နိုင်ငံရေးကို ကြောင်တောင်နိုက်စကားလုံးတွေ မသုံးစမ်းပါနဲ့ - ရွှေည၀ါဆရာတော်

ပို့စ်တင်ချိန် - 5/21/2014 02:03:00 AM


ဦးသိန်းစိန်နဲ့ ဦးရွှေမန်း ကို မဲပေးရမယ် ၊
ဒေါ်အောင်ဆန်းစုကြည် ကို မဲပေးမိရင် ကုလားနိုင်ငံဖြစ်သွားမယ် ၊
ကုလားပါတီဖြစ်သွားမယ် ၊
ကုလားလွှတ်တော်ဖြစ်သွားမယ် ၊

ဒီလို ဗုဒ္ဓဘာသာသည်းခြေကြိုက် စကားလုံးတွေ ၊ ဖက်ခွက်စား စကားလုံးတွေကို မသုံးစမ်းပါနဲ့ ကွာ ၊

ဒါနိုင်ငံရေးကို ဘုန်းကြီးတွေဖြစ်ပြီးတော့ ဘုရားသားတော်တွေဖြစ်ပြီးတော့ နိုင်ငံရေးကို ကြောင်တောင်နိုက်စကားလုံးတွေ မသုံးစမ်းပါနဲ့ ၊

အဲ့ဒါမျိုးကျ ငါကြည့်မရဘူး ၊ နားထဲလည်း မ၀င်ဘူးကွ ။

ဒါမျိုးမလုပ်ပါနဲ့ 

ငါတို့ ထိန်းကျောင်းရမှာ ဘုရားနည်းအတိုင်း ထိန်းကျောင်းရမှာ ။

နောင်တက်လာမယ့်အစိုးရ ၂၀၁၅ ဘယ်သူနိုင်နိုင် ၊ ဘယ်သူတက်တက် တက်တဲ့အစိုးရ ဟုတ်ရင်ဟုတ် မဟုတ်ရင် ထောက်ပြမယ် ၊ ဒါ ငါတို့ လုပ်သင့်တယ် ၊

မြတ်စွာဘုရားလည်း လုပ်ခဲ့တယ်နော် ။

ဇေတ၀န်ကျောင်းအနီး တိတ္ထိတက္ကတွန်းတွေကို ကောသလမင်းကြီးက လာဒ်တစ်သိန်းစားပြီးတော့ ဇေတ၀န်ကျောင်းနဲ့ အနီးဆုံးမှာ မြေကွက်တွေ ပေးပစ်တာ ၊

အဲ့ဒီလိုပေးပြီး ဆူညံပွက်လောရိုက်တဲ့အခါကျတော့ မြတ်စွာဘုရားက ရှင်သာရိပုတ္တရာတို့ ရှင်မောဂ္ဂလန်တို့ ရှင်အာနန္ဒာတို့ ကို ကောသလမင်းကြီးဆီ စေလွှတ်တယ် ၊ လွှတ်တဲ့အခါ ဟိုကတွေ့ ခွင့်မပေးဘူး ၊

သူမဟုတ်တာ လုပ်ထားပြီလေ ၊ မဟုတ်တာ လုပ်ထားတာကို မြတ်စွာဘုရားက လက်ဝဲတော်ရံ လက်ယာတော်ရံကြီးတွေ လွှတ်ပြီးပြောခိုင်းတယ် ၊ မင်း မဟုတ်တာ မလုပ်ပါနဲ့ ၊ မင်း ဘာသာရေးကို ရောထွေးယှက်တင် မလုပ်ပါနဲ့ ။ ပြောလည်းပြောပြီး ရော မရတော့ မြတ်စွာဘုရားကိုယ်တော်တိုင် ကြွသွားတာ ၊

ကိုယ်တိုင်ကြွပြီး ဟောတော့မှ ကောသလမင်းကြီး အဲ့ဒီတိတ္ထိတက်ကတွန်းတွေကို မြတ်စွာဘုရားရဲ့ ဇေတ၀န်ကျောင်းတော်နဲ့ ဝေးရာကို မောင်းထုတ်လိုက်တာ ။

ဒါ ဘာလည်းဆိုတော့ နိုင်ငံရေးနဲ့ ဘာသာရေးကို ခုတုံးလုပ်ပြီး အသုံးမချပါနဲ့ ၊ အဲ့ဒါဆို ဘုရားကိုယ်တိုင် မနေဘူး ။

ဒါ အပွင့်လင်းဆုံးပြောတာ ၊

ငါနဲ့ ဘယ်ဘုန်းကြီးဖြစ်ဖြစ် ဆွေးနွေးလို့ ရတယ် ၊

ငါဥာဏ်ရည်မမှီလို့ ဆွေးနွေးနိုင်တဲ့ ဥာဏ်ရည်မရှိဘူးဆို ထိုင်ဦးချပြီး အရှုံးပေးသွားမယ် ၊

မဟုတ်က ဟုတ်ကတော့ လာမလုပ်စမ်းနဲ့ ။

(messenger ဂျာနယ်ပါ ရွှေည၀ါဆရာတော်နှင့် တွေ့ ဆုံလျှောက်ထားခြင်း မှ ကောက်နုတ်ဖေါ်ပြပါသည်)