ကိုးရီးယားနိုင်ငံသား မောင်နှင်လာသည့်ယာဉ် မီးလောင်မှုဖြစ်

ပို့စ်တင်ချိန် - 4/21/2014 02:51:00 PM


ရန်ကုန်၊ ဧပြီ ၂၀

၂၀.၄.၂၀၁၄ရက်နေ့ ၁၃၀၅အချိန်တွင် မရမ်းကုန်း မြို့နယ်၊ (၁၀)ရပ်ကွက်၊ ကမ္ဘာအေးဘုရားလမ်း၊ မြကျွန်းသာပန်းခြံရှေ့အနီးတွင်ယာဉ်အမှတ် 1G---၊ TOYOTA Porte ခဲရောင် ကိုယ်ပိုင်ယာဉ်၏ အင်ဂျင်ခန်းအတွင်း မီးလောင်းကျွမ်းမှုဖြစ်ပွား ခဲ့ရာ မီးသတ်တပ်ဖွဲ့ဝင်များရောက်ရှိငြှိမ်း
သတ်ခဲ့သဖြင့် ၁၃၁၀အချိန် တွင် မီးငြိမ်းသွားခဲ့ပါသည်။

ဖြစ်စဉ်အားစစ်ဆေးရာ အဆိုပါယာဉ်ကို ကိုးရီးယားနိုင်ငံသားဖြစ်သူ
Mr.Kim Jeong Soo (၄၈)နှစ်၊ (ဘ) Mr. Kim Moo Sung ၊(၅)ရပ်ကွက်၊ ရန်ကင်းမြို့နယ်နေသူမှ မောင်းနှင်လာစဉ် အခင်း ဖြစ်နေရာအရောက်
အင်ဂျင် Heat တက်ရာမှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်းသိရှိရပြီး မီးလောင်မှုကြောင့် ယာဉ်၏အင်ဂျင်ခန်းနှင့် ရှေ့လေကာမှန်တို့ပျက်စီး
သွားခဲ့ပါသည်။

ယင်းကဲ့သို့ မီးလောင်မှုဖြစ်ပွားခဲ့သည့်အတွက် ယာဉ်မောင်း
Mr.Kim Jeong Soo အား မရမ်းကုန်းမြို့မ ရဲစခန်း(ပ)၁၄၂/၂၀၁၄၊
ပြစ်မှုပုဒ်မ ၂၈၅ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း
သတင်းရရှိပါသည်။