အသန္တိသုခ
ပို့စ်တင်ချိန်
- 6/16/2014 08:43:00 PM
ဇွန်လ ၁၁ ရက် ည ၁၁ နာရီခွဲအချိန် ဖုန်းမြည်လာပြီး “အခြေအနေမကောင်းဘူး အမြန်လာ” ဟူသည့် သတင်းစကားက သတင်းသမားတစ်ဦးအတွက် ခေါင်း ထောင်မျက်လုံးပြူးစရာပင် ဖြစ်သည်။ ပြည်သူတို့ သိသင့်သိထိုက်သည့် အခင်းအကျင်းတစ်ခု၊
အဖြစ်အပျက်တစ်ခုကို တင်ပြရန် အခြေအနေတစ်ခု ဖြစ်လာ တော့မည်ဟုလည်း သိလိုက်သည်။
အငှားကားကို အမြန်ငှားရမ်းလျက် အခင်းဖြစ်ရာ တာမွေမြို့နယ်၊ သန္တိသုခ ကျောင်းတိုက်သို့ ဦးတည် သွားနေရာမှ ကားသမားက “အစ်ကို ဆက်သွားလို့ မရတော့ဘူး လမ်းပိတ်ထားပြီ” ဟုဆိုချိန်တွင် မသဲမကွဲ အလင်းရောင်အောက်သို့ ရောက်နေပြီ။
မှုန်ပြပြ အလင်းရောင်အောင်တွင် လမ်းကိုသံဆူးကြိုးများဖြင့် ဖြတ်ပိတ်လျက် အရပ်ဝတ်ဝတ်ထားသူ ၁၀ ဦးခန့်ကို လမ်းဘေးဝဲယာတွင် တွေ့ရသည်။ စားပွဲကဲ့သို့သော ခုံတစ်ခုကိုလည်း လမ်းလယ်ခေါင်တွင်ချထားပြီး ခုံပေါ်တွင် အရပ်ဝတ်နှင့် လူတစ်ဦးထိုင်လျက် တွေ့ရ သည်။
ခပ်တည်တည်နှင့် ထိုလမ်းတွင်းသို့ တိုးဝင်သွားသောအခါ “သွားသွား” ဟု ခုံပေါ်မှ ပုဂ်္ဂိုလ်ကဆိုသည်။ ခြေ လှမ်း ၁၅ လှမ်းခန့် တိုးဝင်လှမ်းလိုက်မိသည့်အခါ အမှောင်ထုထဲသို့ ရောက်ရှိသွားပြီး ထိုအမှောင်ထဲရှိ လမ်းဘေးဝဲယာတွင် သေနတ်ကိုယ်စီနှင့် ရဲတပ်သား ၃၀ ခန့်၊ လူ ၂၀ ခန့်စီဝင်ဆံ့မည့် ရဲကားသုံးစီး၊ ထို ကားများပေါ်တွင်လည်း ရဲတပ်သားများကို မပီဝိုးတ၀ါး အမှောင်ထဲတွင် တွေ့ရသည်။
ကင်းပုန်းဝပ် လုံခြုံရေးယူသူများဟု ယူဆရသည့် ထိုအုပ်စုကိုဖြတ်လာအပြီး ပေ ၁၀၀ ခန့် အကွာအဝေး အရောက် လမ်းမီးတိုင်အောက်တွင်မူ ရဲသား ၁၅ ဦး ခန့်က လမ်းကို ထပ်မံပိတ်ထားသည်။ ထိုရဲသားတို့က ဤလမ်းကို ပေးမ၀င်နိုင်ဟု ဆိုလာတော့သည်။
ဘာကြောင့်ပါလဲဟု မေးခွန်းထုတ်သည့်အခါ “လုံခြုံရေး” ဟု ဆိုသာဆိုပြီး အကြောင်းပြချက် ခိုင်ခိုင်လုံလုံ မပေးဘဲ “ခွင့်မပြု” ဟု တွင်တွင်ငြင်းနေသည်။ဆက်တိုး၍ မဖြစ်တော့သည့် အခြေအနေတွင် လာရာလမ်းအတိုင်း ပြန်လျှောက် လာရာ တိတ်ဆိတ်
