အရှုံးထဲက နောက်ထပ်အရှုံးတွေ မများစေဖို့
ပို့စ်တင်ချိန်
- 5/24/2014 07:17:00 AM
Author:
ဇော်မင်း
၁၉ရာစု အချိန်ကာလကနေ ၂၀ ရာစုရဲ့ ၁၉၇၀ ပြည့်နှစ်များအထိ ဖွံ့ဖြိုးတိုးတက်မှုဆိုတာကို နိုင်ငံတစ်ခုရဲ့ ဓနကြွယ်ဝချမ်းသာလာမှုနဲ့ တိုက်ရိုက်တိုင်းတာလေ့ရှိခဲ့ပါတယ်။ ဆိုလိုတာကတော့ နဂိုကထက် ငွေပိုရှိလာတာမျိုးကိုတိုး တက်တယ်၊ ဖွံ့ဖြိုးတယ်လို့ သတ် မှတ်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာ အရ ချမ်းသာလာတာဟာ မြင်သာတဲ့ အခြေအနေဖြစ်တာကြောင့် ချမ်း သာလာတယ်ဆိုတာ ဖွံ့ဖြိုးတာပဲ လို့ မြင်ခဲ့ကြပါတယ်။
ဒါပေမဲ့ အခုခေတ်မှာတော့ နိုင်ငံတစ်ခု လူ့အဖွဲ့အစည်းတစ်ခု ဖွံ့ဖြိုးတိုးတက်လာတာကို တိုင်း တာတဲ့နေရာမှာ ငွေကြေးချမ်းသာ လာတာတစ်ခုတည်းနဲ့ မတိုင်း တာတော့ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ ချမ်းသာကြွယ်ဝမှုဆိုတာ လူနည်းစုလက်ထဲမှာသာ ရှိနေ တာကြောင့်ပါ။ ဒီမိုကရေစီဘယ် လောက်ထွန်းကားလာသလဲ၊ လူ တွေ ဘယ်လောက်လွတ်လပ်စွာ လုပ်ကိုင်စားသောက် နေထိုင်နိုင်ပြီလဲဆိုတာပါ ချိန်ထိုးလာတယ်။
၁၉၂၉ နဲ့ ၁၉၃၀ ပြည့်နှစ် များမှာ ကမ္ဘာ့စီးပွားပျက်ကပ်ကြီး နဲ့ ကြုံရပါတယ်။ မြန်မာနိုင်ငံမှာ လည်း ဆန်ဈေးတွေထိုးကျသွား လို့ လယ်သမားတွေ ဒုက္ခရောက် ခဲ့ရသလို လယ်သမားအရေးတော် ပုံနဲ့ပါ ရင်ဆိုင်ရပါတယ်။ ချမ်းသာ ပါတယ်ဆိုတဲ့ အမေရိကန်လို နိုင်ငံမျိုးမှာလည်း စက်ရုံတွေ၊ အလုပ်ရုံတွေ ရပ်ဆိုင်းခဲ့ရလို့ လူအများဒုက္ခအကြီးအကျယ် ရောက်ခဲ့ရပါတယ်။ ဒါပေမဲ့ ချမ်းသာတဲ့လူတန်းစားကတော့ ချမ်းသာနေမြဲပါ။ အဝေးမြင်ကွင်းကနေ ကြည့်ရင်တော့ အမေရိကန်နိုင်ငံဟာ နိုင်ငံတစ်ခုအနေနဲ့ ချမ်းသာနေဆဲပါ။ ဒါလည်းတစ်ဖက်မှာ ဟုတ်ပါတယ်။ ဒါပေမဲ့ နိုင်ငံအတွင်းက သာမန်အမေရိကန်ပြည်သူတွေကတော့ အလုပ်လက်မဲ့တွေဖြစ်ပြီး ဆင်းရဲမှုနဲ့ ရင်ဆိုင်ရပါတယ်။
