ရေသယံဇာတ ပေါကြွယ်ဝသော နိုင်ငံမှ ရေငတ်နေသော ပြည်သူများ
ပို့စ်တင်ချိန်
- 4/30/2014 07:29:00 PM
ရေအနည်းငယ်သာ ရှိသော ရေကန်မှ သုံးရေ ခပ်ယူနေသော ကလေးငယ်တစ်ဦး {ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ)}
မြို့နယ်စည်ပင်က အချိန်နှင့် ပေးဝေသော ရေက သူတို့ မိသားစု အတွက်မဖူလုံ။ သူတို့မိသားစု တစ်စု တည်းမဖူလုံသည်မဟုတ် ဟာခါးမြို့တွင် နေထိုင်သူ အားလုံးအတွက် မဖူလုံ။ ထမင်းချက်၊ ဟင်းချက်ရန်အတွက် ကြံရာမရသည့်အဆုံး ပြည်မကလာသော တစ်လီတာ ရေသန့်ဘူးများ ၀ယ်၍သုံး လိုက်သည်။
မိုးတွင်းကာလ စီးဆင်းနေ သော ချောင်းမှန်သမျှ ခန်းခြောက် ကုန်သည့် ပူပြင်းလှသော ရာသီ ဥတုကြောင့် ရေထွက်ပေါက်စိမ့် နှင့် စမ်းချောင်း မှန်သမျှလည်း ရေ ခန်းလာသည်။
‘‘ဒီနှစ်က အပူချိန်အရမ်းများ တယ်။ ခါတိုင်းနှစ်ထက်တောင်ရေ ရဖို့ ခက်ခဲလာတယ်။ အရင်ကရွာ တွေပဲ ခက်ခဲတာ။ အခု မြို့ပေါ် တွေမှာပါ ခက်ခဲလာပြီ။ ရေခက်ခဲ တော့ သန့်ရှင်းရေးကလည်းအ ဆင်မပြေဘူး။ ညစ်ပတ်လာတယ်’’ ဟုနွေရာသီတွင် တစ်နှစ်ထက်တစ် နှစ် ပိုမိုပူပြင်းလာပြီး ရေရရှိရန် ခက်ခဲလာကြောင်း ဟားခါးမြို့မှ ဦးဂျိမ်းစ်ငွန်ဟရဲက ပြောသည်။
မြန်မာနိုင်ငံတွင် နွေရာသီရေ ပြဿနာကြုံရသည့် ဒေသများမှာ မိုးနည်းရေရှားဒေသများဟုသတ် မှတ်ထားသော မန္တလေး၊ မကွေး နှင့် စစ်ကိုင်းတိုင်းဒေသကြီးဟုသာ လူသိများကြသည်။ ရာသီဥတု ပြောင်းလဲခြင်း၊ သဘာဝပတ်ဝန်း ကျင်ယိုယွင်းလာမှုများကြောင့်ယ ခုအခါ တောင်ပေါ်ဒေသများဖြစ် သည့် ချင်း၊ ရှမ်း၊ ရခိုင်ပြည်နယ်တို့ တွင် သာမက ရန်ကုန်၊ဧရာဝတီ၊ပဲ ခူးတိုင်းဒေသကြီးများနှင့်ကရင် ပြည်နယ်တို့တွင် နွေရာသီရေရှား ပါးမှု ပြဿနာကို ကြုံတွေ့နေရ သည်။
