မန်ယူ၊ ဂလေဇာနဲ့ မြစ်ဆုံမြန်မာ
ပို့စ်တင်ချိန်
- 3/13/2014 08:55:00 PM
အမေရိကန်အခြေစိုက်ရင်းနှီးမြှုပ်နှံ မှုအပ်စုတစ်ခုဖြစ်တဲ့ ဂလေဇာမိသားစုက ၂၀၀၅ မှာ မန်ယူရဲ့ ရှယ်ယာတွေကို ၀ယ်ပြီးတော့ ရင်းနှီးမြှုပ်နှံမှုတွေလုပ်ခဲ့ တယ်။ လေဇာမိသားစုကမန်ယူရှယ်ယာ တွေကို ၀ယ်ဖို့အတွက် ဘဏ်တွေကနေ ပိုက်ဆံတွေကို အတိုးနှုန်းတစ်မျိုးနဲ့ ချေး ပြီးဝယ်ခဲ့တာပါ။ နားလည်အောင်အလွယ် ကူဆုံးပြောရမယ်ဆိုရင် မန်ယူရဲ့အအောင် မြင်ဆုံးသောကာလများမှာ အကြွေးနဲ့ ၀ယ်သိမ်းလိုက်သလိုဖြစ်သွားတယ်။ ရင်းနှီးမြှုပ်နှံမှုဥပဒေရဲ့ အားနည်းချက်က အဲဒီအချိန်ကနေစပြီးတော့ မန်ယူကိုစဒုက္ခ ပေးရတော့တာပေါ့။ ဒီကိစ္စအချို့ကို နားလည်တဲ့နည်းပြဖာဂူဆန်က မန်ယူ မန်နေဂျာဘ၀ကနားဖို့တောင်လေသံပစ်ခဲ့ သေးတယ်။ မန်ယူရဲ့ ရှယ်ယာများစွာကို ၀ယ်ယူထားတဲ့ ဂလေဇာမိသားစုဟာရလာ တဲ့ အကျိုးအမြတ်တွေကို သူတို့ရဲ့ အတိုး သတ်ဖို့နဲ့ အကြွေးဆပ်ဖို့အတွက် အသုံး ပြုလာတယ်။ အဲဒီအချိန်မှာ မန်ယူရဲ့ ၀င်ငွေစီးကြောင်းတစ်ဝက်လောက်က ဂလေဇာမိသားစုရဲ့ အတိုးသတ်ဖို့နဲ့ အကြွေးဆပ်ဖို့အတွက်ဖြစ်လာတော့တာ ပဲ။ အဲဒီတော့ ဘာဖြစ်သွားသလဲမေးရင် တော့ အသင်းအနေနဲ့ ကမ္ဘာ့အဆင့်ကစားသမားတွေကို ဈေးကြီးပေးမ၀ယ်နိုင်တော့ ဘူး။ နည်းနည်းနဲ့ ကျဲကျဲဝိုင်းရတဲ့ သဘောကို ဆောင်လာရတော့တာဘဲ။ ရေတိုပွဲတွေအတွက်နည်းနည်းနဲ့ ကျဲကျဲ ၀ိုင်းတာပြဿနာအကြီးအကျယ်မဟုတ် ပေမယ့်၊ ရေရှည်အကျိုးစီးပွားအတွက် တော့ အကြီးအကျယ်ထိခိုက်လာတော့ တာပါဘဲ။ လက်ရှိမန်ယူအသင်းရဲ့ ရလဒ် တွေကို ကြည့်ရင်သိသာနိုင်ပါတယ်။ ကမ္ဘာ့ဝင်ငွေအကောင်းဆုံးကလပ်အသင်း တစ်ခုဘ၀ကနေတဖြည်းဖြည်းလျှော့ကျ လာတာကို ကြည့်ရင်းကြည့်ရင်းနဲ့ တွေ့လာရမှာပါ။ မသိမသာကျဆင်းလာတာပါ။ ၀ုန်းကနဲတိုးဆင်းသွားတာမဟုတ်ပါဘူး။ ဂလေဇာမိသားစုကလည်းအမြတ်ထွက် ချင်လို့ရင်းနှီးမြှုပ်နှံမှုလုပ်နေတာလေ။ အဲဒီတော့ သူတို့ရဲ့အကျိုးစီးပွားကို ကာကွယ်ရမှာသူတို့ကိစ်္စဘဲ။ မလိုအပ်ဖူး လို့ထင်တဲ့အသုံးစရိတ်တွေကိုသူတို့ကသုံး ခွင့်ပြုမှာမဟုတ်ဘူး။ ဒါပေမဲ့ စီးပွားရေး သမားတစ်ဦးကဘောလုံးလောကရဲ့ အချို့ သော လျှို့ဝှက်ချက်တွေကို နားလည်မှာ မဟုတ်ဘူး။ သေချာတာကတော့ မန်ယူ ရဲ့အကျိုးစီးပွားကတဖြည်းဖြည်းကျုံ့လာ ပါပြီ။ ဒီအတိုးတွေ သတ်နေရသမျှကာ လပတ်လုံးမန်ယူ၊ နောက်ထပ်နလံထူစရာ ကိစ္စမရှိတော့ဘူး။ ဒီကိစ္စကအသင်းရဲ့ ခြေစွမ်းနဲ့ မဆိုင်ဘူး။ ဥပမာဆိုရရင်ဘော လုံးလောကမှာ Lucky Phayer ဆိုတာရှိ တယ်။ တစ်ခေတ်တစ်ခါကဆိုးလ်ရှားတို့၊ ရှာရင်ဂမ်တို့၊ ဗီရွန်တို့၊ လာဆင်တို့လို ကစားသမားတွေပါ။ သူတို့ရဲ့ ခြေစွမ်းတွေ က ထိပ်တန်းအဆင့်လို့ပြောရမှာခက်ပေ မယ့်။ သူတို့တွေလူစားထိုးဝင်လာရင်ပွဲ အဖြေပြောင်းသွားတတ်တယ်။ နောက် တစ်ခုကဘောလုံးဆယ်လစ်ဘရစ်တီတွေ ပါ။ သူတို့ကနာမည်နဲ့ တစ်ဖက်အသင်း ကို ခြိမ်းခြောက်ထားနိုင်ခဲ့တယ်။ သူတို့ တွေပါလာတယ်ဆိုရင်ပဲတစ်ဖက်အသင်း ကရှိန်နေတယ်။ ဖိအားပေးမကစားရဲဘူး။ ဒါမှမဟုတ် အဲဒီနာမည်ကြီးတွေကို အသေကပ်ပြီးကစားတဲ့အတွက် အမှား တွေ လုပ်လေ့ရှိတယ်။ ဒါမျိုးတွေကို ဂလေဇာမိသားစုစီးပွားရေးသမားတွေက နားလည်မှာမဟုတ်ပါဘူး။ သူတို့ကတော့ ၁ ကျပ်ကျရင်းရင်၊ ၅ ကျပ်၊ ၁၀ လောက်မြတ် နေတာကိုပဲတွေးမှာ၊ အတိုးက ၂ ကျပ်ပေး ရမယ်။ သူတို့အတွက် ၃ ကျပ်ကနေ၇ကျပ် လောက်မြတ်နေရင်ဘာကနေပဲဖြစ်ဖြစ် ပိုက်ဆံချေးပြီးအတိုးသတ်၊ အကြွေးဆပ် ပြီးအဆုံးတစ်နေ့မှာကလပ်အသင်းပိုင်ရှင် ဖြစ်ဖို့အရေးပဲတွေးကြမှာပါ။ ဒါကအချိန် တစ်ခုအတွင်းမှာ ကမ္ဘာကျော်ဘောလုံးက လပ်အသင်းတစ်ခုကိုအလကားနီးပါးအပိုင် ရအောင်လုပ်တဲ့နည်းတစ်ခုပါဘဲ။ ဒီနေရာ မှာ အဓိကတာဝန်ရှိသူတွေက ရင်းနှီးမြှုပ် နှံမှုဆိုင်ရာအာဏာပိုင်အဖွဲ့တွေပါဘဲ။ သူတို့က