ငြိမ်သက်နေ သည့် အမှောင်ထဲရောက်နေသော်လည်း ကင်းပုန်းချထားသည့် ရဲသားတို့ထံမှ စူးရှသည့် အကြည့်ကိုမူ သတိပြုမိခဲ့သည်။ လာရာလမ်း အ၀သို့ ပြန်ရောက်ချိန်တွင် “ဒီလမ်းကို ၀င်ချင်ရင် ခွင့်တောင်းရတယ်ကွ၊ သွားချင်တိုင်း သွားလို့မရဘူး” ဟူသည့် အသံတစ်သံက တိတ်ဆိတ်သည့်အမှောင်ညကို ဖြိုခွင်း သွားတော့ သည်။
“ခင်ဗျားဘယ်သူလဲ” ဟု မေးခွန်းထုတ်သည့်အခါ “ငါတို့ တာဝန်အရလုပ်တာ” ဟု မေးခွန်းနှင့်မသက်ဆိုင် သည့် အဖြေပေးသည်။ “ခင်ဗျားတို့ တာဝန်အရလုပ်တာ ဟုတ်ပြီ။ ဒီလမ်းကို ဘာ့ကြောင့် ပိတ်ထားသလဲ နိုင်ငံသားတစ်ဦးအနေနဲ့ ကျွန်တော် သိခွင့်ရှိပါတယ်”
ဟု ဆိုသည့်အခါ “ငါတို့ ဘာမှမသိဘူး။ မင်းသိချင်ရင် တာမွေ အုပ်ချုပ်ရေးမှူးကို သွားမေး” ဟု မာကျော ဘောက်ဆတ်သည့်အသံနှင့် ဘောင်းဘီအတွင်း ဘယ် ဘက်လက်ကိုနှိုက်လျက် ဒုတိယအဖြေကို ထပ်မံပေးသည်။
ခက်ချေပြီ။ ကမ်္ဘာ့ကုလသမဂ်္ဂ အဖွဲ့ ကြီးက ၁၉၄၈ ခုနှစ်တွင် ကြေညာခဲ့သည့် လူ့အခွင့်အရေး ကြေညာစာ တမ်း အပိုဒ် ၁၃ ပိုဒ်ခွဲ (၁) တွင်ပါရှိသည့် “လူတိုင်းသည် မိမိနိုင်ငံ နယ်နိမိတ်အတွင်း လွတ်လပ်စွာသွား လာခွင့်၊ ရွှေ့ပြောင်းနေထိုင်ခွင့်ရှိသည်” ဟူသည့်
ပြဋ္ဌာန်းချက်နှင့် ယခုဖြစ်ပေါ်နေသည့် အခြေ အနေများက ဖီလာဆန့်ကျင်နေပြီ။
“လူတိုင်းဟာ လွတ်လပ်စွာ သွားလာခွင့် ရှိပါတယ်” ဟု စောဒက တက်သည့်အခါ “ဒီနေရာမှာ အငြင်း ပွားဖို့မရှိဘူး။ မင်းသိ ချင်တာရှိရင် ရပ်ကွက်အုပ်ချုပ်ရေးမှူးဆီ သွားမေးပါ” ဟု ထပ်ဆင့် ဆိုလာသည်။ ရောက်လိုသည်က သန္တိသုခကျောင်းတိုက်၊ ပို့နေသည်က ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမို့ မဖြစ်ချေပြီ။အခြေ အနေနှင့် အချိန်အခါကို လေ့ လာလျက် မရောက်ရောက်အောင်သွားမည် ဟု ဆုံးဖြတ်ချက်ချကာ ထိုသူ တို့နှင့်ဝေးရာ ခမ်းလှမ်းလှမ်းသို့ လျှောက်လာမိတော့သည်။ “အစ်ကို” ဟု ခေါ်သံတစ်သံကြားပြီး စူးစမ်း လိုက်သည့်အခါ ထိုရပ်ကွက်နေသူတစ်ဦး ဖြစ်မှန်း သိလာသည်။ ထိုသူက “ဒီလမ်း အတိုင်းသွားပါ ရှေ့ ရောက်ရင် ဘယ်ဘက်ချိုး၊ အဲဒီမှာ ချောင်းလေးတွေ့လိမ့်မယ်။အဲဒီချောင်းရဲ့ တစ်ဖက်ခြမ်းက သန္တိသုခပဲ သွားချင်ရင်တော့ အဲဒီချောင်းကို ဖြတ်ရမယ်” ဟု လမ်းညွှန်သည်။
