အပ်ပုန်းတစ်ယောက်ရဲ့ ဖွင့်ဟဝန်ခံချက် နဲ့ လူထုကျန်းမာရေး
ပို့စ်တင်ချိန်
- 6/07/2014 10:22:00 AM
အနှစ်နှစ်ဆယ်ကျော်ကြာမြင့် လာသည့်တိုင် ထိုအခြင်းအရာတို့ကို ပြန်တွေးလိုက်တိုင်း ဦးဟင်းပန်း ကိုယ့်ကိုယ် ကိုယ်ခွင့်မလွှတ်နိုင်သေး။ မိမိ၏မကျွမ်း ကျင်သောဆေး ပ ညာကြောင့် ကြွေလွင့်ခဲ့ရသည့် ဝိညာဉ်များကို ရည်စူးပြီးကောင်းမှုကုသိုလ်ပြု အမျှဝေခြင်းတို့ကို အခွင့်သာတိုင်းသူလုပ်ခဲ့သည်။ ”စေတနာကစေတနာပဲ၊ အမှားကအမှား ပဲ ကိုယ်ကယ်ပေးနိုင်ခဲ့တဲ့ လူတွေ အတွက် ဝမ်းသာရသလို ကိုယ့်အမှား ကြောင့် ဖိတ်စင်ခဲ့ရတာတွေကိုအခုထိ မေ့မရသေးဘူး”ဟု သူကပြောသည်။ဧရာဝတီတိုင်း ငပုေ တာမြို့နယ်အတွင်းရှိ ရွာပေါင်း ၂ဝ နီးပါးကို တစ်ဦးတည်းတာဝန်ယူထားရသော တစ်ဦးတည်းသော ကျန်းမာရေးလုပ်သား၏ လက်တိုလက်တောင်း အဖြစ် နှစ်ပေါင်းများစွာ အလုပ်လုပ်ခဲ့ပြီးနောက်တွင်တော့ သက်လတ်ပိုင်းအရွယ် ဦးဟင်းပန်းကိုရပ်ရွာက ဆေးဆရာအဖြစ် အသိအမှတ်ပြု အားထားလာခဲ့သည်။
”အမှန်တော့ ဆေးကုစားဖို့ ရည်ရွယ်ခဲ့တာမဟုတ်ဘူး။ ဒါပေမဲ့ အဲ့လိုပဲလိုအပ်ချက်အရအခြေအနေအရကိုယ်ကိုယ်တိုင်ကိုကလည်း ဝါသနာပါတာက နေ တဖြည်းဖြည်း လုပ်ဖြစ်သွားတာပဲ”ဟု ဖိုးကြာအိုင်ရွာသား အသက် ၆၂ နှစ် အရွယ် ဦးဟင်းပန်းကပြောသည်။ သို့ရာတွင် သူသည် ဆေးပညာကို စနစ်တကျ သင်ကြားခံခဲ့ရ သူမ ဟုတ်။ မြင်ပါများတော့ ယဉ်ဆိုသလို အခြေအနေသာ ဖြစ်ရာအမှားအယွင်းတို့က မလွဲမရှောင်သာရှိခဲ့သည်။ သို့သော် သူ မှ ဆေးမကုပေးလျှင်လည်းမဖြစ်။ တစ်ဦး တည်းေ သာကျန်းမာရေးလုပ်သားက လှေခရီး ၃ နာရီအကွာ ရေကျော်ကြီးရွာတွင်သာ ရှိသည်။
ထို့ကြောင့် သူ့ရွာအနီးအနားကျေး ရွာများကို သူကသာ တာဝန်ယူထားရ သည့်အခြေအနေ။ အသည်းအသန် ဖြစ်လာမှ ရေကျော်ကြီးကို သွားခိုင်းရ သည်။ သေရေး ရှင်ရေးဆိုလျှင် အနီးဆုံး ဆေးရုံကလည်း ငပုတောမြို့ပေါ်တွင်သာရှိရာ အကြွေအလွင့်တို့က ဖြစ်သင့်သည်ထက် ပိုခဲ့သည်ဟု သူကဆိုသည်။ ယခင်အစိုး ရများ လက် ထက် က ရပ်ရွာ၏ ကျန်းမာရေးသည် အရပ်ဆေး ဆရာများအပေါ်တွင်သာ မှီခိုနေခဲ့ရ သည်။ ထိုအရပ်သား ဆေးဆရာများ သည် အမှန်ဆိုရလျှင် ဆေးပညာကို ဟုတ်တိပတ်တိ သင်ယူခဲ့ကြရသူများမဟုတ်။ နီးစပ်ရာ ဆေးပေးဆေးထိုးတို့ ကို အတုမြင်အပ်သင်များသာ ဖြစ်ရာခပ်ရှင်းရှင်းပြောရလျှင် အပ်ပုန်း သို့မ ဟုတ် ရမ်းကုများသာ ဖြစ်သည်။
