ဆြာဒင်၏ ရယ်နေလျက်နှင့် ငိုလေခြင်း

ပို့စ်တင်ချိန် - 5/30/2014 10:22:00 AM




(၁)
နေညိုချိန်လေနုအေးကား တသွဲ့သွဲ့နော့နေဆဲကို။
ရုပ်၊ နာမ်၊ ခန္ဓာ၊ အာယတန တည်းဟူသော သံသရာစက်ကို လေးတန်သော မဂ်ဖြင့် ချိုးဖဲ့ဖျက် ဆီးတော်မူပြီး၍ အရဟံတည်းဟူ သည့် ဂုဏ်တော်အထူးကို ခံယူ တော်မူထိုက်သော ဘုရားရှင်၏အ ဆုံးအမအတိုင်း ကိလေသာတို့မှ လွတ်ရာလွတ်ကြောင်း ကျင့်ကြံ ကြိုးကုတ်အား ထုတ်လိုပါသော် ငြား သဒ္ဓမ္မဂဝေသီဘုရား ပစ္စေ ကအရိယာတို့ ရှာမှီး၊ ရညောင်း သူတော်ကောင်းတရားနှင့် မယဉ် ပါးသေးသည့် ဆြာဒင်မှာ ဖူးခက် မြို့ပါတောင်ကမ်းခြေမှ အစ်ကို ကာလသားများ သဘောကျနှစ် ခြိုက်လေသည့် ယိုးဒယားမော် ဒယ် အလှပဂေးတို့၏ အဖော်အ ချွတ်ရှိုးပွဲများဆီသို့ မကြာခဏ ရောက်နေဆဲဖြစ်ရာ ရုတ်ခြည်း သော် ဆြာဒင့်အား လူ့အန္ဓစာရင်း ၀င်သူဟု ထင်မြင်စရာရှိပေ၏။

 သို့သော်ငြား အဆိုပါပွဲ၊ အနှီပွဲများသို့ စွတ်ကယ်စွတ်ကယ် ရောက်ရခြင်းမှာ ဆြာဒင်၏ ၀ါသ နာအရင်းခံကြောင့် မဟုတ်မူဘဲ သာစွဌာနေ ဖူးခက်မြေနဂရဆီသို့ အပန်းဖြေအလည်ခရီးအလို့ငှာ ရံဖန်ရံခါ  ရောက်လာတတ်ကြ သည့် ရပ်ဝေးရပ်နီးမှ ဧည့်သည် ကြီးငယ်အသွယ်သွယ်တို့၏ နားပူ နားဆာတိုက်တွန်းဆော်ဖန်မှု ကြောင့် ပါရမီဖြည့်ဆည်းသူ နတ် လမ်းညွှန်အဖြစ် မလွှဲမရှောင်သာ ရောက်ခဲ့ရခြင်းသာဖြစ်၍ မြင်ဆဲ ခဏ၌ သွားရည်တောက်တောက် ကျခဲ့သော်ငြား အပြန်လမ်းတွင်မူ ဤရုပ်နာမ်တို့သည် အပုပ်ကောင်းချည်းပါတကားဟု ဆင်ခြင်ခဲ့သည်ကို  ချစ်သောစာရှုသူတို့သိပါမူ ဆြာဒင့်အပေါ် ကောင်းစွာနားလည်ခွင့်လွှတ်ကြပေလိမ့်မည်။

စင်စစ်ဆြာဒင်သည် ၀ိပဿနာတည်းဟူသော  ရုပ်နာမ်ဓမ္မ သင်္ခါရကို အထူးအားဖြင့် ရှုမှတ် ခြင်း၊ ပဋိပတ္တိအလုပ်တွင် ဇွဲမနှစ် နိုင်သေးသော်ငြား ဖူးခက်မြို့ အမ် မခန်အရပ်ရှိ အိမ်အိုကြီး၌ အချိန် ရလျှင် ရသလို မှတ်ဖွယ်ရာရာ၊ ထိုထိုစာကို ရှာ၍မပြတ် အိမ်တွင် ဖတ်ဟူသော အဆုံးအမနှင့်အညီ ဗုဒ္ဓစာပေကျမ်းဂန်တို့ကို လေ့လာ ဖတ်ရှုလေ့ရှိသည်ဖြစ်ရာ ဘာသာ တရားနှင့် ကင်းကွာသူဟူ၍တော့ ဆိုနိုင်မည်မဟုတ်ချေ။