နိုင်ငံခြားကရင်းနှီးမြှုပ်နှံဖို့လာ ရောက်သူတွေက သူတို့ရဲ့ ကိုယ်ပိုင်ပိုက်ဆံ ဟုတ်၊ မဟုတ်ကိုတိတိကျကျသိထားဖို့လို အပ်နေပါတယ်။ သူတို့ရဲ့ ကိုယ်ပိုင်ပိုက်ဆံ ဆိုရင် ဒီကအမြတ်ငွေတွေက သူတို့ကိုယ် တိုင်ရတဲ့အတွက် အမြတ်ရာခိုင်နှုန်းအချို့ က ကလပ်အသင်းအတွက်ပြန်သုံးဖို့ဝန် လေးမှာမဟုတ်ပါဘူး။ ဒါမှမဟုတ်ပဲအဲဒီ အမြတ်တွေကို အကြွေးဆပ်နေမယ်ဆိုရင် တော့ လုပ်အားကမန်ယူ၊ အမြတ်က ဘဏ်၊ ကြားပွဲစားသူတို့ကသူတို့အားလုံး စရိတ်အတွက် ပိုက်ဆံအလကားရနေကြ မှာ။ ကလပ်အသင်းအနေနဲ့ အရမ်းကြီး နစ်နာရတာပေါ့။
ဒီတော့ ကျွန်တော်တို့ရဲ့ မြစ်ဆုံစီမံ ကိန်းဖက်ကို တစ်ချက်လောက်လှည့်ကြည့် ကြပါဦး။ အနှစ် ၃၀ အတွင်းမှာ ကျွန်တော်တို့က ၁၀ ရာခိုင်နှုန်းလောက်ပဲ အကျိုးအမြတ်ရမှာ။ ဒါကြီးကအရမ်းကြီး တဲ့ စီမံကိန်း၊ကျွန်တော်တို့မှာ အနှစ် ၃၀ အတွင်း သဘာဝပတ်ဝန်းကျင်ဘယ်လောက် ပျက်စီးသွားမယ်မသိနိုင်ဘူး။ ဒါတွေကို ဘေးကင်းလုံခြုံဖို့ငွေတွေထပ်သုံးရဦးမယ်။ တကယ်လို့မြစ်ဆုံစီမံကိန်းကို သူတို့က ပိုက်ဆံတွေချေးပြီးလုပ်တယ်ဆိုရင်နောက် ထပ် ထပ်စိုက်ဖို့အတွက် ဒါမှမဟုတ်လက်ရှိ ကို အကူအညီပေးဖို့လိုအပ်တဲ့ ကိစ္စရပ်တွေ ကို မလိုအပ်ဘူးဆိုပြီး၊ ပယ်ချလိုက်ရင် ဒေသခံတွေနစ်နာပြီပေါ့။ သူတို့ကလည်း သူတို့ရဲ့ အတိုးအတွက်မြစ်ဆုံကရသမျှ ငွေကို အကြွေးနဲ့အတိုးအတွက်ထိုးဆပ် မှာ။ ဒေသဖွံ့ဖြိုးရေးကနောက်၊ အကြွေး ကျေဖို့ကိစ္စကအရင်ပဲဖြစ်မှာ။ ကျွန်တော် ကိုယ်တိုင်စီးပွားရေးသမားဆိုရင်လည်း အဲဒီလိုလုပ်မှာဘဲ။ ဂလေဇာမိသားစုက မန်ယူကိုချနင်းသလို ပြည်တွင်းစီးပွားရေး သမားတွေနဲ့ တရုတ်ရင်းနှီးမြှုပ်နှံသူတွေ ကလည်း ကချင်ကိုချနင်းမှာဘဲ။ ကျွန်တော် တို့ နိုင်ငံရဲ့ဦးခေါင်းပိုင်းပျက်ပြီဆိုရင်တော့ အောက်ပိုင်းတွေဘယ်လိုဖြစ်လာမလဲဆို တာကိုတွေးကြည့်ရုံနဲ့ သိနိုင်တယ်။ မြန်မာနိုင်ငံရဲ့ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ဒီအချက်ကိုသုံးသပ်ပြီးလောက်ပြီလို့ထင် ပါတယ်။
