အမေရိကန် စာသင်ကျောင်းက ဓားထိုးမှုကြောင့် လူ၂၀ ဒဏ်ရာရ
ပို့စ်တင်ချိန်
- 4/10/2014 11:11:00 AM
အမေရိကန် Pennysylvania ပြည်နယ်က ကျောင်းသားတစ်ယောက် မိနစ် သုံးဆယ်အတွင်း လူပေါင်း ၂၀ ကို ဓားနဲ့ ထိုးခဲ့တယ်လို့ သိရပါတယ်။
ကျောင်းမှာဖြစ်တဲ့ဓားထိုးမှုကို သွားရောက် စစ်ဆေးနေတဲ့ တာဝန်ရှိသူတွေ (Credit: Reuters) |
Murrysville မြို့ ဒေသစံတော်ချိန် မနက် ၇ နာရီအကျော် လောက်မှာ အဆိုပါ ကျောင်းသားက ဓားနှစ်ချောင်းကို အသုံးပြုပြီး တခြား ကျောင်းသား တွေနဲ့ ကျောင်း အမှုထမ်း အယောက် ၂၀ ကို ဓားနဲ့ ထိုးတဲ့အပြင် လှီးဖြတ်မှု တွေလည်း လုပ်ခဲ့တယ်လို့ ဆိုပါတယ်။
Franklin Regional အထက် တန်းကျောင်းမှာ အခင်းဖြစ် ပွားခဲ့တာ ဖြစ်ပြီး အဲဒီ တိုက်ခိုက် မှုကို ဒုကျောင်းအုပ်က ရပ်တန့်အောင် လုပ်ဆောင်ခဲ့ တယ်လို့ ပြောပါတယ်။
ထိခိုက် ဒဏ်ရာ ရရှိသူတွေ ထဲက လေးယောက်ကို လူနာတင် ရဟတ်ယာဉ်တွေက အရေးပေါ် ဆေးရုံတင်ပေးခဲ့ပြီး နှစ်ယောက် ကတော့ ခွဲစိတ်ကုသမှု ခံခဲ့ရပါတယ်။
တခြား ကျောင်းသား ၃ဦးနဲ့ လူကြီးတစ်ဦးကိုလည်း ဆေးရုံပို့ခဲ့ပါတယ်။
အဲဒီလို တိုက်ခိုက် မှုကြောင့် မူလတန်းတွေ ပိတ်ချခဲ့ရပြီး အလယ်တန်းနဲ့ အထက်တန်း ကျောင်းသားတွေ အတွက် လုံခြုံရေး တိုးချဲ့ချ ထားပေး လိုက်ပါတယ်။
ဓားနဲ့ တိုက်ခိုက် မှုလုပ်ခဲ့တဲ့ ကျောင်းသားကို ရဲတွေက ထိန်းသိမ်း ထားကြောင်းလည်း သိရပါတယ်။
အမေရိကန်နိုင်ငံ စာသင်ကျောင်းတွေမှာ သေနတ်နဲ့ လူအစုလိုက် အပြုံလိုက်ကို သေစေတဲ့ ပစ်ခတ်မှုတွေလည်း တခါတရံ ဖြစ်ပွားလေ့ရှိပါတယ်။
Radio Australia