ယခုလတ်တလော ဆြာဒင် ၏ ဖတ်လက်စ စာအုပ်မှာ မင်းဘူး ဦးသြဘာသစီရင် ရေးသားတော် မူအပ်သည့် ဇာတ်ကြီးဆယ်ဘွဲ့ ဘုတ်အုပ်ထူကြီးဖြစ်ပြီး ဖတ်ရှုနေ ဆဲအခန်းမှာ သုဝဏ္ဏသာမ ဇာတ် တော်ဖြစ်၏။

‘‘သုဝဏ္ဏသာမ ၁၆ နှစ်သို့ ရောက်လာသည့်တိုင်အောင် အမိအဖတို့သည် အစဉ်စောင့်ရှောက်

လျက် ကျောင်းသင်္ခမ်း၌ နေစေလျက် မိမိတို့ အလိုလိုသာလျှင် တောသစ်သီး၊ သစ်မြစ်တို့ကို ရှာအံ့သောငှာ တောသို့သွားကြလေကုန်၏။ တစ်နေ့တွင် အချိန်လွန်သည့်တိုင်အောင် ကျောင်းသင်္ခမ်းသို့ ရသေ့များပြန်မလာသဖြင့် အရွယ်ရောက်ပြီဖြစ်သော သုဝဏ္ဏသာမသည် စိတ်ပူလာသောကြောင့်တောထဲသို့ အရဲစွန့်ကာ လိုက်ရှာရင်း ‘‘အဖေ၊ အမေ’’ ဟု အော်ခေါ်လေ၏။ တစ်နေရာသို့ရောက်လျှင် ရသေ့တို့သည် သစ်သီးရှာရင်း လေကြီး မိုးကြီးကျ၍ သစ်ပင်အောက် မိုးဝင်ခိုပြီး တောင်ပို့ပေါ်ထိုင်လိုက်သည့်အခါ တောင်ပို့ထဲက မြွေဆိုး၊ အခိုးလွှတ်သဖြင့် အဆိပ်ငွေ့သင့်ပြီး   မျက်စိကွယ်ကြောင်း ပြောကြကုန်၏။ ထိုအခါသုဝဏ္ဏသာမသည် ငိုလည်းငို၏။ရယ်လည်းရယ်၏။ (ငိုရခြင်းအကြောင်းကား ငယ်ငယ်ရွယ်ရွယ် နှင့် မျက်စိကွယ်ရခြင်းကြောင့်တည်း။ ရယ်ရခြင်းအကြောင်းကား မိဘတို့ကို လုပ်ကျွေးခွင့်ရခြင်းကြောင့်တည်း)ဟုဆို၏’’

(၂)
အိမ့်နောက်ဘက်က တော အုပ်မှာ ကျေးငှက်မျိုးစုံတို့၏ အသံတို့ဖြင့် စီစီညံလျက်ရှိ၏။ မာဂဓဘာသာနှင့် ကျွမ်းဝင်ရင်းနှီးမှုမရှိသောကြောင့် အဓိပ္ပာယ်အ ပြည့်အစုံကို ဆြာဒင်အတိအကျ ဘာသာပြန်ဆို၊ မဖော်ပြနိုင်သော် ငြား လူတို့ဘာဝအားဖြင့်ဆိုလျှင် တေးသီနေကြခြင်း ဖြစ်တန်ရာပါ ၏။ ချစ်တေးလော၊ လွမ်းတေး လောဟူသည်ကား ဆြာဒင်မဝေခွဲ နိုင်။  မည်သို့ဆိုစေကာမူ သာ တောင့်သာယာရှိလှသော ညနေ ဆည်းဆာချိန်ပေတည်း။ လောက ဓာတ်တစ်ခွင်၏ အေးချမ်းတိတ် ဆိတ်မှုသည် ဆြာဒင့်စိတ်အား၊ သုဝဏ္ဏသျှံဇာတ်တော်တွင်  နစ်မြောစေခြင်းငှာ အထောက်အပံ့သဖွယ် ဖြစ်တော့သည်။

