လောင်းကစားဂိမ်းဆိုင် (၄၉) ဆိုင်ကြောင့်၊ လားရှိုးမြို့ခံ လူငယ်များ ခိုးဆိုးလုယက်၊ ဘဝပျက်
ပို့စ်တင်ချိန်
- 2/20/2014 01:59:00 PM
လားရှိုးမြို့ ရက်ကွက်များတွင် လမ်းဆုံ လမ်းကြားများမှာ တရားမဝင် လောင်းကစားဂိမ်းဆိုင်များ ဖွင့်ထားကြောင်းကို သက်ဆိုင်ရာ တာဝန်ရှိသူများမှ စိစစ်အရေးယူနိုင်ရန် Myanmar CNN ၏ သတင်းပရိတ်သတ်တစ်ဦးမှ ပေးပို့လာပါသည်။
ပေးပို့လာသော သတင်းတွင် လားရှိုးမြို့တွင် ဖွင့်ထားသော လောင်းကစား ဂိမ်းဆိုင်များအား လိပ်စာနှင့်တကွဖော်ပြထားသည်။ စုစုပေါင်း ဆိုင်ပေါင်း ၄၉ ဆိုင်ခန့်ရှိသည်။ ၎င်းဆိုင်များကြောင့်
- လူငယ်များမှာ မိမိတို့အိမ်မှ မိဘပိုင်ပစ္စည်းတို့ကို အပေါင်ဆိုင်သို့လည်းကောင်း၊ လောင်းကစားဆိုင်ပိုင်ရှင် ထံသို့လည်းကောင်း ပေါင်နှံပြီး လောင်းကစားဝိုင်းများတွင် ဝင်ရောက် လောင်းကစားခြင်း
- သုံးဘီးမောင်းနှင်သော လုပ်သားများမှာလည်း နေ့စဉ်လောင်ကစားဝိုင်းတွင်သာ အချိန်ကုန်နေခြင်းကြောင့် အိမ်စရိတ် မပြေလည်ဘဲ၊ မိသားစုပြဿနာများ ဖြစ်ပွားကာ၊ အိမ်ထောင်ပြိုကွဲသည်အထိ ဖြစ်သွားလျှက်ရှိခြင်း
- ကျောင်းနေအရွယ် ကျောင်းသားများကလည်း မိဘများထံမှ ကျောင်းကို အကြောင်းပြကာ အမျိုးမျိုး ပိုက်ဆံလိမ်လည်တောင်းကြသည်အထိ လောင်းကစားကို စွဲလမ်းနေကြကြောင်း
- လောင်းကစားရုံအချို့တွင် စိတ်ကြွရူးသွပ်ဆေးများကိုပါ ရောင်းချလျှက်ရှိသောကြောင့် ခိုက်ရန်ဖြစ်ပွားခြင်း၊ ဓားထိုးမှုများ ဖြစ်ပွားခြင်းနှင့် အခြား ခိုးဆိုးလုယက်များလည်း ဖြစ်ပွားလျှက်ရှိနေခြင်း
တို့ကြောင့် သက်ဆိုင်ရာမှ တာဝန်ယူ ထိန်းသိမ်းအရေးယူပေးနိုင်ရန် Myanmar CNN သို့ သတင်းပေးပို့လာပါသည်။ ဖွင့်လှစ်ထားသော ဆိုင်လိပ်စာများနှင့် အရေအတွက်များမှာ -
ရပ်ကွက်၅၊ မန်းအိုင်လမ်း၊ ၄၂လမ်းနှင့် ၁၇လမ်းဒေါင့်တွင် (၁)အိမ်
ရပ်ကွက်၅၊ မန်းအိုင်လမ်း၊ ၄၇လမ်းနှင့် ၁၇လမ်းဒေါင့်တွင် (၁)အိမ်
ရပ်ကွက်၅၊ ပင်စင်ရွှာ၊ ၄၈လမ်း၊ ၁၆လမ်းနှင့် ၁၇လမ်းကြား (၁)အိမ်
ရပ်ကွက်၅၊ ဘုံးကျောင်းလမ်း၊ ၂၀လမ်း၊ ၃၇,၃၈လမ်းကြား (၁)အိမ်
ရပ်ကွက်၅၊ ဆိုင်ကယ်ပွဲစားတန်းအနီးတွင် (၃)အိမ်
ရပ်ကွက်၆၊ သိန်းထိုက်ရုပ်ရှင်ရုံအနောက်လမ်းကြား
အလက(၂)အစိုးရကျောင်းအနီးတွင် (၃)ဆိုင်
ရပ်ကွက်၇၊ လမ်းဆုံလမ်းကြား ရွှေလယုန် ကားဂိတ်အနီး (၂)ဆိုင်
လမ်းဆုံလမ်းကြားများတွင် (၁၅)ဆိုင်ခန့်
ရပ်ကွက်၈နှင့် ရပ်ကွက်၁၂တွင် (၂၅)ဆိုင်ခန့်
