တိုင်းရင်းသားလုပ်ငန်းရှင် အချင်းချင်း ခြေထိုးချောက်ချနေခြင်းများ ရပ်ပြီး စည်းလုံးချိန်တန်ပြီလား (အပိုင်း - ၂ )

ပို့စ်တင်ချိန် - 5/16/2014 06:20:00 PM



''ဖွဲ့လိုက်တဲ့အများပိုင်ကုမ္ပဏီတွေကလဲ အား လုံးတော့ အကောင်းကြီးမဟုတ်ဘူး။ သူတို့အကျိုးစီး ပွားအတွက် ပလက်ဖောင်းတစ်ခုလို့မြင်ရင်တော့ မှား လိမ့်မယ်။ အချို့ပလက်ဖောင်းတစ်ခုလို လုပ်နေကြ တယ်''ဟု ဦးသိန်းထွန်းက သူမြင်တွေ့ရသည်ထဲက အချို့ကို ပြောပြသည်။
''ဖြစ်သင့်တာက တိုင်းပြည်သည် ပထမ၊ ပြည်သူ သည် ဒုတိယ၊ အစိုးရသည် တတိယ၊ မိမိအသိုင်းအ ဝိုင်းသည် စတုတ္ထ၊ မိမိကိုယ်ကျိုးသည် ပဉ္စမဆိုပြီး တည် ဆောက်မှုပုံစံနဲ့ အကျင့်လက္ခဏာတွေ ဖြစ်သင့်တာ''။

ပုံစံကျသော အမျိုးသားစီးပွားရေးစနစ်
ပြီးခဲ့သည့်လပိုင်းက နိုင်ငံတော်သမ္မတဦးသိန်း စိန်က ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ ဆုံရာတွင် မြန်မာနိုင်ငံအတွက် ပုံစံကျသော အမျိုး
သားစီးပွားရေးစနစ်တစ်ရပ် လိုအပ်နေပြီဟု ပြောဆို သွားခဲ့သည်။ သို့သော် မည်သို့သောစနစ်ဟုတော့ အကျယ်တဝင့် ရှင်းပြမသွားခဲ့ပါ။
မည်သို့ဆိုစေ စနစ်တကျမရှိခဲ့သောအခြေအနေ များတွင် ထုဆစ်ပုံသွင်းခြင်းခံရသည့် မြန်မာနိုင်ငံသား တွေသည် ပုံစံမကျဘဲဖြစ်နေခြင်းသည် သဘာဝကျ သည်ဟု ဒေါက်တာစိုးထွန်းက ယူဆသည်။ အောက် ခြေအဆင့်ဆင့်ကနေ ချမ်းသာသောသူအဆင့်ဆင့် အထိ ပုံစံမကျသည့်အခြေအနေများဖြင့်သာ ကြီးပြင်း ခဲ့ရသည်။ ထို့ကြောင့် အချင်းချင်းပေါင်းစပ်ဖို့၊ နိုင်ငံ ခြားသားလုပ်ငန်းရှင်များနှင့် ပေါင်းစပ်လုပ်ကိုင်နိုင် ခြင်းမရှိတာဟု ¤င်းကဆိုသည်။
''နိုင်ငံတကာကပုံစံနဲ့ ကိုယ့်ဆီမှာရှိတဲ့ပုံစံနဲ့ အံ မဝင် ဘူးဖြစ်နေတယ်။ ဒါကြောင့် ပေါင်းစပ်ဖို့ခက်ခဲ နေတာ''။
နိုင်ငံတကာစနစ်ထဲကို ဝင်နိုင်ပြီး ယှဉ်ပြိုင်နိုင်သည့် စနစ်ကို ပုံစံကျသည့်အမျိုးသားစီးပွားရေးစနစ်ဟု ဒေါက် တာမောင်အောင်က ယူဆသည်။ စီးပွားရေးလုပ်ငန်းလုပ် ကိုင်ဖို့အတွက် စတင်စဉ်းစားကတည်းက ကိုယ့်ပြည်တွင်း ဈေးကွက်လေးတင်မကြည့်ဘဲ ဂလိုဘယ်မားကက် (Global Market)ကို ကြည့်ဖို့လိုသည်ဟု ၄င်းကဆိုသည်။

