ရွှေဘုတ်ပြောတဲ့ ကျေးလက်က ကျောမွဲတွေ အကြောင်း

ပို့စ်တင်ချိန် - 4/05/2014 05:51:00 PM


ဖိုးရှုပ်ရေ...

ရွှေဘုတ် စာရေးလိုက်တယ်။သတိရလွန်းလို့ ရေးတယ်မထင်လိုက်နဲ့။ တစ်ချိန်က ကျေးလက်က ကျောမွဲဘ၀နဲ့ ရန်ကုန်ရောက်ပြီး အခြေကျနေတဲ့ နင့်ကို ဘ၀မမေ့ဖို့ရေးလိုက်တာ။ တစ်နည်း ပြောရရင် နင်က မီဒီယာကြီးဆိုတော့ ကျေးလက်မှာ ငါတို့လိုကျောမွဲတွေရှိနေပါလားဆိုတာကို သမ္မတကြီးသိအောင် ပြောပေးနိုင်လိမ့်မယ်ထင်လို့ရေးလိုက်တာ။

ဖုန်းဆက်ရအောင်ကလည်း မဲသာမကြာခဏနှိုက်နေတာ ခုထိကို ကံမကောင်းနိုင်ဘူး။ ကံကောင်းချင်တဲ့ လူကျပြန်တော့လည်း လက်ထဲမှာ ဖုန်းက နှစ်လုံး၊သုံးလုံးနဲ့လေ။ ကံကြမ္မာကလည်း မျက်နှာသာလိုက်လွန်းတယ်ဟာ။ ငါတို့ကျတစ်ခါမှ မဲမပေါက်ဘူး။

ပြောချင်တာက ဒီလိုဟ။ နင်ပို့ပေးလိုက်တဲ့ သတင်းစာ၊ ဂျာနယ်အဟောင်းတွေမှာ လယ် သမားတွေ သိမ်းဆည်းခံထားရတဲ့ မြေတွေကို ပြန်ပေးသူက ပေးနေပေမယ့် မူလလက်ငုတ်လက်ရင်း တွေပြန်မရတဲ့ကိစ္စ။ စပါးတွေ ပိုးကျပြီး ပျက်စီးတဲ့ကိစ္စ။ ဘဏ် ချေးငွေနောက်ကျတဲ့ကိစ္စ။ စပါး တွေရေမြုပ်လို့ ဘယ်လောက် ဆုံး ရှုံးတဲ့ကိစ္စတွေကိုမကြာခဏဆိုသ လို ဖတ်ရလို့ ၀မ်းသာမိတယ်။

သြော် . . .၀မ်းသာတယ်ဆို လို့ တစ်မျိုးမထင်နဲ့ဦးနော်။ လယ် သမားတွေ တကယ်ရင်ဆိုင်ကြုံ တွေ့နေရတာတွေကို အရေးတ ယူလုပ်ပြီး သတင်းစာ၊ ဂျာနယ် တွေမှာ နေရာပေးဖော်ပြနေကြ လို့ ၀မ်းသာမိတယ်လို့ပြောတာ။ ကျေးဇူးလည်း အထူးတင်မိပါ တယ်။ ဒါပေမဲ့ဟာ သတင်းစာ၊ ဂျာနယ်တွေမှာ ဖော်ပြခဲ့၊ ဖတ်ရခဲ့ တာကတော့ လယ်ယာလုပ်သား တွေရဲ့ ဘ၀ရပ်တည်မှုကို စုံစမ်း လေ့လာပြီး ရေးသားထားတာ တွေကို မဖတ်ရသလောက်ဘဲ။ အဲ . . . .ခြွင်းချက်အနေနဲ့ လယ် ယာလုပ်သားရှားပါးလာလို့ လယ်သမားတွေ အခက်ကြုံနေရတယ် ဆိုတာတော့ ဖတ်ရတယ်။ ဘာကြောင့် လယ်ယာလုပ် သားရှားပါးရသလဲဆိုတဲ့ ဇာစ်မြစ်ကိုတော့ ဂဃနဏရေးတာ မတွေ့ရဘူး။ ဘာကြောင့်မရေးတာလဲဆိုတာ နင့်မှာအဖြေရှိလားဖိုးရှုပ်။

