မွေးနေ့မှာ ရဲသားများအတွက် ဒေါ်လာ ၁၆၅၀ ကို လှူဒါန်းခဲ့သော ကလေး

ပို့စ်တင်ချိန် - 5/13/2014 02:45:00 AM


အမေရိကန် ပြည်ထောင်စု ဖလော်ရီဒါ ပြည်နယ် နုဟောကင်းလို့ အမည်ရတဲ့ အသက် ၆ နှစ်အရွယ် ကလေးဟာ သူ၏ မွေးနေ့မှာ ရဲသားများ သုံးစွဲရန် အတွက် ဒေါ်လာ ၁၆၅၀ ကိုလှူဒါန်း ပေးခဲ့ပါတယ်။ ရဲအဖွဲ့ အစည်း တွေကလည်း သူ့အတွက် မွေးနေ့လက်ဆောင်ကို ပြန်လည် ပေးအပ်ခဲ့ ပါတယ်။

ယခုလို ရဲသာများကို လှူဒါန်းရတဲ့ ရည်ရွယ်ချက် ကတော့ လူတွေအပေါ် မတရား နိုင်ထက်စီးနင်း လုပ်ဆောင်တဲ့ လူဆိုးများကို
ဖမ်းဆီးပေးရန် လှူဒါန်းရခြင်း ဖြစ်ပါတယ်လို့ ကလေးက ပြောပါတယ်။

၎င်းကလေးဟာ အသက် ၆ နှစ်သာ ရှိသေးပြီး ဒီလိုလှူဒါန်းနိုင်ဖို့ အတော်ကြာ မုန့်ဖိုးငွေ များကို စုဆောင်း ထားရတာ ဖြစ်တယ်လို့ အမေဖြစ်သူက ဆိုပါတယ်။

ကလေးဟာ လိမ္မာသော သူတစ်ယောက်ဖြစ်ပြီး မိဘများကိုလည်း
လွန်စွာ ချစ်ကြောင်း သိရပါတယ်။

ကျော်လင်းနိုင် (ရိုးရာလေး)