ဝါသနာ မပါလို့ အသက်မွေးဝမ်းကျောင်း ပြောင်းရန် နည်းလမ်း

ပို့စ်တင်ချိန် - 3/06/2014 12:29:00 PM



မြန်မာပြည်က လူအတော်များများ ကြုံတွေ့နေရတဲ့ ပြဿနာ တစ်ခု ဖြစ်ပါတယ်။ အများစုက လူငယ် တွေပါ။ အချိန်အတော်ကြာ အဆင်ပြေရာ အလုပ်များ လုပ်ကိုင်ရင်းက ကိုယ်ဘာလုပ်လို့ ဘာလုပ်ချင်းမှန်း မသိအောင် လမ်းပျောက်သွားသူတွေ အများကြီးမှ အများကြီးပါ။ ဒီတော့ ပြောင်းကြတော့ မယ်လေ။ ခေတ်ကြီးက လည်း ပြေင်းလဲလာပြီဆိုတော့ တွေဝေ မှိန်းမော မနေတော့ပဲ စိတ်အားထက် သန်ရာ ပညာရပ်နဲ့ အသက်ရှင်သန် ကြရအောင်။

ဘာဝါသနာ ပါလဲ

မေးရလွယ်ပေမယ့် ဖြေရအင်မတန် ခက်တဲ့မေးခွန်းမျိုးပေါ့။ ကဲ။ စာဖတ်သူ ဘာဝါသနာ ပါပါသလဲ။ ဖြေကြည့် ပါအုံး။ သီချင်းဆိုတာလား။ ဘောလုံးကန် တာလား။ ဂိမ်းဆော့တာလား။ Pleasure နဲ့ Passion ကို ခွဲခွဲခြားခြား သိအောင် အရင်လုပ်ဖို့လိုပါတယ်။ မြန်မာပြည်မှာ လူအများစု ပျောက်ဆုံးနေ တဲ့ အရာ တစ်ခုက Passion ပါ။ ငွေကြေးချမ်းသာဖို့၊ ဆင်းရဲတွင်းက လွတ်နိုင်ဖို့ စိတ်ဆန္ဒ တစ်ခုတည်းနဲ့ လုပ်ချင်တာထက် လုပ်သင့်တာ ကို ရွေးချယ် သွားတတ်ကြပါတယ်။ အလုပ်ကြတော့လဲ လုပ်သင့်တာကိုပဲ လုပ်ချင်တဲ့ အရာတစ်ခုလို့ ထင်မှားမြင်မှားပြီး တစ်စိုက်မက်မက်လုပ် သွားကြပါတယ်။ ဆယ်တန်း ဂုဏ်ထူး ၆ ဘာသာနဲ့ အောင်တဲ့ ကလေး တစ်ယောက် ရွေးချယ်မယ့် တက္ကသိုလ်ကျောင်းက ဘာဖြစ်မယ်ဆိုတဲ့ အားလုံးခန့်မှန်းမိမှာပါ။ အမှတ်အများဆုံးရမှ ၀င်လို့ရတဲ့ ကျောင်းတွေကို ထိပ်ဆုံး ကနေ စီပြီး ရေးလိမ့်မယ်ဆို တာ ဗေဒင်မေးစရာ မလိုပါဘူး။

ဒါတွေကို တစ်ခုချင်း လိုက်ပြောနေရင် ပြီးတော့မှာ မဟုတ်ပါဘူး။ ပြီးခဲ့တာ ပြီးပါပြီ။ ကျနော်တို့ ရှေ့ ဆက် အနာဂတ် အတွက် ဘာတွေလုပ်ကြမယ် ဆိုတကိုသာ စဉ်းစားရအောင်။ ကိုယ်က လက်ရှိ ဘာဝါသနာ ပါလို့ပါမှန်း မသိ လမ်းပျောက်နေရင် စာများများ ဖတ်ပါ။ လေ့လာပါ။ မိမိပတ်ဝန်းကျင်ကနေ သိသင့်၊မှတ်သား သင့်သမျှ မှတ်သားပြီး ထဲထဲဝင်ဝင်လေ့လာလို့ရတဲ့ ပညာရပ်တွေ ရှိရင်လည်း လပိုင်းဖြစ်ဖြစ် အချိန်ပေး လုပ်ကြည့် လိုက်ပါ။ အချိန်ကာလတစ်ခုတော့ သတ်မှတ်ပေါ့။ ၃ လ ဆိုလည်း ၃ လ၊ ၅ လ ဆိုလည်း ၅ လ အဲ့ထက် များသွားရင်လည်း မကောင်းတော့ပါဘူး။ ယင်းကာလအတွင်း Environment ကနေ Absorb and Observe လုပ်မယ်။ ပြီးရင် Decision တစ်ခု၊ Result တစ်ခု ကြိမ်းသေရပါပြီ။ ဘယ် အလုပ်အမျိုးအစားက ငါနဲ့ သင့်တော်မှာလဲ၊ ငါဘယ်လောက် ၀ါသန ပါလဲ၊ အနာဂတ်မှာ အကျိုးအမြတ် ဘယ်လောက်ရနိုင်မလဲ။ Suitable, Desirable, Benefit အချက်သုံးခု သေချာပြီဆိုရင် ယင်း Career ကို Choice လုပ်နိုင်ပါပြီ။

Plan ချမယ်

ဘယ်အလုပ်ပဲလုပ်လုပ်၊ ဘာကိစ္စရပ်ပဲ ဆောင်ရွက်ဆောင်ရွက် Plan ဆိုတာ ကြိမ်းသေ ရှိရမယ်လေ။ Plan ထဲမှာ သင်ကြားလေ့လာခြင်း၊ လေ့ကျင့်ခြင်း၊ လက်တွေ့အသုံးချခြင်း သုံးချက်နဲ့လည်း အရင်ပြည့်စုံရအုံးမယ်။ ပညာသင်ကြားဖို့အတွက် အချိန်ကာလ တစ်ခုချမှတ် ရမယ်။ ၁ နှစ်ဆိုလည်း ၁ နှစ်ပေါ့။ ပြီးရင်လေ့ကျင့်မယ်။ လေ့ကျင့်တာနဲ့ ပညာသင်တာနဲ့က အတူတူလုပ်လို့ရတယ်နော။ ပြီးရင် လုပ်ငန်းခွင် ၀င်နိုင်ပါပြီ။ ဒါဆို ပညာ ဆက်မသင်ရတော့ဘူးလား။ မဟုတ်ပါ။ ၁ နှစ်ထဲ သင်လာတဲ့ ပညာနဲ့ လုပ်ငန်းခွင် ၀င်ရင် လိုချင်တဲ့ နေရာ တစ်ခု ရောက်နိုင်အုံးမှာ မဟုတ်ပါဘူး။ Working and Learning ကို တစ်ပြိုင်နက်တည်း လုပ်ဆောင်ပြီး Test တွေကိုလည်း အချိန်အခါသင့်ရင် သင့်သလို Challenge လုပ်နိုင်ရပါမယ်။

အိုကေ။ ပြောတဲ့ အကြောင်းအရာက Plan ဆိုတော့ Plan ချကြရအောင်လေ။ တစ်နည်း ပြောမယ်ဆိုရင် လေထဲမှာ တိုက်ဆောက်ခြင်းပေါ့။ ဘယ်နှစ်မှာ ငါ ဘယ် ပညာအရည်အချင်းနဲ့ ဘာတွေ ဖြစ်လာရမယ်။ ဘယ်နှစ်မှာ လုပ်ငန်းတစ်ခုစနိုင်ရမယ် အစရှိသဖြင့် Yearly Plan လည်းရှိရပါမယ်။ Weekly Plan, Monthly Plan, Season Plan, Yearly Plan အစရှိသဖြင့် အားလုံး ခွဲတမ်းချပြီးရင် အလုပ်စလုပ်နိုင်ပါပြီ။

မှာချင်တာလေးတွေ

အရင်ကလည်းရေးခဲ့ဖူးပါတယ်။ ပြန်စုပြီးမှာရမယ်ဆိုရင် မပျင်းနဲ့၊ မတွေဝေနဲ့၊ အားမငယ်နဲ့၊ မစိုးရိမ်နဲ့၊ နောင်တ မရနဲ့။ ကိုယ်က ဒါကိုရွေးပြီးသွားပြီလေ။ ပျင်းနေလို့မရဘူး။ ပန်းတိုင်မရောက်ပဲ နေမယ်။ မတွေဝေပါနဲ့ လုပ်နေရင်း လမ်းပြန်ပျောက်သွားပါမယ်။ အားမငယ်ပါနဲ့။ စိတ်ဓာတ်ကျပြီး ရှုံးနိမ့်သွား ပါမယ်။ မစိုးရိမ်ပါနဲ့။ ဖြစ်လာနိုင်ပါတယ်။ Resource ရဖို့ နည်းလမ်းကို ကိုယ်တတ်နိုင် သလောက်ရှာ စိုးရိမ်စိတ်ကို ဖြေဖျောက်ပြီး အကောင်းဆုံး ဖန်တီးဖို့ လိုပါတယ်။ နောင်တ မရပါနဲ့။ ဘယ်လမ်း ဘဲ လျှောက်လျှောက် ဖြူး တယ်ဆိုတာ မရှိပါဘူး။ ဆူးလဲရှိမယ်။ ခလုတ်လည်း ရှိမယ်။ ခဲလည်း ရှိမယ်။ အန္တရာယ်လည်း ရှိမယ်။ အဲဒါတွေ ကြုံတွေ့တိုင်း ငါရွေးတာ မှားပါပြီကွာလို့ နောင်တ ရနေပြီဆိုရင် အရှုံးသမား ဘ၀နဲ့ပဲ ပြီးသွားပါမယ်။

