ပန်းခြွေမုန်တိုင်း သတိထား

ပို့စ်တင်ချိန် - 2/28/2014 11:44:00 PM




================

ကျွန်မတို့ မြန်မာနိုင်ငံဟာ သူ့ကျွန် ဘဝ ရောက်ခဲ့ကြတာ ကိုယ်တွေ့ကြုံခဲ့ရ သူ ဘိုးဘေးတွေ မရှိတော့ပေမယ့် သမိုင်း ကြောင်း သင်ကြားဖူး သူရော၊ လက်ဆင့် ကမ်း သမိုင်းကြောင်းတွေကြောင့် သိသူ အများအပြား ရှိပါတယ်။ ဗိုလ်ချုပ်အောင် ဆန်း ခေါင်းဆောင်သော အာဇာနည် များက အသက်ပေး စတေးခဲ့ပြီး သူ့ကျွန် ဘဝက လွတ်မြောက်အောင် ကြိုးပမ်းခဲ့ ပြီး လွတ်လပ်ရေး ရယူခဲ့ပါတယ်။

နောက်တစ်ကြိမ် သူ့ကျွန်ဘဝမ ရောက်အောင် သန်း ၆ဝသော ပြည် သူများက အသက်ပေး ကာကွယ်ရမှာ မြန်မာပြည်သား တိုင်းရဲ့ တာဝန်များပင် ဖြစ်ပါတယ်။ သို့သော် ယခုအချိန် မှာ တိုင်းပြည်ရဲ့ သယံဇာတ လူသား အရင်း အမြစ်တွေပါ ဆုံးရှုံးနေရတဲ့ အတွက် နှ မြောစရာ အလွန်ကောင်းပါတယ်။ ကျွန်မ ဒီဇင်ဘာလ တွင် မူဆယ် သို့ သွားရောက်ခဲ့ရာ တွေ့မြင်ခဲ့ရတဲ့ မြင် ကွင်းများက ဝမ်းသာရမှာလား၊ ဝမ်း နည်းရ မှာလားတောင် မတွေးတတ်ခဲ့ ပါဘူး။ ကျွန်မတို့ နိုင်ငံက ထွက်သော ကုန် ပစ္စည်းများကို ကုန်သည်ကြီး၊ ကုန်သည်လေးများက ရောင်း ဝယ် ဖောက် ကားနေကြတာ စုံလှပါတယ်။ အခွန် ဆောင်ပြီး ရောင်းသလို၊ အခွန်မ ဆောင်ဘဲ ရောင်းတဲ့ ပစ္စည်း လည်းပါ မယ်ထင်ပါ တယ်။ ရေထွက်ကုန် များဖြစ် သော ပုစွန်၊ ငါးသလောက်၊ ကကတစ်၊ ငါးကြင်းဖြူ၊ ကဏန်း၊ ငါးရှဥ့်၊ ပြည်ကြီး ငါး၊ တောက်တဲ့ နဲ့ ရေထွက် ပစ္စည်းအမျိုး မျိုးဟာ နိုင်ငံကူး လက်မှတ်မရှိ၊ ဗီဇာမရှိ ဘဲ တစ်လမ်းလုံး တိုးတိုးဝှေ့ လိုက်ရသ ဖြင့် နိုင်ငံခြား မရောက်မီ လမ်းခုလတ်မှာ သေတဲ့ သတ္တဝါ များလည်း ရှိပါ တယ်။ အဲ ဒီအသေကောင် များကို စွန့်ပစ် ရသဖြင့် တချို့နေရာများမှာ အနံ့အသက် မ ကောင်းပေ။ ကြိုးစား ပမ်းစား ရောင်းဖို့ ယူသွားသော်လည်း အရည်အသွေး မမီ ဟု ဆိုကာ ဈေးနှိမ်ပြီး ဝယ်တဲ့ သူလည်း ရှိပြန်သေးတယ်။ ဝယ်လက် မရှိ ပြန်ရင်လည်း သက်ရှိ သတ္တဝါတွေကို ပြန်သယ် စရိတ်နဲ့ ခရီးစရိတ်၊ စားစရိတ်က ရှိသေး တော့ နောက်ဆုံး ရရာဈေး နဲ့ အရှုံးခံပြီး ရောင်းချ ရသလို၊ သတ္တဝါများ သေကျေ ပျက်စီး ကုန်၍ တွေ့ရာနေရာမှာ စွန့်ပစ် ခဲ့ရတာလည်း မနည်းပါ။ ဒါကြောင့် လည်း မူဆယ်ရောက်ခါနီး လမ်းမှာ အနံ့ အသက်များ ရတာပဲလို့ တွေးမိပါတယ်။

