မလှောင်ပါနဲ့
ပို့စ်တင်ချိန်
- 3/01/2014 12:51:00 PM
ကြီးသူကို ရိုသေ၊ ရွယ်သူကို လေးစား၊ ငယ်သူကို သနားညှာတာရမယ်ဆိုတဲ့ ဆိုရိုးစကားဟာ မျိုးဆက်သစ်တွေအတွက် လိုက်နာရမယ့်ဆုံးမစကားပါ။
ဘုရားလက်ထက်က မလိုက်နာပဲ လူကြီးကို မရိုမသေပြုခဲ့လို့ လူစဉ်မမီရတဲ့ ရဟန်းတစ်ပါးရှိတယ်။ ကြားဖူးမယ်ထင်ပါ တယ်။ သူ့နာမည်က လကုဏ္ဍကဘဒ္ဒိယမထေရ်တဲ့။ အရမ်းပုကွတဲ့ ရဟန်းပုလေးပါ။ ရဟန်းပုလေးဆိုပေမယ့် ချိုသာစွာ စကားပြောကောင်းတဲ့ ဧတဒဂ်ရ ရဟန်းပေါ့။
တစ်နေ့မှာ လကုဏ္ဍကမထေရ်ဟာ ဘုရားကို အရိုအသေပေးဖို့ ကျောင်းဂိတ်ဝမှာ စောင့်နေပါတယ်။ အဲချိန်မှာ တောမှာနေ တဲ့ ရဟန်းသုံးဆယ်ကလည်း ဘုရားကို အရိုအသေပေးဖို့ ရောက်လာတယ်။ ဂိတ်ဝမှာ ရပ်နေတဲ့ လကုဏ္ဍကကို ကိုရင်လေးမှတ် လို့ ခေါင်းကိုင်လိုက်၊ ပါးဆွဲလိုက်နဲ့ လုပ်ပြီး ဘုရားထံရောက်။ ဘုရားကို ဦးချပြီးနောက် ထိုသို့လျှောက်တင်ပါ တယ်။
"မြတ်စွာဘုရား၊ မြတ်စွာဘုရားမှာ တစ်ဖက်သားကို ကျအောင်ဟောပြောနိုင်စွမ်းရှိတဲ့ လကုဏ္ဍကအမည်ရှိတဲ့ မထေရ်ရှိ တယ်လို့ ကြားမိပါတယ်ဘုရား။ သူဘယ်မှာလဲဘုရား။
အေး သင်တို့ သူ့ကို တွေ့ချင်လို့လား? မှန်ပါဘုရား။
“လကုဏ္ဍကမထေရ်ဆိုတာ တခြားမဟုတ်ဘူး။ သင်တို့ ဂိတ်ဝမှာ သင်္ကန်းဆွဲ၊ ပါးဆွဲနဲ့ ကျီစယ်ခဲ့တဲ့ မထေရ်ပါပဲ။
ဒီတော့မှ ရဟန်းသုံးဆယ်လည်း ခပ်ရှက်ရှက်နဲ့ မျက်နှာမထားတတ်အောင်ဖြစ်ကုန်ကြတယ်။ ပြီးတော့ ဘုရားရှင်ကို မေးလျှောက် ကြတယ်။ "အရှင်ဘုရား ဒီလောက် ထူးချွန်ပြောင်မြောက်ပြီး တရားကိစ္စပြီးနေတဲ့ ရဟန်းဟာ ဘာလို့ အရမ်းပုကွနေရတာလဲ ဘုရား?
ရဟန်းတို့ ကလေးလို ပုကွနေတာဟာ သူ့ရဲ့ အတိက်ကံကြောင့်ပါ။ သူဟာ အတိက်က ဘ၀တစ်ခုမှာ အသက်ကြီးတဲ့
သူတွေကို ရိုင်းစိုင်းတဲ့ လှောင်ပြောင်ကျီစယ်မူတွေ လုပ်ခဲ့တယ်။ မခံချိမခံသာအောင် ထိကပါးရိကပါးပြောဆိုခဲ့တယ်။ အဲဒီ
မရိုမသေ လှောင်ပြောင်ခဲ့တဲ့အတွက်ကြောင့် ခုလို လူစဉ်မမီအရပ်ပုနေရတာဖြစ်တယ်လို့ ဖြေကြားတော်မူလိုက်ပါတယ်။
သတိထားစရာပါပဲ။
ကံတရားဟာ ဆန်းကြယ်ပါတယ်။ သတိလက်လွတ်လုပ်လိုက်မိတဲ့ အပြုအမူတစ်ခုဟာ ဘ၀များစွာ တူညီသောတုန့်ပြန် မှုကို ဖြစ်စေပါလား။ အချို့သူများဟာ ကိုယ်လက်အင်္ဂါ ချိုတဲ့သူများကို တွေ့ရင် သနားစိတ်ဝင်မယ့်အစား ဟားတိုက်ချင် တဲ့စိတ်ပဲ ဖြစ်တတ်ကြတယ်။ သူများကို ဟားတိုက်မိရင် ကိုယ်လည်းပဲ တစ်ချိန်မှာ ပြန်ပြီး ဟားတိုက်ခံရမယ်ဆိုတာကို ဒီဇာတ်ကြောင်းလေးက ပြောနေပါတယ်။
အားလုံး လူကြီးသူမများနှါင့်တကွ အင်္ဂါချို့တဲ့သူများကို မလှောင်ပြောင်မိအောင် အထူးသတိထားနိုင်ကြပါစေ။
ရွှေစမ်းမြေ အရှင်က၀ိဓဇသာရ