ပို့စ်တင်ချိန်
- 2/27/2014 01:05:00 PM
ဟိုးကောင်းကင် အထက်ကပဲမြင်နိုင်တဲ့ အလွန့်အလွန်ကြီးတဲ့ အမှတ်ကြီးတွေဟာ သိပ်ကိုထူးဆန်းလွန်းပါတယ်။ ဒီပုံရိပ်တွေကို Google Earth အသုံးပြု ကြည့်ရှုသူတွေက စုဆောင်းထားတာဖြစ်ပါတယ်။ ကုန်အမှတ်တံဆိပ်တွေ၊ ထူးထူးဆန်းပုံရှိတဲ့ ရေကန်ကြီးတွေ၊ စက်ဝိုင်းပုံဖြတ်တွေ၊ ကန္တာရ တွေနဲ့ ကျောက်စိုင် အကွေးအပြတ် စတာတွေ ပေါင်းထားတာကို တွေ့ရပါတယ်။
|
အိုဟိုင်းယိုးပြည်နယ် ကိုလမ်ဘီယာ စတေရှန်မြို့က အသည်းပုံရေကန်ကြီး။ |
|
ချီလီနိုင်ငံတ တစ်ယောက်ယောက်ဟာ ကိုကာကိုလာ သိပ်ကြိုက်ပုံရပါတယ်။ မြေဆွေးမြေပျော့မှာ ထွင်းထားတဲ့ ကုန်အမှတ်တံဆိပ် ပုံပါ။ |
|
လင်းနို့လူသားရဲ့ လျှို့ဝှက် ရုံးချုပ်များလား။ ဂျပန်နိုင်ငံ၊ အိုကီနာဝါမြို့က အဆောက်အအုံ တစ်ခုရဲ့ ခေါင်မိုးမှာ စူပါဟီးရိုးရဲ့ အမှတ်တံဆိပ် ပေါ်နေပါတယ်။ |
|
လူလား၊ ကြောင်လား။ ချီလီနိုင်ငံ၊ တာရာပါကဒေသ၊ ဟွာရာရွာက ပုံရိပ်ကြီး။ |
|
Idaho ပြည်နယ်၊ Boise အမျိုးသားသစ်တော ထဲမှာ လူတွေစုပြီး Google Earth က တဆင့် ကမ္ဘာအနှံ့ကို မက်ဆေ့ဂ်ျပေးနေပုံ။ |
|
တရုတ်ကန္တာရထဲက ထူးထူးဆန်း ပုံရိပ်ကြီး။ |
|
အိုရီဂွန်ပြည်နယ်၊ ဒေတွန်မြို့က Firefox အမှတ်တံဆိပ်ဟာ ဂြိုဟ်သားတွေရဲ့ လက်ချက်တော့ မဟုတ်လောက်ပါဘူး။ |
|
အမေရိကဇာတိ လူတစ်ယောက် ဦးခေါင်းပုံရှိတဲ့ Badlands Guardian ကို ကနေဒါနိုင်ငံ၊ အယ်လ်ဘာတာ ပြည်နယ်၊ Walsh ဒေသ မြေမျက်နှာသွင်ပြင်ကို Google Earth ရဲ့ အထူးဆန်းဆုံး နေရာအဖြစ် အတည်ပြုထားပါတယ်။ |
Ref:dailymail.co.uk
Trend Myanmar