ယခု အစိုးရလက်ထက်တွင်လည်း ကျေးလက်ဒေသအများစုရှိ လူအများ သည် ကျန်းမာရေးအတွက် အဆိုပါ အပ်ပုန်းခေါ်ခေါ် ရမ်းကုခေါ်ခေါ်အရပ် ဆေးဆရာများအပေါ် မှီခိုနေရဆဲ ဖြစ် သည်ကို အထင်အရှားတွေ့နေရသည်။မြန်မာနိုင်ငံ၌ကျေးလက်ဒေသများတွင်နေထိုင်ကြသူများမှာ ခုနစ်ဆယ် ရာခိုင် နှုန်းကျော်ရှိပြီး သုံးဆယ်ရာခိုင်နှုန်း သာ မြို့ပေါ်၌ နေထိုင်ကြခြင်းဖြစ်သည်။ သို့ သော်လည်း အဆိုပါသုံးဆယ်ရာခိုင်နှုန်း တွင် မြို့နှင့်ဆက်စပ်နေသည့် ဒလ၊ ရွှေ ပြည်သာနှင့် လှိုင်သာယာတို့ကဲ့သို့ နေ ရာမျိုး ဆိုပါက မြို့တစ်ခုအဖြစ်ပြော၍ မရဘဲ ယင်းဒေသရှိ ကျန်းမာရေး စောင့် ရှောက်မှုမှာလည်း အတော်ပင် နိမ့်ကျ နေသေးကြောင်း ကျေးလက်ဒေသများ တွင် အရန် သား ဖွားသင်တန်းများ လိုက်လံ ပေးနေသည့် သင်တန်းပို့ချသူ အငြိမ်းစားဆရာဝန် ဒေါက်တာ မီမီကိုက ပြောသည်။
”ခုနစ်ဆယ် ရာခိုင်နှုန်းကတော မှာ နေတယ်လို့ပြောပေမယ့် ကျန်တဲ့သုံး ဆယ်ရာခိုင်နှုန်းထဲမှာလည်း တောလိုနေရာတွေ ပါနေတာပေါ့။ အဲဒီတော့ အားလုံးပေါင်း ရှစ် ဆယ့် ငါး ရာခိုင်နှုန်းက ကျေးလက်ဒေသတွေမှာ နေတယ် လို့ပြောလို့ရတယ်”ဟုဒေါက်တာမီမီကို က ပြောသည်။ အဆိုပါ ကျေးလက်နေပြည်သူများ အနေဖြင့် နိုင် ငံတော် အစိုးရ က တရားဝင်ခန့်အပ်ပေးထားသော ကျန်းမာရေးမှူးများနှင့် သားဖွားဆရာမများပေါ်တွင် ၎င်းတို့ကျန်းမာရေး ကိစ္စအဝဝ၏ အ ကြောင်း အကျိုး အကောင်း အဆိုးကိုပုံ အပ် ထားကြရသည်။
သို့သော်လည်း မြန်မာနိုင်ငံရှိ ခြောက်သောင်းငါးထောင်ပတ်ဝန်းကျင်အရေအတွက်ရှိသည့် ကျေးရွာများအတွက် ကျေးရွာတစ်ရွာလျှင် သားဖွား ဆရာမတစ်ဦး ခန့်ထားရန် ကျန်းမာရေး ဝန်ကြီးဌာနအနေဖြင့် ရည်မှန်းချက်များ ထားရှိခဲ့သော်လည်း ယခုအချိန်အထိ ယင်းသို့ ခန့်အပ်ထားနိုင်မှုမရှိသေးပေ။ထိုအခါတွင် ကျန်းမာရေးအတွက် လက် လှမ်းမမီနိုင်သည့်ကျေးရွာဒေသ များတွင် အရေးပေါ်ကျန်းမာရေး အခြေ အနေကြုံလာရသည့်အခါ ဆေးထိုး တတ်ရုံ မတောက်တခေါက် သင်ထားသော ပညာလေးဖြင့် ကု စားနေကြသည့် အပ်ပုန်းရမ်းကုတို့လက်ထဲကို ကျေးလက်ပြည်သူတို့၏အသက်ကိုထိုးအပ်လိုက်ရတော့သည်။