ရေအားလျှပ်စစ်စီမံကိန်းကမလိုအပ် ဘူးလားလို့မေးလာရင် မေးတဲ့သူကိုပဲ ခင်ဗျားအဲဒီလောက်အတွေးတိမ်ရသလား လို့ ပြန်မေးမိမှာပါ။ တိုင်းပြည်ဖွံ့ဖြိုးတိုး တက်ဖို့အတွက်အရေးပါတဲ့အပိုင်းကဏ္ဍ တစ်ရပ်ကနေပါဝင်လာတာပါ။ ရှိသင့် တာပေါ့။ ဒီလိုအကြီးကြီးတွေက ဘေး ထွက်ဆိုးကျိုးဖြစ်လာရင် အဲဒီဆိုးကျိုးကြီး တယ်လို့ပဲဆိုချင်တာပါ။ အချိန်မရွေးပိတ် သိမ်းနိုင်တဲ့ အသေးလေးတွေဘက်ကို လှည့်ပြီးစဉ်းစားကြည့်ရင်မကောင်းဘူး လားလို့ဆိုချင်တာပါ။ စီမံကိန်းသေးရင် ကိုယ်တတ်နိုင်တယ်။ ဘေးထွက်ဆိုးကျိုးကို ကာကွယ်ဖို့အချိန်မီနိုင်တယ်။ နည်းနည်း နဲ့ကျဲကျဲအစား၊များများနဲ့ စိပ်စိပ်ဆိုရင် ကော ဘယ်လိုလဲ။ အဲဒီကိစ္စကလည်း နောက်ဆက်တွဲတွေရှိနေတာပဲ။ လူ့စွမ်း အားအရင်းအမြစ်ကိစ္စ၊ အရင်းအနှီးပိုများ သွားနိုင်တဲ့ကိစ္စတွေလည်းရှိပါသေးတယ်။ လုံခြုံရေးအတွက်လည်းထည့်စဉ်းစားရဦး မယ်။
ဆည်တွေဆောက်ပြီးရင် အဲဒီဆည် တွေရဲ့အောက်ခြေကရေတွေက အရမ်း အေးလာတယ်။ အောက်ဆီဂျင်ပျော်ဝင်မှု နှုန်းကျလာတယ်။ ရေထဲမှာ PH တန်ဖိုး တွေပြောင်းလဲလာတယ်။ PH တန်ဖိုးတွေ ပြောင်းတာနဲ့အမျှ ငါးတွေအတွက်ဒုက္ခ ဖြစ်လာနိုင်တယ်။ ရေနေသက်ရှိတွေ အတွက် ရှင်သန်နိုင်မှုအခွင့်အလမ်းမှာ ဏံတန်ဖိုးကလည်းအရေးကြီးတယ်ဆိုတာ ငါးမွေးမြူရေးသမားတိုင်းသိတယ်။ ဒီလို ဘေးထွက်ဆိုးကျိုးတွေကိုဘယ်လိုကာကွယ် ကြမလဲ။ အဲဒါတွေကိုပြင်ဖို့အတွက်ရင်းနှီး မြှုပ်နှံမှုထဲမှာထည့်တွက်ရမယ်။ ပထမပိုင်း ရင်းနှီးမြှုပ်နှံမှုတွေထဲမှာမပါရင်တောင် ရလာတဲ့အကျိုးအမြတ်ထဲကနေ ဘယ် လောက်သုံးမယ်ဆိုတဲ့အစီအစဉ်ကိုတော့ သတ်မှတ်ပြီးသားဖြစ်မှာပါ။ ဒါပေမဲ့ ရလာတဲ့အကျိုးအမြတ်ကိုအစောပိုင်းက