ဒေါ်လာ ၃ သိန်းကျော်တန်တဲ့ ရှေ့ဟောင်း ငွေစက္ကူ
ပို့စ်တင်ချိန်
- 3/27/2014 08:47:00 AM
၁၉၇၁ ခုနှစ်အထိ ဗြိတိန်နိုင်ငံမှာ အသုံးပြုခဲ့တဲ့ သျှီလင်ငွေ ၁၀ တန် ငွေစက္ကူကို သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့မှာ လေလံတင်ရောင်းချခဲ့ရာမှာ ဒေါ်လာ ၃ သိန်း ၃ သောင်း ၄ ထောင် နဲ့ နောက်ဆုံး ဈေးဖြတ်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီ သျှီလင်ငွေ ၁၀ တန် ငွေစက္ကူကို ၁၈၁၇ ခုနှစ် ဧပြီလ ၈ ရက်နေ့က ထုတ်ဝေခဲ့တာ ဖြစ်ပြီး အဲဒီအချိန်တုန်းက အရွက် ၁၀၀ သာ ထုတ်ဝေခဲ့တာ ဖြစ်ပါတယ်။
အဲဒီငွေစက္ကူဟောင်းကို လွန်ခဲ့တဲ့ ကိုးနှစ်တုန်းက စကော့တလန်က ရှေးဟောင်းပစ္စည်း စုစည်းတဲ့ သူဆီမှာ စတင်တွေ့ရှိခဲ့တာ ဖြစ်ပြီး ၂၀၀၅ ခုနှစ်တုန်းက ရောင်းချခဲ့တုန်းက ဒေါ်လာ ၂ သိန်း ၈ သောင်း ကျော် ရရှိခဲ့ဖူးပါတယ်။
Radio Australia - Myanmar