ထပ်မှာရအုံးမယ်။ ယခု စာဖတ်သူရဲ့  အသက် ဘယ်လောက်ရှိပါပြီ လဲ။ နိုင်ငံတကာမှာဆိုရင် အသက် ၄၀ ကျော်မှာ ပရော်ဖက်ရှင်နယ် လိုင်း တစ်ခုကို စတင်ရွေးချယ်တာမျိုးတောင် လက်တွေ့ တွေ့ကြုံခဲ့ဖူးပါတယ်။ အမေရိကန်မှာဆိုရင် စစ်ပင်စင်စား အငြိမ်းစားများ အိုင်တီ ပညာရပ်ဘက်ကို ကူးပြောင်းပြီး စွမ်းစွမ်းတမံ ကြိုးစားလို့ ထိပ်တန်းနေရာ တစ်ခုကို ရောက်နေကြ တာ သာဓကတွေ အများကြီး ရှိပါတယ်။ အမေရိကန်မှရယ်လို့ မဟုတ်ပါဘူး။ ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာတောင် Career Changing ကို အမြဲလုပ်နေကြပါတယ်။ Career Change တစ်ခု လုပ်ဖို့အတွက် စဉ်းစားစရာ သိပ်အများကြီး မရှိပါဘူး။ အထက်ပါ အချက်တွေကို စဉ်းစားသုံးသပ်ရုံနဲ့ လုံလောက်ပါတယ်။ မြန်မာပြည်မှာ လူအတော်များများ Survive ဖြစ်ဖို့ ကြိုးစားနေတာကိုလည်း ကိုယ်ချင်းစာပါ တယ်။ မှန်ပါတယ်။ ဒါဟာ အခက်အခဲ တစ်ခုပါ။ သို့ပေမယ့် ယင်းအခက်အခဲ က Career Changing လုပ်ဖို့အတွက် ကြီးမားတဲ့ Barrier တစ်ခု အဖြစ်ရှိမနေပါဘူး။ Resources ရှာဖွေတတ်ရမယ်။ Opportunity ရှာဖွေတတ်ရမယ်။ အချိန်တစ်ခု ပေးနိုင်မယ်။ Plan ကောင်းကောင်း ရှိမယ်၊ ကြိုးစားနေမယ် ..။ ဒါဆိုရင် လုံလောက်ပါပြီ။ Career Changing အတွက် သင်လုံးဝ နောင်တ မရတော့ပါဘူး။

အနှစ်ချုပ်

စာတော့ ဖတ်လို့ပြီးသွားပြီ။ စာဖတ်သူတို့ ဘာဆုံးဖြတ်ချလိုက်ပါသလဲ။ Survive လုပ်နေရများ၊ ရုန်းကန်နေရသူများကို မှာချင်ပါတယ်။ Don’t follow money ငွေနောက်လိုက်ရင် ဆုံးမှာမဟုတ်ပါဘူး။ Target ကောင်း တစ် ခုချပြီး ကြိုးစားနေရင် Money will follow you ပါ။ လူတိုင်း Comfortable Life ကိုလိုချင်သူချည်းပါပဲ။ မမှားပါဘူး။ ရန်ကုန်မြို့ ကြီးလိုနေရာမှာ စားဝတ်နေရေးအတွက် ကြိုးစားရပေမယ့် အခက်အ ခဲကြီးမဟုတ်ပါဘူး။ Affordable Lifestyle တစ်ခုကို တည်ဆောက်ဖို့ ခက်မှမခက်တာ။ အသုံးစရိတ်အားလုံး ချုံ့ ချပြီး Comfortable life တစ်ခုကို တည်ဆောက်လို့ ရပါတယ်။ ပြီးရင် မိမိ ရွေးချယ်ထားတဲ့ Career Changing Plan အတိုင်း တစ်စိုက် မက်မက် လုပ်သွားနိုင်ပါတယ်။ လူတစ်ယောက်ရဲ့ တန်ဖိုးဟာ သူ့မှာငွေဘယ်လောက်ရှိသလဲဆိုတာနဲ့ တိုင်းတာခြင်း မဟုတ်ပါဘူး။ သူ ဘာလုပ်တယ် ဆိုတာနဲ့ တိုင်းတာ တာပါ။ ပတ်ဝန်းကျင်က ကိုယ့်ပေါ် သတ်မှတ်တဲ့ Value ထိ မိမိကိုယ်ကိုယ် ထားတဲ့ Value က ပိုအရေးကြီး ပါတယ်။ ကိုယ့်ကိုယ်ကို တန်ဖိုးထား၊ ကိုယ့်အလုပ်ကို တန်ဖိုးထား၊ရည်ရွယ်ချက်ရှိပြီး ကြိုးစားနေသူ တစ်ယောက်ဟာ ကမ္ဘာမှာ အအောင်မြင်ဆုံးလူပါပဲ။ ပျော်ရွှင်မှုကို စက္ကန့်တိုင်းမှာ ရှာတွေ့ နိုင်ပါတယ်။ အသက်မွေးဝမ်းကျောင်း ပညာရပ် တစ်ခုမှ တစ်ခုသို့ ပြောင်းလဲသူများ အောင်မြင်မှုအသီးသီး ရရှိနိုင်ကြပါစေ။

အောင်ခမ်း (ရိုးရာလေး)