  သို့သော် သဗ္ဗညုတရှင် တော်မြတ်ဘုရားပင်လျှင် ပုဒိအာ တည်းဟူသော ရွှေဉာဏ်တော်ကို ရသည်နှင့် မာရ်နတ်အဖျက်ရန် ပေါ်လာလေဖူးသည့် ထုံးနည်းအတိုင်း ဆြာဒင်၏ အေးချမ်းကြည်နူးမှုကို ဖျက်ဆီးမည့် အဖျက်အမှောင့်သည် ရုတ်တရက်ပေါ်လာပြန်ချေသည် တမုံ့။

‘‘ဟား ဟား ဟား ။ ဟီး ဟီး ဟီး ။ အဟား ဟား ဟားဟား ’’

 ပါးစပ်နှင့် နားရွက်တက် ချိတ်လုနီးပါး အသံကုန်အော်ဟစ် ရယ်မောလျက် ဆြာဒင်၏အခန်း တွင်းသို့  ရုတ်ခြည်းဝင်လာသူ ကား ဆြာဒင်၏ တပည့်ကျော် လေမင်းသားပေတည်း။ သူသည် Samsung Note2 ကို လက်ဖြင့် ပွတ်ရင်း မနားတမ်းရယ်မော လျက်ရှိရာ ရယ်နေရင်း အသက် ထွက်သွားမည်ကို စိုးရိမ်မိသဖြင့် ဆြာဒင့်မှာ ခပ်ထန်ထန်ဟန့်လိုက် ရချေသည်။

‘‘ဖြည်းဖြည်းသက်သာ ရယ် လည်းရပါတယ်ကိုရင်။ ဘဇာ ကြောင့် ဤသို့ ခွက်ထိုးခွက်လန်ရယ်မောလေသနည်း’’

လေမင်းသားကား ဆြာဒင့် အမေးကို နှုတ်ဖြင့်မဖြေ၊ သူ့လက် ထဲမှ နုတ်တူးကိုသာ ကမ်းလေ သဖြင့် ဆြာဒင်သည် ဘတ်နှစ် သောင်းကျော်တန် Police တံ ဆိပ်မျက်မှန်ကိုကျော်ဖြတ်ကြည့် ရှုမိသောအခါတွင် နုတ်တူးဖန် သားပြင်၌ အောက်ပါစာသားကို ဖတ်ရှုရလေသည်။

အမြန်လမ်း သေဆုံးသူများ လျော်ကြေးပေးအပ်ပွဲတွင် ဒုဝန် ကြီးဦးမောင်မောင်သိမ်းက ‘‘ပရီ မီယံကြေးက သုံးရာပဲ ရှိတယ်။ မုန့်ဟင်းခါးတစ်ပွဲဖိုးပဲ ရှိတယ်။ လျော်ကြေးက အဆတစ်သောင်း ပေးတယ်။ ကမ္ဘာမှာ မြန်မာပြည် ပဲ ရှိတယ်’’ ‘‘အာမခံတစ်ခုဝယ် ရင် သိန်းသုံးဆယ် နှစ်ခုဝယ်ရင် သိန်း ၆၀ ရမည်ဟုဆို’’ ပီအိတ်ခ်ျ ဒီဒေါက်တာဘွဲ့ရ ဒုဝန်ကြီး၏ ‘‘အမြန်လမ်းမကြီးပေါ်မှာ ကာလနာသာ အတိုက်ခံ ငွေများများရမယ်’’‘‘အာမခံများများဝယ် မြန်မြန်သေ၊လျော်ကြေးများများ ထုတ်’’ ဟူသော အနက်အဓိပ္ပာယ်ဆောင်သည့် အဆိုပါ စာကိုဆုံးအောင် ဖတ်ပြီးသည်နှင့် တစ်ပြိုင်နက် ဆြာဒင်သည် တခွီးခွီးနှင့် တံတွေးသီးအောင် ရယ်မိလေတော့၏။ အားရပါးရရယ်မိ၏။ နှစ်မိနစ်ခန့်ဆက်တိုက်ရယ်မောခြင်းပြီးဆုံးသည့်အခါတွင်မူ ဆြာ ဒင့်မျက်ဝန်းအိမ်တွင် ပြိုတော့မည့်မိုးကဲ့သို့ မျက်ရည်စို့နေလေပြန်သည်။

