လွဲလွဲလေးလည်းကောင်းပါတယ်
ပို့စ်တင်ချိန်
- 6/30/2014 10:23:00 AM
စာရေးသူရဲ့အဒေါ်တစ် ယောက် ရန်ကုန်မှာသင်တန်းလာတက်တဲ့အကြောင်းနဲ့ပတ်သက်ပြီး ဒီဆောင်းပါးက ဖြစ်လာတာပါ။ အဒေါ်က စာရေးသူတို့နယ်မြို့က အလုပ်သမားရုံးမှာအလုပ်လုပ်ပါ တယ်။ အလုပ်သမားစာရင်းတွေ ကို ကွန်ပျူတာစနစ်နဲ့လုပ်ဖို့ အတွက်ရန်ကုန်မြို့မှာ သင်တန်းပေးတဲ့ အတွက် သင်တန်းလာတက်ရ တယ်။ Software ကုမ္ပဏီကတာ ဝန်ရှိသူတွေကတော့ သူတို့ရဲ့ ကွန်ပျူတာစနစ်ကို အသုံးချပြီး ဘယ်လိုစာရင်းသွင်းရမယ်၊ ဘယ်လိုအကျိုးရှိတယ်၊ ဘယ်လိုအချိန် ကုန်သက်သာပြီး လုပ်ငန်းချော မွေ့လာမယ် စသည်ဖြင့် အား တက်သရောရှင်းလင်းသင်ကြား ပေးပါတယ်။
အဲဒီစနစ်ကို ကွန်ပျူတာ မှာသွင်းပြီးကြပြီလားလို့ ညွှန်ချုပ် ဆိုသူက သင်တန်းသူ၊ သင်တန်း သားတွေကိုမေးပါတယ်။ ပြဿနာကအဲဒီမှာစတာပဲ။ စာရေးသူ အဒေါ်အပါအဝင် နယ်မြို့က ဝန် ထမ်း တော်တော်များများဟာ ကွန်ပျူတာကို ကျွမ်းကျွမ်းကျင်ကျင်မသုံးတတ်ကြပါဘူး။ နောက်တစ် ချက်က မီးမရပါဘူး။ စာရေးသူ တို့မြို့ဆိုရင် တစ်နေ့မှာ ၂ နာရီပဲ မီးရပါတယ်။ သူတို့ဘယ်လောက် အထိ ဒီစနစ်ကိုအသုံးချနိုင်ကြ မလဲ။ စနစ်တစ်ခုဟာ ဘယ် လောက်ပဲကောင်းပါစေ။ အသုံး မချတတ်ရင် အသုံးချနိုင်မယ့် အခြေအနေအထောက်အပံ့မရှိ ရင် အကျိုးမရှိနိုင်ပါဘူး။ အဲဒီ သင်တန်းကြီးပြီးဆုံးသွားပေမယ့် အဲဒီသင်တန်းကသူတွေ အသုံးမချနိုင်ဘူးဆိုရင်ပြီးမြောက်အောင်မြင်တယ်လို့ မပြောနိုင်ပါဘူး။ နောက်တစ်ခုက ဒီစနစ်ကိုအသုံးချချင်ရင်ဒီစနစ်ကို အသုံးချနိုင်မယ့်၊ အသုံးပြုနိုင်မယ့်အခြေအနေလိုပါတယ်။ ဥပမာ သစ်ပင် စိုက်သလိုပေါ့။ သူနဲ့လိုက်လျော ညီထွေဖြစ်တဲ့ ရေမြေသဘာဝ ပတ်ဝန်းကျင်လိုပါတယ်။ တောင် ပေါ်ဒေသက လက်ဖက်ပင်ကို မြစ်ဝကျွန်းပေါ်ဒေသမှာစိုက်လို့ အဆင်မပြေနိုင်ပါဘူး။ စိုက်ချင် ရင် အဲဒီရေမြေသဘာဝ၊ ပတ်ဝန်း ကျင်၊ ရာသီဥတုကိုဖန်တီးပေးနိုင် မှ ရပါမယ်။
