အမြန်လမ်းက ချစ်မေတ္တာ

ပို့စ်တင်ချိန် - 6/07/2014 06:30:00 PM


ထနောင်းကိုင်းရွာက ကုန်းခေါင်ခေါင် အညာရွာဆိုပေမယ့် မြို့နဲ့ ကူးလူးဆက်ဆံမှုလေးတော့ ရှိတယ်။ မီးသွေးလေး၊ ထန်းလျက်လေးနဲ့ ကုန်းတစ်ဝက်လူတစ်ဝက် တစ်ပတ်တစ်ခါလောက် မြို့ပေါ်တက်တဲ့ ခေါက်တိုကားလေးလည်း ရှိတယ်။ အဲဒီတုန်းက လမ်းကလည်း ဆိုး၊ ကားကလည်း ညံ့တော့ ဘယ်သူမှ မြို့ကို ခဏခဏတော့ မသွားကြပါဘူး။ ပဲလေးနှမ်းလေးပေါ်တဲ့ ရာသီရောက်မှ မြို့ကို မဖြစ်မနေ သွားကြရတာကလား။

ဟိုတလောကတော့ ကျေးရွာချင်းဆက် ဆိုလား ခရိုင်ချင်းဆက်ဆိုလား လမ်းအသစ် ဖောက်လိုက်တော့ ရွာနဲ့မြို့ ဥဒဟိုသွားလို့ ရလာတယ်။ ကားကလည်း နေ့စဉ်နီးပါး ရွာကထွက်နေပြီဆိုတော့ ဘိလပ်ရည်လေး၊ ဂျင်ဂျာအေးလေး သောက်ချင်သူကလည်း မော်တော်ကားပေါ် စွေ့ကနဲ ပါသွားတာပဲ။

ဦးထုပ်လေးတစ်လုံး၊ ဖိနပ်လေးတစ်ရန် လောက် ၀ယ်မယ့်သူကလည်း ကားပေါ်ထိုင်လိုက်သွားတာပဲ။ လမ်းကလည်းဖြူး၊ ကားတွေကလည်း အရင်ကထက် ကောင်း လာတော့ ဒရောသောပါး မောင်းကြပါလေ ရော။ ထိမိကြ ခိုက်မိကြတာတွေလည်း ရှိ တာပေါ့။ ကိုဇော်ရဲတို့ ကာလသားဝိုင်းမှာလည်းလမ်းအကြောင်း၊ ဘကြီးဖြိုးတို့ ဥပုသ် ဇရပ်မှာလည်း လမ်းအကြောင်း၊ အရီးမြတို့ ဆန်ပြာဆန်ရွေးတဲ့ဝိုင်းမှာလည်းလမ်းအ ကြောင်း ပြောမဆုံးပေါင်တောသုံးတောင် ဖြစ်နေကြတာပေါ့။

တစ်နေ့ ကာလသားဝိုင်းမှာလူစုံတော့ ထုံးစံအတိုင်း လမ်းအကြောင်း၊ ကားအကြောင်း ရောက်သွားကြ တယ်။ ကိုပိန်က စာစောင်လေး၊ ဘုတ်အုပ်လေး ဖတ်သူဆိုတော့ ဗဟုသုတနဲ့ပြည့်နေတယ်။ ကပ်္ပိယ ကြီးကတောင် ကိုပိန်ကို ချီးမွမ်းရတယ်။

“ကိုပိန်က မင်္ဂလာတရားတော်နဲ့အညီ နေတာဗျ”ကပ်္ပိယကြီးစကားလည်းဆုံးရော သူကြီး တူမောင်မူက မျက်ထောင့်နီကြီးနဲ့ကြည့်ပြီး မေးခွန်းထုတ်တယ်။

“ဟိုနေ့က အုတ်လျှံဆိုင်က ဒယီးဒယိုင် နဲ့ထွက်လာတာ မင်္ဂလာတရားတော်လားဗျ။ ငါပြောတာက အကြား အမြင် ဗဟုသုတနဲ့ ပြည့်စုံတာကို ပြောတာမောင်မူရ” ကိုပိန် ကသူ့ဘာသာ ပြောချင်ရာကိုပြောတယ်။
“မောင်ဇော်ကား လမ်းဘေးချောက်ထဲ ထိုးဆင်းလို့ဆို” ကာလသားခေါင်းကိုဇော်ရဲက ဒရိုင်ဘာ မောင်ဆွေ ကို အမြင်ကပ်နေတာ ကြာပြီဆိုတော့ အဆင်းဘီးတပ်ပေးလိုက်တယ်။