(၃)
 ဤလောကကြီး၌ အချို့ သော အကြောင်းတရားတို့သည် တစ်ခါတစ်ရံတွင် မရည်ရွယ်၊ မထင်မှတ်ပါဘဲလျက် ဆက်တိုက် ဆင့်ကာ ကြုံရတတ်သည်ကား ထူးဆန်းအံ့သြဖွယ်ကောင်းလေ စွ။ ‘‘ဗျို့ဆြာဒင်’’ဟူသော ကျယ် လောင်သည့် အော်ခေါ်သံကြီးနှင့်အတူ ဆြာဒင့်ရှေ့မှောက်သို့ ရောက်လာပြန်သူကား ကပ္ပလီ ဖြစ်၏။ သူသည်လည်း ‘‘ဟေး ဟေး ဟေး ၊ အဟေ ဟေ့ ဟေ၊ ဟေဟေ ဟေ့’’ဟူသော ရယ်သံရှည်ကြီးဖြင့် ဆက်တိုက်ရယ်ရင်း အူတက်မသွားစေရန် အလို့ငှာ ၀မ်းဗိုက်ကို ညာလက်ဖြင့် နှိပ်ထားချေ၏။ ကျန်ဝဲဘက်လက်တွင်ကား ဂျာနယ်တစ်စောင်ကို ကိုင်လျက်ရှိ၏။ ဆြာဒင်သည် ကျလုလုမျက်ရည်စတို့ကို သတိတရားဖြင့် ထိန်းရင်း ကပ္ပလီကို မေးခွန်းထုတ်ရပြန်သည်။

  ‘‘ဘာဖြစ်လာပြန်ပြီတုံး ကပ္ပလီငယ်အရယ်ကို ခေတ္တရပ်၍ ရယ်ရခြင်းကို ရှင်းပါလေ’’

   ကပ္ပလီငယ်သည်လည်း လေမင်းသား၏ နည်းနှင်နှင် နှုတ် ဖြင့် တုံ့ပြန်စကားမဆို လက်ထဲ မှ ဂျာနယ်ကိုသာ ဆြာဒင့်ထံ ထိုး  ပေးရင်း သူရယ်ရသည့် စာမျက် နှာကို ညွှန်းလေရာ ဆြာဒင်ဖတ်ရ သည်မှာ SALAI NAING HTOO ၏လက်ရာ ကာတွန်းတစ်ကွက် ဖြစ်၏။ သရုပ်ဖော်ပုံမှာ သွတ်သွက်ခါအောင်ရူးနေသည့် အရူးတစ်ယောက်က တိုက်ပုံဝတ်လူကြီးလူကောင်းတစ်ယောက် ရှေ့ တွင် နှုတ်မှတွေ့ကရာ စကားတို့ ကို ရေရွတ်အော်ဟစ်နေပုံဖြစ်ပြီး အဆိုပါ အရူးစကားမှာအောက်ပါအတိုင်းဖြစ်လေ၏။