ရှင်သန်ခွင့်အတွက် စိန်ခေါ်မှုများ
မြန်မာတိုင်းရင်းသားလုပ်ငန်းရှင်များအတွက် အ ကြီးမားဆုံးပြဿနာသည် အရင်းအနှီးသာဖြစ်သည်။ လုပ် ငန်းလုပ်ကိုင်ပုံတွေက စနစ်မကျ၊ မဟာဗျူဟာကျသော စီးပွားရေးအစီအစဉ်တွေမရှိ၊ စီးပွားရေးစီမံခန့်ခွဲမှု ပုံစံ တွေမမှန်ခြင်းတို့သည် တိုင်းရင်းသားလုပ်ငန်းရှင်အများစု တွင် ရှိနေသည်။
တိုင်းပြည်အတွင်း နိုင်ငံခြားလုပ်ငန်းရှင်များ ယခု ထက်ပိုမိုဝင်ရောက်လာပြီး အာဆီယံစီးပွားရေးအသိုက် အဝန်း(AEC)အစီအစဉ်အရ ဒေသတွင်းနိုင်ငံများ၏ လွတ် လပ်စွာ အပြန်အလှန် ကူးသန်းရောင်းဝယ်ဖောက်ကား နိုင်ခွင့်တွေဖြစ်လာလျှင် ကိုယ်ချင်းကိုယ်ချင်းမဟုတ်တော့ ဘဲ အရည်အသွေးအားဖြင့်လည်းကောင်း၊ အရေအတွက် အားဖြင့်လည်းကောင်း၊ ထုပ်ပိုးမှုပုံစံအားဖြင့်လည်းကောင်း၊ အဆိုးဆုံးကတော့ ဈေးနှုန်းအားဖြင့်လည်းကောင်း ယှဉ် ပြိုင်ရမည့်စိန်ခေါ်မှုများက ပြည်တွင်းလုပ်ငန်းရှင်များထံ ရောက်လာမည်မှာမလွဲပါဟု စီးပွားရေးပညာရှင် ဒေါက် တာမောင်အောင်က တွက်ဆသည်။

မြန်မာနိုင်ငံအနေဖြင့် ဈေးကွက်ကိုဖွင့်လိုက်ပြီးသည့် နောက်တွင် နိုင်ငံခြားသားလုပ်ငန်းရှင်တွေကို ဝင်မလာ ဖို့တော့ တားနိုင်မည်မဟုတ်။ နိုင်ငံတော်အစိုးရအနေဖြင့် အခွန်အခများဖြင့် ထိန်းချုပ်လို့မရနိုင်။ ပြည်တွင်းဥပဒေ များဖြင့်သာ ထိန်းကျောင်းနိုင်လိမ့်မည်။ ပြည်တွင်းတိုင်း ရင်းသားလုပ်ငန်းများ လုံခြုံမှုရှိဖို့အတွက် အစိုးရက အ ကာအကွယ်ပေးလိမ့်မည်ဟု ၄င်းကယုံကြည်သည်။