ထို့ကြောင့် နိုင်ငံ၏ အစိတ် အပိုင်းအများစုတွင် နွေရာသီရေ ရှားပါးမှုပြဿနာကို ခံစားနေရ သည်။ ယခင်က နွေရာသီရေရှား ပါးမှုပြဿနာကို ရေပေးဝေမှုစနစ် မရှိသော ကျေးလက်ဒေသများ တွင် အများဆုံးကြုံတွေ့ခံစားနေရ သော်လည်း ယခုနှစ်များနောက် ပိုင်းတွင် မြို့များအထိပါ ကူးစက် ပျံ့နှံ့လာခဲ့ခြင်းဖြစ်သည်။
မေယုတောင်တန်းရှိ သစ် တောများ ပြုန်းတီးလာမှုကြောင့် ယခင်ပေါများခဲ့သော စိမ့်စမ်းရေ များ ခန်းခြောက်ကုန်ရာယခုနှစ် တွင် တောင်ပေါ်နေကျေးရွာအ များစုသည် ရသေ့တောင်မြို့နယ် အနီး တောင်အောက်ခြေတွင် စိမ့် ထွက်နေသည့် နေရာများကိုရှာဖွေ ကာ ရေခပ်သွားနေရသည်ဟု ဒေ သခံအချို့ကပြောသည်။
‘‘အရမ်းပူတော့ ရေတွေခန်း ကုန်တယ်။ တောင်ပေါ်မှာနေတဲ့ သူတွေ မိုးလင်းတာနဲ့ တောင် အောက်ကိုလာပြီး ရေခပ်ကြ တယ်။ အရင်တုန်းက အိမ်မှုကိစ္စ ကို တစ်ယောက်တည်းလုပ်လို့ရ တယ်။ အခုက မိုးလင်းတာနဲ့ ထ မင်းချက်တဲ့လူက သက်သက်၊ ရေ ရှာတဲ့သူက သက်သက်လုပ်နေရ တယ်’’ဟု ရသေ့တောင်မြို့နယ်မှ ဒေသခံကိုကိုမောင်ကပြောသည်။
ရခိုင်ပြည်နယ်တွင်လည်း ပင် လယ်ကမ်းရိုးတန်းအနီးရှိ စစ်တွေ၊ ကျောက်ဖြူ၊ မြေပုံ၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်းတို့သာမက ရခိုင်ရိုးမ နှင့် နီးကပ်နေသော ကျေးလက်ဒေ သများတွင်ပါ စိမ့်စမ်းရေများခန်း ခြောက်လာမှုကြောင့်သောက်သုံးရေမလုံလောက်မှုများကြုံတွေ့ နေရသည်။
‘‘လောလောဆယ်ချွေတာ သုံးနေရတယ်။ အရင်က မြို့ကန် က တစ်ရက်ကို နာရီဝက်လောက် ရေပေးတယ်။ အခုရေမရှိဘူး။ ဆယ်မိနစ်၊ ၁၅ မိနစ်လောက်ပဲ ပေးနိုင်တော့တယ်။ မေလလောက် ဆိုရင် ဘယ်လိုဖြစ်လာမလဲမပြော တတ်သေးဘူး’’ဟု ပုဏ္ဏားကျွန်းမြို့ နယ် ၀ံလက်လူမှုကူညီရေးအဖွဲ့မှ ဦးခိုင်ကောင်းစံကပြောသည်။
ထို့အပြင် ရှမ်းပြည်နယ် မြောက်ပိုင်း၊ နောင်ချို့မြို့နယ်၊ လားရှိုးမြို့နယ်နှင့် ရှမ်းပြည်နယ် တောင်ပိုင်း တောင်ကြီးမြို့နယ်၊ အင်းလေးဒေသများတွင်လည်းနွေ ရာသီကာလ၌ သောက်သုံးရေးပြ ဿနာကို ကြုံတွေ့နေရသည်။ရေ ရရှိရေးအတွက် တစ်ရက်လျှင်နေ့ ထက်ဝက်ခန့်အချိန်ပေးနေရသည် ဟု ဒေသခံတို့ကဆိုသည်။