 ‘‘တိုင်ပတ်တော့ တပ်ပိုင်။ နို့ သောက်တော့ နောက်သို့။ သုံး သိန်း သိမ်းတုန်း။ တောပျောက်တော့ သောက်ပြော၊ ပတ်မ ဖောက်၊ဘတ်ဂျက်ပျောက်။ မပြင်မပြင်နောက်လှည့်ပြီး နောက်မပြင်’’ဟူ၏။

  သရုပ်ဖော်ပုံနှင့် စာသား သည် အပ်စပ်လှသည်ဖြစ်လေ သောကြောင့် ဆြာဒင်သည် ဟီး ဟီး ဟီး ဟီး တဟီးဟီးနှင့် ဟီး လေးတိုက် ရယ်မိပြန်တော့သည်။ အရယ်လွန်သောကြောင့် ဆြာဒင့်မှာတံတွေးသီးရုံမက ချောင်းခြောက်ပါဆိုးလာတော့၏။ အဟွတ်၊ အဟွတ်၊ အဟွတ်၊ ထို အဟွတ်အဆုံးတွင်ကား ဆြာဒင်သည်ရယ်ခြင်းကို ချက်ချင်းရပ်ကာ တစ်ကိုယ်လုံးသိမ့်၍သိမ့်၍   တုန်အောင်ကျိတ်၍ ကျိတ်၍ ရှိုက်၍ ရှိုက်၍ ငိုလေ၏။

(၄)
ဆြာဒင်၏ ငိုခြင်း၊ ရယ်ခြင်း ဒုက္ခကား ဤတွင်ဆုံးခန်းမတိုင် သေးချေ။ တပည့်ကျော်ဖေကြည် ပေါက်ချလာပြန်ချေပြီ။ ဖေကြည် သည်လည်း ပါးဖြဲ၊ နားဖြဲ၊ ပြုံးဖြဲ  ဖြဲနှင့် ရယ်မောလျက် ၀င်လာ၏။ မုတ်ဆိတ်မွေးတိုနံ့နံ့နှင့်မို့ သူ့ရယ် သံမှာ ဆိတ်အော်သံနှင့်တူနေ သည်ဟု ဆြာဒင်ထင်မိသည်။

‘‘ဗျို့ဆြာဒင်၊ ဆြာဒင့်ဆိုင် မှာ ကိုကိုလှိုင်ရှိလားဗျ။ ဒီနေ့လုပ် ခက ဉာဏ်ထွန်းပဲရတာမို့ အ ကြွေးလုပ်ဗျာ။ ဆန်ရောဆီပါဝယ် ရမှာမို့ ပိုက်ဆံပြတ်တော့မယ်။ ကျွန်တော်က သိန်းစိန်ကို မကြိုက်

ဘူး။ တော်ကြာမနက်ညပေါင်းပြီး မြင့်လှိုင်လုပ်နေရမယ်။ ထိုင်းရဲက လည်း Work Permit မှာ အလုပ် ရှင်နာမည်မတူလို့ လစဉ်ကြေး မပေးရင် အုန်းမြင့်မယ်ချည်း ပြောနေပြီဗျ။ ကြံပါဦး ဆြာဒင်ရယ်။ လုပ်ကိုင်စားရတာ ဟန်မကျချက်ကတော့ အောင်သိန်းလင်းချင် ပြီဆြာဒင်ရေ့’’

   ဖေကြည်ခေါ် အာရုံ၏ ပဟေဠိဆန်လှသော စကားတို့ ကိုဆြာဒင်နားမရှင်းချေရကား မရှက်မ၀ံ့ပင်၊ ၀န်ခံမေးမြန်းသမှု ပြုရပြန်လေရာ ဖေကြည်ငယ်ရှင်း လင်းသမှု ပြုသောအနက်ကား အောက်ပါအတိုင်းဖြစ်၍ မူရင်း ဗမာ့သားကောင်းအမည်ရှိ ဖေ့စ် ဘွတ်ခ်စာမျက်နှာမှ ခြယ်မှုန်းချက် ကို နည်းမှီသည်ဟုဆိုပါ၏။

