သွေးတိုးရောဂါ ချက်ချင်းသက်သာစေမည့်နည်းများ
ပို့စ်တင်ချိန်
- 6/07/2014 11:50:00 AM
သွေးတိုးရောဂါရှိသူများ သွေးတိုးပြီး ခေါင်းမူးလာပါက အောက်ပါ သဘာဝနည်းများဖြင့် သွေးတိုးရောဂါ သက်သာသွားအောင် ပြုလုပ်နိုင်ကြပါတယ်။
၁။ ဒန့်သလွန်ရွက်ကို ရေစင်အောင်ဆေးပြီး ထောင်းလိုက်ပါ။ အရည်ညစ်ယူပြီး လက်ဖက်ရည်ဇွန်း ၂ ဇွန်းခန့်ကို သောက်လိုက်ပါ။ သွေးတိုးချက်ချင်း သက်သာသွားစေပါသည်။
၂။ သံပရာသီးကို ခွဲလိုက်ပါ။ အထဲမှာ အစေ့များကို ၅ စေ့ခန့် ၀ါးစားလိုက်ပါ။ သွေးတိုးချက်ချင်း သက်သာပါလိမ့်မည်။
၃။ သံပရာသီး ချက်ချင်းမရနိုင်ပါက သံပရာပင်၏ အခေါက်ကို ဆေးကြောပြီး ရေနဲ့ သွေးပြီး သောက်ပေးနိုင်ပါသည်။
၎။ ဗန်ဒါရွက်အနု ၃၊၄ ရွက်ခန့်ကို ရေစင်အောင်ဆေးပြီး ၅ မိနစ်ခန့် ပြုတ်ပြီး သောက်ပေးပါ။ တစ်နေ့ကို လက်ဖက်ရည်ခွက် ၃ ခွက်ခန့်  သောက်ပေးပါ။ ၅ ရက်နဲ့ ၁ ပတ်အတွင်း သွေးတိုးရောဂါ သက်သာသွားပါမည်။
သတိပြုရန်။ ။ ဗန်ဒါရွက်ပြုတ်ရည်ကို အလွန်အကျွံသောက်ပါက ၀မ်းချုပ်တတ်ပါသည်။
၎င်းဆေးနည်းများသည် မြန်မာ့ရိုးရာဆေးမြီးတိုနည်းများဖြစ်ပါသည်။
သွေးတိုးရောဂါဝေဒနာရှင်များအတွက် ဇီဝိတဒါနအဖြစ် မည်သူမဆို Share ပေးနိုင်ကြပါသည်။
စောနွဲ့ နေဆိုင် (ပူတာအို)
ကိုးကား။ ။ မြန်မာ့ရိုးရာဆေးမြီးတိုများ
ကျန်းမာရေးသတင်းများ