၎င်းတို့ နိုင်ငံမှထွက်သော အရည် အသွေးမမီ အရောအနှော ပစ္စည်းများ၊ စားသုံးရန် မသင့်သော ပစ္စည်းများ ကိုမူ မြန်မာပြည်သူများက မြိန်ရေ ရှက်ရေ စားသောက် ပြီး ရောဂါဘယ ထူပြောသူ များလည်း အများကြီးရှိပါတယ်။ ”ဘယ် သူသေသေ ငတေမာရင် ပြီးရော” ဆိုတဲ့ စိတ်ဓာတ် များပင် ဖြစ်တော့တယ်။ သူ တို့နိုင်ငံ အတွက် ကုန်ပစ္စည်း များကိုတော့ ကောင်းပေ့ ညွန့်ပေ့ ပစ္စည်းမျိုးကိုသာ ဝယ်ကြတာပါ။ ဒီတော့ မြန်မာပြည်သူ ပြည်သားများ ဂုတ်သွေး စုပ်ခြင်း အမျိုး မျိုးခံနေ ရခြင်း အပေါ် အဖြေတစ်ခု ရှာ သင့်ပါပြီ။

ကျွန်မတို့ အဖွဲ့ မူဆယ်မှာ တစ်ည အိပ်ပြီး နောက်တစ်နေ့ ကျယ်ဂေါင် (ယူ နန်ပြည်နယ်) မြို့ထဲဝင်ရန် ဂိတ်မှာ တန်း စီ အစစ်ဆေးခံပြီး သူတို့နိုင်ငံက ကားကို စီး (ငှားစီး တာဖြစ်တယ်) ပြီး လျှောက် လည်တော့ လမ်းဘေး ဝဲယာမှာ တုံးလုံး လှဲထားတဲ့ ပိန္နဲပင် များကို အများအပြား တွေ့ ရသလို မြန်မာနိုင်ငံမှ ထွက်သော သစ်ပင်ပန်းမန် အချို့ တွေ့ရတယ်။ ဒါ့ အပြင် ကျွန်း၊ ပျဉ်းကတိုး၊ သစ်လုံးများ ဘယ်လို ပုံစံနဲ့ ရောက်ပြီး အများအပြား တွေ့နေရပါသလဲ။ စောစောက တွေ့တဲ့ ပိန္နဲပင် တစ်ပင်ရဲ့ အရွယ် အစားက လုံး ပတ် သုံးပေပတ်လည်၊ နှစ်ပေပတ်လည်၊ အမြင့်က ပေနှစ်ဆယ် အစိတ်လောက် ရှိ တယ်။ အရင်းဘက်က အမြစ်အုံ ကို ဂုံနီ အိတ်အပါး နဲ့ ပတ်ထား တယ်။ ဆောင်း ကာလ ဆိုသော် လည်း နေပူပူမှာ ဒီအ ပင်တွေ ဘာလုပ် မှာလဲဟု ကျယ်ဂေါင်မှာ နေတဲ့ ဦးမောင်ကြီးကိုမေးတော့

”ပြန်စိုက်မှာလေ၊ မြန်မာပြည်က ဝယ်ထားတာ။ ဒီအရောက် တစ်ပင်ကို ဆယ်သိန်းလောက်ရတယ်”။

ဦးမောင်ကြီး အပြောကြောင့် ကျွန်မ အံ့သြ ရပါပြီ။ ဒီလိုကြီးတဲ့ အပင် တွေ ရှင်အောင် ဘယ်လို စိုက်မှာလဲလို့ တွေးမိပါတယ်။ အရင် တစ်ခေါက်လာ တုန်းက ဘေးဝဲယာ မှာ စိုက်ထားတဲ့ စက္ကူ ပန်းပင်နဲ့ အခြားပန်းပင်များ လုံးဝ မတွေ့တော့ပါ။ အပင်တွေ ရှင်ပါ့မလား၊ ဘာကြောင့် လမ်းဘေးမှာ ပိန္နဲပင်တွေ စိုက်ရသလဲ လို့ မေးကြည့်တော့

”ယူနန်မြို့တော်ဝန် တစ်ယောက် ပြောင်းသွားပြီလေ၊ အခု မြို့တော်ဝန်က ပတ်ဝန်းကျင် ထိန်းသိမ်းရေးကို အလေး ထားတယ်။ ပိန္နဲပင်ဟာ အောက်စီ ဂျင် ထုတ်ပြီး ကာဗွန် ဒိုင်အောက်ဆိုဒ်ဓာတ် ကို စုပ်တယ် အစ်မ၊ ဘယ်လိုရှင်အောင် စိုက်သလဲ ဆိုရင် အစ်မရှေ့နားမှာတွေ့ပါ လိမ့်မယ်”။