လမ်းညွှန်ချက်အတိုင်း မပီဝိုးတ၀ါး အလင်းရောင်အောက်တွင် ၁၀ မိနစ်ခန့် လျှောက်လာသည့်အခါ ရပ်ကွက်အခေါ် နတ်ချောင်းသို့ ရောက်ရှိလာခဲ့သည်။ နတ် ချောင်း၏ အခြားတစ်ဖက်တွင် သွားလိုလှ သည့် သန်္တိသုခကျောင်းတော်ကြီးကို တွေ့ ရသည်။ ချောင်းကို
ဖြတ်လျက် ကျောင်းတော် သို့ သွားရန်တော့ မဖြစ်နိုင်။
ပတ်ဝန်းကျင်ကို စူးစမ်းကြည့်လိုက် သည့်အခါ ချောင်းနံဘေးတွင် လမ်းကလေးတွေ့၏။ ဖြစ်နိုင်ခြေကတော့ ဤလမ်းအတိုင်း သွားရုံပင်ရှိသည်။ အမှောင်ကြားမှ လမ်းကြားလေးအတိုင်း ငါးမိနစ်ခန့် ဖြတ်လျှောက် လာသည့်အခါ လမ်းမီးတိုင်အောက်တွင် စုစုရုံရုံးနှင့် သံဃာတော်များ။ လမ်းသွားလမ်း လာကားများကိုဖြတ် တားကာ “ဘယ်သွား မှာလဲ” ဟု စစ်ဆေး၏။ “ဘယ်ကလာသလဲ” ဟု မေးမြန်း၏။ ညသန်းခေါင်ချိန်တွင် လမ်းပေါ်ရောက်နေသည့် ဘုရားသားတော် အပါး ၃၀ ခန့်က ခရီးသွားပြည်သူများကို စစ်ဆေး တားဆီးနေ ခြင်း ဖြစ်သည်။ ကာကွယ်ရေးနှင့် ပြည်ထဲရေးဝန်ကြီးဌာနတို့ လုပ်ရမည့်အလုပ်ကို ဘုရားသားတော် ရဟန်းများက ဗုဒ္ဓအဆုံးအမနှင့် ဆန့်ကျင်လျက် လောကီရေးရာများကို လုပ်ဆောင်နေခြင်းသည် မှုန်ပြပြ အလင်းရောင်အောက်မှ အရုပ်ဆိုးအကျည်းတန် လှသော မြင် ကွင်းတစ်ကွက်ပင် ဖြစ်သည်။
ထိုသံဃာတော်များအနီးသို့ ကပ်မိသည့် အခါ “ဘယ်သွားမှာလဲ” ဟု သံဃာတစ်ပါး က စစ်ဆေးသည်။ “သန္တိသုခပါဘုရား” ဟု လျှောက်သည့်အခါ “လမ်းပိတ်ထားတယ်” ဟု တိုတိုပြတ်ပြတ် ပြန်မိန့်သည်။ “အရှင် ဘုရားတို့က ဘယ်ကျောင်းတိုက်ကပါလဲ”ဟု လျှောက်တင်သည့်အခါ ခပ်ထေ့ထေ့ ပြုံးလျက် “ဘုန်း ကြီးပါဆို ဘုန်းကြီးကျောင်း ကပေါ့ကွ” ဟု အဖြေပေးသည်။
နူးညံ့သော၊ သိမ်မွေ့သော ဗုဒ်္ဓတရား တော်များ၊ အဆုံးအမများနှင့် ဆန့်ကျင်နေသည့် ဗုဒ္ဓသားတော်တစ်ပါး ၏ အဖြေ စကားကြောင့် ငယ်ထိပ်သို့ဆောင့်တက် လာသော ဒေါသကိုထိန်းလျက် သွားလိုလှသည့် သိန္တိသုခသို့ရောက်ရန် ထပ်မံအကြံ ထုတ်ရပြန်သည်။