ပြောသလိုအတိုးတွေပဲထိုးဆပ်နေမယ် ဆိုရင်တော့ အနှစ် ၃၀ ဆိုတာနည်းတဲ့ ကာလကြီးမဟုတ်လား။ သာမန်လူ့သက် တမ်းတစ်ဝက်စာလောက်ရှိတယ်။ မမျှော် မှန်းနိုင်တဲ့ဆိုးကျိုးတွေကိုကြိုပြီး အနံ့ခံ ကြည့်ရုံသက်သက်ပါဘဲ။ အဲဒီတော့လာပြီး ရင်းနှီးမြှုပ်နှံတာကိုကြိုဆိုပါတယ်။ ကိုယ့် လူတွေက လူ့သက်တမ်းတစ်ဝက်စာ လောက်ကိုအကျိုးအမြတ်ခွဲပေးရမယ် ဆိုတော့ မျက်စေ့တစ်ဆုံး (၂၄)မိုင် လောက်ကြည့်ရုံနဲ့မရတော့ဘူး။ မိုးကုတ် စက်ဝိုင်း ၂ပြန်၊ ၃ပြန်လောက်တွေးထားမှ ပိုကောင်းမယ်လို့ယူဆရပါတယ်။
သမ္မတကြီးကတော့ သူ့သက်တမ်း အဆုံးအထိမြစ်ဆုံကိုရပ်ထားပေးပေမယ့်၊ ဒါကမလွဲမသွေရင်ဆိုင်ရမယ့် ကိစ္စရပ်ကြီး ပါ။ ၂၀၁၄ နဲ့ ၂၀၁၅နှစ်ဦးပိုင်းအထိ ပညာရှင်တွေဝိုင်းစဉ်းစားဖို့လိုနေပြီ၊ ငွေ ရေးကြေးရေးကိစ္စတွေကို ဘယ်လိုရှင်းမ လဲ။ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေကိုဘယ်လိုရင်ဆိုင်ကြမလဲ။ ဆက် လုပ်မယ်ဆိုရင် ကိုယ့်ဘက်ကိုဘေးကင်း မှုရှိအောင် ဘယ်လိုကာကွယ်ကြမလဲ။ ပြည်သူတွေထဲက မြစ်ဆုံစီမံကိန်းကို သဘောမကျတဲ့ပြည်သူတွေကို ဘယ်လို စည်းရုံးကြမလဲ။ အများလက်ခံလာအောင် ပွင့်လင်းမြင်သာမှုတွေနဲ့ ဘယ်လိုသွေး ဆောင်ကြမလဲ။ အားလုံးအတွက်ရည်ရွယ် ရင် အားလုံးပါဝင်လာအောင်လုပ်ကြဖို့ လိုလာပြီ။ လုပ်မယ်၊ မလုပ်ဖူးလောက်နဲ့ မရတော့ဘူး။ ငွေရေးကြေးရေးတွေ၊ ဥပဒေ တွေပါနေပြီ။ ဒီအချိန်မှာတော့ တစ် ယောက်နဲ့တစ်ယောက်အပြစ်တွေတင်နေ လို့မရတော့ပါဘူး။ ဘယ်လိုရှင်းမလဲဆို တာကိုပဲဝိုင်းစဉ်းစားပေးကြရင်ကောင်းမှာ ပါ။ ဒီစီမံကိန်းမှာပါနေတဲ့ ပြည်တွင်း စီးပွားရေးလုပ်ငန်းရှင်တွေကတော့ စဉ်း စားရမယ့်အထဲမှာ အဓိကပါဝင်နေပါ တယ်။ သူတို့တွေက ဟိုဘက်၊ ဒီဘက် မျှတစဉ်းစားနိုင်မယ်ဆိုရင်တော့ မြစ်ဆုံ ဟာ အနှစ်မကုန်ပဲ၊ အချစ်စုံစရာတွေ ဖြစ်လာမှာလို့ပဲတိုက်တွန်းလိုက်ပါရစေ။
မောင်ယဿ
Hot News