တိုင်းပြည်ရဲ့အနုတ်လက္ခဏာပြ ကြော်ငြာသာဓကတစ်ခု

ပို့စ်တင်ချိန် - 3/22/2014 09:07:00 PM



    ကြော်ငြာရဲ့ ထိပ်ဆုံးမှာ စာလုံးအမည်းကြီးနဲ့ ထင်ထင် ရှားရှားရေးထားတာက ““ပြည်ပအိမ်ဖော် အလုပ်”တဲ့ . . . ““သြော် . . . ကျွန်တော်တို့ တိုင်းပြည်ရဲ့ အနုတ်လက္ခဏာပြ ကြော်ငြာသာဓက တစ်ခုပါလား””လို့

 စာအုပ်ထုတ်ဝေရေး စာပေတိုက်ကြီး တစ်တိုက်က ကျွန်တော်ရေးခဲ့တဲ့ ဆောင်းပါးတချို့ကို စုစုစည်းစည်းနဲ့ စာအုပ်တစ် အုပ်ထုတ်မယ်ဆိုတာနဲ့ ဂျာနယ်တွေကို မိတ္တူကူးဆိုင် ယူသွားပြီး မိတ္တူကူးရပါတယ်။ မိတ္တူကူး ဆိုင်ရှေ့က ခုံတန်းလျား လေးမှာ ထိုင်စောင့်နေရင်း ပတ်ဝန်းကျင် ကို ဟိုငေးသည်ငေးနဲ့ ငေးနေမိပါတယ်။ မိတ္တူကူးတဲ့ဆိုင်ရဲ့ ဆိုင်နံရံတစ်နေရာ လူ မြင်ကွင်းမှာ ထင်းခနဲမြင်သာအောင် ကပ်ထားတဲ့ ကြော်ငြာ စာရွက်ကြီး တစ်ရွက်ကို တွေ့လိုက်ရပါတယ်။ ဘာကြော်ငြာများ ပါလိမ့်ဆိုပြီး စိတ်ဝင်စားလို့ ထပြီးဖတ် ကြည့်လိုက်ပါတယ်။ စိတ်ထဲမှာ မကောင်း စရာကြော်ငြာပါလား။ အသက် ၁၈နှစ်နဲ့ ၂၀ ကြား မိန်းကလေး တွေကို အလုပ်ခေါ်တဲ့ ကြော်ငြာဖြစ်နေပါတယ်။ ကြော်ငြာရဲ့ ထိပ်ဆုံးမှာ စာလုံးအမည်းကြီးနဲ့ ထင်ထင် ရှားရှားရေးထားတာက ““ပြည်ပအိမ်ဖော်အလုပ်””တဲ့။ ဆိုလိုချက်တွေကို၊ သတ်မှတ် ချက်တွေကို ဆက်ဖတ် လိုက်ပါတယ်။ ပြည်ပနိုင်ငံမှာ သွားပြီး အလုပ်လုပ်ရမယ်။ အိမ်ဖော်အလုပ်ကိုပဲ သီးသန့်လုပ်ကိုင်ရမယ်။ တစ်လကို မြန်မာငွေ ၆ သိန်းနဲ့ ညီမျှတဲ့ လစာငွေလည်း ရရှိမယ်တဲ့။ အိမ်ဖော်အလုပ်အတွေ့အကြုံရှိပြီးသား မိန်းကလေးကို ဦးစားပေးမယ်တဲ့။ ဆက်သွယ်ရမယ့် ဖုန်းနံပါတ်နဲ့ လိုအပ်တဲ့ တခြားအ ချက်အလက်တွေ ကိုလည်း ရေးထားပါသေးတယ်။ …လူတွေ့စစ်ဆေးမယ့်ရက်ကို တော့ ဖုန်းအဆက်အသွယ်ရပြီးမှ ပြန် ဆက်သွယ် အကြောင်းကြားမယ်လို့ ဆိုပါ တယ်။ တစ်လကို မြန်မာငွေ ၆ သိန်းနဲ့ ညီမျှတဲ့ လခဆိုတော့လည်း မိန်းကလေး တချို့ လိုချင်ကြမှာပါ။ ကိုယ့်မြန်မာနိုင်ငံ ထဲမှာ ရှိတဲ့ စက်ရုံ၊ အလုပ်ရုံတွေမှာ တစ် နေကုန် ကြိုးစားပြီး အလုပ်လုပ်၊ ပြန်တော့လည်း အလုပ်ရှင်၊ စက်ရုံပိုင်ရှင် တချို့က လုပ်ခလစာငွေကိုလည်း လျှော့ ပေးချင်ကြတယ်။ အချိန်ပိုကြေးလည်း မပေးချင်တဲ့ အလုပ်ရှင်တွေ ရှိနေကြပြန် တယ်။ ပြီးတော့ သက်သာ ချောင်ချိမှုခွင့် ယူရက်ကအစ မလိုက်လျောချင်ကြတဲ့ လုပ်ငန်းရှင်တွေလည်း ရှိတယ်။ ကိုယ့်လူမျိုး၊ ကိုယ့်နိုင်ငံ သား မဟုတ်ဘဲ တခြား အိမ်နီးနားချင်းနိုင်ငံ တချို့က ဒီမှာလာပြီး စက်ရုံကြီးတွေဖွင့်ရင်း ကိုယ့်ပြည်တွင်းက မိန်းကလေး အလုပ်သမားတွေကို ထင်သလို စော်ကားမော်ကား နှိမ့်ချကန့်သတ် ချုပ်ချယ်ပြီး ဒီအလုပ်လေးမှ မလုပ်ရရင် ငတ်တဲ့ကိန်းဆိုက်မှာမို့ တတ်နိုင်သမျှ သည်းခံခေါင်းငုံ့ပြီး လုပ်နေကြရရှာတာကို အခွင့်ကောင်း ယူနေတဲ့ လူတန်းစားကလည်း အလုပ်ရှင်လောကမှာ ဒုနဲ့ဒေးမ ဟုတ်လား။ ပြည်တွင်းအလုပ်အကိုင်တွေ ထဲမှာ အချိန်ပိုဆင်းရလို့ ညမှောင်တော့မှ ထမင်းချိုင့်လေးဆွဲပြီး ကြုံရာဘတ်စ်ကား လိုင်းကားစီးရင်း အိမ်ပြန်ရရှာတဲ့ မိန်းက လေးတချို့လည်း ရှိနေကြပါတယ်။ ကား မှတ်တိုင်မှာ ကားစောင့်ရင်း ကျီးလန့်စာစားနဲ့ ဘယ်သူကများ ငါ့ကို ထိကပါး ရိကပါး လာစော်ကားမလဲဆိုတာ အကြောက် တရားနဲ့ လှုပ်ရှားသွားလာနေကြရရှာတဲ့ မိန်းကလေး တွေလည်း ရှိပါတယ်။ တစ်ခါကဆိုရင် မိန်းကလေးနှစ်ယောက် အလုပ်ကပြန်လာရင်း ကားမှတ် တိုင်မှာ ညဥ့်နက်သွားတယ်။ ရဲပတ္တရောင် လှည့်ကင်းနဲ့တွေ့တော့ အချိန်မတော် မှောင်ရိပ်ခိုမှုဆိုပြီး ပုဒ်မ ၃၀-ဃ နဲ့ အဆွဲခံလိုက်ကြရတယ်။ ရဲအချုပ်မှာ တစ်ည ချုပ်ခံရပြီး နောက်နေ့ တရားရုံးကိုရောက်တယ်။ တရားရုံးတ ချို့ရဲ့ ဝေါဟာရရှိပါသေးတယ်။ ဒီလို ၃၀-ဃ ပုဒ်မနဲ့ ရုံးတင်ခံရတဲ့သူတွေကို ပြောတာ ရှိပါသေးတယ်။ ““အချိန်မ တော် လမ်းလျှောက်မှု”” တဲ့။ ဒီလိုနဲ့ ထောင်တစ်လကျသွားရရှာတဲ့ သာဓကတွေ ရှိခဲ့ပါ တယ်။ နောက်ပြီး မြို့စွန် မြို့ပြင်ရပ်ကွက် တွေကို ညဘက်ပြန်ရသူ မိန်းကလေးတ ချို့ကျတော့ ကြုံကြဆုံကြရရှာတာတွေ ရှိ ဖူးပါသေး တယ်။ ရိုးရိုးလိုင်းကားတွေ ပြေးဆွဲချိန်ကုန်သွားတဲ့အခါမှာ ကြားကားလို့ ခေါ်တဲ့ ဒိုင်နာလိုမျိုး ကားတွေက ကြား ပေါက် ၀င်ပြေးဆွဲပေးတယ်။ ကျွန်တော် မျက်ဝါးထင်ထင်မြင်ဖူး ကြုံဖူးတာတစ်ခု ပြောပြမယ်။ ကားပေါ်ကို မိန်းကလေးသုံး ယောက် ထမင်းချိုင့်လေးတွေနဲ့ ချွေးတစို စိုကပိုကရို တက်လာကြတယ်။ ညဥ့် နက်ကြားကား တချို့ လူကျပ်ပေမယ့် အဲဒီ ညကျွန်တော်လိုက်လာတဲ့ ဒိုင်နာကားက ထိုင်ခုံ ဟိုဘက်ဒီဘက် မျက်နှာချင်းဆိုင် ၂ တန်း ရှိတာ။ တစ်တန်းက လူမပြည့်ပါဘူး။ ဒီကလေးမလေးတွေ ၀င်ထိုင်လို့ ရ ပေမယ့်မထိုင်ဘဲ မတ်တတ်ရပ် နေကြတယ်။ ကျွန်တော်က မနေသာလို့ ““၀င်ထိုင်ကြ လေ””လို့ လှမ်းပြောတော့ မိန်းကလေး တစ်ယောက်က ပြန်ပြောလိုက်တဲ့စကားကို ခုထိ မမေ့နိုင်သေးဘူး။ ““ဒီကားက ထိုင်စီးသမားဆို ကားခပိုယူတယ် ဦးလေးရဲ့၊ ထပြီးစီးရင် တစ်ရာသက်သာတယ်””တဲ့။ သြော် …ဒီလိုကြားကားမျိုးလည်း သူ့အရပ်နဲ့ သူ့ဇာတ် ရှိနေပါလား ဆိုတာ ကျွန်တော် စိတ်မကောင်းစွာနဲ့ သိခဲ့ရတယ်။ သူတို့ခမျာ ကားခကအစ ခြိုးခြံချွေတာ ကြရရှာတာကိုး။ မိုးတိုးမတ်တတ်ရပ်ရင်းနဲ့ပဲ နွမ်းလျအိမ်ပြန် ကြရရှာပါတယ်။ ဘယ်လောက်ပဲ ပင်ပန်းပင်ပန်းပါစေ၊ ပင်ပန်းရ ကျိုး မနပ်တဲ့ လုပ်ငန်းခွင်မျိုးတွေက အသီးသီး အသက ပြန်လာကြရတဲ့ လူတို့လေးတွေရဲ့ အခြေအနေကို ဘယ်လို လူတန်းစားမျိုးတွေက တာဝန်ယူကူညီမှုပေး ကြမှာလဲ။ တချို့မိန်းကလေးတွေ ကျတော့လည်း ကိုယ့်မိရိုးဖလာ ဘိုးစဉ်ဘောင်ဆက် ဓားမဦးချ လုပ်ကိုင်လာခဲ့ကြတဲ့ လုပ်ငန်းမျိုးကို အစိုးရပိုင်းက ဖျက်သိမ်းဖယ်ရှား ပစ်တာ ခံလိုက်ရလို့ လတ်တလောမှာ ဘာလုပ်ကိုင်စားလို့ စားရမယ်မှန်း မသိ ကြသေးတဲ့ မိန်းကလေးတွေလည်း ရှိပါ တယ်။ ယောင်ချာချာနဲ့ စိတ်ထွေတလာ ဝေဒနာကိုယ်စီအရင်းတည်ရင်း ကိုယ့်တစ် ကိုယ်ရေပဲဖြစ်ဖြစ်၊ မိသားစု စားဝတ်နေ ရေးပြဿနာကိုပဲဖြစ်ဖြစ် ဘယ်ပုံဘယ်နည်း ဖြေရှင်းကြရမလဲဆိုတာ ဦးတည်ရာကင်းမဲ့ သွားတဲ့ မိန်းကလေးတွေလည်း ကျွန်တော်တို့ မြန်မာနိုင်ငံထဲမှာပဲ အသင်္ချေအနန္တပါ။ ကိုယ်ဘာဝါသနာပါလဲ၊ ကိုယ်ဘာ လုပ်တတ်လဲ၊ ကိုယ့်ဆန္ဒနဲ့ ကိုယ့်ရည်မှန်းချက်က ဘာလဲဆိုတာတွေက (လုံးဝ)သာမည အဆင့်ကို ကျဆင်း သွားပြီး လတ်တလော စားဝတ်နေရေးကျပ်တည်းမှုကို ကြုံသလို ကျပန်းမြေစမ်းခရမ်းပျိုး