ယူကရိန်း နောက်ဆုံး အခြေအနေ
ပို့စ်တင်ချိန်
- 2/25/2014 09:53:00 AM
ဖေဖော်ဝါရီ ၂၂ ရက်။ ဖြုတ်ချခံရတဲ့ ယူကရိန်း သမ္မတဟောင်းရဲ့ နေအိမ်အတွင်းပိုင်း တစ်နေရာ။ သမ္မတဟောင်းကို ကရိုင်းမီးယား ကျွန်းဆွယ်မှာ နောက်ဆုံး မြင်လိုက်ရ။ |
ဖေဖော်ဝါရီ ၂၃ ရက်။ ဖြုတ်ချခံရတဲ့ ယူကရိန်း သမ္မတဟောင်းရဲ့ နေအိမ်ကို လာရောက်ကြည့်ရှုကြသူများ။ |
ဖေဖော်ဝါရီ ၂၃ ရက်။ ဖြုတ်ချခံရတဲ့ ယူကရိန်း သမ္မတဟောင်းရဲ့ နေအိမ်ကို လာရောက်ကြည့်ရှုကြသူများ အောင်ပွဲခံစဉ်။ |
ဖေဖော်ဝါရီ ၂၂ ရက်။ ယူကရိန်း သမ္မတ ဖြုတ်ချခံရအပြီး သမ္မတဟောင်းရဲ့ နေအိမ်ရှေ့မှာ ပျော်မြူးနေကြသူအချို့။ သမ္မတဟောင်းကို ဖမ်းဝရမ်းထုတ်ထား။ |
ဖေဖော်ဝါရီ ၂၃ ရက်။ ၂နှစ်ကြာ ထိန်းသိမ်းခံနေရတဲ့ ဝန်ကြီးချုပ်ဟောင်း Yulia Tymoshenko ပြန်လွတ်လာပြီး လွတ်လပ်ရေး ရင်ပြင်မှာ မိန့်ခွန်းပြော။ |
ဖေဖော်ဝါရီ ၂၃ ရက်။ ကြားဖြတ် သမ္မတသစ် အဖြစ် ယာယီ ရွေးချယ်ခံရသူ Oleksander Turchinov ။ သူက ဥရောပ သမဂ္ဂနဲ့ နီးကပ်စွာ ဆက်ဆံမယ်လို့ ဆို။ |
ဖေဖော်ဝါရီ ၂၄ ရက်။ အသေအပျောက် များခဲ့တဲ့ လွတ်လပ်ရေး ရင်ပြင်ကို ယူကရိန်း ပြည်သူတွေ လာရောက်ကြစဉ်။ |
ဖေဖော်ဝါရီ ၂၄ ရက်။ လွတ်လပ်ရေး ရင်ပြင်ကို စောင့်ကြပ်နေတဲ့ အစိုးရ ဆန့်ကျင်သူတစ်ဦး။ ရွေးကောက်ပွဲတွေ ပြီးတဲ့အထိ ရင်ပြင်မှာ ဆက်ရှိနေမယ်လို့ ဆို။ |
ဖေဖော်ဝါရီ ၂၄ ရက်။ အသက်ဆုံးရှုံးခဲ့သူတွေကို ရည်စူးပြီး လွတ်လပ်ရေးရင်ပြင်မှာ ပန်းကြဲထားစဉ်။ |
ဖေဖော်ဝါရီ ၂၄ ရက်။ လွတ်လပ်ရေး ရင်ပြင်ကို လာရောက်သူတွေ ယူကရိန်း နိုင်ငံတော်သီချင်းကို သီဆိုကြစဉ်။ ရွေးကောက်ပွဲတွေကို မေလမှာ ကျင်းပဖို့ လျာထား။ |
ဖေဖော်ဝါရီ ၂၄ ရက်။ ယူကရိန်း အနာဂတ် ဆွေးနွေးဖို့ ကိယက်ဗ်ကို ရောက်ရှိသွားတဲ့ အီးယူ နိုင်ငံခြားရေး မူဝါဒ အကြီးအကဲ Catherine Ashton သေဆုံးသူတွေအတွက် အောက်မေ့ဖွယ် နေရာကို သွားရောက်။ |
BBC Burmese