”မြို့ပေါ်မှာတောင်မှ အထူးကု ဆရာဝန်ကြီးတွေ ဆေးထိုးမှားလို့ဆိုပြီး အော်ဟစ်နေကြတာ ပြောနေကြတာ ရှိ ပေမယ့် ကျေးလက်ဒေသမှာကျတော့ မပြောရဲဘူးလေ။ ဒီလိုမျိုးဇာတ်လမ်းပြီးသွားတာမျိုးတွေ မရေမတွက်နိုင်အောင် ရှိလိမ့်မယ်ထင်ပါတယ်”ဟု ဒေါက်တာ မီမီကိုက ပြောသည်။မြန်မာနိုင်ငံတွင် ဆမအရေအတွက် အရ ကြည့် ပါ က ဆရာဝန် သုံးသောင်း ခုနစ်ထောင်ကျော်ရှိသော်လည်း အစိုးရ ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း များတွင် ဝင်ရောက်လုပ်ကိုင်သူမှာ တစ်သောင်းကျော်ခန့်ရှိပြီး ပုဂ္ဂလိက ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ တွင် လုပ်ကိုင်နေသူမှာ နှစ်သောင်းနီးပါး ရှိကြောင်း သိရသည်။
အဆိုပါ ဆမလက်မှတ်ရ သုံးသောင်းခုနစ်ထောင်အနက် နိုင်ငံခြားတွင် အလုပ်လုပ်နေသူ၊ သေဆုံးသွားသူများနှင့် ဆရာဝန်အလုပ်မလုပ်ကိုင် တော့သူ စသည့်အကြောင်း အမျိုးမျိုးဖြင့် ပြည်တွင်းကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် လုပ်ကိုင်နိုင်မှုမရှိသော ဆရာဝန်များလည်း ပါဝင်သည်။ကျန်းမာရေးဝန်ကြီးဌာန အနေ ဖြင့်ကျေး လက်ဒေ သများအတွက် တိုက် နယ်ဆေးရုံများတွင် ကျေးလက်ဆရာဝန်များကို ခန့်အပ်ပေးသော်လည်းများ သောအားဖြင့် တကယ်တမ်း လုပ်ဆောင်နိုင်မှု အား နည်းကြောင်း ဒေါက် တာ မီမီကိုက သုံးသပ်သည်။
”ကျန်းမာရေးဝန်ကြီးဌာနတိုက် နယ်ဆရာဝန်တွေခန့်ထားပေးပေမယ့် မပြည့်မစုံနဲ့မို့ မလုပ်နိုင်တာတွေများတယ်။ များသောအားဖြင့် ကျေးလက် တိုက်နယ်ဆရာဝန်အဖြစ် ခန့်လိုက်ရင် ထွက်ပြေးသွားကြတာများတယ်” ဟု ၎င်းက ပြောသည်။ ယင်းကြောင့်ကျေးလက်ဒေသများ တွင် ဆရာဝန်များ ပို့ပေးနိုင်ရန်အတွက် ၂ဝ၁၃ ခုနှစ်မှစ၍ ဝေး လံခေါင်ဖျား သောဒေသများမှ ဆေးကျောင်းတက်ချင် သူများအတွက် ဆေးကျောင်းဝင်ခွင့်အ မှတ်ကို လျှော့ပေါ့ခေါ်ယူပေးခဲ့သည်။
