ရန်ကုန်မြို့ အလှည့်အပြောင်းတစ်ခုကို ရောက်နေပြီ
ပို့စ်တင်ချိန်
- 5/25/2014 08:10:00 PM
ရန်ကုန်မြို့လယ်တစ်နေရာ(ဓာတ်ပုံ−ကျော်ဇင်သန်း) |
ရန်ကုန်မြို့က ကြီးမားတဲ့ မြို့ပြစီမံကိန်းဆိုင်ရာ အလှည့် အပြောင်းတစ်ခုကို ရောက်နေပါ ပြီ။ မြို့ရဲ့အဆောက်အအုံအမြင့် ကန့်သတ်မှုအစီအစဉ်ကို ပထမ ဆုံးအကြိမ်အဖြစ် မူကြမ်းရေးဆွဲ ထားပြီးဖြစ်သလို လာမယ့်ရက် သတ္တပတ်အနည်းငယ်အတွင်းမှာ အဲဒီမူကြမ်းကို အများပြည်သူက တရားဝင်သုံးသပ်နိုင်တော့မှာဖြစ် ပါတယ်။ ဒီအစီအစဉ်က ရန်ကုန် မြို့တွင်း အထပ်မြင့်ဆောက်လုပ် မှုတွေကို မြို့ရဲ့သင့်လျော်တဲ့နေ ရာတွေမှာသာ ဆောက်လုပ်စေပြီး မြို့ရဲ့မူလထူးခြားမှုလက္ခဏာ တွေကို မပျက်ယွင်းအောင်ထိန်း သိမ်းထားနိုင်ဖို့ဖြစ်ပါတယ်။ ရန်ကုန်ရဲ့ထူးခြားတဲ့ သူမတူမှုနဲ့ နေထိုင်နိုင်မှုတွေကို လက်ရှိနဲ့ နောင်မျိုးဆက်တွေအထိ ထိန်း သိမ်းထားနိုင်ဖို့ အရေးပါလှတဲ့ ပထမခြေလှမ်းဖြစ်ပါတယ်။
ဒီလိုအဆောက်အအုံအမြင့် ကို ကန့်သတ် သတ်မှတ်တယ်ဆို တာဟာ နိုင်ငံတကာမှာ ကျယ် ကျယ်ပြန့်ပြန့်အသုံးချနေကြတဲ့ မြို့ပြစီမံကိန်းရေးဆွဲခြင်းဆိုင်ရာ အခြေခံအချက်ပဲဖြစ်ပါတယ်။ သတ်မှတ်နေရာတွေမှာဆောက် လုပ်မယ့် အဆောက်အအုံအသစ် တွေအတွက် အမြင့်ဆုံးဆောက် လုပ်နိုင်မယ့် သတ်မှတ်ချက်တွေ ကိုပြဋ္ဌာန်းပြီး ကျန်တဲ့နေရာတွေ မှာ မိုးမျှော်အထပ်မြင့်အဆောက် အအုံတွေကို လွတ်လပ်စွာဆောက် လုပ်နိုင်အောင် စီစဉ်တာပဲဖြစ်ပါ တယ်။
ရန်ကုန်မြို့လယ်အတွက် သတ်မှတ်ထားတဲ့ အမြင့်ထိန်းချုပ် မှုကိုတော့ မြို့ရဲ့သူမတူထူးခြားမှု တွေကို အခြေခံပြီးရေးဆွဲထား တာဖြစ်ပါတယ်။ ရန်ကုန်ကို တခြားမြို့တွေနဲ့မတူဘဲ ထူးခြား စေတဲ့လက္ခဏာတွေကို မပျက် မယွင်းစေဖို့ မြို့လယ်မှာ အမြင့် လေးထပ်ကနေ ခြောက်ထပ်အထိ ပဲ ဆောက်လုပ်ခွင့်ပြုမယ်ဆိုတဲ့ ကန့်သတ်ချက်ကိုသတ်မှတ်ပြီး ကာကွယ်ထားတာဖြစ်သလို ဒီမြို့ လယ်မှာနေထိုင်တဲ့ အများပြည် သူတိုက်ရိုက်အကျိုးခံစားနိုင်မယ့် စီးပွားရေးပုံစံပေါ်ပေါက်လာစေဖို့ တိုက်တွန်းအားပေးတာပဲဖြစ်ပါ တယ်။