  လျှပ်စစ်မီးမလာလျှင် ဖယောင်းတိုင်ထွန်းခြင်းဖြင့် မီး လင်းစေသည့် နိုင်ငံတော်အကြံ ပေး၏ မဟာရွှေဉာဏ်တော်အရ ၎င်းအား ဖယောင်းတိုင်ဖြင့် တင် စားသည်ဟု ဆို၏။ မိသားစုတစ် စုတစ်နေ့လျှင် ကျပ်နှစ်ထောင်ဖြင့်လုံလောက်ပြီဟု မြွက်ကြားလေ သည့် ဒုသမ္မတမင်းအား ကျပ်နှစ် ထောင်နှင့် ပမာပြုသည်ဆို၏။ ထမင်းတစ်နပ်လျှော့စားခြင်းဖြင့် လယ်သမားတို့ အကြွေးဆပ်ကြပါ ကုန်ဟူသော ပညာရှိဝန်မင်းကိုမူ ထမင်းတစ်နပ်ဖြင့် ရသအလင်္ကာ မြောက် ခေါ်ဝေါ်သမှုပြုသည့်နည်း တူ၊ အားရှိစေရန် အရက်အစား နွားနို့သောက်စေသည့် မဟာကရု ဏာရှင် သမ္မတကြီးအား နွားနို့၊တိုင်းပြည်အနှံ့လှည့်၍ လက်စွမ်း ပြလိုသည့် ကျေးလက်ဝန်မင်း၏ အမည်ကို ပါးရိုက်၊ ပြောင်းဖူး တစ်ချောင်း ထောင်ပြလျက် မြစ် ဆုံစီမံကိန်းကို   မဖြစ်မနေပြန် လည်စတင်ရမည် ဆိုလေသည့် မြို့တော်ဝန်ဟောင်း အမတ်မင်းအား ရူးသွပ်သည့် စကားပမာဖြင့်လည်းကောင်း ခိုင်းနှိုင်းဖလှယ် ပြက်ရယ်ပြုကြသည်ဟု  ဆိုပါ သည်။

ဤခက်ဆစ်အဓိပ္ပာယ်ဖွင့် ဆိုချက်ကို  ကြားရသည်တွင် လည်း ဆြာဒင်သည် ထိမိလှသော အဆိုပါသရော်ချက်ကို လွန်စွာ နှစ်ခြိုက်သဘောကျမိပြန်ရကား တဟက်ဟက်နှင့် ဟက်ဟက်ပက် ပက် အသံထွက်အောင် ရယ်ရပြန် ပြီးသည်၏နောက်တွင်ကား ခုနစ် အိမ်ကြား၊ ရှစ်အိမ်ကြား အသံပြဲ ကြီးဖြင့် တဟီးဟီးနှပ်ချေးပါထွက် အောင် ငိုချင်းရှည်ကြီးဖြင့် ချုံးပွဲချ ငိုမိပြန်လေသည်။

တပည့်ကျော်တို့ကား ဆြာ ဒင်၏ ထူးဆန်းထွေပြားလှသော တစ်ပြိုင်တည်းရယ်ခြင်း၊ ငိုခြင်း အပြုအမူကြောင့် အံ့ဩခြင်းကြီး စွာ ဖြစ်ကြရုံမျှမက နောက်ဆက် တွဲစိုးရိမ်ပူပန်မှုတို့ပါ စွက်လာခဲ့ ချေပြီ။ သို့ကြောင့် ဆရာသခင် အား ပေကလပ်ပေကလပ်မျက် လုံးများဖြင့် ကြည့်ရှုရင်း အမေး ပုစ္ဆာထုတ်ကြပါကုန်၏။

(၅)
‘‘အို။ ချစ်ခင်လေးမြတ်ရ သော ဆြာဒင်၊ ရယ်ခြင်း၊ ငိုခြင်း အမှုကို အဘယ်ကြောင့် တစ်ပြိုင် တည်းပြုလေသနည်း’’