တိုက်ဆိုင်စွာပင် အငှားကားတစ်စီး ရောက်ရှိလာခြင်းကြောင့် ကားငှားကာ ထိုသံဃာတော်များကို ဖြတ် ကျော်ရန် ကြိုးစားရပြန်သည်။ “ဘယ်သွားမှာလဲ” ဟူသည့် မေးခွန်းနှင့် ထပ်မံကြုံတွေ့ရသည့်အခါ“အိမ် ပြန်မှာပါဘုရား” ဟု မုသားစကား သုံးလိုက်ရသည်။
“အိုကေ” ဟု ခွင့်ပြုချက် နှင့် “ဓာတ်ပုံမရိုက်နဲ့” ဟူသည့် တားမြစ်ချက်က ကိုယ်တော်တစ်ပါးဆီမှ တစ်ဆက်တည်း ထွက်ပေါ်လာမှသာ သက်ပြင်းချနိုင် တော့သည်။
သံဃာတော်များ ပိတ်ဆို့တားဆီးထားသည့် နတ်ချောင်းတံတားကိုဖြတ်ကာ လမ်းကြိုလမ်းကြားထဲဝင်ကာ ကားသမားကို ရှေ့ တိုးနိုင်သမျှတိုးရန် ပြောဆိုမောင်းခိုင်းရသည်။ အတော်လေး မောင်းပြီးသောအခါ ကားသမားက ဆက်မမောင်းလိုတော့ဘဲ ခြေလျင်သွားရန်
တိုက်တွန်းသည်။ ကားပေါ်မှဆင်းကာ အမှောင် ကြားမှ လေးမိနစ် ခန့် လမ်းလျှောက်လာသည့်အခါ ရှေ့တွင် မှောင်မှောင်မဲမဲ အုပ်စုကြီးတစ်စုကို တွေ့ ရပြန်သည်။
အနားရောက်သည့်အခါ ရဲကား ၁၀ စီးခန့်နှင့် ရဲသားမြောက်မြားစွာက လမ်းကို ပိတ်ဆို့ထားသည်။ အထူး တိတ်ဆိတ်လျက် ရှိသည့် ညမှောင်မှောင်တွင် ရဲသားများနှင့် ရဲကားများကြားမှ ဖြတ်ကျော်လာခဲ့သော်လည်း သည်တစ်ခါတော့ ကံကောင်း ထောက်မစွာ တားမြစ်ခြင်းမခံရပါ။ ပေ ၃၀ ခန့် ထပ်မံ လျှောက်လာမိသည့် အခါ ရဲကားများနှင့် ရဲသားများကို ထပ်မံတွေ့ရပြန်သည်။
ဖြတ်ကျော်ရန် ကြိုးစားသည့်အခါ ကားပေါ်မှ “ဘယ်သွားမှာလဲ” ဟု အသံတစ်သံ ထွက်ပေါ်လာပြန်သည် “သန္တိသုခ သွားမ လို့ပါ။ သတင်းယူမလို့ မဇ်္ဈိမ သတင်းစာကပါ” ဟု ခပ်သွက်သွက် အဖြေပေးလိုက်သည်။ “အေးသွားချင်လည်းသွားကွာ၊ ဟိုမှာတော့ ရဲတွေကော၊ ဘုန်းကြီးတွေကော ရှုပ်ယှက် ခတ်နေပြီ” ဟု ခွင့်ပြုသည်။ သွားလိုသည့် နေရာသို့ ရောက်တော့မည်ဟူသည့် အသိ နှင့် ခပ်သွက်သွက် လှမ်းလာမိသည့် အခါ သန္တိသုခကျောင်းတော်ရှေ့သို့ ရောက်ပါပြီ။
သို့သော် ကျောင်းတော်သို့ ၀င်မရ။ကျောင်းတော်သို့ဝင်သည့်လမ်း အမှောင်ထုအတွင်း မိုးမရွာဘဲ ထီး ဆောင်းလျက် ကျောခိုင်းပိတ်ဆို့ထားသည့် သံဃာတော် များ၏ ပထမစည်း၊ ထိုသံဃာတော်များ၏ရှေ့ ၁၅ ပေ ခန့်အကွာတွင် လက်ချင်း ချိတ်လျက် ကျောခိုင်း
