းစားမိတာသူတို့ တွေဟာသူတို့လုပ်တဲ့အလုပ်နဲ့ သူတို့တာဝန်ကို တကယ်လေးစားတန်ဖိုး ထားပြီး ဥပဒေနဲ့ စည်းကမ်းကိုလည်း လေးစားလိုက်နာကြတယ်။
ဒါကတော့ သာမန်သူတို့လူမျိုး တက္ကစီသမားတစ်ယောက်ရဲ့ အပေါ်ယံ အခြေအနေလေးတွေ ကျမပြောပြ တာပါ။ ခရီးသွားဟန်လွဲလောက်ပြောပြရင်ပဲ ဒီလိုဥပဒေနဲ့ စည်းကမ်းကို လေးစားလိုက်နာတဲ့ နိုင်ငံမျိုးမှာ အပြန်အလှန် မှီတင်းနေတိုင်းကြတဲ့ နော်ဝေ နိုင်ငံသားတွေရဲ့ဘ၀ဟာ ဘယ်လောက် လွတ်လပ်လြုံခုံမူရှိ ကြမလဲဆိုတာ အကဲခတ်လို့ ရနိုင်ကြမှာပါ။ ။
Mizzima