 ‘‘ဆြာဒင်၊ ဆီးယိုသည်နေပြင်းသည့်အချိန် စိတ်ကယောင်ချောက်ချားဖြစ်ခြင်းကို သက်သာပျောက်ကင်းသည်ဟု  တပည့်ကြားဖူးပါ၏’’

  ‘‘ဆြာဒင်၏ စိတ်အခြေ အနေကို  စစ်ဆေးရန်အလို့ငှာ ဖူးခက်မြို့ရှိ ဆေးရုံ၊  ဆေးခန်းသို့ ပြသသင့်သည်ဟု ရိုးသားစွာထင် မြင်ပါ၏။  စိတ်ကိုထိန်းသင့်ပါ သည်ဆြာ’’

 ထိုသို့လျှင် တပည့်ကျော် အသီးသီးက  စိုးရိမ်တကြီးမျက် ကလဲဆန်ပျာမေးလာသည့်အခါ တွင်ကား ဆြာဒင်သည် ငိုခြင်း၊ ရယ်ခြင်းကို ရပ်တန့်လျက် ကြီးစွာ သောဣနြေ္ဒကိုဆောင်ကာ  သင်း တို့သုံးဦးကို  ရင်ဝယ်သားကဲ့သို့ သနားကြင်နာ၊ မဟာကရုဏာ ဖြင့် ကြည့်ရှုရင်း ဆိုရေးရှိက ဆို အပ်လှ၏ဟူသော လောကီပညာ ရှိတို့၏ မိန့်မှာချက်နှင့်အညီ ယင်း တို့သိလိုသောအဖြေကို ရှင်းလင်း မိန့်မြွက်ရလေ၏။

‘‘အို အချင်းတို့။ အထက်က သင်တို့  သယ်ဆောင်လာသည့် သတင်းစကားတို့၏ ဇာစ်မြစ်ကား ယူနီဖောင်းချွတ်  စစ်ဗိုလ်တို့၏ အမြင်အသီးသီးဖြစ်ချေ၏။ အဆို ပါပုဂ္ဂိုလ်တို့သည် ဒီမိုကရေစီ ခေတ်ဆီသို့ ဦးတည်နေပြီဆိုလေ သော ဤကာလ၌ပင် ကျဉ်းမြောင်း သေးသိမ်သောဦးနှောက်ကိုယ်စီ ဖြင့်သာ ဟိတ်ဟန်မပျက်၊ အကျင့်စရိုက်မပျက် ခရီးရှေ့ဆက်နေ ကြဆဲပင်ဖြစ်လေရာ ၎င်းတို့ပြုမူ ပြောဆိုအပ်သမျှအရာမှန်သမျှ ရယ်ဖွယ်လိလိ ဟာသရသမြောက် လှချေ၏။ သို့အတွက် ဆြာဒင် ရယ်သတည်း။

‘‘နောက်တစ်မူလည်း ဤမျှ ညံ့ဖျင်းနုံချာလှသော စစ်ခေါင်း ဆောင်တို့သည် ခေတ်မီဖွံ့ဖြိုးတိုး တက်သောနိုင်ငံတော်သစ်ကြီးဆီ သို့ဟူသည့်  ကြွေးကြော်သံကို ဟန်ပြ အသံကောင်းဟစ်လျက်ကိုယ်ကျိုးရှာခဲ့သည်မှာ သစ်တော ဖုံးလွှမ်းသည့် ဗမာတစ်ပြည်လုံး ငုတ်တိုချည်းကျန်သည့် အခြေ ဆိုက်ရ၏။ တရုတ်တရက်တို့၏ ဩဇာခံဘဝရောက်ခဲ့ရ၏။ အိမ် နီးချင်းနိုင်ငံတို့နှင့်နှိုင်းယှဉ်လျှင်ပင်ပညာရေး၊ ကျန်းမာရေး၊အမျိုးသား ရေးသိက္ခာတို့တွင် ဓားမနောက် ပိတ်ခွေးဘဝရောက်ခဲ့ကြရ၏။ သင်းတို့၏ အမြော်အမြင်ဉာဏ် နည်းလွန်းလှသော လုပ်ရပ်တို့ ကြောင့် မှန်ကင်းအစစ်မှ ထင်း ဖြစ်ရလေသည့် ဗမာပြည်၊ ဗမာ လူမျိုးတို့၏ဘဝကို  ယူကျုံးမရ အပူလုံးကြွမိသည်ဖြစ်သောကြောင့်သည်လိုပုံနှင့် မိုးကြီးချုပ်လျှင်ဖြင့်တိုင်းပြည်ရှေ့ရေးကို ဆက်မတွေးဝံ့သည်ကြောင့်   ဆြာဒင်ငိုသတည်း’’