‘‘စိမ့်စမ်းရေတွေက ခန်းကုန် တော့ ရွာထဲမှာတူးထားတဲ့ အ၀ိစိ တွင်းတွေဆီကမျှသုံးနေရတယ်။ အ၀ီစိတွင်းကလည်း လူတိုင်း မတူး နိုင်ဘူး။ ရေထွက်ဖို့ပေနှစ်ရာကျော် လောက်တူးရတယ်။ အရင်ကနွေ သုံးလို့ရတဲ့ ချောင်းတွေကလည်း ကောကုန်ပြီ။ နွေရောက်ရင် ရေရ
ဖို့ ကြောက်နေရတယ်’’ဟု နောင်ချိုမြို့နယ်မှ ဒေသခံဦးစိုးနိုင်ကအခက်အခဲကိုဖွင့်ဟသည်။
ရှမ်းပြည်နယ်တောင်ကြီးမြို့ နယ်တွင် စိမ့်စမ်းရေကို အမှီ ပြုသုံးစွဲနေရသည့်ရပ်ကွက်၊ကျေး ရွာများတွင် နှစ်စဉ်ရေအခက်အခဲ ကြုံတွေ့နေရသော်လည်း အ၀ီစိ တွင်းရှိသည့် ဒေသများမှ လူမှုရေး အဖွဲ့အချို့က ရေစည်များတင်၍ လိုက်လံ ဝေငှသောကြောင့်လတ် တလောအဆင်ပြေကြသည်ဟုဒေ သခံအချို့ကဆိုသည်။
ကရင်ပြည်နယ်တွင် နှစ်စဉ် သံလွင်မြစ်ရေလျှံတက်မှုကြောင့် သဘာဝဘေးအန္တရာယ်ခံစားရ သည့် ဘားအံ၊ သံတောင်ကြီးမြို့ နယ်များတွင်ပင် ရေရှားပါးခြင်းရင် ဆိုင်နေရသည်။ ယခုနှစ်တွင်ဘော ကလိ၊ ပဲခူးတိုင်းဒေသကြီးတောင် ငူမြို့နယ်နှင့် နီးစပ်သောကျေးရွာ အချို့တွင်လည်း ရှေရှားပါးမှု ပြဿနာကို စတင်ခံစားနေရပြီဟု ဒေသခံအချို့ကပြောသည်။
‘‘ပဲခူးအရှေ့ခြမ်းက လူတွေ ရေမရှိတော့လို့ နွားလှည်းနဲ့ ဒီ ဘက်က ချောင်းတွေမှာလာခပ်နေ ရတယ်။ မိုးတွင်း၊ ဆောင်းတွင်းမှာ ရေက ကိစ္စမရှိပေမယ့်အခုတော့ ပြဿနာဖြစ်နေတယ်’’ဟု သံ တောင်ကြီးမြို့ခံ စောကလိုထူးက ပြောသည်။
ထို့အပြင် ကျေးလက်ဒေသ များတွင်လည်း လက်တွင်းတူးဖော် ရာ၌ ရေရရှိရေးအတွက် တစ်နှစ် ထက်တစ်နှစ် တစ်တောင်ခန့်ပို၍ ရေတွင်းနက်နက်တူးဖော်ရသည်။ နေရာဒေသကိုလိုက်၍ ထိုသို့တွင်း နက်တူးဖော်ရသည်မှာ ငါးနှစ်မှခု နစ်နှစ်အကြားရှိလာသည်ဟုဆို သည်။
‘‘မုန်းချောင်းရေက မနှစ်က ထက်စာရင်တစ်တောင် လောက်ကျသွားတယ်။ တွင်းရေကလည်း မြေကြီးထဲကိုနက်နက်တူးရတယ်။ တစ်နှစ်ကိုတစ်တောင်လောက်က ထပ်တူးရတယ်’’ဟု ပွင့်ဖြူမြို့နယ်မှ ဦးဇော်ဇော်ကပြောသည်။