ရန်ကုန်ရဲ့ ထူးခြားလှတဲ့ မြို့ပြအမွေအနှစ်၊ များပြားစုံလင် တဲ့ လူမှုအသိုက်အဝန်း၊ စိမ်းလန်း လှပတဲ့ မြေခင်းကွက်လပ်တွေ၊ ရွှေတိဂုံနဲ့ ဆူးလေကိုဖူးမြော်ရတဲ့ ရှုမျှော်ခင်းတွေနဲ့ ရှည်လျားတဲ့ မြစ်ကမ်းနားတွေကို ပိုင်ဆိုင်ထား ခြင်းဟာ ဒေါ်လာဘီလီယံနဲ့ချီပြီး ဝင်ငွေရနိုင်မယ့် ရေရှည်အကျိုးစီး ပွားဖြစ်ထွန်းနိုင်တဲ့ မြို့ပြအခင်း အကျင်းကို ပိုင်ဆိုင်ထားတယ်ဆို တဲ့ အဓိပ္ပာယ်ပါပဲ။ ဒါတွေကို မှန်မှန် ကန်ကန်စီမံခန့်ခွဲနိုင်မယ်ဆိုရင် အာရှရဲ့နေချင့်စဖွယ်အကောင်း ဆုံးမြို့တစ်မြို့ဖြစ်နိုင်မယ့် အလား အလာတွေလည်းဖြစ်ပါတယ်။
ဒီလိုအခွင့်အရေးတွေကို လက်မလွှတ်ရစေဖို့ အခုလို အဆောက်အအုံအမြင့် ကန့်သတ် ထိန်းချုပ်ခြင်းဆိုတဲ့အစီအစဉ် ပေါ်ပေါက်လာတာပဲဖြစ်ပါတယ်။ အခု အဆိုပြုထားတဲ့အစီအစဉ် က ရန်ကုန်မြို့မှာ အထပ်မြင့် အဆောက်အအုံတွေ မဆောက် လုပ်နိုင်ဖို့ ပိတ်ပင်တားဆီးနေတာ မဟုတ်ပါဘူး။ မှန်ပြတင်းတွေ၊ သံမဏိတွေနဲ့ တဖိတ်ဖိတ်လက် နေတဲ့ အထပ်မြင့်မိုးမျှော်တိုက် တွေရှိတဲ့ ခေတ်မီလှပတဲ့ မြို့ရန်ကုန်ဖြစ်လာဖို့ အားလုံးက မျှော် လင့်ကြမှာပါ။ စဉ်းစားရမှာ ဒီအထပ်မြင့်တွေက ဘယ်နေရာတွေ မှာရှိသင့်တာလဲ။ ရန်ကုန်မြို့လယ် တစ်ခုလုံးကို ဆာကူရာနဲ့ စင်တာပွိုင့်လို မိုးမျှော်တိုက်ကြီးတွေနဲ့ ပြည့်နေစေချင်တာလား။ မြို့ပြအမွေအနှစ် အထပ်နိမ့်အဆောက်အအုံတွေကို အစားထိုးလိုက်တာ တွေနဲ့ ရန်ကုန်မြို့ရဲ့ စီးပွားရေးအကျိုးအမြတ်ရှိမယ့် ဂုဏ်သတ္တိ ကို တကယ်ပဲဖျက်ဆီး လိုက်တော့ မှာလား။
အဆောက်အအုံအမြင့်ကို မှန်မှန်ကန်ကန် စနစ်တကျထိန်း ချုပ်တာက အဲဒီပတ်ဝန်းကျင်ရဲ့ စီးပွားရေးအခွင့်အလမ်းတွေကို တစ်မျိုးတစ်ဖုံပြောင်းလဲစေပါ တယ်။ အရင်လို မြေတန်ဖိုးနဲ့ အထပ်အမြင့်ပေါ်မူတည်ပြီး ဈေး ကစားခြင်းမျိုးကနေ နေရာရဲ့ထူး ခြားမှုနဲ့ တန်ဖိုးရှိမှုတွေကိုအားပြု တဲ့ စီးပွားရေးပုံစံမျိုးအဖြစ် ပြောင်း လဲလာစေပါတယ်။ အမွေအနှစ် ဖြစ်တယ်ဆိုတဲ့ အချက်တစ်ချက် တည်းနဲ့တင် ရန်ကုန်ရဲ့ အမှတ် သင်္ကေတတစ်စိတ်တစ်ပိုင်းဖြစ် လာပြီး တန်ဖိုးရှိရှိ အကျိုးအမြတ် ဖြစ်ထွန်းစေမှာဖြစ်ပါတယ်။ အရှေ့တောင်အာရှဒေသတစ်ခွင် က စီမံခန့်ခွဲမှုပိုအားနည်းတဲ့ အိမ် နီးချင်းနိုင်ငံတွေထဲမှာ ရန်ကုန်က တစ်မူထူးခြားပြီး ကွဲထွက်လာမှာ ဖြစ်ပါတယ်။ ဒီလိုနဲ့ စိတ်ကူး ကောင်း၊ ဖန်တီးမှုအားကောင်းတဲ့ စီးပွားရေးလုပ်ငန်းတွေ၊ ဒီဇိုင်း လုပ်ငန်းတွေနဲ့ ခရီးသွားလုပ်ငန်း တွေကနေတစ်ဆင့် ဒေသခံတွေ ရဲ့ တစ်နိုင်တစ်ပိုင်စီးပွားရေးလုပ် ငန်းလေးတွေကို ဒေါ်လာဘီလီယံ ပေါင်းများစွာ အကျိုးအမြတ်ရစေ မယ့် စီးပွားရေးပုံစံသစ်တစ်ခု အုတ်မြစ်ချပေးနိုင်မှာဖြစ်ပါ တယ်။
ဒီလို အဆောက်အအုံအမြင့် ကန့်သတ်ထိန်းချုပ်မှုတွေသာ မရှိခဲ့ဘူးဆိုရင် နောင်အနှစ် ၂၀ ကြာတဲ့အခါ ရန်ကုန်မြို့က ဘယ် လိုပုံစံဖြစ်နေမလဲ။ ရှန်ဟိုင်း၊ ဟောင်ကောင်၊ ကွာလာလမ်ပူ၊ ဆစ်ဒနီနဲ့ ရီယိုဒီဂျနေးရိုးမြို့တွေ ကိုသာကြည့်ပါ။ ဒီမြို့တွေဟာ အထပ်မြင့်အဆောက်အအုံတွေ ကို စီမံခန့်ခွဲရာမှာ အားနည်းခဲ့လို့ လူနေသိပ်သည်းမှုရဲ့ နောက်ဆက် တွဲပြဿနာကြီးတွေနဲ့ တွေ့ကြုံ နေရပါပြီ။ ယာဉ်ကြောအင်မတန် ရှုပ်ထွေးကြပ်ညပ်တာတွေ၊ ကား ရပ်စရာနေရာရှားပါးမှု၊ အသံနဲ့ လေထုအလွန်အမင်းညစ်ညမ်း လာမှု၊ နေရောင်ခြည်နဲ့ လေ ကောင်းလေသန့်ကို တိုက်ရိုက်မရ ရှိနိုင်တော့တာ စတဲ့အချက်တွေ သာမက လမ်းမတွေပေါ်က သက် ဝင်လှုပ်ရှားမှုတွေ ဆိတ်သုဉ်းသွား ပြီး ပတ်ဝန်းကျင်လူမှုအသိုက် အဝန်းတွေအတွက် လုံခြုံစိတ်ချရ မှုလျော့နည်းလာတယ်။ လူမှု အသိုက်အဝန်းကို အစိတ်စိတ် အမြွှာမြွှာကွဲသွားစေတယ်။ ဒီနှစ် အနည်းငယ်အတောအတွင်းမှာပဲ ရန်ကုန်မှာ ဒီပြဿနာတွေအားလုံး ကို စတင်ခံစားနေရပြီ။ သို့ပေမဲ့အထပ်မြင့်အဆောက်အအုံစီမံ ခန့်ခွဲမှုအားနည်းလို့ ဖြစ်လာမှာနဲ့ ယှဉ်ရင်တော့ ဘာမှမဟုတ်သေး ပါဘူး။
ကမ္ဘာပေါ်က မြို့တော်တော် များများဟာ အထပ်မြင့်တွေကို စီမံခန့်ခွဲမှုအားနည်းတာကြောင့် ဆိုးရွားတဲ့ အကျိုးဆက်တွေကို ခံစားခဲ့ရပါတယ်။ ဗန်ကူးဗားမှာ ဆိုရင် အထပ်နိမ့်တွေရဲ့ အခင်း အကျင်းကို အစားထိုးနေရာယူခဲ့ တဲ့ မိုးမျှော်တိုက်ပေါ်က လူ့ အသိုက်အဝန်းကြားမှာ တင်းမာမှု တွေ ကြာရှည်စွာဖြစ်ပေါ်ခဲ့ပါ တယ်။ အလားတူ မဲလ်ဘုန်းမှာ လည်း မိုးမျှော်တိုက်တွေ ကြီးစိုး ရာ စီးပွားရေးအချက်အချာမြို့ လယ်ဧရိယာမှာ လူမှုအသိုက် အဝန်းအချင်းချင်း စည်းလုံးမှုမရှိ လို့ ဆယ်စုနှစ်နဲ့ချီပြီး ပဋိပက္ခတွေ ဖြစ်ခဲ့ရပါတယ်။ အမြဲတမ်းချဲ့ထွင် နေတဲ့ တရုတ်ပြည်မှာဆိုလည်း ကူမင်းမြို့ပြင်က ချန်းကုန်းလိုမြို့ တွေမှာ အထပ်မြင့်တွေက ပိုင်း ခြားထားလို့ ဘေးချင်းကပ်လျက် နေပေမယ့် အထီးကျန်ဆန်နေတဲ့ လူ့အသိုက်အဝန်းကိုမြင်ရမှာပါ။
ရန်ကုန်မြို့လယ်ရဲ့ နေရာချ ထားပုံ ကျဉ်းမြောင်းမှုကြောင့် အထပ်မြင့်အဆောက်အအုံတွေ အတွက် ပိုတိုးလာတဲ့ အခြေခံလို အပ်ချက်တွေကို ဖြေရှင်းပေးနိုင် စွမ်းရှိမှာမဟုတ်ပါဘူး။ မြို့ရန် ကုန်ရဲ့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူး ရေးက ပုံမှန်မရှိပါဘူး။ ရန်ကုန် မြို့လယ်ရဲ့ ရေမြောင်းစနစ်နဲ့ မိလ္လာစနစ်က အဆောက်အအုံ တွေရဲ့ အောက်ခြေပိုင်းမှာ ရှေး ရှေးကတည်းကရှိခဲ့တာဖြစ်လို့ ရေဆိုးရေညစ်တွေနဲ့ မိလ္လာလျှံတဲ့ ပြဿနာမျိုးတွေဖြစ်လာပြီး အဆောက်အအုံဖောင်ဒေးရှင်းကို ပျက်စီးစေသလို ကျန်းမာရေးကို လည်း ထိခိုက်စေပါတယ်။ ရေ ဆိုးရေညစ်တွေနဲ့ သောက်သုံးရေ ပိုက်တွေ သွယ်တန်းပုံကလည်း ပုံစံသိပ်မကျလှတာကြောင့် ကျန်း မာရေးပြဿနာသာမက မြို့နေ ပြည်သူတွေအတွက် နေပျော်မှုကို လည်း ဆိုးဆိုးရွားရွားထိခိုက်စေ ပါတယ်။
တခြားမြို့တော် တော်တော် များများက မြို့ရဲ့အမွေအနှစ်တွေ ကို ထိန်းသိမ်းဖို့အတွက် အ ဆောက်အအုံအမြင့်ထိန်းချုပ်မှု ကို ချမှတ်ခဲ့ကြပါတယ်။ စင်ကာပူ ရဲ့ သမိုင်းဝင်ဧရိယာမှာအဆောက် အအုံအမြင့်တွေ လုံးဝဆောက်ခွင့် မပြုထားပါဘူး။ ဟနွိုင်းမြို့ဆို လည်း ပဲရစ်မြို့ရဲ့ စံနမူနာအ တိုင်း မြို့လယ်ကောင်မှာ အထပ် မြင့်ဆောက်တာတွေကို တားမြစ် ခဲ့ပြီး ပေ ၄၀ ထက်ပိုမမြင့်ဖို့ သတ် မှတ်ခဲ့ပါတယ်။ အထပ်မြင့်တိုက် တွေကိုတော့ မြို့အစွန်တွေမှာပဲ ဆောက်လုပ်ကြဖို့ နှိုးဆော်ခဲ့ပါ တယ်။ အထပ်နိမ့်အဆောက် အအုံတွေရှိတဲ့ မြို့ပြလက္ခဏာ ကြောင့် ကျော်ကြားတဲ့ ဝါရှင်တန် မှာဆိုရင် အမြင့်ပေ ၉၀ ကနေ ၁၃၀ အတွင်းပဲဆောက်လုပ်ခွင့်ရှိ ပါတယ်။ မဲလ်ဘုန်းမြို့ရဲ့ သမိုင်း ဝင်မြို့လယ်ဧရိယာမှာဆို အမြင့် ၁၃၂ ပေထပ်မပိုဖို့ ကန့်သတ်ထား တာကြောင့် အဲဒီနေရာရဲ့ထိပ်တန်း သမိုင်းအမွေအနှစ်အဆောက် အအုံတွေကို ကာကွယ်နိုင်ခဲ့ပြီး ယခင်ကတည်းကရှိခဲ့တဲ့ လမ်း ကျဉ်းကွန်ရက်လေးအတွင်းမှာပဲ တီထွင်ဆန်းသစ်တဲ့ စက်မှုလုပ် ငန်းတွေ၊ လက်လီအရောင်းဆိုင် တွေနဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေ ကို မြေတောင်မြှောက်ပေးနိုင်ခဲ့ပါ တယ်။ ဒါပေမဲ့ ဒီလိုအမြင့်ထိန်း ချုပ်မှုတွေမရှိခဲ့တဲ့ မဲလ်ဘုန်းရဲ့ စီးပွားရေးအချက်အချာနေရာမှာ တော့ သက်ဝင်လှုပ်ရှားမှုမရှိတဲ့ အဆောက်အအုံအမြင့်ကြီးတွေနဲ့ သာမန်ကာလျှံကာ စီးပွားရေး လုပ်ငန်းတွေကပဲ ကြီးစိုးနေပါတယ်။
တခြားမြို့တွေမှားခဲ့တဲ့ အမှားတွေကို ရန်ကုန်မှာ ထပ်မှား ဖို့ မသင့်ပါဘူး။ ရန်ကုန်ဟာ အိမ် နီးချင်းမြို့တွေရဲ့ အမှားတွေကို သင်ခန်းစာယူပြီးအားလုံးကို ခုန် ပျံကျော်လွှားသွားမယ်ဆို ပိုမို တောက်ပပြီး စနစ်တကျရှိလှတဲ့ အနာဂတ်ကို ရရှိပိုင်ဆိုင်ရမှာပါ။ ဒီထက်ပိုတဲ့ စည်းမျဉ်းစည်းကမ်း တွေနဲ့ အားပေးအားမြှောက်ပြုမှု တွေရှိလာမယ်ဆိုရင် အခုအဆိုပြု ထားတဲ့ အဆောက်အအုံအမြင့် ထိန်းချုပ်မှု အစီအစဉ်ကြောင့် ရန်ကုန်မြို့ဟာ ၂၀၃၀ မှာ အာရှ ရဲ့ နေပျော်ဖွယ်အကောင်းဆုံးမြို့ တစ်မြို့ဖြစ်လာနိုင်ပါတယ်။
ယာဉ်ကြောပိတ်ဆို့မှုတွေနဲ့ မွန်းကျပ်ပြီး မိုးမျှော်တိုက်တာကြီး တွေအတိနဲ့ နဂိုရှိရင်းစွဲလက္ခဏာ တွေကနေ သွေဖည်နေတဲ့မြို့မှာ မနေချင်ဘူးဆိုရင် မကြာမီရန်ကုန် မြို့တော်စည်ပင်သာယာရေး ကော်မတီရဲ့ ဇုန်သတ်မှတ်မှုကော် မတီကပြုလုပ်မယ့် အများပြည်သူ ဆွေးနွေးပွဲမှာ မိမိရဲ့ထင်မြင်ချက် ကို ပါဝင်ဆွေးနွေးနိုင်ပါတယ်။ ဒါမှ ရန်ကုန်မြို့ကြီး ကမ္ဘာ့တန်း ဝင်မြို့ကြီးတစ်မြို့ဖြစ်လာဖို့နဲ့ မြို့ နေပြည်သူတွေရဲ့ ဘဝတွေကို လည်း ပြောင်းလဲဖွံ့ဖြိုးလာဖို့ အကောင်းဆုံးပါဝင်ကူညီနိုင်မယ့် အခွင့်အလမ်းပဲဖြစ်ပါတယ်။
(မောင်ရူပသည် ရန်ကုန်မြို့ မြို့ပြအမွေအနှစ်ထိန်းသိမ်းရေး ဆိုင်ရာ ကျွမ်းကျင်သူတစ်ဦးဖြစ် သည်။)
7day daily