နင်ကိုယ်တိုင်ကော လယ်ယာလုပ်သား ဘာကြောင့်ရှားရတယ်ဆိုတာ မှတ်မိသေးရဲ့လား။အေးလေ၊ နင်က ရန်ကုန်ရောက်တာကြာပြီဆိုတော့ မေ့ကောင်းမေ့နေမှာပေါ့။ ငါပြောပြမယ်။ ဒီလိုဟ၊ တောင်သူလယ်သမားရယ် လို့ ခြုံငုံခေါ်ခံရတဲ့ ကျေးလက်နေလူတန်းစားမှာ စာသံနဲ့ပြောရရင် အကြီးစားလယ်သမား၊ အလတ်စားလယ်သမား၊ အသေးစားလယ်သမားနဲ့ လယ်ယာလုပ်သားပေါ့။ ကျေးလက်နေလူထု ၇၀ ရာခိုင်နှုန်းကို အဲဒီလေးမျိုးနဲ့ ဖွဲ့စည်းထားတယ် ဆိုတာလောက်တော့ နင်သိမှာပေါ့နော်။

 တကယ်တော့လယ်ယာ လုပ်သားဆိုတာ ဘာလက်ငုတ် လက်ရင်းမှမရှိတဲ့ ကျောမွဲတွေ လေ။ ဘ၀ရပ်တည်မှုနဲ့ ပတ်သက် ပြီး ဘာအာမခံချက်မှမရှိတဲ့ လူ တွေမို့လား။ ဥပမာ-အိမ်ခြေ ၁၀၀လောက်ရှိတဲ့ ရွာတစ်ရွာမှာ လယ် ယာမြေပိုင်ဆိုင်တဲ့သူက အလွန် ဆုံးရှိလှ အိမ် ၄၀ ပေါ့။ ကျန်တဲ့ အိမ်ခြေ ၆၀ လောက်က ကြုံရာ ကျပန်းလုပ်စားနေသူတွေ။ ဒီ တော့ လူဦးရေ သန်း ၆၀ ရှိတဲ့ မြန်မာနိုင်ငံမှာ ဆင်းရဲသူ ၂၆ ရာ ခိုင်နှုန်းပဲရှိတယ်ဆိုတာ ဟုတ်ပါ့ မလား။

အဲဒီလယ်ယာလုပ်သားဆို သူတွေကို ကြည့်၊ ၁၂ လရှိတဲ့ တစ်နှစ်မှာ တကယ်အလုပ်လုပ်ကြရတာ ငါးလ၊ခြောက်လလောက်ပဲ။ အလွန်ဆုံးရှိလှ ငါးလပေါ့။ တစ်နှစ်မှာ ငါးလ၊ ခြောက်လလောက်ပဲ အလုပ်လုပ်ကြတာဆိုလို့ငွေရှင်၊ ကြေးရှင်တွေရယ်လို့ အထင်မကြီးလိုက်နဲ့။ အထင်သေးပြီးငပျင်းတွေလို့လည်း မထင်လိုက်နဲ့ဦး။ တကယ်တော့ အလုပ်မရှိလို့ မလုပ်ကြရတာ။ အလုပ်မရှိလို့ငါးရှာ၊ဖားရှာလုပ်မလား ဆိုပြန်တော့လည်း အင်းလေလံဆိုတာက ပိုက်ဆံရှိသူတွေပဲ ရနေတဲ့ ခေတ်လေ။ ချောင်းထဲ၊အင်းထဲရေဆင်းချိုးရင်တောင် ငါးခိုးဖမ်းတယ်ဆိုပြီး အတိုင်ခံရ၊ အဖမ်းခံရတာတွေ ခုထိရှိနေတုန်းဟ။ ငါးပိရည်ခွက် ထဲငါးလေးမီးဖုတ်ဖျော်ဖို့ဆိုပြီး ငါးတော့ သွားမမျှားလိုက်လေနဲ့ အင်းလေလံဖိုးထိပါလျော်ကြေး တောင်းကြတာ။