ယခင်က နေရပ်ဒေသကို လိုက်၍ ခြောက်ပေ၊ ဆယ်ပေ၊ပေ နှစ်ဆယ်၊ပေရှစ်ဆယ် တူးဖော် လိုက်လျှင် ရေထွက်ရှိသော်လည်း ယခုအခါ ထိုအရပ်ဒေသများတွင် ယခင်ထက် ထက်ဝက်ခန့်ပိုတူး ဖော်မှသာ ရေတွေ့ရှိရသည်ဟု ဒေသခံတို့က ဆိုသည်။
‘‘ကျုပ်တို့ဆီမှာ ရေတွင်းတစ်တွင်းတူးရင် သိန်းနှစ်ဆယ် လောက်အနည်းဆုံးကုန်တယ်။ရေ ကလည်း အရင်လိုပေသုံးဆယ်၊ လေးဆယ်လောက်နဲ့မတွေ့တော့ ဘူး။ ပေငါးဆယ်ကျော်လောက်မှ ရေတွေ့တယ်။ ဒီလိုအချိန်အခါဆို ရင် ရေတွေက ဈေးကြီးတယ်။ တစ်စည်ကို ငါးရာ။ မိသားစုတစ်စု ကို ကျွဲရေ၊ နွားရေတိုက်နဲ့သုံးစည် လောက်ကုန်တယ်။တွက်ကြည့် ဗျာ။ တောင်သူဆိုတော့ ပိုက်ဆံ တစ်ရာသီပဲဝင်တယ်။ တစ်ရက် ကို ကျပ် ၁,၅၀၀ လောက်က ရေဖိုးကုန်နေပြီ။ စိတ်ညစ်စရာပဲဗျာ’’ဟု ကန့်ဘလူမြို့နယ်၊ စပယ်နံ့သာကျေးရွာမှ ဦးသန်းညွန့်ကပြော သည်။
မြန်မာနိုင်ငံတွင် မြို့ကြီး၊ မြို့ ငယ်၊ ကျေးရွာများ၌ ရေနှင့် ပတ်သက်၍ ဖိစီးမှုများ၊အကျပ်အ တည်းများကို ပုံစံမျိုးစုံဖြင့်ခံစားနေ ရသည်။ မြန်မာနိုင်ငံရှိ ကျေးရွာ ပေါင်း ခြောက်သောင်းကျော်သည် ရေမလုံလောက်မှုပြဿနာကိုနှစ် စဉ်ခံစားနေရပြီး သုံးထောင်ကျော် မှာ ယနေ့အချိန်အထိ ဖူလုံမှုမရှိ သေးကြောင်း ကျေးလက်ဖွံ့ဖြိုး ရေးဦးစီးဌာနက ထုတ်ပြန်သည့် စာရင်းဇယားများတွင်ဖော်ပြထား သည်။
‘‘ကျေးရွာရေရရှိဖို့ အစိုးရက တော့ ရေတွင်း၊ ရေကန်တွေတူး ဖော်ပေးတယ်။ အခြားရေရနိုင်တဲ့ ကိစ္စတွေလုပ်ပေးတယ်။ ရေပေး ဝေရေးကိစ္စတွေမှာ နိုင်ငံတော် ဘတ်ဂျက်နဲ့ လုပ်ပေးပါတယ်’’ဟု ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးစိုး ကိုကိုကပြောသည်။
ယခင် နယ်စပ်စည်ပင်ဝန် ကြီးဌာနမှ ယခုပြောင်းလဲပြီးမွေး ရေ၀န်ကြီးဌာနလက်အောက်မှနေ ၍ ရေရရှိရေးအတွက် အစိုးရက လုပ်ဆောင်ခဲ့သည့်ဆယ်စုနှစ် နှစ် ခုကျော်အတွင်းကျေးရွာပေါင်းသုံး သောင်းကျော်ကို ရေပေးဝေနည်းစနစ်တစ်မျိုး မဟုတ်တစ်မျိုး အ ကောင်ထည်ဖော် ပေးနိုင်ခဲ့သည်ဟု ဆိုသည်။
