MH370 ထူးဆန်းစွာပျောက်ဆုံးမှုမှာ မလေးရှားအစိုးရ ပါဝင်ပတ်သတ်နေခဲ့ပြီလား ?

ပို့စ်တင်ချိန် - 3/13/2014 11:21:00 AM


လေးရက်ကျော်ပြီး ငါးရက်နီးပါးရှာဖွေနေကြသည့်တိုင် ဘယ် လို အဖြေမှ ရေရေရာရာ မတွေ့ရသေးတဲ့အတွက် အတွေးတွေအားလုံးကို ထပ်မံချဲ့ထွင်ဖို့လိုအပ်နေပြန်ပါပြီ ။

ပထမဆုံး Yahoo News မှာတင်ထားတဲ့ MH370 detected above Malacca Straits at 2.40am ဆိုတဲ့သတင်းကိုအကြမ်းဖျဉ်းတင်ဆက်ပေးချင်ပါတယ် ။

ရှာဖွေမှုကို Sumatran ရေပြင် ၊ Malacca Straits မြောက် ဖက်ပိုင်းမှာ ရှာဖွေအပြီးမှာ Pulau Perak အနီးဝန်းကျင်မှာ ပျောက်ဆုံးနေ တဲ့ လေယာဉ်ကို ရေဒါမှာ ဖမ်းမိတယ် ဆိုတဲ့သတင်းဖြစ်ပါတယ် ။

Air Force Chief Rodzali Daud ပြောကြားချက်အရ သူ့အခြေစိုက်စခန်း Butterworth က ဌာနမှာ MH370 ဟာ Kota Bahru ကိုကျော်ဖြတ်ပြီးနောက် အနောက်ဖက်ကို ကွေ့သွားတာဖြစ်တယ်လို့ဆိုပါတယ် ။ ဒါ့အပြင် East coast နဲ့ Kedah မှာလည်း အနည်းငယ်ပျံသန်းခဲ့တယ်လို့လည်းဆိုပါတယ် ။

“ နောက်ဆုံးအချိန်လေယာဉ်ကို ခြေရာခံမိတာကတော့ Pulau Perak အနီး Straits of Malacca မှာ မနက် ၂း ၄၀ မိနစ်တုန်းက ဖြစ်တယ်လို့ Berita Harian ကပြောခဲ့တာဖြစ်ပါတယ် ။ Berita Harian ကနောက်ထပ်ပြောဆိုခဲ့တာကတော့စစ်ဖက်သုံးဆိုင်ရာ ရေဒါတွေက ခြေရာခံမိတာတွေအရတော့ လေယာဉ်
ဟာ ပုံမှန် altitude မီတာ တစ်သောင်းထက်ကို မီတာ တစ်ထောင်ခန့်နိမ့်ပြီးပျံသန်းခဲ့တာဖြစ်တယ်လို့ဆို
ပါတယ် ။

http://my.news.yahoo.com/mh370-detected-above-malacca-straits-2-40am-062617741.html

====================================

ဒီသတင်းတွေကလည်း တိကျတဲ့အဖြေတော့မဟုတ်သေးပါဘူး ။ ဒီမနက် ကျွန်တော်စဉ်းစားမိတဲ့အချက်တွေကို ထုတ်နှုတ်သုံး သပ်ရရင်တော့

၁ ။ ဒီ MH370 ထူးဆန်းစွာ ပျောက်ဆုံးမှုမှာ နိုင်ငံရေးဆက်နွယ်မှုတွေအရ မလေးရှားအစိုးရတကယ်ပဲ ပါဝင်ပတ်သတ် မှုရှိနေခဲ့ပြီ လား ။

၂ ။ Black box ဆိုတာ လေယာဉ်ပျက်ကျပြီးလို့ ရက်ပေါင်း ၃၀ ထိတိုင်အောင် ဆက်သွယ်ရေး စခန်းတွေဆီကို signal တွေလွှင့်ပေးနိုင်ပါတယ် ။ ဒါဆို Black box ကို ဖျက်ဆီးပစ်လိုက်ရင်ရော ဘယ်လိုလုပ်မလဲ ။

၃ ။ လေယာဉ်မှူးတွေက လေယာဉ်ခေါင်းအတွင်းပိုင်းက ဖွင့်မှပွင့်တဲ့စနစ်နဲ့တံခါးကိုပိတ်ထားကြတယ်ဆိုတာမှန်ပေမယ့် အကြမ်းဖက်သူတစ်ဦးဦးက ကလေးငယ်ဖြစ်စေ လူတွေဖြစ်စေ ခေါင်းကို သေနတ်နဲ့တေ့ပြီး ဖွင့်ခိုင်းရရင်ရော မဖွင့်ပဲနေမှာလား ။ အထူးသဖြင့် သူတို့ပြောတဲ့ emergency code တွေ မပို့နိုင်လိုက်ခင်အခြေအနေမှာပေါ့ ။