''တကယ်တမ်း နိုင်ငံခြားသားတွေဝင်လာရင် ကိုယ့် လုပ်ငန်းဆုံးရှုံးသွားမယ်ဆိုတာပဲ သိတယ်။ ဘယ်လိုကျော် လွှားမယ်၊ ဘယ်လိုအခွင့်အရေးတွေရှိတယ်ဆိုတာကိုသိ အောင်မလုပ်ဘူး၊ လုပ်ဖို့လဲ မကြိုးစားတော့ဘူး။ ကြောက် တာပဲသိတယ်၊ ဘယ်လိုပြင်ဆင်ရမယ်ဆိုတာ ဘယ်သူမှ မသိဘူး''ဟု ပြည်တွင်းတိုင်းရင်းသားလုပ်ငန်းရှင်အများ စုအပေါ် အားမလိုအားမရဖြင့် ဒေါက်တာမောင်အောင် က ပြစ်တင်သည်။
စီးပွားရေးလုပ်ငန်းသဘောအရ ကုန်ပစ္စည်းတစ်ခု ထုတ်သည်နှင့် ဈေးကွက်ထဲတွင် အရှုံးခံပြီး ဈေးကွက်ကို ရအောင်ယူလေ့ရှိသည်။ နောက်ပိုင်းဈေးကွက်ကိုရပြီဆို တော့မှ ဈေးနှုန်းကိုမြှင့်ပြီး ဈေးကစားလေ့ရှိသည်။ ''ဒါ ဟာ ဈေးကွက်ကိုတိုက်ယူတဲ့သဘောပဲ။ ဒီသဘောက နိုင်ငံ ခြားသားလုပ်ငန်းရှင်တွေအကြားမှာ သူတို့အချင်းချင်း တိုက်နေကြတယ်ဆိုပေမယ့် ပြည်တွင်းလုပ်ငန်းရှင်တွေ ကျတော့ မရပ်တည်နိုင်တော့ဘူး''ဟု Samsung ၏ မြန် မာပြည်တစ်ဦးတည်းကိုယ်စားလှယ် ဦးမြတ်သင်းအောင် က ပြောသည်။
လာမည့်၂ဝ၁၅ခုနှစ်တွင် ဖြစ်ပေါ်လာမည့်AEC -အာဆီယံစီးပွားရေးအသိုက်အဝန်းတွင်တော့ အဖွဲ့ဝင်နိုင်ငံ တိုင်းက လူဦးရေသန်း ၆ဝဝ မျှရှိသော အာဆီယံဈေး ကွက်ကြီးထဲတွင် တန်းတူညီတူဈေးကွက်ယှဉ်ပြိုင်နိုင်တော့ မည်ဖြစ်သည်။ ကိုယ့်ပြည်တွင်းဈေးကွက်ကို တစ်ဖက်လူ က ဝင်ရောက်ရောင်းချနိုင်သလို ကိုယ့်ကုန်ပစ္စည်းကိုလည်း တစ်ဖက်လူ၏ဈေးကွက်ကို သွားရောက်ရောင်းချခွင့်ရှိသည်။

''ဒါပေမဲ့ ကိုယ်က မထုတ်လုပ်နိုင်တဲ့အတွက်၊ ကိုယ် က သူတို့ဆီကို သွားမရောင်းနိုင်တဲ့အတွက် ကိုယ်ရမယ့် အခွင့်အရေးတွေ ဆုံးရှုံးသွားရတာ။ တဖြည်းဖြည်းနဲ့ ကိုယ် က ဝယ်စားရတဲ့သူပဲ ဖြစ်သွားတယ်၊ သုံးစွဲသူသက်သက် ပဲဖြစ်သွားမယ်''ဟု ဦးမြတ်သင်းအောင်က သတိပေးသည်။

''နိုင်ငံခြားသားတွေကနေပြီး သူတို့ရဲ့စီးပွားရေးကို ခြယ်လှယ်သွားမှာကို စိုးရိမ်တယ်''။
လုပ်ငန်းပိုင်ဆိုင်ခွင့် ပျောက်ဆုံးလာ
ဈေးကွက်စီးပွားရေးစနစ်တွင် လောဘတကြီး စွတ် သွားနေရင်တော့ ထိုစနစ်၏ဘေးထွက်ဆိုးကျိုးများကို ခံ စားရလွယ်သည်။ နိုင်ငံတကာတွင် အောင်မြင်နေပြီးဖြစ် သည့် နိုင်ငံခြားသားလုပ်ငန်းရှင်တွေကို မိမိတို့တိုင်းရင်း သားလုပ်ငန်းရှင်များအနေဖြင့် ယှဉ်ပြိုင်နိုင်ဖို့ဆိုသည်က မေးခွန်းထုတ်စရာပင်မလိုပါ။ ကမ္ဘာ့စီးပွားရေးတွင် စီးပွား ရေးကော်ပိုရေးရှင်းကြီး ၁၁ဝကနေ ကမ္ဘာ့တိုင်းပြည်များ ၏ စီးပွားရေးတွင် ရာခိုင်နှုန်း ၅ဝ စီခန့် အုပ်စိုးထားသည် ဟု ထွန်းဖောင်ဒေးရှင်းဥက္ကဋ္ဌက ဆိုသည်။