အစိုးရက သောက်သုံးရေရ ရှိရေးအတွက် ကျေးလက်ဒေသ များတွင် တွင်းတိမ်၊ တွင်းနက်၊ လက်တူးတွင်း၊ ရေကန်၊ စိမ့်စမ်း ရေစသည်တို့ကို တူးဖော်ပြီးရေရရှိ ရေးလုပ်ငန်းများကိုဆောင်ရွက် ပေးလျက်ရှိသည်။
ယခင်အစိုးရအနေဖြင့် ရေ ပြဿနာကိုအနည်းငယ်လျစ်လျူ ရှုခဲ့သော်လည်း အစိုးရသစ်တက် လာပြီး ၂၀၁၃ခုနှစ်တွင် ရေရရှိရေး အတွက် နိုင်ငံတော်ဘတ်ဂျက်များ ကို နှစ်အလိုက်တိုးမြှင့်ချထား သည်။ ယခင်ကရေရရှိရေးအ တွက် အစိုးရက ကျပ်ငွေ ၆ ဒသမ ၅ ဘီလီယံ(ကျပ်သန်း ၆၅၀၀)ထုတ် ယူသုံးစွဲရာမှ ထက်ဝက်ခန့်တိုးမြင့် သုံးစွဲလာသည်။
အစိုးရ၏ စာရင်းဇယားများ တွင် ကျေးလက်သုံးသောင်းကျော် သောက်သုံးရေရရှိအောင်ဆောင် ရွက်ပေးနေသည်ဟု ဆိုသော် လည်း နှစ်စဉ်နွေကာလ၌ သောက် သုံးရေအခက်အခဲပြဿနာမှာ အ သံတိတ်သွားခြင်းမရှိချေ။ သောက် သုံးရေမဖူလုံခြင်းပြဿနာရပ်များ ကို နေရာအနှံ့ကျယ်ကျယ်လောင် လောင်ပြောဆိုနေကြဆဲဖြစ်သည်။
‘‘ကျူပ်တို့ဆီမှာ တစ်နှစ်ထက်တစ်နှစ်ရေက ပိုပိုခက်ခဲလာတယ်။ နယ်စပ်စည်ပင်ကတူးဖော်ပေးတာရှိပေမယ့်လည်း လူအင်အားနဲ့ ရေကမလုံလောက်ဘူး။ ဒုံရင်းက ဒုံရင်းပဲ။ အရင်က ဌာနဆိုင်ရာဆိုရင် ကြောက်ကြတဲ့ လူတွေက ရေရဖို့အရေးဆိုရင် ဘယ်ကိုပဲသွားရ သွားရ။ ပြောရဆိုရ။ အဲဒီလောက်တောင်ဖြစ်နေပြီ’’ဟု ကန့်ဘလူမြို့နယ် စံပယ်နံ့သာကျေးရွာမှ ဦးသန်းညွန့်ကပြောသည်။
မြန်မာနိုင်ငံသည် ကမ္ဘာ့ရေ အရင်းအမြစ်ပေါများသည့်နိုင်ငံ စာရင်းတွင် ပါဝင်နေပါလျက် အဘယ်ကြောင့်နှစ်စဉ်ရေချိုရရှိ ရေးပြဿနာဖြစ်ပေါ်နေရသလဲဆို သည်မှာအဓိက မေးခွန်းဖြစ်သည်။
အဆိုပါ ရေအရင်းအမြစ် သည် လွန်ခဲ့သော ဆယ်စုနှစ်များ စွာက တွက်ချက်တိုင်းတာထားခြင်းကြောင့် ယနေ့အချိန်ကာလ နှင့် နှိုင်းယှဉ်၍မရကြောင်း၊ မြန်မာ နိုင်ငံ၏ ရေအရင်းအမြစ်နှင့်ပတ် သက်ပြီး အချက်အလက်အသစ်ရ ရှိရန် သုတေသနလုပ်ငန်းများ စ တင်လုပ်ဆောင်သင့်နေပြီဟု ရေ နှင့် ပတ်သက်သောပညာရှင်အချို့ ကပြောသည်။