လက်နဲ့ရေးမှတ်ရတဲ့စနစ် ကနေ ကွန်ပျူတာစနစ်ကိုကူး ပြောင်းချင်တာကိုကြိုဆိုပါတယ်။ တကယ်လည်းလုပ်သင့်တဲ့အရာ ပါ။ စာရေးသူက သူများတွေ ကောင်းတာလုပ်နေတာကို ဆီလို ရေလိုအပေါက်ရှာပြီး အပြစ်မြင် ချင်နေတဲ့ အဆိုးမြင်ဝါဒီသမား လည်းမဟုတ်ပါ။ လွဲနေတာလေး တွေကို အပြုသဘောနဲ့ရေးခြင်း သာဖြစ်ပါတယ်။ တကယ်တော့ သတင်းစာထဲမှာ အလုပ်သမား ဝန်ကြီးဌာနလက်အောက်ရှိရုံးများတွင် အလုပ်သမားဆိုင်ရာကိစ္စရပ် များကိုလက်ရေးစနစ်မှ ကွန်ပျူ တာစနစ်ဖြင့် ပြောင်းလဲကျင့်သုံး နိုင်ရန် ဝန်ထမ်းများအားမွမ်းမံ သင်တန်းဖွင့်လှစ်သင်ကြား စသည်ဖြင့် စာလုံးမည်းကြီးနဲ့ ပါလာရုံ လောက်နဲ့တော့ အပင်ပန်းမခံကြ ပါနဲ့၊ အကုန်အကျမခံကြပါနဲ့လို့ ပြောချင်ပါတယ်။ တကယ်လုပ် ချင်တယ်ဆိုရင်လည်း လုပ်လို့ရ နိုင်မယ့်အနေအထားတွေကို ကြို တင်စစ်တမ်းကောက်ဖို့လိုပါမယ်။ လုပ်ဖို့ အဆင်သင့်ဖြစ်နေတဲ့ ရုံး တွေရဲ့အရေအတွက်နဲ့ အဆင် သင့်မဖြစ်သေးတဲ့ရုံးတွေရဲ့အရေ အတွက်ကို စာရင်းပြုစုဖို့လိုပါ တယ်။ အဆင်သင့်ဖြစ်နေတဲ့ရုံး တွေကိုသင်တန်းပေးပြီး အဆင် သင့်မဖြစ်သေးတဲ့ရုံးတွေရဲ့ အနေအထားကိုလိုအပ်သလိုဘယ်လို စီစဉ်ဆောင်ရွက်သင့်တယ်ဆို တာကို ညှိနှိုင်းဆောင်ရွက်သင့်ပါတယ်။စာရေးသူတို့ ရခိုင်ပြည်နယ်မှာ မြို့တော်စစ်တွေမြို့တောင်မှ တစ်နေ့လျှပ်စစ်မီးရရှိတဲ့အချိန်ဟာ ရှစ်နာရီမပြည့်ပါဘူး။ လျှပ်စစ်မီးမရှိဘဲကွန်ပျူတာကို ဘယ်လိုသုံးကြမလဲ။ ကွန်ပျူတာဆိုတာဖယောင်း တိုင်နဲ့သုံးလို့မှ မရတာ။
ပြီးခဲ့တဲ့ရက်ပိုင်းလေးကပဲ မကွေးတိုင်း၊ ဆင်ပေါင်ဝဲနားက ကိုးပင်လမ်းခွဲနားမှာရှိတဲ့ ပုဂ္ဂလိ ကဆီဆိုင်တစ်ဆိုင်မှာ လုပ်တဲ့ ကောင်လေးတစ်ယောက်ပြောပြ သလို ဖြစ်နေပြီ။ သူတို့ဆီဆိုင်မှာ ဆီစာရင်းကို ကွန်ပျူတာမသုံးဘဲ လက်နဲ့ပဲ ရေးမှတ်ပါတယ်တဲ့။ ဘာကြောင့်လဲဆိုတော့ ကွန်ပျူ တာကောင်းရင် စလစ်ထုတ်တဲ့ Printer က မကောင်းဘူးတဲ့။ Printer ကောင်းရင် ကွန်ပျူတာ ကပျက်နေတယ်။ နှစ်ခုလုံးကောင်းနေတဲ့အချိန်ကျရင် မီးကမလာဘူး တဲ့။ ကဲ ကောင်းရော။ နယ်မြို့ လေးတွေမှာ အဲဒီလိုဖြစ်နေကြပါ တယ်။ ရုံးတွေမှာကွန်ပျူတာတွေ တော့ရှိပါရဲ့။ မီးလာတဲ့အချိန်က နည်းနည်းလေးရယ်။ အဲဒီတော့ ပုံမှန်မသုံးဖြစ်ကြပါဘူး။ သေသေ ချာချာသုံးတတ်သူကလည်းမရှိ၊ နည်းနည်းပါးပါးလုပ်တတ်၊ ကိုင် တတ်တဲ့သူ ကျပြန်တော့လည်း ပုံမှန်မသုံးဖြစ်လို့ မကျွမ်းကျင်၊ တစ်ခုခုဖြစ်ပြန်ရင်လည်း