ဟု ပေးပို့လာပါသည်။ ပေးပို့လာသူ၏ မူရင်းစာကိုလည်း အောက်တွင် တစ်ပါတည်း ဖော်ပြလိုက်ပါသည်။
လားရှိုးမြို့တရားမဝင်လောင်းကစားဂိမ်းဆိုင်များသက်ဆိုင်ရာမှဖမ်းပေးရန်ကျွှန်တော်တောင်းဆို
လားရှိုးမြို့၇ပ်ကွက်အလိုက်လမ်းဆုံလမ်ကြားများတရားမဝင်လောင်းကစားဂိမ်းဆိုင်များ
ဖွင့်ထားတာကိုတွေ့ရပါတယ် သက်ဆိုင်ရာမှလာရောက်ဖမ်းပေးပါရန်တောင်းဆိုအပ်ပါသည်
ရပ်ကွက်၅မန်းအိုင်လမ်း၄၂လမ်းနဲ့၁၇လမ်းဒေါင့်တစ်အိမ်ဖွင့် ရပ်ကွက်၅မန်းအိုင်လမ်း၄၇လမ်း၁၇လမ်းဒေါင့်တစ်အိမ်ဖွင့် ရပ်ကွက်၅ပင်စင်ရွှာ၄၈လမ်း၁၆,၁၇လမ်းကြားတစ်အိမ်ဖွင့် ရပ်ကွက်၅ဘုံးကျောင်းလမ်း ၂၀လမ်း၃၇,၃၈လမ်းကြားတစ်အိမ်ဖွင့်
ရပ်ကွက်၅ဆိုင်ကယ်ပွဲစားတန်းအနီးသုံးအိမ်းရှိ ရပ်ကွက်၆သိန်းထိုက်ရုပ်ရှင်ရုံအနောက်လမ်းကြားအ
လက(၂)အစိုးရကျောင်းအနီးသုံးဆိုင်ဖွင့်ထားပါ
သည် ရပ်ကွက်၇လမ်းဆုံလမ်းကြာ ရွှေလယုန်
ကားဂိတ်နား ၂ဆိုင်ဖွင့်ထားပါသည် လမ်းဆုံလမ်း
ကြားများ၌၁၅ဆိုင်လောက်ဖွင့်ထားပါတယ်
ရပ်ကွက်၈နဲ့ရပ်ကွက်၁၂မှာဆိုင်ပေါင်း၂၅ဆိုင်လောက်ဖွင့်ထာတယ် တရားမဝင်လောင်းကစားဂိမ်း
ဆိုင်ကြောင့် လားရှိုးမြို့သားတွေ့တော်တော်များမျာ
းပျက်စီးခဲ့တယ် ကလေးတွေ့အိမ်ကဆိုင်ကယ်ကိုအပြင်စီးထွက်ခဲ့ပြီ အပေါင်ဆိုင်တွေ့မှာသွားပေါင်ကြတယ် ပေါင်လာတယ်ဗိုက်ဆံနဲ့လောင်းကစားရုံ
တွေ့မှာဝင်လောင်း သို့မဟုတ်လောင်းကစားလော့ပန်းဆီပေါင်ပြီတော့လောင်းကြတယ် တချို့
သုံးဘီးသမားတွေ့ တစ်နေကုန်လောင်းကစားရုံမှာဘဲ့အချိန်ကုန်နေတယ် ရှုံးတော့အိမ်ပြန်
မိန်းမကိုဟင်းဖိုးပေးစရာမရှိ ပြီရင်ရန်ဖြစ်ကွဲကြတ
ချို့ကလေးလဲလောင်းကစားဝါဒနာကြီးပြီအိမ်က
ဗိုက်ဆံတွေ့ခိုး မိဘတွေ့ကို ကျောင်းကကျူးရှင်ဖိုး
ကြိုးတောင်းနေတယ်လို့ လိမ့်ညာပြောပြီ ရတဲ့
ဗိုက်ဆံနဲ့လောင်းကစားရုံမှဝင်လောင်းနေတယ်
လောင်းကစားကြောင့် ခိုးမူတွေ့ ဓားထိုးမှု ရန်ဖြစ်မှု
တွေ့လဲပေါလာတယ် အစိုးဆုံးကတော့ရပ်ကွက်၅ပါဘဲ လောင်းကစားဂိမ်းဆိုင်ထဲမှာ စိတ်
ကြွဆေးပြားများ ရောင်းဝယ်မှုပြုလုပ်နေပါတယ်
သက်ဆိုင်ရာနေပြည်တော်အထူးအဖွဲ့မှလာရောက်ဖမ်းသိမ်းပေးပါရန်တောင်းဆိုးအပ်ပါသည်
လားရှိုးမြို့-ကိုချမ်မြေအောင်ရပ်ကွက်၎
Myanmar CNN မှ တင်ဆက်သည်။ မိမိတို့ ဒေသတွင်းဖြစ်ပျက်သမျှ သတင်းများကို [email protected] သို့ အချက်အလက်ခိုင်လုံစွာ ပေးပို့လာပါက Myanmar CNN website နှင့် facebook တွင် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။