လူဦးရေသန်း ၂၆ဝ ခန့်ရှိသော အင်ဒိုနီးရှားနိုင်ငံတွင် တရုတ်လူမျိုးအပါအဝင် ခုနစ်သန်းခန့်ရှိသော နိုင်ငံခြား သားလုပ်ငန်းရှင်များက တိုင်းပြည်စီးပွားရေး၏ ရာခိုင်နှုန်း ၆ဝ လောက်ကို ပိုင်ဆိုင်ထားသည်။ လူဦးရေ ၂၇ သန်း ရှိသော မလေးရှားနိုင်ငံတွင်လည်း ၁၈ ရာခိုင်နှုန်းသော နိုင်ငံခြားသားလုပ်ငန်းရှင်များက မလေးရှား၏ ချမ်းသာ ကြွယ်ဝမှုတွင် ရာခိုင်နှုန်း ၆ဝ လောက်အထိ နေရာယူ ထားသည်။ အလားတူ မြန်မာနိုင်ငံနှင့်အိမ်နီးချင်းထိုင်း နိုင်ငံတွင်လည်း ရာခိုင်နှုန်း ၂ဝ ခန့်ရှိသော နိုင်ငံခြားအ မျိုးအနွယ်လုပ်ငန်းရှင်များက တိုင်းပြည်စီးပွားရေး၏ ၇၅ ရာခိုင်နှုန်းလောက်အထိ ပိုင်ဆိုင်ထားသည်ဟု အမည်မဖော် လိုသူ ဝါရင့်စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

''မြန်မာနိုင်ငံမှာတော့ နိုင်ငံခြားသားလို့ ပြောလို့မ ဖြစ်တဲ့ နိုင်ငံခြားအမျိုးအနွယ်တွေက တိုင်းပြည်လူဦးရေ ရဲ့ ၁၂ ရာခိုင်နှုန်းလောက်ရှိတယ်။ သူတို့က တိုင်းပြည်စီး ပွားရေးရဲ့ ရာခိုင်နှုန်း ၆ဝ လောက်အထိပိုင်တယ်''ဟု အ ဆိုပါလုပ်ငန်းရှင်က ခန့်မှန်းသည်။
''နိုင်ငံရေးသမားတွေ သိပ်ပြောလေ့မရှိဘူး။ နိုင်ငံသား တွေအတွက် Ownership က အရေးအကြီးဆုံးပဲ''။
ထိုအချက်အလက်များသည် တိုင်းပြည်ရဲ့ဖွံ့ဖြိုးတိုး တက်မှုကို လျော့ကျသွားစေတာမဟုတ်ဘဲ တစ်ဖက်က လုပ်ငန်းတွေက ကြီးလာသောကြောင့် လုပ်ငန်းအသေးတွေ လျော့သွားသည့်သဘောဖြစ်သည်ဟု စီးပွားရေးပညာ ရှင် ဒေါက်တာမောင်အောင်က သုံးသပ်သည်။
လှိုင်သာယာစက်မှုဇုန်၏ဥက္ကဋ္ဌဖြစ်သူ ဦးမြတ်သင်း အောင်ကတော့ မြန်မာနိုင်ငံရှိလုပ်ငန်းတိုင်းတွင် နိုင်ငံခြား သွေးနှောသည့် လုပ်ငန်းရှင်များသည် ရာခိုင်နှုန်း ၈ဝ အ ထက်တွင်ပင်ရှိနိုင်ကြောင်း တွက်ဆသည်။

''အထူးသဖြင့် တရုတ်၊ ကုလားတွေက ပိုများတာ။ ဒါ ပေမဲ့ တိုင်းပြည်ဖွံ့ဖြိုးဖို့အတွက် လူမျိုးရေးခွဲခြားလို့မရပါ ဘူး။ အဓိက သူတို့နဲ့ ပူးပေါင်းလုပ်ကိုင်နိုင်ဖို့တော့ လို တယ်။ နိုင်ငံခြားသားသွေးပါလို့ နှိမ်လို့မဖြစ်ဘူး''ဟု ဦးမြတ် သင်းအောင်က ဆိုသည်။
ထိုကဲ့သို့အခြေအနေမျိုးတွင် တိုင်းရင်းသားလုပ်ငန်း ရှင်အချင်းချင်းမညီမညွတ်ဘဲ တစ်ဦးကိုတစ်ယောက်က အ မြဲတမ်း ခြေထိုး၊ ချောက်ချနေသည်များမှာ မသင့်တော် တော့ဟု ထွန်းဖောင်ဒေးရှင်းဥက္ကဋ္ဌက ဆိုသည်။ အထက် ပါအချက်အလက်များသည် ကမ္ဘာ့အရင်းရှင်စနစ်ကြီးလွှမ်း မိုးကာ နိုင်ငံခြားသားများ၏ လက်တွင်းသို့ မြန်မာနိုင်ငံ၏ စီးပွားရေးအဖတ်ဆည်မရသည့်အဆင့်အထိ ရောက်သွား နိုင်သည်ဟု သူကယူဆသည်။