ပိတ်ဆို့ထားသည့် အရပ်ဝတ်များနှင့် ဒုတိယစည်း၊ ထိုသူများ နှင့် ၁၅ ပေခန့်ကွာလျက် နောက်ကျောခိုင်း ကာ လက်ချင်းချိတ်ပိတ်ဆို့ထားသည့် အရပ်ဝတ် များ၏ တတိယစည်းကို သတင်းသမား များ၏ ကင်မရာမီးရောင်အောက်တွင် လှမ်းမြင်နေရသည်။
သံဃာတော်များ တားဆီးထားသည့် ပထမစည်းတွင် သရုပ်ဆောင် ခင်သန်းနွယ်က အော်ဟစ်ငိုယိုလျက် “မတရား မလုပ် ကြပါနဲ့ဘုရား။ လူတောင်မှန်တာလုပ်ရင် ဘုန်းကြီးက ပိုတောင် မှန်တာ လုပ်ရဦး မယ်” ဟုဆိုကာ ပိတ်ဆို့တားဆီးထားသည့် သံဃာတော်များကို
တောင်းပန်နေသည်။ သံဃာတော်များက ထီးမိုး လျက် မီးရောင် ကို ကျောခိုင်းပြီး ရပ်ထားဆဲ။ ညအမှောင် ကလည်း သတင်းသမားများ၏ ကင်မရာ မီး ရောင် တစ်ချက်တစ်ချက်မှတစ်ပါး အခြား အလင်းရောင်မရှိဘဲ မည်းမှောင်လျက်ပင် ရှိနေသည်။
“လေးလွှာလေးလွှာ အဆင်ပြေလား။လေးလွှာ လေးလွှာအဆင်ပြေလား” ည မှောင်မှောင်တွင် လမ်းလျှောက် စကားပြော စက်မှထွက်ပေါ်လာသည့် အသံတစ်ခု ဖြစ်သည်။ သတင်းသမားများ၏ ကင်မရာမီးများအသံ လာရာသို့ ရောက်ရှိချိန်တွင် သက် တော် ၅၀ ကျော် အရွယ်ရှိ သံဃာတစ်ပါး ကိုင်ဆောင်ထားသည့် စကား ပြောစက်မှ အသံများ ဖြစ်သည်။ အဆိုပါ ကိုယ်တော်ကလည်း “အဆင်ပြေတယ်” ဟု မိန့်ကြားပြီးနောက် ခေတ်္တအကြာ သတင်းသမားများ ကို ကျောခိုင်းထားသည့် သံဃာတော်များ သန္တိသုခကျောင်းတော် ၀င်ပေါက်သို့ ပြန်လည်ဝင်ရောက်ရန် ခြေလှမ်းပြင်ကြသည်။
ထိုအချိန်တွင် “ဖယ်ပေးလိုက်ကြ။ဖယ်ပေးလိုက်ကြ သင်္ကန်းဝတ်တွေ၊ သင်္ကန်းဝတ်တွေ။ ဘာသင်္ကန်းဝတ် တွေလဲ၊ ဘာသင်္ကန်းဝတ်တွေလဲ။ ကတုံးတွေ၊ ကတုံးတွေ” ဟု အော်ဟစ်သံများကြားရပြီး ကင်မရာမီး ရောင်အောက်တွင် စူးစမ်းကြည့်သည့် အခါ
အရပ်ဝတ်များဖြစ်ပြီး ခါးထောက်လျက် မည်သည့် ခံစားချက်မျှ ရှိပုံမရဘဲ အော်ဟစ်နေခြင်း ဖြစ်သည်။
ပထမစည်းအဖြစ် ပိတ်ဆို့ထားသည့် သံဃာတော်များ သန္တိသုခကျောင်းတော်တွင်းသို့ ပြန်လည်ဝင်ရောက် သွားပြီး ခေတ္တအကြာ၊ ကျောင်းတော်အတွင်းမှ မီးရောင်များ လင်းလက်လာပြီး “ဘုန်းဘုန်းတွေကို ဖမ်း သွားပြီ။ ဘုန်းဘုန်းတွေကို ကားပေါ်တင်နေပြီ” ဟု