၁၉၈၀ ပြည့်နှစ်များနောက် ပိုင်းမှာတော့ ဖွံ့ဖြိုးတိုးတက်မှုကို တိုင်းထွာတဲ့နေရာမှာ နိုင်ငံသား တွေ ဘယ်လောက်လွတ်လပ်မှုရှိ သလဲ၊ အကြောက်တရားကင်း ကင်းနဲ့ လုပ်ကိုင်စားသောက်နိုင် သလားဆိုတာကိုပါ ပညာရှင်များ အနေနဲ့ ထည့်သွင်းတွက်ချက်လာ ကြပါတယ်။ တစ်ချိန်တည်းမှာ လည်း နိုင်ငံရေးစနစ်အရ အဆိုပါ နိုင်ငံတစ်ခုဟာ ဒီမိုကရေစီကော ဖွံ့ဖြိုးတိုးတက်ရဲ့လား ဆိုတာ စောင့်ကြည့်ခံရပါတယ်။ သို့သော် လည်း တချို့ကတော့ ဒီမိုကရေစီ ဆိုတာ အတော်အတန်လောက်ပဲ ကောင်းတယ်။ ဒီမိုကရေစီများ လွန်းရင် စီးပွားရေးတိုးတက်မှုကို အဟန့်အတားဖြစ်စေတယ်လို့ ဆို ပါတယ်။ ဒီအဆိုကိုထောက်ခံတဲ့ လူပုဂ္ဂိုလ်များထဲမှာ တစ်ချိန်က စင်ကာပူရဲ့ ပထမဆုံးဝန်ကြီးချုပ် လီကွမ်ယုဟာ ထိပ်ဆုံးကလို့ဆို နိုင်ပါတယ်။ လီကွမ်ယုက ဒီလို ပြောပါတယ်။ လူတွေဟာ ထမင်း ဝဝစားရရေးကိုသာ အဓိကထား တယ်။ ဒါကြောင့် ဒီမိုကရေစီတွေ၊ လွတ်လပ်မှုတွေဆိုတာ အခုမရ သေးလည်းကိစ္စမရှိ၊ နောက်နောင်မှလာလည်း ပြဿနာမရှိဘူးလို့ ပြောခဲ့ပါတယ်။ ပြောရရင်တော့ လီကွမ်ယုသည်လည်း စစ်အာ ဏာရှင်မဟုတ်ပေမယ့် အရပ်သား အာဏာရှင်နောက်တစ်မျိုးပါ။
အဲသလို အခြေအနေမျိုးမှာ စီးပွားရေးကောင်းဖို့ကသာ ပထမ၊ ဒီမိုကရေစီနဲ့ လွတ်လပ်မှုက နောင်မှလာလည်းရတယ်ဆိုတဲ့ သီအိုရီကို ဆုပ်ကိုင်ထားတဲ့ ပညာ ရှင်တချို့လည်း ရှိနေဆဲဖြစ်ပါ တယ်။ အဲဒီအယူအဆမျိုးကို ဆွဲကိုင်တဲ့ပညာရှင်တွေထဲမှာ အနောက်တိုင်းပညာရှင်တချို့ ပါသလို အရှေ့တိုင်းသားပညာ ရှင်တချို့လည်း ပါပါတယ်။
အဆိုပါ သီအိုရီကိုဆွဲကိုင် တဲ့ ပညာရှင်များက ဒီလိုထောက် ပြပါတယ်။ ‘‘တောင်ကိုရီးယား ကြည့်ပါလား။ မူလကအာဏာ ရှင်ပုံစံနဲ့ သွားခဲ့တာပဲ။ ဒါပေမဲ့ ချမ်းသာလာတယ်။ နောက်ပိုင်း ကျမှ ဒီမိုကရေစီကိုကူးပြောင်းတာ မဟုတ်လား’’လို့ ဆိုပါတယ်။ အဲဒါ အပြင် လက်ရှိတရုတ်နိုင်ငံဟာ ကွန်မြူနစ်တစ်ပါတီစနစ်နဲ့ တိုင်း ပြည်ကိုအုပ်ချုပ်နေပေမယ့် အခု နေအခါမှာ ဒီမိုကရေစီမရှိသေး ပေမယ့် ချမ်းသာလာပြီလို့ထောက်ပြပါတယ်။ ဒီနေရာမှာ သေသေချာချာလေ့လာစူးစမ်းဖို့လိုလာပါတယ်။ နိုင်ငံတွေရဲ့တိုးတက်မှုကို တိုင်းတာတဲ့နေရာမှာ သီးသီးသန့်သန့်တည်ရှိနေတဲ့ အခြေအနေတွေကို ထည့်တွက်ဖို့ဆိုတာ ဖြစ်လာပါတယ်။ အဲသလိုသီးသီးသန့်သန့်တည်ရှိနေတဲ့ အခြေအနေတွေကို ထည့်မတွက်ရင် စင်ကာပူ၊ တောင်ကိုရီးယားနဲ့ တရုတ်ကို နမူနာထားပြီး အာဏာရှင်စနစ်ဆိုပေမယ့် လုပ်တတ်ရင် ချမ်းသာတာပဲ မဟုတ်လားလို့ ထင်စရာဖြစ်လာပါတယ်။ ဒါပေမဲ့ တိုင်းပြည်တိုင်း၊ တိုင်းပြည်တိုင်း ရဲ့ သီးသီးသန့်သန့်တည်ရှိနေတဲ့ အခြေအနေအချက်အလက်တွေဟာစင်ကာပူတို့၊ တရုတ်တို့၊ တောင်ကိုရီးယားတို့နဲ့ ထပ်တူကျဖို့ မဖြစ်နိုင်ပါဘူး။ ပြောရရင် နိုင်ငံအနေနဲ့ ချမ်းသာလာပြီဆိုပေမယ့် တရုတ်ပြည်မှာလည်း လူဆင်းရဲတွေ အမြောက်အမြားရှိနေဆဲပါ။
