ဘိုလီးဗီးယားမှ သရဲခြောက်သည့် ဘောလုံးကွင်း (သရဲခြောက်သည့် ရုပ်သံပါသည်)

ပို့စ်တင်ချိန် - 4/25/2014 02:29:00 PM


ဘိုလီးဗီးယားနိုင်ငံမှ ဘောလုံးကွင်း တစ်ကွင်းသည် သရဲခြောက်ကြောင်း နာမည်ကြီးနေသည့် အဖြစ်ကို ပိုမိုလူ ပြောများစေမည့် အခြေအနေမျိုး ကြုံနေရပြီ ဖြစ်သည်။

ဟာနန်ဒိုဆိုင်းလ်စ် ဘောလုံးကွင်းသည် လာပက်ဇ်မြို့တော်တွင် တည်ရှိသည်။ ယမန်နေ့ညက ကစားသော ဘောလုံးပွဲစဉ်တစ်ခုကို တိုက်ရိုက် ထုတ်လွှင့်ပြသခဲ့ရာ ပွဲကြည့်စင်၌ လူပုံသဏ္ဍန် အရိပ်တစ်ခု ထူးခြားစွာ ပေါ်လာသည်ကို ကင်မရာ မှတ်တမ်းများ၌ တွေ့မြင်
ခဲ့ရသည်။ ပြည်တွင်းကလပ်နှစ်ခု ယှဉ်ပြိုင်ကစားရင်း ပွဲပြီးခါနီး အချိန်တွင် ကင်မရာက အဝေးမှ ဆွဲ၍ ရိုက်ပြခဲ့ရာ  ပွဲကြည့်စင် တစ်လျှောက်  ပြေးလွှားသွားသည့် အဆိုပါ အမျိုးအမည်မသိ ပုံရိပ်ကို ထင်ထင်ရှားရှား တွေ့မြင်ခဲ့ကြရသည်။

ထိုအရိပ်သည် အတန်ငယ် ကျဲပါးစွာ ထိုင်နေသည့် ပရိသတ်များကြားမှ လျင်မြန်စွာ ဖြတ်သွားသလို အကာအကွယ် နံရံတစ်ချပ်ကိုပါ ကျော်ဖြတ်ပြီး တစ်ဖက်ခြမ်းသို့ ရွေ့လျားသွားသည်ကို Tv မှကြည့်ရှုနေသည့် ပရိသတ်များ အံ့ဩတကြီး မြင်တွေ့ခဲ့ကြရသည်။ အဆိုပါ
ပွဲစဉ်ကို ထုတ်လုပ်ပြသသည့် ဗီဒီယို၏ ဖြတ်ပိုင်းမှ ထူးခြားသော ဖြစ်စဉ်ကို သတိပြုမိသူများက အင်တာနက်တွင် လွှင့်တင်ရာမှ လူပြောများစရာ အခြေအနေမျိုး ဖြစ်လာသည်။ သို့သော်လည်း အရိပ်နှင့် ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း အဖြေမသိရသေးချေ။

ယင်းဘောလုံးကွင်းတွင် ယခင်ကလည်း သရဲခြောက်ကြောင်း ပြောဆိုမှုများ ရှိနေသည့်တိုင် ယုံတမ်းသက်သက်သာ ဖြစ်နေခဲ့သည်။ ဘိုလီးဗီယား နိုင်ငံသားအများစုက ထိုကွင်းတွင် ရှိနေသော သရဲမှာ ကွယ်လွန်သွားပြီဖြစ်သည့် သမ္မတဟောင်း ဟူဂိုချားဗက်ဇ်ဟု ယုံ
ကြည်ကြသည်။ ကိုလံဘီယာနှင့် နိုင်ငံတကာ ပွဲစဉ်ကို ယင်းကွင်းကြီးတွင် ကစားခဲ့ရာ ဂိုးတိုင်အပေါ်ဘက်၌ အရိပ် သဏ္ဍန်တစ်ခုက ဘောလုံးကို ပုတ်ထုတ် ဖယ်ရှားခဲ့သည်ကို တွေ့မြင်ရကြောင်း ကောလာဟလများ ထွက်ပေါ်ခဲ့သည်။


Planet Myanmar Network