ရာနဲ့ချီတဲ့ ရိုဟင်ဂျာတွေ မလေးမှာ ချုပ်နှောင်ခံရ
ပို့စ်တင်ချိန်
- 3/07/2014 09:28:00 PM
လူကုန်ကူးသူအဖွဲ့တွေက ရာနဲ့ချီတဲ့ မွတ်စလင် ရိုဟင်ဂျာတွေကို မလေးရှားနိုင်ငံ တောင်ဘက်ပိုင်းမှာရှိတဲ့ နေအိမ်တွေမှာ ချုပ်နှောင်ထားရှိပြီး သူတို့တွေကို ရိုက်နှက်တာတွေ၊ အစားအစာ ၀၀လင်လင် မကြွေးပဲ ထားတာတွေ ပြုလုပ်ခဲ့တယ်လို့ အဲဒီမှာ ချုပ်နှောင်ခံခဲ့ရဖူးတဲ့ သူတွေက ပြောပါတယ်။
ဒါ့အပြင် လူကုန်ကူးသူ တွေဟာ ချုပ်နှောင် ခံရသူတွေရဲ့ မိသားစုတွေ ဆီကနေလည်း ငွေညစ် ယူတာတွေ ပြုလုပ် ခဲ့တယ်လို့ လည်း ဆိုပါတယ်။
အရင်က ထိုင်းနိုင်ငံ နယ်စပ် တောင်ပေါ်တွေမှာ ထားရှိတဲ့ လူကုန် ကူးသူ စခန်းတွေကို ထိုင်း အာဏာပိုင် တွေက လိုက်လံ ဖြိုခွင်း ခဲ့တာကြောင့် လူကုန်ကူး သူတွေဟာ သူတို့ရဲ့ စခန်းကို မလေးရှား နိုင်ငံဘက်ခြမ်းမှာ ပြောင်းရွှေ့ ထားရှိ ခဲ့တယ်လို့ အဆိုပါ ချုပ်နှောင် ခံခဲ့ရဖူးတဲ့ သူတွေက Reuters သတင်း ဌာနကို ပြောပြခဲ့ပါတယ်။
ဖေဖော်ဝါရီလ အပါအ၀င် မကြာသေးခင် လပိုင်းတွေကပဲ မလေးရှား ရဲတွေက မလေးရှား နိုင်ငံ Penang နဲ့ Kedah ပြည်နယ် တွေမှာရှိတဲ့ နေအိမ်တွေကို ၀င်ရောက် စီးနင်းရှာဖွေ မှုတွေ ပြုလုပ်ခဲ့ပြီး အဲဒီနေအိမ် တွေထဲမှာ ချိန်းကြိုးနဲ့ ခတ်ထားခံရတဲ့ မွတ်စလင် ရိုဟင်ဂျာ အမျိုးသား လေးဦးကို တွေ့ရှိခဲ့ တယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ဘာသာရေး လူမျိုးရေး ပဋိပက္ခ တွေကြောင့် ထောင်နဲ့ချီတဲ့ မွတ်စလင် ရိုဟင်ဂျာတွေဟာ မလေးရှားနဲ့ ထိုင်းနိုင်ငံ အပါအ၀င် အိမ်နီးချင်း နိုင်ငံတွေ ဆီကို ထွက်ပြေးနေကြတာ ဖြစ်ပါတယ်။
ABC Radio Australia