တောင်ပေါ်ဒေသများတွင် စိမ့်စမ်းရေများ ရှားပါးလာခြင်း၊မြေပြန့်လွင်ပြင်များတွင် ရေတွင်း တူးဖော်ရသည့်အခြေအနေများ ပြောင်းလဲလာခြင်းသည် တော တောင်များရှားပါးလာခြင်းကြောင့် ဖြစ်၍ အစိုးရဖြေရှင်းနေသည့် ရေပြဿနာမှာထိုထက်ပို၍ ကျယ်ကျယ်ပြန့်ပြန့်စဉ်းစားသင့်သည်ဟု ပညာရှင်များကထောက်ပြသည်။
‘‘ရေပြဿနာကို ရေတို၊ ရေ ရှည်၊ ရေလတ် အဲဒီလိုသုံးပိုင်းခွဲပြီး ဖြေရှင်းရမယ်။ ရေလိုအပ်တဲ့နေ ရာတွေမှာ ချက်ချင်းရေပြဿနာ ဖြေရှင်းပေးတာက ရေတိုဖြေရှင်း တာပါ။ ရေရှည်ကတော့ နှစ်ကာ လတွေအများကြီးအချိန်ယူရပါ တယ်။ ပညာရပ်ဆန်တယ်။ အား လုံးပူးပေါင်းပါဝင်မှရမယ်’’ဟု ရေ ပညာရှင်ဒေါ်ခင်နီနီသိန်းကပြော သည်။
မြန်မာနိုင်ငံတွင် စီးဆင်းနေ သည့် အဓိကမြစ်ကြီး လေးစင်းဖြစ် သည့် ဧရာဝတီ၊ စစ်တောင်း၊သံ လွင်၊ ချင်းတွင်းမြစ်နှင့် အခြား မင်း တုန်း၊ ယော၊ စလင်း၊ မန်း၊ မုံး၊ မြစ်ငယ်၊ စမုံ၊ ပန်းလောင်၊ ဇော် ဂျီ၊ မူးနှင့် မြစ်လက်တက်များမှရေ ချိုတစ်နှစ်လျှင် ကုဗကီလိုမီတာ ၁၀၈၂ထုတ်ယူနိုင်သည်။ သို့သော် လည်း ငွေကြေးမလုံလောက်မှု၊ နည်းပညာခေတ်နောက်ကျမှု၊ မ ဟာဗျူဟာမရှိခြင်းတို့ကြောင့် အ မှန်တကယ်ထုတ်လုပ်နိုင်သောပ မာဏ၏ ၃ရာခိုင်နှုန်းနှင့် ၅ရာခိုင် နှုန်းလောက်သာထုတ်ယူသုံးစွဲနိုင် သည်။
ထို့အပြင် မြေအောက်ရေ ပြဿနာကို ဖြေရှင်းရန်အတွက် ရေရှည်စီမံကိန်းချပြီး သုတေသန လုပ်ငန်းများဆောင်ရွက်ရမည်ဖြစ် သည်။ မြေအောက်ရေများ ခို အောင်းရာတွင် ပြန်ဖြည့်နိုင်သည့် မြေအောက်ရေလွှာနှင့် ပြန်မဖြည့် နိုင်သည့် မြေအောက်ရေလွှာ မြန် မာနိုင်ငံတွင် မည်မျှရှိသည်ကို သိ ရှိစေရန်အတွက် မြေအောက်ရေ အောင်းလွှာမြေပုံများရေးဆွဲထား ရန်လိုအပ်သည်။