အသေး အဖွဲ့လေးကအစ ကိုယ်တိုင်လည်း မလုပ်တတ်ကြ။ ပြမယ့်ဆိုင်က လည်းမရှိ။ လုံးချာပတ်ချာကိုလည်နေတော့တာပါပဲ။ အဲဒီလို နဲ့ နယ်မြို့တွေမှာရှိတဲ့ ရုံးတွေ၊ ကျောင်းတွေမှာ ကွန်ပျူတာတွေ ဟာ မှန်ခန်းထဲကအလှ ပြထားတဲ့ပစ္စည်း၊ လူကြီးလာရင်ဆီဖိုးလေး စုပြီးဖွင့်ပြတဲ့ပစ္စည်း လောက်ပဲဖြစ် နေပါတော့တယ်။
တစ်ချိန်တုန်းကလည်း ကျောင်းတွေမှာ Multimedia Classroom ဆိုပြီးတော့ ကွန်ပျူ တာတွေတပ်ဆင်၊ Language Lab တွေလုပ်ကြ၊ တစ်ကျောင်း ပြီးတစ်ကျောင်းဖဲကြိုးတွေဖြတ် လိုက်ကြတာ ခြိမ့်ခြိမ့်သဲသဲပါပဲ။ အဲဒီဖွင့်ပွဲတွေပြီးသွားတာနဲ့ အဲဒီ အခန်းတွေဟာ အလှပြသက် သက်ဖြစ်သွားကြပါတယ်။ နယ် မြို့တွေမပြောပါနဲ့ မဟာရန်ကုန် ရွှေမြို့တော်က ကျောင်းတွေမှာ ကို အသက်ဝင်နေတဲ့၊ တကယ် သုံးနေတဲ့ Multimedia Class room တွေ၊ Language Lab တွေ ရာခိုင်နှုန်းဘယ်လောက်အထိရှိ ပါလဲ’’ ပြန်လည်ဆန်းစစ်ကြည့်ရင် တွေ့နိုင်ပါတယ်။ ကျောင်းသား တွေအသုံးချနိုင်တာ၊ အသုံးမချ နိုင်တာတော့မသိဘူး။ သေချာ တာကတော့ Multimedia Class room နဲ့ Language Lab တပ်ဆင်တဲ့ ကုမ္ပဏီတွေကတော့ တော်တော်အဆင်ပြေသွားကြပါတယ်။ စေတနာနဲ့လုပ်ပေးတယ် ဆိုပေမယ့် စေတနာရဲ့နောက်မှာ ပညာပါဖို့လိုပါတယ်။ စဉ်းစားတွေးခေါ်မှုတွေ၊ နောက်ဆက်တွဲ ဖြစ်လာနိုင်တဲ့ကောင်းကျိုး၊ ဆိုးကျိုးတွေ၊ ဒီစနစ်ရဲ့အားသာချက်၊ အားနည်းချက်တွေကို ထည့်သွင်း စဉ်းစားဖို့လိုပါတယ်။ ဒီလိုမှ မဟုတ်ရင်တော့ အကောင် အထည်ဖော်တာ ပဲရှိပါမယ်။ အကျိုးကျေးဇူးရှိဖို့မလွယ်ကူလှပါ။
မီးမလာတဲ့အရပ်မှာ ကွန်ပျူ တာသုံးတတ်တဲ့သူမရှိတဲ့ ရုံးမှာ ကွန်ပျူတာစနစ် စာရင်းသွင်းတဲ့ စနစ်ကိုအကောင်အထည်ဖော်ဖို့ သင်တန်းပေးနေတဲ့အဖြစ်ကို ‘ဆန်မရှိဘဲအစားကြီးတယ်’ပဲ ပြောရမလား၊ ‘လူသူတောင်းစား၊ နွားအလျားရှည်’လို့ပဲပြောရမလား၊ ‘ပန်းထိမ်မတတ်ခင် ရွှေခိုးသင်တယ်’လို့ပဲပြောရမလား။ ဘယ်လိုပြောရမှန်းတောင်မသိတော့ပါဘူး။ သူ့အရပ်နဲ့သူ့ဇာတ်ကတော့ ဟုတ်နေကြတာပါပဲ။ ကိုငှက်ကြီး ရဲ့သီချင်းလိုပဲ ‘နည်းနည်းလေးတော့လွဲနေတယ် လွဲလွဲလေး လည်းကောင်းပါတယ်’
‘သက်ဆိုင်သူတွေ တွေးချင့်ချိန် နိုင်ကြပါစေ’
7day