သူတို့တကယ်အလုပ်လုပ်ရ တဲ့ ကာလက မိုးဦးကျမှာ။ လယ် ထွန်၊ ပျိုးနုတ်၊ ကောက်စိုက်၊ အလွန်ဆုံးလုပ်ရ နှစ်လသာသာ ပေါ့။ ဆောင်းဦးပေါက်ကျတော့ ကောက်ရိတ်၊ ပဲစိုက်၊ သူလည်းပဲ တစ်လလောက်ရယ်။ နွေဦးပေါက်ကျတော့ ပဲစိုက်တဲ့ ဒေသတွေမှာ ပဲနုတ်တာကလွဲပြီး ဟုတ်တိ၊ ပတ် တိအလုပ်မရှိတော့ဘူး။ တစ်နှစ် ပတ်လည်လုံးမှာ အလုပ်လုပ်ရတဲ့ ရက်က နည်းနည်း၊ အလုပ်ငတ်တဲ့ ရက်ကများများလေ။ တစ်နွေလုံး ဟိုဟာလေးရှာလုပ်၊ ဒီဟာလေး ရှာလုပ်နဲ့ အလုပ်က ဟုတ်တိ ပတ်တိမရှိတော့ မိသားစုက ငတ်တစ် လှည့်ပြတ်တစ်လှည့်ပေါ့ဟာ။ အ လုပ်မရှိပေမယ့်လည်း စားဖို့နေဖို့ကလိုတယ်မို့လား။ ဒီတော့အလွယ်ကူ ဆုံးဖြေရှင်းနည်းက ကောက် စိုက်ပေး၊ ကောက်ရိတ်ပေးဆိုပြီး လယ်လုပ်ငန်းရှင်ဆီက ကြိုငွေယူ၊ဆန်ယူ၊ စပါးယူကြိတ်ခွဲစားပေါ့ ဟာ။ အဲ့သလို ယူတာတစ်ဦးတစ် ယောက်တည်းဆီကမထင်နဲ့ အ နည်းဆုံး နှစ်ဦး၊  သုံးဦးဆီက ယူကြရတာ။ အလုပ်ကို ထမင်းထိုင် စားပြီး စောင့်ကြရတဲ့သဘောပေါ့။

ဟော . . . အချိန်လည်းကျ ရော ယူထားတဲ့ အကြွေးတွေကို အလုပ်လုပ်ပြီး ဆပ်ကြရတော့ တာပဲ။ အဲဒီမှာ ကျောမွဲတွေအ တွက် နစ်နာတာတစ်ခုက ငွေစယူ တုန်းက လုပ်အားခပေါက်ဈေး အတိုင်းပဲ လုပ်ပေးကြရတာ။ ဥပ မာဟာ- ငွေစယူတုန်းက အမျိုး သားတစ်ဦးရဲ့ တစ်နေ့လုပ်အားခ ပေါက်ဈေးက ကျပ် ၁၀၀၀ ဆိုပါ တော့။ အလုပ်ပြန်ပေါ်တဲ့အချိန် မှာ ကျပ် ၁၅၀၀ ဈေးပေါက်လည်း ကျပ် ၁၀၀၀ နဲ့ပဲလုပ်ပေးရတာ။ ငွေစယူကတည်းက နှစ်ဦးနှစ်ဖက်သဘောတူထားတာဆို တော့လည်း မတတ်နိုင်ဘူးလေ။ လုပ်ပေးရတာပဲ။ သြော်. . . ဒီနေ ရာမှာ သတိရလို့ တစ်ခုပြောဦး မယ်။ သူတို့ရဲ့တစ်နေ့လုပ်အားခ က ဘယ်လောက်ထင်လဲ။ အများ ကြီးမမှတ်နဲ့။ အမျိုးသမီးတစ်ဦးမှ ကျပ်၁၀၀၀ ၀န်းကျင်ရယ်၊ လုပ် နိုင်ကိုင်နိုင်အရွယ်အမျိုးသားကြီး တစ်ဦးဆိုရင် ကျပ် ၂၀၀၀ လောက်တော့ ရတယ်။

အလုပ်အကိုင်ရှားပါးရတဲ့ အပြင် အချိန်ကျပြန်တော့လည်း ရတဲ့ လုပ်အားခက ဆန်တစ်ပြည် ဖိုးရတယ်ဆိုတော့ ဘယ်မှာလာ ပြီး ချောင်လည်ပါ့မလဲ။ လင်မ ယားနှစ်ယောက်လုံး ထွက်ရုန်းမှ တစ်နေ့စာရယ်လေ။

ဘယ်မှာလဲ သားသမီးပညာရေးစရိတ်၊ ကျန်းမာရေးစရိတ်၊ စာမတတ်သူ ပပျောက်ရေးဆိုတာ ကျေးလက်နေကျောမွဲတွေနဲ့ မဆိုင်သလို ဖြစ်နေတယ်။ မယုံမရှိနဲ့ ဖိုးရှုပ်၊ ငါတို့ ကျေးလက်တွေမှာ ခုထိကျောင်းမထားနိုင်တဲ့ ကလေးတွေ အများကြီးရှိနေသေးတယ်။

သြော် . . . စောစောက ကိစ္စ ပြန်ဆက်ရအောင်။ ယူထားတဲ့ ကြိုငွေအကြွေးကိုအလုပ်လုပ်ပြီး ပြန်ဆပ်နေတဲ့ အချိန်မှာ ၀င်ငွေ က မရှိဘူးလေ။ ၀င်ငွေမရှိပေမယ့်ဗိုက်က ဒီအတိုင်းနေတာမှမဟုတ်ပဲ။ စားဖို့တော့ရှိရမယ်လေ။ ဒီတော့နေစောင်းရင် လုပ်အားခရမဲ့ တခြားလယ်လုပ်ငန်းရှင်ဆီမှာ တစ်ရက်တန်သည်၊ နှစ်ရက်တန်သည် သွားလုပ်လိုက်၊ဒီဘက်ပြန် လာလုပ်လိုက်ပေါ့လေ။

ဖိုးရှုပ်ရေ၊ ငွေနဲ့ ပတ်သက် ရင် လူတော်တော်များများက သည်းမခံနိုင်ကြဘူးဟ။ အကြွေးမကျေသေးဘဲ တခြားမှာ သွားလုပ်ရမလားဆိုပြီး ကြွေးရှင်က အိမ်ကိုလာပြီး ပွဲကြမ်းတာ၊ သားပျို၊ သမီးပျိုတွေရှိလည်း မရှောင်၊ မကြားဝံ့မနာသာတွေ ပြောတာခံရသေး။ တချို့ဆိုရင် ရွာရိုးကိုးပေါက်လျှောက်နာမည်တပ်ပြီး ကလော်တုတ်သေးတာ။ တစ်ဖက်က စိတ်အခန့်မသင့်တာနဲ့လည်း တွေ့ရော ထိုးကြ၊ ကြိတ်ကြ၊ရိုက်ကြ၊ နှက်ကြနဲ့ သတ်ကြ၊ ဖြတ်ကြတဲ့ အဆင့်ထိကို ရောက်ကြရတာ။