 တပည့်ကျော်သုံးဦးကား ဆြာဒင်၏ ရှင်းလင်းဖြေကြားမှုကို နှစ်ထောင်းအားရရှိလှသော အမူ အရာကိုယ်စီဖြင့်  ခေါင်းကို  တညိတ်ညိတ်ဆတ်ကြရင်း...

‘‘ဆြာဒင် ဤသို့ဆိုပါမူ ထို သို့သော ငိုရခြင်း၊ ရယ်ရခြင်းတို့ မှ လွတ်မြောက်ရာသည်မရှိပြီ လော။ ကျွန်ုပ်တို့မည်သို့လျှင် ရှေ့ ခရီးဆက်ကြပေအံ့နည်း။ ကျွန်ုပ် တို့သည် ဒီမိုကရေစီနှင့်ဝေးပြီ လော’’ဟု အထွန့်တက်၊ အမေး ကွန့်လာသည်တွင်ကား ဆြာဒင် သည် တိုက်ရိုက်ပြန်လည်ဖြေ ကြားခြင်းမပြုတော့ဘဲ တေးပြုစာ ဆိုမြို့မငြိမ်း၏ လက်ရာ၊ မူရင်းအဆိုရှင်ကိုအံ့ကြီး၏  ကိုယ်ဒူး ကိုယ်

ချွန်ခေတ်ဟောင်းတေးသီချင်းကို ကိုအံ့ကြီးပင်လိုက်မမီသည့် အောင်မြင့်ခံ့ညားသော အသံဝါကြီးဖြင့် ဌာန်ကရိုဏ်းကျစွာ သီဆိုရင်း တုံ့ပြန်သမှုပြုခဲ့ရပေတော့သည်တကား။

 ‘‘(ယောက်ျားကောင်း အ တောင်နှစ်ဆယ်ဆိုတာ ကောင်း ကင်ကကြယ်မလွတ်စတမ်းသာ၊ ဝီရိယ၊ လုံ့လကိုသာ ထာဝစဉ်ရှိဖို့ သတိယှဉ်ပါ)၂

အထက်ကိုချိန်ကာ ဝတိံသာ ခေါင်ထိပ်၊ မောင့်စိတ်တံခွန်တလူ လူဖြာ၊ သူများအားကိုး ခါးကျိုး နာလန်မထူတကယ့်လူဆိုတာ၊ အတ္တဟိ အတ္တနော နာထော မိမိကိုယ်သာကိုးကွယ်ရာ။

ဇနကဇာတ်တော်အလာ၊ ကိုယ်ရေးကြုံတဲ့အခါ ရဲဝံ့တည် ကြည် ဘယ်ဆီသောင်ကမ်း လမ်း မမြင်ပါ၊ ကူးလျက်သမုဒ်ပြင်မှာ ခုနစ်ရက်ပတ်လုံးသာ အားထုတ် ယုံကြည် ဇာနည်သွေးမို့အရေး အောင်တာ၊ အို၊ အတ္တဟိအတ္တ နော မိမိကိုယ်သာကိုးကွယ်ရာ’’
(ဖော်ပြပါ သရော်စာသည် စာရေးသူ မင်းဒင်၏ အာဘော်သာဖြစ်သည်။)

မင်းဒင်
7day daily