ဥပမာ အိန္ဒိယနိုင်ငံကိုကြည့် လိုက်မယ်ဆိုရင် နိုင်ငံတော်တစ်ခု အနေနဲ့ ကမ္ဘာမှာ ထိပ်တန်းမဟုတ် ပေမယ့် ချမ်းသာတယ်လို့ ဆိုနိုင် ပါတယ်။ သို့သော် လူဦးရေသန်း ပေါင်းတစ်ထောင့်တစ်ရာမှာ လူ အများစုက ဆင်းရဲသားတွေပါ။ ဆင်းရဲသားတွေများနေဆဲဆိုတဲ့ အချက်ဟာ အိန္ဒိယနိုင်ငံရဲ့ သီး ခြားဖြစ်တည်လာခဲ့တဲ့ အခြေ အနေဖြစ်ပါတယ်။ လူဦးရေများ လွန်းတယ်၊ လူလူချင်း ဇာတ်ခွဲ ခြားတဲ့စနစ်ရှိနေသေးတယ်ဆို တာကလည်း နောက်ထပ်သီးခြား တည်ရှိနေတဲ့ အခြေအနေလည်း ဖြစ်ပါတယ်။ သို့သော် အိန္ဒိယ နိုင်ငံဟာ တစ်ဖက်မှာပြန်ကြည့် ရင် အာဏာရှင်စနစ်နဲ့သွားနေတဲ့ နိုင်ငံမဟုတ်ဘဲ ဒီမိုကရေစီထွန်း ကားတဲ့ နိုင်ငံလည်းဖြစ်နေပါ တယ်။ နိုင်ငံသားတွေ လွတ်လပ် စွာ ပြောနိုင်ဆိုနိုင်တယ်။ သတင်း မီဒီယာတွေ လွတ်လပ်တယ်။ ကိုယ်ကြိုက်တဲ့နိုင်ငံရေးပါတီကို မဲထည့်နိုင်တယ်၊ နောက်ကျောကို သေနတ်နဲ့ ထောက်တာမျိုးမရှိ ဘူး။ အတိုင်းအတာတစ်ခုအရ ဥပဒေစိုးမိုးတယ်လို့ ဆိုနိုင်ပါ တယ်။ ဒီလိုအချက်မျိုးတွေကျ တော့ တရုတ်ပြည်မှာ မရှိပါဘူး။ စင်ကာပူမှာလည်း မရှိပါဘူး။
လီကွမ်ယုဟာ သူ့ရဲ့ သီအို ရီအရ စင်ကာပူနိုင်ငံကို ငွေကြေး အရ ချမ်းသာတိုးတက်လာ အောင် ရှေ့ဆောင်ခဲ့တယ်ဆိုတာ က ငြင်းလို့မရတဲ့အချက်ဖြစ်ပါ တယ်။ သို့သော် ဒီလိုတိုးတက်လာ ရတာကလည်း သီးသီးသန့်သန့် တည်ရှိနေတဲ့ အခြေအနေတွေ ကြောင့်လည်း ဖြစ်တယ်ဆိုတာ တစ်ဖက်မှာမြင်နိုင်ပါတယ်။ ဘယ် လိုသီးသီးသန့်သန့် တည်ရှိနေတဲ့ အချက်တွေလဲဆိုတာကြည့်ရ အောင်ပါ။
ပထဝီအနေအထားအရ စင်ကာပူနိုင်ငံဟာ မလက္ကာရေ လက်ကြားမှာတည်ရှိပါတယ်။ အရှေ့အနောက်ကမ္ဘာ့ကုန်သွယ် ရေးလမ်းကြောင်းပေါ်မှာ ရှိပါ တယ်။ ဒုတိယကမ္ဘာစစ်ကြီးအပြီး မှာ စင်ကာပူရဲ့ ပထဝီနိုင်ငံရေး အရေးပါပုံဟာ အရင်းရှင်နိုင်ငံ ကြီးများအတွက် ဟိုရှေးတုန်းက လိုပဲ ဆက်လက်အရေးပါနေတုန်း ပါ။ ၁၉၆၇ ခုနှစ် စင်ကာပူနိုင်ငံ ရယ်လို့ ဖြစ်လာတဲ့အခါမှာ ကုန် သွယ်ကူးသန်းရောင်းဝယ်ရေး အတွက် အရင်းရှင်နိုင်ငံကြီးများရဲ့ မျက်နှာသာပေးတာကို ခံရပါ တယ်။ ကုန်သွယ်ရေးအထူးအခွင့် အရေး special trading privileges တွေ ရရှိခံစားခဲ့ရပါတယ်။ အခု လည်း ရရှိနေဆဲပါ။ နောက်တစ် ချက်ကတော့ နိုင်ငံက သေးငယ် တဲ့အတွက် နိုင်ငံကြီးပြီး လူမျိုးကွဲ များပြားတဲ့နိုင်ငံတွေထက် စီမံခန့် ခွဲရတာ လွယ်ကူပါတယ်။ ဒီလို ပြောလိုက်လို့ စင်ကာပူနိုင်ငံသား တွေ ဇိမ်နဲ့နှပ်နေတယ်၊ အလုပ် မကြိုးစားဘဲ ချမ်းသာလာတယ်လို့ ဆိုလိုတာမဟုတ်ပါ။ သူတို့ဘက် က ကြိုးစားရမယ့်ကိစ္စတွေကို လည်း အောင်မြင်အောင် ဆောင် ရွက်နိုင်တာကတော့ ချီးကျူးရမှာ ပါပဲ။ ကြိုးစားနေတဲ့တစ်ချိန်တည်း မှာလည်း အခွင့်အလမ်းကောင်း တွေ သီးသီးသန့်သန့်တည်ရှိနေ တယ်ဆိုတာကို ထောက်ပြလိုရင်း ပါ။ လီကွမ်ယုက အာဏာရှင်ဆန် ဆန် စီးပွားရေးတစ်ခုတည်းကို ဇောက်ချပြီး ဦးဆောင်ခဲ့လို့ အောင်မြင်တာဖြစ်တယ်ဆိုတဲ့ သီအိုရီမှာ ဟာကွက်တွေရှိနေ သေးတယ်ဆိုတာကို ပြန်ထောက် ပြတာဖြစ်ပါတယ်။
သီးသီးသန့်သန့်တည်ရှိနေ တဲ့ အခြေအနေအကြောင်းတရား ဆိုတာနဲ့ပတ်သက်လို့ ထပ် လောင်းပြောလိုပါသေးတယ်။ ဥပမာအားဖြင့် စင်ကာပူနိုင်ငံဟာ အခုတည်ရှိနေတဲ့ မလက္ကာရေ လက်ကြားမှာမဟုတ်ဘဲ တောင် ဝင်ရိုးစွန်းဘက်က တစ်နှစ်မှာ ခြောက်လလောက် ရေခဲနေတဲ့ နိုင်ငံလေးတစ်ခုဆိုပါစို့။ စီးပွား ရေးသာ ပထမဆိုပြီး လီကွမ်ယု ကြွေးကြော်ခဲ့သလို တိုးတက်ချမ်း သာဖို့ဆိုတာ ဖြစ်နိုင်ပါ့မလား။
ဒါမှမဟုတ်လည်း စင်ကာပူဟာ လီကွမ်ယုရဲ့ စီးပွားရေးသာ ပထမ ဆိုတဲ့ ပေါ်လစီနဲ့လုပ်တယ်ကိုင် တယ်ပဲထား တိဗက်ကုန်းမြေမြင့် က ကုန်းတွင်းပိတ်နိုင်ငံလေးတစ် ခုဖြစ်နေရင်ကော သူ့ရဲ့ဒဿန ဟာ မှန်နိုင်ပါ့မလား။ အခုချမ်း သာနေသလို ချမ်းသာဖို့ ဖြစ်နိုင် ပါ့မလား။ ဒါတွေက မေးရမယ့် မေးခွန်းတွေပါ။
ဒါကြောင့် အာဖရိကတိုက် နဲ့ တောင်အမေရိကတိုက်က နိုင်ငံတွေကို ပြန်ကြည့်လိုက်ရင် မြင်ရတာတွေ အများကြီးရှိပါ တယ်။ သူတို့လည်း ကြိုးစားခဲ့တာ ပါပဲ။ အခုလည်း ဆက်ကြိုးစားနေ ဆဲပါ။ ဒါပေမဲ့ စင်ကာပူလို၊ တောင်ကိုရီးယားလို၊ တရုတ်လို ရုပ်ပိုင်းဆိုင်ရာအရ ချမ်းသာလာ တဲ့ နိုင်ငံဆိုတာ မရှိသေးပါ။ အရှေ့တောင်အာရှဒေသတွင်း က အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်တို့ လည်း ချမ်းသာအောင်ကြိုးစားနေ တဲ့ နိုင်ငံတွေဖြစ်ပါတယ်။ ဒါပေမဲ့ သူတို့မှာလည်း သီးသီးသန့်သန့် တည်ရှိနေတဲ့ အခြေအနေများရှိ နေတာကြောင့် ဟိုနိုင်ငံများလို ရုပ်ပိုင်းဆိုင်ရာအရ ကျိကျိတက် အောင်ချမ်းသာတဲ့ နိုင်ငံမျိုးတွေ ဖြစ်မလာသေးပါ။ သို့သော် ဒီမို ကရေစီဖြစ်ထွန်းမှုကတော့ စင် ကာပူတို့၊ တရုတ်တို့ထက် ရှေ့ကို ရောက်ပါတယ်။
ရုပ်ပိုင်းဆိုင်ရာအရ ချမ်းသာ ဖို့ဆိုတာ ယေဘုယျအားဖြင့် ပြော ရရင် စက်မှုထွန်းကားမှ ချမ်းသာ တာဖြစ်ပါတယ်။ စက်မှုထွန်းကား ဖို့ဆိုတော့ စက်မှုလုပ်ငန်းတွေ အတွက် နည်းပညာလိုလာပါ တယ်။ နည်းပညာကို ပိုင်ဆိုင်တဲ့ အရင်းရှင်နိုင်ငံကြီးများက မမျှဝေ ဘဲ အဆင့်မြင့်နည်းပညာများကို မရနိုင်ပါ။ အဆင့်မြင့်စက်မှုနည်း ပညာတွေကို လွယ်လင့်တကူရရှိ ဖို့ဆိုတာက ကမ္ဘာ့နိုင်ငံရေး အခင်း အကျင်းအရ ကိုယ့်လူဟုတ်၊ မဟုတ်ဆိုတာကလည်း ပါလာပြန်ပါတယ်။ ဒါကလည်း နောက်ထပ်တည်ရှိနေတဲ့ သီးသီးသန့်သန့် အခြေအနေတစ်ခုလို့ ဆိုနိုင်ပါတယ်။
ဖွံ့ဖြိုးတိုးတက်တယ်ဆိုတဲ့ အကြောင်းကို ပြောရရင် အမျိုး မျိုးသော ဆက်စပ်နေတဲ့ကိစ္စတွေ ကို မလွဲမသွေထည့်သွင်းစဉ်းစား ရပါတယ်။ ဖွံ့ဖြိုးတိုးတက်ခြင်းကို သွားနေရင်း ဒီမိုကရေစီထွန်းကား ဖို့အတွက် ပိတ်ပင်မထားဘဲ ဆောင်ရွက်တာဟာ နိုင်ငံသားတို့ အတွက် အကျိုးများပါတယ်။ ဆင်းရဲနေတုန်းလည်းဖြစ်၊ ဘယ် တော့မှ ချမ်းသာမှန်းလည်းမသိ နိုင်၊ လွတ်လပ်ခွင့်နဲ့ ဒီမိုကရေစီ လည်း မရှိဘူးဆိုရင် (ရှိနေတဲ့ ဒီမို ကရေစီကလည်း ဟန်ပြသာဖြစ် နေရင်)ဒီလိုအခြေအနေမျိုးဟာ တော်တော်စိတ်ပျက်ဖို့ကောင်းတဲ့ အခြေအနေလို့သာ ပြောလိုပါ တယ်။ သူများနည်းတူ စီးပွားရေး နှစ်ခုစလုံး တိုးတက်ဖွံ့ဖြိုးလာရင် တော့ ပိုကောင်းတာပေါ့။ အဲဒါမှ မဟုတ်ရင် တစ်ခုမဟုတ်တစ်ခု တော့ တိုးတက်ထွန်းကားဖို့လိုပါ တယ်။ နိုင်ငံသားလူများစုကြီး အတွက် စီးပွားရေးလည်း တိုးတက်မလာသလို ဒီမိုကရေစီလည်း စစ်စစ်မှန်မှန် ဖွံ့ဖြိုးမလာဘူးဆိုရင် ကျွန်တော်တို့တိုင်းပြည်အတွက် အရှုံးထဲက နောက်ထပ် အရှုံးများကိုသာ ရင်ဆိုင်ကြရမှာဖြစ်ပါကြောင်း။
7day daily