”ကျေးလက်ဆရာဝန်မလုပ်ချင် တာမဟုတ်ဘူး။ တောင်အာဖရိကတို့၊ မလေးရှားတို့ကလည်း ကျေးလက်ဆရာ ဝန်တွေခေါ်တယ်။ အဲဒီမှာ သွားလုပ်ကြတယ်။ သူ တို့ ဆီ ကျေးလက်ဒေါက်တာတွေဆိုရင် တောမှာသွားလုပ်တာပဲ။ ဒါပေမဲ့ လစာထိုက်ထိုက်တန်တန်ရကြတယ်”ဟု ၎င်းက ဆိုသည်။ ယင်းသို့ကျေးလက်ဆရာဝန် အ ဖြစ် လုပ် ကိုင်မည့်သူရှားပါးခြင်း၊ သား ဖွားဆရာမများ အရေအတွက် မလုံ လောက်ခြင်း၊ ဆင်းရဲနွမ်းပါးခြင်းနှင့် အသိပညာချို့တဲ့ခြင်းတို့က ကျေးလက် ဒေသများတွင် အပ် ပုန်း များကြီးစိုးနေ ခြင်းကို မီးလောင်ရာ လေပင့်လုပ်နေသ လိုပင် ဖြစ်သည်။ ကျေးလက်ဆရာဝန်များခန့်အပ် လိုက် ထွက်ပြေးလိုက်နှင့်ပင် မြန်မာ နိုင်ငံတွင် သုံး ပုံနှစ် ပုံကျော် ရှိသည့် ကျေး လက်နေ လူတန်းစားများအတွက် ကျန်း မာရေးစောင့်ရှောက်မှုမှာ လွန်စွာ လစ် ဟာနေကြောင်း အငြိမ်းစားညွှ န်ကြားရေးမှူးတစ်ဦးက ပြောသည်။
အပ်ပုန်းဆိုသည်မှာ ဆေးရုံတွင် လုပ်ကိုင်နေသော အလုပ်သမားများ ထဲမှ အနည်းငယ် ပါးနပ်သူများ၊ ဆေးရုံ များ၊ ဆေးခန်းများတွင် လက်တိုလက် တောင်းလုပ်ရင်း အ နည်းငယ်နားလည် လာသည့်အခါ မွေးရပ်ပြန်၍ဆေးကုစား ကြသူများအပြင် စပ်ဆေးတွဲရောင်းချသူ များ၊ အချို့သောအရန်သားဖွား ဆရာမ များနှင့် ဆမမရှိပါဘဲ အကြောင်း အမျိုး မျိုးဖြင့် အနည်းငယ်ရရှိထားသော ဗဟု သုတဖြင့် အပ်ကိုင်ကုသနေသူများကို အပ်ပုန်းဟု ခေါ်ဆိုခြင်း ဖြစ်သည်။ ထို့ကြောင့် လက်ရှိတည်ဆဲ ဥပဒေအရ ဆမရ ဆရာ ဝန်များသာ အပ်ကိုင် ကုသခွင့်ရှိပြီးသူနာပြုများ၊ စစ်စတာများပင်လျှင် ဆရာဝန်၏ကြီးကြပ်မှု အောက်ရှိ ဆေးရုံများတွင်သာ ဆေးထိုးခွင့်ရှိပြီး ပြင်ပမည့်သည့်နေရာတွင်မှ အပ် ကိုင်ခွင့်မရှိပေ။
”ထဘီနီပြာတောင် ထိုးခွင့်မရှိဘူး။ဆမရှိမှလူနာဆေးကုပိုင်ခွင့်ရှိတာဆိုတော့အဲတော့ဒီဆရာဝန်ကိုကျေးလက်ရောက်အောင်လုပ်မှဖြစ်မှာပေါ့။ အရန် သားဖွားဆရာမတွေ သူနာပြုတွေ ကလေး မွေးပေးတယ်ပေါ့။ ဒါပေမဲ့ သူတို့မှာ ကလေးမွေးတဲ့အခါ သားအိမ်ကျုံ့ဆေး ကိုထိုးပါဆိုတဲ့ တရားဝင်ပြောထားတာ မရှိသေးဘူး”ဟု ဒေါက်တာ မီမီကို က ပြောသည်။ယင်းသို့ အပ်ပုန်းများ ကြီးစိုးနေ ခြင်းကို ဝန်ကြီးဌာနများအနေဖြင့်သိပင် သိသော်ငြားလည်း တကယ်တမ်းအရေး ယူဆောင်ရွက်ရန်အတွက် ခက်ခဲနေဦး မည်ဖြစ်ကြောင်း အထက်ပါ ညွှန်ကြားရေးမှူးက သုံးသပ်သည်။ အပ်ပုန်းများကို ဥပဒေနည်းလမ်းအရ ဖြေရှင်းလို့ရသော်လည်း ၎င်းတို့ကို ဖြေရှင်းပါက ၎င်းတို့နေရာ၌ မည် သူများ ကို ထားမလဲ ဆိုသည်မှာ မေးခွန်းတစ်ခု ဖြစ်လာခဲ့သည်။ ယင်းကြောင့် အပ်ပုန်းများကို စုစည်းပြီး အသိပညာပေးခြင်းများ ဆောင်ရွက်ပြီးလွဲနေသော လမ်းကြောင်း ကို တည့်ပေးပါက တစ်မျိုးတစ်ဖုံပြောင်းလဲသွားနိုင်ကြောင်းလည်း ဒေါက်တာမီမီကိုက ပြောသည်။
”ဒီလောက်တောင် လုပ်ချင်နေကြ တာ သူတို့ကိုသင့်တော်တဲ့ သင်တန်းတစ် ခုပေးပြီး သင့်တော်တဲ့နေရာတစ်ခုမှာ ထားဖို့ကျတော့ အရန်သားဖွား သူနာပြု တွေလည်း သူ တို့လည်း အပ်ကိုင်ပြီး ကိုယ့်ဘာသာ ကုသပေးနေရင် အပ်ပုန်းထဲပါတာပဲ။ ဒါပေမဲ့ သူတို့လည်း ရွာမှာ သူတို့ကိုပဲအားကိုးနေရတာ”ဟု ၎င်းက ပြော သည်။ ယင်း ကိစ္စနှင့်ပတ်သက်၍ ထိုင်း-မြန်မာနယ်စပ်မှ ကျောင်းသားဆေးခန်းဟု လူသိများသော မယ်တော်ဆေးခန်း ပဲ့ကိုင်ရှင် ဒေါက်တာ စင်သီယာမောင်က အလွန်သတိထား ကိုင် တွယ်ရမည့် ကိစ္စ ဟု ဆိုသော်လည်း သေချာစနစ်တကျ စိစစ်ခွင့်ပြုပါက ထိရောက်အကျိုးရှိမည့် အနေအထားဖြစ်ကြောင်း ဆိုထားခဲ့ဖူးသည်။
”ကျွန်မတို့ဆီမှာ သင်တန်းတက်ထားတယ်။ သူ့ရွာသူပြန်ပြီး ကျန်းမာရေး စောင့်ရှောက်မှု ပေးနေတယ်။ ဒါပေမဲ့ အဲ့ဒါကလည်း အပ်ပုန်းပဲပေါ့။ သူတို့ကို အစိုးရက မွမ်းမံ သင်တန်းပေး၊ စာမေးပွဲ ပြန်စစ်၊ အရည်အချင်း ပြည့်မီရင် တရားဝင် ကျန်းမာရေးလုပ်သားအဖြစ် အသိအမှတ်ပြုလိုက်ရင် အစိုးရလည်း ဝန်ပေါ့မယ်။ ရပ်ရွာအ တွက်ရော သူတို့ အတွက်ပါ အဆင်ပြေမယ်လေ”ဟု ဒေါက်တာ စင်သီယာမောင်က ပေါ်ပြူ လာနယူးစ်သို့ မှတ်ချက်ပြုထားဖူးသည်။
အရပ်ဆေးဆရာများကို တရားဝင် ခေါင်းစဉ်တစ်ခုဖြင့် ဆေးကုသခွင့်ပေး မည်ဆိုပါက ယင်းသည် အလွန်ပင် အငြင်းပွားရမည့် ကိစ္စဖြစ်ပါသည်။သစ် မရခင် စပ်ကြား ဝါးနှင့်ပေါင်းကွပ်ရမည် ဆိုပါကလည်း ထိုဝါးသည် ပိုးမထိုးထား သော တောင့်တင်းခိုင်မာသည့် ဝါးသာ ဖြစ်သင့်သည်။ သို့မဟုတ်လျှင်မူ ”ကျွန် တော်မှားခဲ့သလိုမျိုး အဲ့ဒါကြောင့် မသေသင့်ဘဲသေခဲ့ရတဲ့သူတွေ ထပ်မရှိစေချင်တော့ဘူး”ဟု ဦးဟင်းပန်းက သက်ပြင်းတစ်ချက် လေးလေးပင်ပင်ချရင်း ဆိုပါသည်။
မြတ်စုငြိမ်း
Popular Myanmar News Journal