၎ ။ အင်တာနက်စာမျက်နှာတွေအပေါ်လိုက်ဖတ်ရင်း သတင်းတစ်ခုရေးထားတာဖတ်မိလိုက်တယ် ။ ဒီလေယာဉ်ဟာ ဥရောပနိုင်ငံတစ်ခုကို လှို့ဝှက်စွာ ဆင်းသွားပြီဖြစ်တဲ့အကြောင်းနဲ့ ဒါကို အမလေးရှားအစိုးရက အကြမ်းဖျဉ်းသိထား သည့် တိုင် မီဒီယာတွေကို ဖွင့်မပြောတဲ့အတွက် မီဒီယာတွေနဲ့မလေးအစိုးရကြားမှာ တင်းမာမှုတွေဖြစ်ပေါ်နေ တဲ့အကြောင်း ။

၅ ။ လေယာဉ်တကယ်ပဲ ပျက်ကျဆယ်ဆိုရင်အခုအချိန်က ရှာဖွေတွေ့ရှိနေလောက်သင့်တဲ့အချိန်ဖြစ်ပါတယ် ။ တရုတ်က ဂြိုလ်တု ဆယ်လုံးနဲ့အမေရိကန်ရဲ့အကူအညီတွေနဲ့ လေတပ်ရေ တပ်အင်အားနဲ့ရှာတောင်အခုထိမတွေ့သေး ပုံထောက်ရင် ဒီကြားထဲလှည့်ကွက် တွေရှိနေနိုင်တယ်လို့ သုံးသပ်သူတွေကပြောဆိုကြတယ် ။

======================================

ကဲ ဒါဆို ကျွန်တော့်အမြင်ကို ထပ်ပြီးသုံးသပ်ပြပါ့မယ် ။

၁ ။ လေယာဉ် ပျက်ကျမှု လုံးဝမဖြစ်နိုင်တော့ပါဘူး

အပျက်အစီးအပိုင်းအစတွေရှာမတွေ့နိုင်တာရယ်၊ ရေဒါတွေက ခြေရာခံမမိတာရယ် ၊ Technical false ဆိုပြီး မယ်မယ် ရရထောက်ပြလို့မရကြတာတွေရယ် ၊ Explosion လို့သက်သေပြနိုင်တဲ့အရာတွေ တစ်ခုမှ မပြနိုင်သေးတာ ရယ် ၊ Black box လုံးဝပျောက်ဆုံးနေတာရယ်ကိုထောက်ပြီး ပြောရခြင်းဖြစ်ပါတယ် ။ ဒုံးကျည်နဲ့ဖျက် ဆီးခံရတယ်ဆိုရင်လည်း ရေဒါကနေမမိနိုင်စရာမရှိပါဘူး ။ ဒါ့အပြင် Black box ဟာ ဘယ်လို on-board exlposion မဆို signal လွှင့်နိုင်တဲ့အရာဖြစ်တာကြောင့် ဒီအချက်ကိုစဉ်းစားရခြင်းဖြစ်ပါတယ် ။ လေယာဉ်ဟာ ဟိုးပင် လယ် အောက်ခြေကြမ်းပြင်အထိနစ်မြုပ်သွားပြီး Black box က Signal မလွှင့်နိုင်တဲ့အနေအထားထိရောက်အောင် ကျသွား ခဲ့ရင် ဘယ်လိုလုပ်မလဲဆိုပြီးမေးစရာရှိပါတယ် ။ ဒါကလည်းဖြစ်နိုင်ခြေတော့သိပ်မရှိပါဘူး အဲဒီလို လေယာဉ် တစ်စင်းလုံး ပင်လယ်ထဲထိုးစိုက်ကျသွားတာကို ဂြိုလ်တုတွေ ဆက်သွယ်ရေးစခန်းတွေက မမြင်နိုင်စရာအကြောင်း မရှိပါ ဘူး ။ ဒါဆို လောလောဆယ် ဒီ Aircrafft ကို ဖယ်ထုတ်ထားလိုက်ကြစို့ ။

