တရုတ်သတ္တုတွင်းက သဘောကောင်းရန် ကြိုးစားသော်လည်း

ပို့စ်တင်ချိန် - 5/24/2014 07:16:00 AM

လက်ပံတောင်းဒေသခံတစ်ဦးမှ ဒေါ်အောင်ဆန်းစုကြည်ခရီးစဉ်အတွင်း ငိုကြွေးရင်ဖွင့်နေစဉ်


Author:
ခင်မေဇော် (ဝါရှင်တန် ဒီစီ)


မြန်မာနိုင်ငံ   မြောက်ပိုင်းက လက် ပံတောင်းတောင်ကြေးနီသတ္တုတွင်းတွင် နာမည်ဆိုးပြဿနာရှိနေသည်။

ဆန့်ကျင်ကန့်ကွက်သူများ က မေလ ၁၈ ရက်တွင် တရုတ် ကုမ္ပဏီဝမ်ပေါင်အတွက် အလုပ် လုပ်ကိုင်နေသူ သုံးဦးကို ပြန်ပေး ဆွဲလိုက်ခြင်းက လောဘကြီး သည့် နိုင်ငံခြားကုမ္ပဏီ၏ စီမံ ကိန်းအပေါ် ဒေသခံလူထု၏ မလို လားမှုကို ထပ်လောင်းပြသလိုက် ခြင်း ဖြစ်သည်။ ဤကိစ္စက တရား မျှတမှုမရှိပါ။ သို့သော် ယင်းဖြစ် ရပ်က မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ် နှံမှု ကြီးကြီးမားမား    လုပ်ကိုင် ဆောင်ရွက်၍ မလွယ်ကူကြောင်း ပြသနေသည်။ အထူးသဖြင့် လယ်သမားများကို နေရာရွှေ့ ပြောင်းသည့် စီမံကိန်းများတွင် ဖြစ်ပြီး ရင်းနှီးမြှုပ်နှံသူက တရုတ် ဖြစ်နေသည့်အခါတွင် ဖြစ်သည်။

ပြန်ပေးဆွဲသူများက သူတို့၏ ဓားစာခံများကို လက်ဖျားနှင့်ပင်မတို့ဘဲ အမြန်ပင် ပြန်လွှတ်ပေးလိုက်ပြီး နာမည်ဆိုးနှင့် ကျော်ကြားနေသည့် စီမံကိန်းကို ဖျက်သိမ်းရန် တောင်းဆိုလိုက်သည်။ ၂၀၁၂ ခုနှစ် နိုဝင်ဘာက မီးလောင်ပြီး အသက်ရှူကျပ်စေသည့် ဖော့စ်ဖရပ်အဖြူ ဓာတုပစ္စည်းပါဗုံးကို အာဏာပိုင်များက အသုံးပြုပြီး ဆန္ဒပြသူများကို လူစုခွဲခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်လာ ရောက်လည်ပတ်မည့်နေ့မတိုင်မီ တစ်ရက်အလိုတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ လအနည်းငယ်အကြာ တွင် ယင်းစီမံချက်ကို လက်ခံ အတည်ပြုသည့် လွှတ်တော်ကော် မတီတစ်ရပ်၌ ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သဖြင့် လူချစ်လူခင် များလှသော ဒေါ်အောင်ဆန်းစု ကြည်ကိုယ်တိုင် ဒေါသထွက်နေ သော လူအုပ်ကြီးနှင့် ယင်းနေရာ တွင် ရင်ဆိုင်ခဲ့ရသည်။ ဆန့်ကျင် ကန့်ကွက်သူများက သဘာ၀၀န်း ကျင်ပျက်စီးမည့် အန္တရာယ်ကိုစိုး ရိမ်နေပြီး နေရာရွှေ့ပြောင်းရသူ များက နစ်နာကြေးအပြည့်အ၀ ရရှိခြင်း မရှိဟု ဆိုသည်။ ဒေသခံ အချို့က ပြောင်းရွှေ့ရန် ငြင်းဆန် နေသဖြင့် စီမံကိန်းကို ရပ်ဆိုင်း ထားဆဲ ဖြစ်သည်။ မိသားစုရာနှင့် ချီ၍ သူတို့၏နေအိမ်များကို ဆုံး ရှုံးရမည်ဖြစ်သော်လည်း ယင်း နေရာတွင် ရွာပေါင်း ၃၀ ကျော်ရှိ ပြီး လူဦးရေ ၂၆,၀၀၀ ရှိသည်။