ထိုလုပ်ငန်းစဉ်ကို ဒေသဆိုင် ရာ လူ့အဖွဲ့အစည်းများ၊အစိုးရနှင့် လူထု၊ ပညာရှင်တို့ ပူးပေါင်း ဆောင်ရွက်ရမည်ဖြစ်ပြီး မြေပုံများ ကို အစိုးရက ငွေကြေးစိုက်ထုတ် မှုများ ပြုလုပ်ရမည်ဟု ပညာရှင် များက အကြံပြုသည်။
‘‘အကောင်အထည်ဖော်နေ တဲ့ မွေးရေကျေးလက်တစ်ခုတည်း လုပ်လို့မရဘူး။ ရေအရင်းမြစ်တွေ ထိန်းသိမ်းပေးနေတဲ့ သစ်တော ပြုန်းတီးမှုတွေက နေရာအနှံ့ရှိနေ တယ်။ ရေချိုရှိတဲ့မြစ်ချောင်းတွေ က ဆည်တာတမံကြီးတွေနဲ့ပြည့် နေတယ်’’ဟု ရေရရှိရေးအကောင် အထည်ဖော်သည့် လုပ်ငန်းများ တွင်လုပ်ကိုင်နေသည့် အစိုးရ၀န် ထမ်းတစ်ဦးကပြောသည်။
မြန်မာနိုင်ငံတွင် နှစ်စဉ်ရေပြ ဿနာကြုံတွေရမှုများကို ကား ဘောက်ဆာများဖြင့် ရေမလုံ လောက်သည့် အရပ်ဒေသများ တွင် ဖြန့်ဖြူးပေးခြင်း၊ မိုးကျရေ ကန်တူးဖော်ပေးခြင်းတို့သည် ရေ ပြဿနာများဖြေရှင်းရာတွင် လုပ် သင့်လုပ်ထိုက်သည့်လုပ်ငန်းများ ဖြစ်သော်လည်း ရေရှည်ရေတိုစီမံ အုပ်ချုပ်မည့်စနစ်တစ်ရပ်ရှိသင့် သည်ဟု ပညာရှင်တို့ကထောက်ပြ သည်။
မြန်မာနိုင်ငံတွင် လက်ရှိကြုံ တွေ့နေရသည့် ရေအခက်အခဲပြ ဿနာကို ဖြေရှင်းရန်အတွက် ရေ တိုဖြေရှင်းဆောင်ရွက်ရာမှ ၂၀၁၃ တွင် ရေရှည်ဆောင်ရွက်ရန် အ မျိုးသားအဆင့် ရေအရင်းအမြစ် ကော်မတီကိုဖွဲ့စည်းတည်ထောင်ခဲ့သည်။ ထိုအဖွဲ့အစည်းက စာမျက်နှာ ၈၆ မျက်နှာပါ မြန်မာအမျိုးသားရေမူဝါဒကိုရေးဆွဲ ပြီးဖြစ်သည်။
ပထမဆုံးခြေလှမ်းတစ်ရပ် အနေဖြင့် မြန်မာအမျိုးသားရေမူ ၀ါဒကို ရေးဆွဲပြီးဖြစ်သော်လည်း လက်တွေ့အကောင်အထည်ဖော် မှုများမတွေ့ရသေးပေ။ နိစ္စဓူဝ အတွက်ပင် အချိန်များစွာကုန်နေ သော ပြည်သူများအတွက်အစိုးရ က ပို၍အာရုံစိုက်လုပ်ကိုင်ရန်လို သည်။
မတ်လမှ ဇွန်လအထိ ရေပြ ဿနာကြုံတွေ့နေရသော ဦးဂျိမ်းစ်တို့ ချင်းတိုင်းရင်းများအတွက် ရေက ရွှေဖြစ်နေပြီး နွေရောက်မှာကိုပင်ကြောက်နေပြီဖြစ်သည်။
Author: အိဖြူမွန်
7Day Daily