၂ ။ Hijack ဖြစ်နိုင်ရဲ့လား

မနေ့တုန်းက Hijack ဖြစ်နိုင်တယ်ဆိုပြီး ကျနော့်တွက်ဆမှုအပေါ် ကွန်းမန့်တွေ အပြန်အလှန်လာဆွေးနွေးကြတာတွေ့ ရ တယ် ။ မှန်ပါတယ် ပါ့စ်ပို့အတု ကိုင်ဆောင်ထားသူ အီရန် နိုင်ငံသား ၂ယောက်အနက်က တစ်ယောက်ဟာအသက် ၁၉ နှစ် ပဲရှိ တဲ့လူငယ်လေးတစ်ဦး ပါ ။ သူ့မိခင်အပါအ၀င်နောက်ကြောင်းစုံစမ်းပြီးတဲ့အခါ ဘယ်အကြမ်းဖက် အဖွဲ့ အစည်းနဲ့မှ ဆက်နွယ်မှုမရှိပါဘူးလို့အဖြေထွက်လာခဲ့တယ် ။ ကဲဒါဆို မေးခွန်းလေးတွေထုတ်ပါရစေ ။ လူဆိုးဆိုတာ ဂျိုနဲ့ လား ဆိုတဲ့မေးခွန်းပါပဲ ။ အပြင်ပုံပန်းသဏ္ဍန်ကို ကြည့်ပြီး လူဆိုးမဟုတ်ဘူးလို့တပ်အပ်မပြောနိုင်ကြပါဘူး ။ ပါ့စပို့ခိုးကိုင် ကတည်းက ရာဇ၀တ်မှု ကျူးလွန်သူပါ ။ သူ့ပါ့စ်ပို့အစစ်က ဘယ်ရောက်နေလို့လဲ ။ မရှိဘူးဆိုရင် သူဘာလို့ မလျှောက် တာလဲ ရှိရင်လည်း ban ခံထားရတာလား စိတ်ဝင်စားစရာပါပဲ ။

၃ ။ မလေးရှားအစိုးရရဲ့ တရုတ်တွေအပေါ်လက်စားချေမှုလား

တချိန်လုံးမျက်စောင်းတည်းတည်းဖြစ်နေကြတဲ့ အမေရိကန်နဲ့တရုတ်က ဒိကိစ္စမှာ ပူးပေါင်းလုပ်ဆောင်လာကြ တာတွေ့ရ တယ် ။ မကြာသေးခင်ကဖြစ်ပေါ်ခဲ့တဲ့ မလေးရှားနဲ့ တရုတ်တို့ရဲ့နိုင်ငံရေးအခြေအနေတွေ ကို တချို့လည်း သိသင့် သလောက်သိကြမှာပါ ။ တရုတ်လူမျိုး တစ်ရာကျော်ပါဝင်တဲ့လေယာဉ်ကို အခုလို လေထဲမှာ ဥုံဖွဆိုပြီး တစ်ကမ္ဘာ လုံးမျက်စိကနေဖျောက်ပြလိုက်ခြင်းဟာ သာမန် ဂိုဏ်းလောက်ကတော့မလုပ်နိုင်လောက်ပါဘူး ။ ဒီအတွက်ကြောင့် နိုင် ငံရေးလက်စားချေမှုအပါအ၀င် မလေးရှားအစိုးရလုပ်ဆောင်ချက်တွေကို သူတို့ပြည်သူတွေ ကိုယ်တိုင်က မေးခွန်းပြန် ထုတ်လာကြတာတွေ့ရတယ် ။ ဥပမာ မလေးရှားက အကြားအမြင်ဆရာလိုလို တစ်ယောက်ကိုအ သုံးပြုပြီး လေယာဉ်ပျောက် ရှာနေတဲ့အခိုက်တရုတ်က ဂြိုတ်တု ဆယ်လုံးနဲ့ရှာနေပုံကို နှိုင်းပြရင်းမလေးရှားအစိုးရရဲ့ လုပ်ငန်းနှေးကွေးမှုနဲ့ မယောင်ရာဆီလူးတဲ့ပုံစံတွေကို မလေးလူမျိုးတွေကိုယ်တိုင်ဝေဖန်လာကြတာတွေ့ရပါတယ် ။

ခရီးသည်တွေအားလုံးအသက်ရှင်ဖို့တော့ အခုထိ မျှော်လင့်ချက်ရှိနေပါသေးတယ် ။ တရုတ်ဖက်ကလည်း အခုအချိန်ပိုင်း အတွင်းမှာ ဖိအားပေးလုပ်ဆောင်လာတာတွေ့ရပါတယ် ။ ဘာပဲပြောပြော မကြာခင် အဖြေတစ်ခုတော့ တိတိကျကျ ထွက် လာတော့မှာပါ ။

အမှန်တရားကို ဘယ်အရာကမှ ဖုံးကွယ်ထားလို့မရနိုင်ပါဘူး ။

သက်တန့်ချို