သို့တည်းမဟုတ် ဆင်ကန်းတောတိုး သဘောမျိုးပဲ ဖြေရှင်း လိုက်တာ ကောင်းပါတယ်လေဆိုတဲ့ အ တွေးတွေက အဓိကဖြစ်သွား တတ်ပြန်တဲ့ မိန်းကလေးတွေလည်း ရှိနေကြပါတယ်။ အဲဒီလိုဝေေ၀၀ါးဝါးမှာပဲ ငွေများရင်အဆင် ပြေတာပေါ့ ဆိုတဲ့ လမ်းကြောင်းနောက် ကောက်ကောက်ပါအောင် သူတစ်ပါး ဆွဲဆောင်လို့ပဲဖြစ်ဖြစ်၊ ကိုယ်ကိုယ်တိုင်က လိုက်ပါစီးမျောချင်လို့ပဲဖြစ်ဖြစ် အိပ်မက် သစ်တစ်ခုဆီကို ဦးတည်ရွေ့လျားသွားကြ ရှာတဲ့ မိန်းမသားများလည်း ရှိနေကြပါ တယ်။ တချို့ဆို တကယ့်ကို ကျောင်းနေ ပျော်ပြီး စာတော်ရမယ့်အရွယ်ကောင်းက လေးတွေပေါ့။ ထားပါတော့။ ပြည်ပနိုင်ငံ တစ်ခုကို ပျံသန်းနေတဲ့ လေယာဉ်ကြီးတစ် စီးရဲ့ ခရီးစဉ်တစ်ခုတည်းမှာတောင် လိုက် ပါသွားကြတဲ့ ကျွန်တော်တို့ နိုင်ငံက နိုင်ငံသူလေးတွေရဲ့ အခြေအနေချင်းက မမျှမတ လုံးဝမတူညီကြပါဘူး။ တချို့က မိဘ တတ်နိုင်လို့ ပြည်ပမှာ ပညာရှာ ကျောင်းသွားတက်ကြရမယ့် ပျိုရွယ်သူ လေးတွေလေ။ တချို့ ကတော့ သူများနိုင်ငံ မှာ ““ကျွန်သွားခံကြရရှာတော့မယ့်””မျက် စိသငယ်၊ နားသငယ်လေးတွေပေါ့။

““အိမ်ဖော်””အလုပ်ဆိုတာ တစ်နည်း အားဖြင့် စကားရိုင်းရိုင်းနဲ့ဆိုရရင် သူတစ် ပါးအိမ်မှာ သူတစ်ပါးရဲ့ စိတ်အ ထာအာသာ ဆန္ဒပြည့်ဝအောင် သူတစ်ပါးအလိုကျ ကိုယ်က လခစားအနေနဲ့ သွားပြီး သူတစ် ပါးစိတ်နဲ့ ကိုယ့် ခန္ဓာကိုယ်ဆိုသလို ““ကျွန်သွားခံ”” နေကြရရှာတာပဲ မဟုတ်လား။ ဘာပဲဖြစ်ဖြစ် သူတို့လေးတွေရဲ့ ဘ၀လုံခြုံ မှုဆိုတာက ပြည်ပမှာ ကျောင်းသွားတက် တဲ့ မိန်းကလေးတွေလောက်တော့ ဘယ်လိုလုပ်ပြီး စိတ်ချရပါ့မလဲ။ သူတို့အပေါ်မှာ တာဝန်ယူမှုက တော်တော့်ကို စိတ်မချရတဲ့ အဆင့်မှာရှိတယ်လေ။ ကျွန်တော်တော့ စိတ်ထဲမှာ တကယ့်ကိုမကောင်းဘူး။ သားသမီးချင်း၊ မြေးချင်းလည်း ကိုယ်ချင်းစာတယ်။ မိတ္တူဆိုင် မျက်နှာစာနံရံပေါ်က  ““အိမ်ဖော်”” အခေါ် ကြော်ငြာလေးကို ငေး ကြည့်ရင်း ““သြော် …ကျွန်တော်တို့တိုင်း ပြည်ရဲ့အနုတ် လက္ခဏာပြ ကြော်ငြာ သာဓကတစ်ခုပါလား””လို့ တွေးနေမိကြောင်း ပါခင်ဗျား။

ဆောင်းဝင်းလတ်

Myanmartandawsint Newspaper