သုံးနှစ်ကျော်ပျောက်ဆုံးသွားခဲ့ရာမှ ပြန်လည်ရှာတွေ့ခဲ့တဲ့ ကြောင်ကလေး

ပို့စ်တင်ချိန် - 5/16/2014 11:55:00 AM




ကမ္ဘာတစ်လွှားမှာ ဖြစ်ပေါ်နေတဲ့ သဘာဝဘေးအန္တရာယ်တွေဖြစ်တဲ့ ငလျင်၊မုန်တိုင်းနဲ့ မြေပြိုမှုတွေကြောင့် လူတွေရဲ့ အိုးအိမ်စည်းစိမ်တွေပျက်စီးရတယ်။ တချို့ဆို အသက်ဘေးတွေတောင်ရင်ဆိုင်ကြရတယ်။ မိသားစုတွေ တစ်ကွဲတစ်ပြားစီဖြစ်ကြ ရတယ်။ သေကွဲ ဒါမှမဟုတ် ရှင်ကွဲ ကွဲသွားကြရပါတယ်။ ကံကောင်းရင်တော့ တစ်ချိန်မှာပြန်လည်ဆုံတွေ့ကြရပါတယ်............

ဒီလိုအဖြစ်အပျက်တွေကြားကမှ လွန်ခဲ့တဲ့ ၂၀၁၁ ခုနှစ် မတ်လက ဂျပန်နိုင်ငံမှာဖြစ်ပွားခဲ့တဲ့ ဆူနာမီငလျင် မုန်တိုင်းဒဏ်ကြောင့်  အော်ဖ်နာ တိုမြို့ရဲ့ မိသားစုတစ်စုမှ အိမ်မွေးတိရစ္ဆာန် ဆူရီခလို့အမည်ရတဲ့အနက်ရောင် ကြောင်ထီး လေးတစ်ကောင်ပျောက်ဆုံးသွားခဲ့ပါတယ်။ ဒီလိုနဲ့ သုံးနှစ်ကျော်ကြာပျောက်ဆုံး သွားခဲ့ရာမှ ယခု ၂၀၁၄ ခုနှစ် မေလ  ၉  ရက်နေ့တွင် အဲ့ဒီကြောင်လေးကို အိမ်နဲ့ ၁၀ မိုင်ဝေးတဲ့ သစ်တောအနီးမှာ ယခင်ကအတိုင်း ကျန်းကျန်းမာမာနဲ့ပြန်လည် ရှာတွေ့ရှိခဲ့တယ်။

မိသားစုဝင်တွေကလည်း  ကြောင်လေးကို ဒီလိုပြန်တွေ့တဲ့ အတွက် အတိုင်းမသိဝမ်းသာကြသလို ကြောင်လေးကလည်း သူ့ရဲ့သခင်နဲ့ပြန်နေရတော့ မှာမို့လို့် အရမ်းကိုဝမ်းသာနေတဲ့ပုံဖြစ်နေပါတယ်။ ဆူရီခ ကြောင်ထီးလေး ရဲ့ ပိုင်ရှင်ဖြစ်တဲ့ အသက် ၆၄ နှစ်အရွယ် အမျိုးသမီး ကဇုခိုယာမခိရှိက “ သုံးနှစ်ကျော် ကြာပျောက်နေတဲ့ကျွန်မရဲ့ ကြောင်လေးကို ပြန်တွေ့ပါပြီ။ ဒါက အိမ်မက်တစ်ခုလိုပါပဲ” လို့ သူမက ပြောပြခဲ့ပါတယ်။

တကယ်တော့ တိရစ္ဆာန်တွေနဲ့ လူတွေက အမြဲတမ်းထိတွေ့ ဆက်ဆံနေရတဲ့ ပတ်ဝန်း ကျင်ကြီးထဲမှာ တကယ့်ကို သံယောဇဉ်ကြီးတတ်ကြတဲ့သူတွေရှိကြသလို တိရစ္ဆာန်လေး တွေကလည်း သူတို့ရဲ့ သခင်တွေကို အင်မတန်အစွဲအလန်းကြီးတတ်ကြပါတယ်။ ဘယ်လိုပဲဝေးသွားကြပါစေ သူတို့ရဲ့ ခိုင်မြဲတဲ့သံယောဇဉ်တွေကြောင့်  အသက် မသေခဲ့ရင်တစ်နေ့မှာ ပြန်လည်ဆုံတွေကြရတယ်ဆိုတဲ့ သာဓက ဥပမာတွေ အများကြီးရှိပါတယ်။ ဆေးပညာအရပြောရရင် သူတို့ရဲ့ အားကောင်းလွန်းတဲ့ အနံ့ခံအာရုံ၊မှတ်သားမှု အသိသညာ နဲ့ အကြားအမြင်တွေ ကြောင့်လို့လည်းပြောလို့ရ ပါတယ်။



ဖိုးသူတော် Team မှ ဘာသာပြန်သည်။