အော်ဟစ်ငိုယိုသံများ သန္တိ သုခကျောင်းတော်၏ အပြင် ဘက် အမှောင်ထဲတွင် ပဲ့တင်ထပ်လျက် ရှိနေသည်။
ကားမီးများလင်းလာလျက် ကျောင်း တော်တံခါးပွင့်လာပြီး ကျောင်းတော်အတွင်းမှ ပထမဆုံးထွက်လာ သည်က ရွှေစင်စကြာ မှန်လုံကား အမှတ် ၆ဃ/၉၃၃၅ ထိုကားပေါ်တွင် သန္တိသုခကျောင်းတိုက်မှ သံဃာ တော် အပါး ၂၀ ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။
လမ်းတစ်လျောက် အော်ဟစ်ငိုယိုသူများ၊ သံဃာ တော်များပါသွားသည့် ထိုကားကို ရပ်ကွက်အတွင်းမှသူများက ထိုင်ကန်တော့သူများကိုလည်း တွေ့ရ သည်။ ထို့နောက် ကားအမှတ် 2D/ 5416 ကားပေါ်တွင်လည်း သန္တိသုခကျောင်းတိုက်မှ မဟုတ်သည့် သံဃာတော်များပါဝင် သော အခြားမှန်လုံကားလေးစီးလည်း ကျောင်းတိုက်အတွင်းမှ ထွက်ခွာသွားသည်။
နောက်ဆုံး ရဲကားတစ်စီး၏ ခေါင်းခန်းတွင်မူ ပီနန်ဆရာတော်၏ တပည့်ရင်း ဖြစ်သူ လန်ဒန်ဆရာတော်ဟု လူသိများသည့် ဆရာတော်ဦးဥတ်္တရကို သတင်းသမားများ ၏ ကင်မရာမီးရောင်အောက်တွင် ဖူးတွေ့ ရသည်။ ဆရာတော်ကိုဖမ်းဆီး ခေါ်ဆောင် သွားသည့် ကားနားချဉ်းကပ်လျက် မေး မြန်းမည်ပြုစဉ် ကား မောင်းသူက ကားလီဗာကို “၀ူး” ကနဲ ဆောင့်နင်းကာ မောင်း ထွက်ရန် ကြိုးစားသည်။
ဤတွင် “ဟေ့လူ ခင်ဗျား ဖြည်းဖြည်း မောင်းလို့မရဘူးလား” ဟု သတင်းသမား တို့၏ အော်ဟစ်သံ ကြောင့် ကားကိုအနည်း ငယ် လျှော့မောင်းရာမှာ ကားနောက်ပြေး လွှားအမီလိုက်ကာ အော်ဟစ် ဆူညံ သံများကြားမှ ဆရာတော်ကို နှစ်မိနစ်ခန့် မေးမြန်းလျှောက်ထားခွင့် ရခဲ့သည်။ကျောင်းတိုက်သို့ ၀င်ရောက် စီးနင်းမှု နှင့်ပတ်သက်၍ ဆရာတော်က “တော်တော့်ကို မင်းမဲ့စရိုက် ဆန်ပါတယ်။ အဲဒီတော့ တိုင်းပြည်မှာ ငြိမ်းချမ်းရေးအတွက် ဖော်ဆောင်နေတဲ့ကိစ်္စတွေဟာ ငြိမ်းချမ်းရေးအတွက် ဖော်ဆောင်ရာလည်း
မရောက်ဘူးလို ဖြစ်နေတယ်” ဟု မိန့်ကြားသည်။