''တဖြည်းဖြည်းနဲ့ ယိုးဒယားလိုပဲ အဲဒီလူတွေရဲ့လက် ထဲမှာ တိုင်းပြည်ရဲ့အာဏာရောက်သွားလိမ့်မယ်။ နောက် ဆုံး ကျွန်တော်တို့ရဲ့ ယဉ်ကျေးမှုတွေ၊ မျိုးရိုးဂုဏ်၊ ဇာတိ ဂုဏ်တွေကို သူတို့လက်ထဲ ရောက်သွားမယ်''။

ဥပမာ-အထည်ချုပ်လုပ်ငန်းကိုကြည့်လျှင် စက်ရုံ၏ ရှေ့ထွက်ပိုင်ဆိုင်သူများမှာ မြန်မာလူမျိုးများသာဖြစ်နေ ပြီး သူတို့သည် တရုတ်၊ ထိုင်ဝမ်၊ ဟောင်ကောင်စသော နိုင်ငံခြားသားလုပ်ငန်းရှင်များ၏ အမည်ခံများသာဖြစ်ကြ သည်ဟု ဒေါက်တာစိုးထွန်းက ဆိုသည်။
''အစိုးရက သိလျက်နဲ့ မျက်စိမှိတ်နေကြတယ်။ ဒါ တွေက အလုပ်သမားပြဿနာတစ်ခုခုဖြစ်တိုင်း ဒါတွေ ချက်ချင်းပေါ်တာပဲ''ဟု ဦးမြတ်သင်းအောင်က ထောက်ခံ သည်။
ကမ္ဘာကြီးသည် ရွာကြီးတစ်ရွာလိုဖြစ်နေသည်မို့ နိုင်ငံ ခြားသားများဝင်ရောက်လာသည်ကိုလည်း တားလို့မရ သည့်အခြေအနေတွင် ''ခက်တာက သေးငယ်တဲ့တိုင်းရင်း သားလုပ်ငန်းရှင်တွေကိုယ်တိုင်က စည်းလုံးညီညွတ်မှုမရှိ ဘူး။ ရှေးရိုးအတိုင်းပဲ သွားနေမယ်ဆိုရင်တော့ အားကြီး တဲ့သူတွေရဲ့ နင်းချေတာခံရမှာပဲ''ဟု Farmer Auto Show room မှ ဒေါက်တာစိုးထွန်းက မှတ်ချက်ပြုသည်။

မိမိတို့ကိုယ်တိုင်က တစ်ဦးတစ်ယောက်တည်းအနေ ဖြင့် ဘာတစ်ခုမှယှဉ်ပြိုင်နိုင်စွမ်းမရှိတော့သည့်အဆုံးတော့ လုပ်ငန်းတူအချင်းချင်း၊ စိတ်တူကိုယ်တူအချင်းချင်းပေါင်း စပ်လုပ်ကိုင်မှုကိုသာ သူ့အနေဖြင့်လက်ခံကြောင်း ဒေါက် တာစိုးထွန်းကဆိုသည်။ သူက ယခုလိုလည်း ဥပမာတစ်ခု ပေးပါသည်။

''တောနက်တစ်ခုထဲမှာ အကောင်ကြီးတဲ့သူတွေက တစ်ကောင်တည်းနေနိုင်တယ်ဆိုပေမယ့် အကောင်သေး တဲ့သူတွေကတော့ စုဖွဲ့ပြီးနေနိုင်မှ အားကြီးမယ်။ ပြည် တွင်းလုပ်ငန်းတွေလဲ လုပ်ငန်းတူချင်း စုဖွဲ့ဖို့လိုတယ်။ စုဖွဲ့ တဲ့နေရာမှာလဲ ရိုးသားမှုကို အခြေခံပြီးသွားမှရမယ်။ ဒီလို မှမဟုတ်ရင် အင်အားကြီးတဲ့သူတွေဝင်လာတဲ့အခါ ကျွန် တော်တို့ဟာ သူတို့ရဲ့လက်ဝေခံတွေ၊ အရောင်းကိုယ်စား လှယ်တွေပဲ ဖြစ်သွားလိမ့်မယ်''။ ။

Yangon Media Group