လက်နက်ကုမ္ပဏီကြီး နိုရင် ကို၏ လက်အောက်ခံ ကုမ္ပဏီခွဲ ဖြစ်သည့် ၀မ်ပေါင်က ယင်းစီမံ ကိန်းကို ၂၀၁၁ ခုနှစ်တွင် ကနေဒါသတ္တုတွင်းကုမ္ပဏီ အိုင်ဗင်ဟို ထံမှ ၀ယ်ယူခဲ့သည်။ မြန်မာစစ်အာဏာရှင်များနှင့် ဖက်စပ်လုပ် ကိုင်ခဲ့သည့် နာမည်ဆိုးက အိုင်ဗင်ဟို၏ အခြားဒေသများမှ စီးပွားရေးလုပ်ငန်းများတွင် အခက်အခဲ ဖြစ်စေခဲ့သည်။ တရုတ်ကုမ္ပဏီ များကမူ အနောက်နိုင်ငံ စီးပွားရေးပိတ်ဆို့မှုကို   စိုးရိမ်ကြောင့်ကြ စရာမရှိသဖြင့် စစ်အာဏာရှင် များနှင့်     ဖက်စပ်လုပ်ကိုင်ရန် နောက်မတွန့်ခဲ့ပေ။   ယခင်စစ် ဗိုလ်ချုပ်အများစု    ပါဝင်သည့် ၂၀၁၀ ရွေးကောက်ခံအရပ်သား အစိုးရ၏ အကျော်ကြားဆုံးလုပ် ရပ်တစ်ခုမှာ တရုတ်ရေကာတာ စီမံချက်ကြီးကို ရပ်ဆိုင်းထားလိုက်ခြင်းဖြစ်သည်။  လက်ပံ တောင်းတွင် ၂၀၁၂ ခုနှစ် ဆန္ဒပြ ကန့်ကွက်မှုများ   နောက်ပိုင်း သဘောတူညီချက်ကို ပြန်လည်ပြင်ဆင်ခဲ့ရာ    ၀မ်ပေါင်ကုမ္ပဏီအတွက် အမြတ်အစွန်း၏ ၃၀ ရာခိုင်နှုန်း ၊ စစ်တပ်က ပိုင်ဆိုင်သည့်  ဦးပိုင်ကုမ္ပဏီအတွက် ၁၉ ရာခိုင်နှုန်းနှင့် မြန်မာအစိုးရ အတွက် ၅၀ ရာခိုင်နှုန်းဟူ၍ဖြစ် သည်။

ဝမ်ပေါင်ကုမ္ပဏီက ဒေသခံ များနှင့် အဆင်ပြေရန် အတော် ကြိုးစားခဲ့သည်။ မြန်မာနိုင်ငံဆိုင် ရာ ၀မ်ပေါင်အကြီးအကဲ ဂန်းရီ က လူမှုရေးတာဝန်ခံမှုအဖြစ် မြန်မာနိုင်ငံတွင် ဒေါ်လာ ၁ ဒသမ၈ သန်းကို ပြီးခဲ့သည့်နှစ်က ကျခံသုံးစွဲခဲ့သည်ဟု ဆိုသည်။ ယင်းမှာ လူမှုရေးအတွက် သဘောတူညီထားသည့် နှစ်စဉ်ဒေါ်လာ ၁ သန်းထက် ပိုမိုကျခံသုံးစွဲခဲ့ခြင်း ဖြစ်သည်။ ယင်းပမာဏသည် ဒေါ်လာသန်းတစ်ထောင်ကျော် ကုန်ကျသည့် စီမံကိန်းနှင့်စာလျှင် အလွန်ပင်နည်းပါးလှသော်လည်း မြန်မာနိုင်ငံအတွက် အတော်ပင် တာသွားခဲ့သည်။ အကယ်၍တစ် ချိန်တွင် သတ္တုတွင်း ဖွင့်လှစ်ခဲ့ မည်ဆိုလျှင် အမြတ်အစွန်း၏ ၂ ရာခိုင်နှုန်းကို ဒေသခံပြည်သူများ အတွက် ပြန်လည်အသုံးချဦးမည် ဖြစ်သည်။