“မောင် ဆွေဆိုတဲ့ကောင်က အမြဲမူးနေတာပဲ။ ဖြစ်တာ နည်းတောင်နည်းသေးတယ်”တောင်ရွာက မောင်တာက သူသိချင်တာ ကိုမေးခွန်းထုတ်တယ်။“နေပြည်တော်လမ်းကလည်း မကြာခဏ ယာဉ်တိမ်း မှောက်မှုတွေ ဖြစ်နေတာ ဘာကြောင့်လဲဗျ။ အသွားလမ်းရော အပြန်လမ်းပါ သီးခြားစီ ဖောက်ပေးထား လျက်နဲ့”စကားဝိုင်းက ရွာနဲ့မြို့သွားတဲ့ လမ်းကနေ နေပြည်တော် အမြန်လမ်းအကြောင်း ရောက်သွား တယ်။ ကာလသားဝိုင်းဆိုတော့ လူက စုံတယ်။ အကြောင်းအရာကလည်း စုံ။ ပြောလိုက်ကြတာသော သောကိုညံလို့။

“အမြန်လမ်းဆိုသော်လည်း အမြန် လမ်းအင်္ဂါရပ်နဲ့အညီ စံချိန်စံညွှန်းအမီ ဖောက်သွားတာ မဟုတ်ဘူးလို့ သက်ဆိုင်ရာက ၀န်ခံလိုက်ပါပြီ” “သူတို့ဝန်ခံတာက အခုမှဗျ။ လူတွေ ကသေလိုက်တာ သောက်သောက် လဲ။ တစ် မိုင်ကို ကျပ်သန်းပေါင်း ၂,၅၀၀ လောက် အကုန်အကျ ခံထားရတာတဲ့။ လမ်းလည်း အမြန်ပြီးစေ၊ အင်ဂျင်နီယာတိုက်လည်း ဟီးထဆိုတဲ့ မူနဲ့လုပ်ထားတာလေ” ဆရာလေးကိုမျိုးဦးကတော့ သူ့အယူ အဆကို တွေးတွေးဆဆပြောတယ် “အာမခံကုမ္ပဏီတွေရဲ့ ၀ါးကြောဗျာ” “ဘယ်လိုဖြစ်လို့ အာမခံကုမ္ပဏီတွေက ၀ါး ရတာတုန်း။ ဖြစ်ရင် လျော်ရတာ မဟုတ်ဘူးလားဗျာ” ဆရာလေးကိုမျိုးဦးရဲ့ ကျောင်းနေဖက် သူငယ်ချင်း တစ်ယောက်က ဂိတ်ထောင် ထားတဲ့သူ။ အဲသည်သူငယ်ချင်းရဲ့ စကားတွေနားထဲ ကြားယောင်လာတယ်။

ရန်ကုန်ကနေ မန်္တလေးကို နေ့စဉ်သွား သူက နှစ်သောင်းဝန်းကျင်။ မန္တလေးကနေ ရန်ကုန်ကို နေ့စဉ်သွား သူကလည်း နှစ်သောင်းဝန်းကျင်။ နေ့စဉ် ခရီးသွားဦးရေက ရန်ကုန်-မန္တလေး သွားလာနေတာလေး သောင်းလောက်ပုံမှန်ရှိတယ်။ သင်္ကြန် ကာလတွေမှာသည့်ထက်များတယ်။

“အရပ်စကားနဲ့ပြောရရင် အာမခံ ဆိုတာ လောင်းကစားလိုပဲ။ အာမခံပေး သူကဒိုင်၊ အာမခံထားသူက ထိုးသား၊ မဖြစ် နိုင်လောက်ဘူးထင်လေ အလျော်ကြီး လေပဲ။ မဖြစ်နိုင်လောက်တဲ့ဟာကို မက်လုံးပေးပြီး ထိုးသားတွေရဲ့ပိုက်ဆံကို သိမ်းကျုံးယူတာပဲ”“ဒါဆိုရင် ကိုယ်ထားချင်မှ ထားမှာပေါ့ အေ”“မရဘူးကိုယ့်လူ၊ မထားမနေရဗျ၊ အရင်ကပိုဆိုးသေးတယ်။ မြို့ပေါ်က ဆိုင်ကယ်ပိုင်ရှင်တွေ မြွေအန္တရာယ် အာမခံမထား မနေရထားခဲ့ကြရသေးတာ” တောင်ရွာကမောင်တာက ၀င်ပြီး အရွှန်းဖောက်တယ်။

“အထင်မလွဲစမ်းပါနဲ့ ကိုပိန်ရာ။ နိုင်ငံ တော်ရဲ့ စေတနာဗျ။ မြို့ကြီးသားတွေ ဆိုင်ကယ်စီးရင်း မြွေပေါက်ခံရ မှာစိုးလို့ စေတနာနဲ့လုပ်ပေးထားတာ”မောင်တာစကားလည်းဆုံးရော တစ်နိုင်ငံလုံးပွဲကျသွားတယ်။ ဆရာ လေးကို မျိုးဦးကတော့ အာမခံကိစ်္စထက် လူ့အသက်ခန္ဓာတွေကအရေးကြီးပုံကို ရှင်းပြတယ်။