သမ္မတဦးသိန်းစိန် တက်လာပြီးနောက် သန့်ရှင်းသည့်အစိုးရ၊ ကောင်းမွန်သည့် အုပ်ချုပ်ရေးဆိုကာ ပြုပြင် ပြောင်းလဲရေးဟု တကြော်ကြော် ဟစ်ကြွေးခဲ့သော်လည်း ပြုပြင်ပြောင်းလဲရေးမဟုတ်ဘဲ ဒီမိုကရေစီမဆန် သည့် အကြမ်းဖက်မှုတစ်ခုသာ ဖြစ် သည်ဟု ဖမ်းဆီးခေါ်ဆောင်ရာ လိုက်ပါရင်း ဆရာတော်က မိန့်ကြား သည်။
“တိုင်းပြည်ရဲ့အကျိုး သာသနာရဲ့ အကျိုးတွေကတော့ အများကြီးပျက်စီးဆုံးရှုံးသွားတယ်လို့ ဘုန်းကြီးက တော့ ဒီလိုပဲ မြင်ပါတယ်။ ပြုပြင်ပြောင်းလဲရေးကတော့ ဘာမှ ပြုပြင်ပြောင်းလဲရေး မရှိနိုင်ဘူး။ သူတို့က အာဏာပိုင်တဲ့အခါကျတော့ သူတို့လုပ်ချင်သလို
လုပ်နိုင်တယ်ဆိုတဲ့ သဘောပါပဲ” ဟု မိန့်ကြားသွားခဲ့သည်။ ဇွန်လ ၁၁ ရက်ညက သန္တိသုခ ကျောင်းတိုက်မှ ဆရာတော် အပါး ၂၀ ခန့် ထိန်း သိမ်းခံခဲ့ရပြီး နှစ်ရက် အကြာတွင် ဆရာ တော်ဦးဥတ္တရအပါအ၀င် သံဃာငါးပါးကို အတင်းအကျပ်လူဝတ်လဲကာ အင်းစိန်ထောင် သို့ အာဏာပိုင်တို့က ပို့ဆောင်ထားသည်။
သန္တိသုခကျောင်းတိုက် ပိုင်ဆိုင်မှုအတွက် အငြင်းပွားခြင်းကို စာစုတွင် မရေးသားလိုပါ။ သို့သော် သံဃာ တော် အပါး ၂၀ သာ သီတင်းသုံးနေထိုင်သည့် ကျောင်းတော် ကို ညအချိန်မတော်အမှောင်ထုကို အကာ အကွယ်ယူကာ နိုင်ငံတော် သံဃမဟာနာ ယကအဖွဲ့မှ
သံဃာတော် ၃၀၀ နီးပါးဖြင့် ၀င်ရောက်စီးနင်းခြင်း၊ ရဲတပ်သား လုံခြုံ ရေးများစွာဖြင့် ကင်းပုန်းဝပ်လျက် ၀င်ရောက် စီးနင်းခြင်း အရပ်ဝတ်များစွာ ပူးပေါင်း ပါဝင်ခြင်းစသည့် လုပ်ဆောင်မှုများ သည် ပြုပြင်ပြောင်းလဲရေး၊ ကောင်းမွန်သည့် အုပ်ချုပ်ရေးဟု အော်ဟစ်
မြည်တမ်းနေသည့် အစိုးရတစ်ရပ်၏ အုပ်ချုပ်ရေး မဟုတ်ဘဲ၊ မင်းဆိုးမင်းညစ်တို့၏ အုပ်ချုပ်မှုပုံစံနှင့် စရိုက်လက္ခဏာ၊ အမူအအကျင့်များသာ ဖြစ်သည်။
အလားတူပင် သန့်ရှင်းသည့်အစိုးရဟု ဆိုခဲ့သော်လည်း ဘုရားသားတော် ရဟန်းများကို ရဲတပ်သားများ စွာဖြင့် ဖမ်းဆီးလျက် အတင်းအကျပ် လူဝတ်လဲစေကာ အကျဉ်း ထောင်ပို့ခဲ့သည့်လုပ်ရပ်သည် ဘာသာရေး ရှုထောင့်မှပင်ကြည့်ကြည့်၊ လူမှုရေး ရှုထောင့်မှပင်
ကြည့်ကြည့် သန့်ရှင်းသည့် အစိုးရတစ်ရပ်ဟုခေါ်ဆိုရန် ထိုက်တန်မည် မဟုတ်ပေ။
Mizzima Burmese