ပြန်ပေးဆွဲမှု မဖြစ်ပွားမီ ရက်ပိုင်းတွင် ၀မ်ပေါင်၏လူမှုရေး အတွက် သုံးစွဲမှုမှ အသီးအပွင့်များ ကို The Economist ကို ခေါ်ယူပြသခဲ့ရာ ကလေးထိန်းကျောင်း ပါဝင်သည့် ရွာသစ်တစ် ရွာလည်း ပါဝင်သည်။ ကလေးများက ယခင်ကဆိုလျှင် အိမ်များ (သို့မဟုတ်) တလင်းပြင်နှင့် ဘုန်းကြီးကျောင်း ၀င်းကြီးများတွင်သာ နေထိုင် ဆော့ကစားကြရသည်။

ဝမ်ပေါင်က ဤနေရာတွင် အလုပ်ပေါင်း လေးထောင်ခန့် ဖန်တီးနိုင်ခဲ့သည်ဟုလည်း ပြော ဆိုသည်။ သို့သော်လည်း လူများ က သူတို့ကို ကျေးဇူးအထူးတင်နေ ပုံတော့ မတွေ့ရပါ။ မေလတွင် ၀မ်ပေါင်အလုပ်သင်လုပ်သား ၂၀၀ ကျော် ဆန္ဒပြပြီး လစာ နှစ်ဆတိုးပေးရန် တောင်းဆိုခဲ့ သည်။ ၀မ်ပေါင်က ပေးသည့်စက် ဖြင့် ၀မ်ပေါင်ကဖွင့်သည့် စက် ချုပ်သင်တန်းတက်ခဲ့သူ အမျိုး သမီးတစ်ဦးက သတ္တုတွင်းစီမံ ကိန်းကို မနှစ်မြို့နိုင်သေးပါ။ ‘‘ဒီမှာ အလုပ်တွေ မရှိပါဘူး။ နေရတာ ပိုတောင်ဆိုးလာသေးတယ်’’

မျိုးရိုးစဉ်ဆက် လယ်ယာ လုပ်ငန်းဖြင့် အသက်မွေးလာကြ သည့် မိသားစုများအနေဖြင့် အခြားနည်းလမ်းဖြင့် လုပ်ကိုင် စားသောက်ရမည့် ဘ၀မျိုးကို လက်ခံရန်ခက်ခဲနေသည်။ ထို့အ ပြင်သတ္တုတွင်းစီမံကိန်းကြောင့် မြေယာဈေးများတက်လာသဖြင့် လျော်ကြေးလက်ခံသူများကပင် လျှင် ပို၍တောင်းဆိုလာနိုင်သည်။

ယင်းဖြစ်ရပ်များမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများက ဆင်းရဲ သော နိုင်ငံအများစုတွင် ရင်ဆိုင်ရလေ့ရှိသော ပြဿနာများ ဖြစ်ပါသည်။ အမှန်မှာ လက်ပံတောင်းမှာကဲ့သို့ အနိုင်ကျင့်မှုများက လည်း   ၀မ်ပေါင်က   အစပြုဖန်တီးခဲ့သည့် ပြဿနာများ မဟုတ်ပါ။ သတ္တုတွင်း၏ ကျော်ကြားနေသော အမည်ဆိုးကြောင့်ပင် ဖြစ်သည်။ ပညတ်သွားရာ ဓာတ်သက်ပါနေလေတော့သည်။

(The Economist မဂ္ဂဇင်းပါ Kidnapped: A Chinese Miner Tries to be Nice ကို ခင်မေဇော် ဘာသာပြန်ဆိုသည်)

7day daily