လေယာဉ်ရှာဖွေမှုအပေါ် ဝေဖန်မှုကို မလေး အာဏာပိုင်တွေ ခုခံပြောဆို
ပို့စ်တင်ချိန်
- 3/13/2014 10:04:00 AM
![]() |
ပျောက်ဆုံးနေဆဲ မလေးရှားလေယာဉ်ကို ရှာဖွေနေကြတဲ့ တာဝန်ရှိသူတွေ (Credit: AFP) |
ငါးရက်တာ ရှိလာပြီဖြစ်တဲ့ မလေးရှားလေယာဉ်ရှာဖွေမှု ဆိုင်ရာ လုပ်ငန်းဆောင်တာတွေဟာ ကစဉ့်ကလျား ဖြစ်လွန်းတယ်ဆိုတဲ့ ဝေဖန်မှုတွေကို မလေးရှား အာဏာပိုင်တွေက ပယ်ချလိုက်ပြီး ဘယ်တော့မှ လက်မလျော့ဘူးဆိုတဲ့ စိတ်နဲ့ ရှာဖွေနေဆဲ ဖြစ်ကြောင်း မလေးရှား သယ်ယူပို့ဆောင်ရေး ၀န်ကြီး ဟစ်ရှမ်မူဒင် ဟူစိန် က ပြောကြားခဲ့ပါတယ်။
လေယာဉ်ရှာဖွေရေးနဲ့ ပတ်သက်ပြီး မလေးရှား အစိုးရရဲ့ ထုတ်ပြန်ချက် တွေဟာ အမျိုးမျိုး ဖြစ်နေတာကြောင့် ဘယ်အချက်ကို ယုံကြည်ရမလဲ ဆိုတာ ခက်ခဲကြောင်း တရုတ်နိုင်ငံက လူသိရှင်ကြား ဝေဖန် လိုက်တာ ဖြစ်ပါတယ်။
မလေးရှား စစ်တပ်ရဲ့ ရေဒါကနေ မလက္ကာ ရေလက်ကြား ဘက်ကို ဦးတည်ပြီး လေယာဉ်ဟာ အနောက် ဖက်ကို ပျံသန်းသွားခဲ့မှုတွေ ရှိတယ်လို့ မလေးရှား သယ်ယူ ပို့ဆောင်ရေး ၀န်ကြီးက ပြောကြား ခဲ့ပေမယ့် ဒါဟာ ပျောက်ဆုံး နေတဲ့ လေယာဉ် ဟုတ်မဟုတ် ကိုတော့ အတည်ပြု ပြောကြား ခဲ့ခြင်း မရှိပါဘူး။
အခုပျောက်ဆုံးနေတဲ့ လေယာဉ်ပေါ်မှာ လူပေါင်း ၂၃၉ ဦး လိုက်ပါခဲ့ကြပြီး ၁၅၀ ကျော်ဟာ တရုတ်လူမျိုးတွေ ဖြစ်ကြပါတယ်။
အဲဒီအထဲမှာ သြစတြေးလျ နိုင်ငံသား ၆ ဦး ပါဝင်တယ်လို့ သိရပါတယ်။
ABC Radio Australia - မြန်မာပိုင်း