တချို့ကျတော့ ဒီဘက်က အကြွေးကို ဆပ်ချင်တော့ ဟိုဘက်ကနေ အတိုးနဲ့ ဆွဲ၊ ကြာလာတော့ အကြွေးသံသရာကလည်။ တစ်လပြီး တစ်လ၊ တစ်နှစ်ပြီး တစ်နှစ်စာ အကြွေးနဲ့ အတိုးကချာလပတ်လည်၊ နောက်ဆုံးအဲဒီပြဿနာကိုဆေးမြီးတိုနဲ့ အလွယ်ကူဆုံးကုသတဲ့ နည်းက အိမ်ပေါင်၊ ခြံပေါင်၊ ယာပေါင်။ ဒီလိုလုပ်လိုက်လို့ ပြေလည်သွားမယ်မထင်နဲ့။ ပေါင်ထားတဲ့ အရာလေးတွေ အတိုးပေါ်အတိုးဆင့်ပြီး မတန်တဆနဲ့ ဆုံးကြရတာပါပဲ။

ဖိုးရှုပ်ရေ၊ ကြာလာတော့ အလုပ်အကိုင်ရှားပါးတဲ့ ဒဏ်ကို ဘယ်သူခံနိုင်မှာလဲ။ အလုပ်မရှိ တော့ ငွေမရှိ၊ ကျောင်းနေအရွယ် တွေ ကျောင်းမနေနိုင်၊ ကလေး တွေ ဆယ်နှစ်သားသမီးအရွယ် မှာတင် အလုပ်ရှိတဲ့ နေရာတွေ ပို့ ကြရ၊ သူတို့လေးတွေခမျာ အရွယ်နဲ့ မလိုက်အောင် မြို့ပြက အလုပ်မျိုးစုံတွေမှာ ကျင်လည်နေကြရတာ။ မိန်းကလေးငယ်တွေ ဆိုရင်လည်း လူမသိ၊ သူမသိနဲ့ ဘ၀တွေပျက်။ တချို့မိန်းကလေးတွေဆိုရင် သိသိကြီးနဲ့ ကိုယ့်ကိုယ် ကိုယ်ရောင်းစားခံ၊ ယောက်ျားလေး အချို့အသက်မပြည့်ဘဲ စစ်တပ်ထဲရောက်၊ အိမ်နီးချင်းနိုင်ငံတွေကို ရောက်သွားကြတာလည်း မနည်းမနောပဲ။

တချို့ဆိုရင် ဇာတိမြေကို မစွန့်ချင်ပါဘဲ ဘ၀ရပ်တည်ရေး အရ အလုပ်အကိုင်ပေါတဲ့ မြို့ပြတွေကို မိသားစုလိုက်ရွှေ့ကြ၊ ပြောင်းကြ။ မြို့ရောက်ပြန်တော့လည်း ရောက်ခါစအခြေမကျတော့ ဟိုနေရာ ကျူး၊ ဒီနေရာကျူး။ တောမှာနေတော့ ကျောမွဲ၊ မြို့ရောက်တော့ကျူးတဲ့။ ဘ၀တွေက မလှတဲ့အပြင် နာမ၀ိသေသကလည်း မလှ၊ ကျူးတဲ့။

ဖိုးရှုပ်ရေ၊ လယ်ယာလုပ် သားရှားပါးလာရတဲ့ ဇာစ်မြစ်က အဲဒါပဲ။ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဆိုတာ ဘာမှန်း ခုထိ ငါတို့ မသိရသေးဘူး။ ငါတောင် အမွေရထားတဲ့ မြေကွက်လေး ရောင်းပြီး ရန်ကုန်ကို ပြောင်းနေ မလားလို့ စိတ်ကူးနေသေးတယ်။ ဈေးပေါပေါမြေကွက်လေးတစ် ကွက်လောက်တွေ့ရင် အကြောင်း

ကြားပေးပါဟာနော်။ ကဲ . . . ဖိုးရှုပ်ရေ၊ ငါရေးတဲ့ စာရှည်သွားလို့ အလုပ်ရှုပ်နေတဲ့ နင့်ကို အားနာပါတယ်။ သမ္မတကြီး သိအောင်တော့ ပြောဖြစ်အောင်ပြောပေးပါဟာနော်။ ကျေးလက်မှာ တကယ့်ကိုဘာမှမပြောင်းလဲသေးဘူးဆိုတာကိုလေ။

7day daily