“ခရီးသည်တွေလိုချင်တာ လျော်ကြေးမဟုတ်ဘူးဗျ။ အသက်ခန်္ဓာ လုံခြုံစိတ်ချရမှု ကိုလိုချင်တာ။ ဖြစ်လာမှ လျော်တယ်ဆို တာထက် မဖြစ်အောင် ဘယ်လို စီမံဆောင် ရွက်ကြမလဲဆိုတာ လိုချင်တာ။ လမ်းမ ကောင်းရင် လမ်းပြင်ကြရမယ်။ ကားမကောင်းရင် သက်ဆိုင်ရာကားဂိတ်တွေက ကားတွေ လဲကြရမယ်။ ယာဉ်မောင်းတွေ မကျွမ်းကျင်ရင် အရည်အချင်းပြည့်တဲ့ ကျွမ်းကျင်ယာဉ်မောင်းတွေ ရှာဖွေခန့်ထား ကြရ မယ်ဗျ။ ဖြစ်လာမှ လျော်တယ်ဆိုတော့ အဲသည်ငွေနဲ့ ရက်လည်ဆွမ်းသွပ်ရုံ ရှိတော့မပေါ့”ကိုမျိုးဦးရဲ့ စကားတွေက စဉ်းစားစရာ ပါတော့ တစ်ဝိုင်းလုံး ငြိမ်ကျသွားတယ်။ ခဏကြာတော့ ကားအုံနာမောင် ဇော်က သူသိချင်တာကို မေးတယ်။

“ကျုပ်လည်း ကားလေး စီးပွားဖြစ်မလား လို့ ပြေးစားပါတယ်ဗျာ။ ဆီခိုးနို့ညှစ်တဲ့ ကောင်ရယ်၊ မဆင်မခြင် မောင်းတဲ့ကောင်ရယ်၊ အုံနာပိုက်ဆံကိုယ့်ပိုက်ဆံလို သဘော ထားတဲ့ကောင်ရယ်ချည်းပဲ။ ကျုပ် ဘယ်လို ဒရိုင်ဘာကို ရွေးရမလဲ။ အကြံလေးဘာ လေးပေးစမ်းပါဦး ကိုပိန်ရ”ကိုပိန်က မောင်ဇော်ရဲ့မေးခွန်းကို မဖြေ သေးဘဲ ရေနွေးကြမ်းခွက်ကို အရင် လှမ်းပြီး ဇိမ်ဆွဲသောက်နေလိုက်သေးတယ်။ မျက်လုံးကလည်း မောင်ဇော်ကို လှမ်းကြည့်လိုက်တယ်။ ပြီးမှ မေးခွန်းကို မေးခွန်းနဲ့ ပြန်ဖြေတယ်။

“ဒရိုင်ဘာအလုပ်ခေါ်လို့ လာလျှောက် ကြ သူသုံးဦးရှိတယ်။ ပထမလူက ယာဉ်မောင်းလိုင်စင်မရှိဘူး။ ယာဉ်မောင်းကျွမ်း တယ်။ ယာဉ်စည်းကမ်းလမ်းစည်းကမ်းအကုန်နားလည်တယ်။ ဒုတိယလူက ယာဉ် မောင်းလိုင်စင်အနီ ရှိတယ်။ ကျွမ်းကျွမ်းကျင်ကျင် မောင်းတတ်တယ်၊

“အဲ … ဒါပေမဲ့ ယာဉ်စည်းကမ်း လမ်းစည်းကမ်းနားမလည်ဘူး။ နောက်ဆုံး တစ်ယောက်က ယာဉ်စည်း ကမ်း လမ်း စည်းကမ်းကို အာဂုံဆောင်လောက်အောင် ရတယ်။ ယာဉ်မောင်းလိုင်စင်အနီ လက်ဝယ်ရ အောင် ယူထားနိုင်တယ်။ ဒါပေမဲ့ ကားမောင်း မကျွမ်းကျင်ဘူး။ ခင်ဗျား ဘယ်သူ့ရွေးမလဲ”မောင်ဇော်တစ် ယောက် ကိုပိန်မေးခွန်းကြောင့် ဇဝေဇ၀ါဖြစ်သွားတယ်။ မျက်လုံး လေးပုတ်ခတ်ပုတ်ခတ်လုပ်ပြီး သူ့စိတ်ထဲ ရှိတာ ပြောလိုက်တယ်။

“ကိုပိန်ရာ ခင်ဗျားရွေးခိုင်းထားတဲ့ သုံးယောက်စလုံးက တစ်ယောက်မှ စင်းလုံး ချောတာမပါဘူး။ ကျုပ်က ဘယ်လိုလုပ် ရွေးရမှာလဲ။ မကောင်းတာသုံးခုထဲက မကောင်းတာတစ်ခု ရွေးခိုင်းသလို ဖြစ်နေပြီ။ ခင်ဗျား ဆိုရင်ရော အဲသည်လို ကြုံလာရင် ဘယ်သူ့ကိုရွေးမလဲ”

ကိုပိန်က စကားဝိုင်းကိုသိမ်းချင်တာနဲ့ ခုံအောက်ရောက်နေတဲ့ဖိနပ်ကိုစီးတယ်။ လုံချည်ကို ပြင်ဝတ်တယ်။ ပြီးမှ တစ်ယောက် မှ မရွေးဘူးလို့ပြောပြီး ထွက်သွားတယ်။

Mizzima