တကယ်ပါပဲ၊ လမ်းဘေးတချို့ နေရာတွေမှာ ပိန္နဲပင်တွေ စိုက်ထားပါပြီ။ စိုက်ပုံ ကလည်း ထူးခြားပါတယ်။ အောက် ခြေ မလှုပ်အောင် သံတန်းများ နဲ့ထောက် ထားပြီး အဖျားပိုင်းကို အညွန့်အဖူး အရိပ်ရအောင် ထီးလိုမျိုး အကာအရံ တစ် ခုကို သေသေချာချာ ချည်နှောင် အုပ်မိုး ထားတယ်။ ပိန္နဲပင် တစ်ပင်ကို ဆေးပု လင်း သုံးပု လင်းလောက် ချိတ်ထားတယ်။ လူမမာ တစ်ယောက်ကို ဆေး သွင်းထားသလိုပါပဲ။ အမြစ် အားဆေး က အရင်းဘက်မှာ။ အပင်အားဆေး၊ အရွက်အတက် ထွက်ဆေးများ က လည်း လူတစ်ယောက်ရဲ့ လက်မှာ ချိတ်သလို ချိတ်ထားတယ်။

”တစ်လလောက်မှာ အညွန့်ထပ် ထွက်ရင် ပုလင်းတွေ အမိုးတွေကို အကုန်ဖြုတ်မှာ အစ်မရဲ့။ ပထမဆုံး စိုက်တဲ့ အပင်တွေ သီးတောင်နေပြီ။ အစ်မ ကြည့်သွား၊ ကျွန်တော် ပြမယ်”

အံ့သြလောက်ပါရဲ့၊ ကျွန်မတို့က ထိုင်းနိုင်ငံက ထွက်တဲ့ ပိန္နဲပင်ကို အားရ ပါးရ စိုက်နေကြတဲ့ အချိန်မှာ တရုတ်နိုင် ငံသားများက လူသား အရင်းအမြစ် ကို အသက် ရှည်ရာ ရှည်ကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးများ လုပ်လို့ အားကျ မိပါရဲ့။ ကိုယ့်နိုင်ငံက ထွက်တဲ့ ပစ္စည်း များ မည်မျှ အာနိသင် စွမ်းအား ရှိတာကို ဂရုမပြုမိကြပါ။ ဝမ်းနည်း စရာ ကောင်း လှပါတယ်။ ကျွန်မ ကိုယ်တိုင်လည်း အိမ်မှာစိုက်ထားတဲ့ ပိန္နဲပင်နှစ်ပင်ကို ခုတ် ပြီး ထိုင်းနိုင်ငံမှ ထွက်သော ပိန္နဲပင် ပုလေး နှစ်ပင် စိုက်ထားခဲ့တယ်။ ခုတ်ပစ် လိုက်တဲ့ ပိန္နဲပင်များဟာ အမွှာသေးပေမယ့် ချိုအိနေပါတယ်။ ထိုင်း ပိန္နဲသီးများ က အမွှာကြီးပြီး အသားထူကာ အမြင် လှနေတော့ မက်မောမိတာ အမှန် ပါ။ ပေါ်ခါ စက ကောင်းပေမယ့် ယခု မြန် မာပြည်တွင် စိုက်ပျိုးပြီး ရောင်းချ ကြရာ အမြင် လှပေမယ့် အချိုပေါ့ပြီး မြန်မာပိ န္နဲသီးလောက် အရသာ မရှိတော့ပါ။ ရေ မြေကြောင့်လား၊ နည်း စနစ်ကြောင့်လား တွေးတော စရာ ဖြစ်ပါတယ်။

ကျွန်မတို့ အမိမြေဟာ ရတနာသိုက်ကြီး တစ်ခု ဖြစ်နေတာ လူသား တိုင်း အသိပါ။ သို့သော် ထုတ်မသုံးတတ် တော့ မြေ အရင်းအမြစ်၊ ရေ အရင်းအ မြစ်၊ သစ်တော ထွက် များ ဆုံးရှုံးနေတာ နှမြောစရာကောင်း လှတယ်။

မေတ္တာရှင် (ရွှေပြည်သာ) ဆရာတော် ဘုရား၏ တရားတော်ထဲတွင် ”ရေကန် ကြီး၏ အလယ်တွင် ဖူးပွင့်နေသော ကြာ ပန်းမှ ဝတ်ရည်၏ အရသာကို ရေကန်ထဲ မှဖား သည် မစားသုံးတတ်ဘဲ အဝေးမှ လာသော ပျားများကသာ စားသုံးသကဲ့ သို့ မြန်မာပြည်မှ ပေါ်ထွက် လာသော ဝိပဿနာ တရား၏ အရသာကို မြန်မာ ဗုဒ္ဓဘာသာ အများစုက မခံစားတတ် သော် လည်း နိုင်ငံခြား၊ ဘာသာခြားမှ ဗုဒ္ဓဘာသာ ဖြစ်လာ သူများက ခံစား တတ်ကြ၏” ဟု ဟောကြား ထားပါတယ်။ ကျွန်မ တို့ ပြည်သူ များလည်း ထိုကဲ့သို့ ဖြစ်နေပြီလားဟု တွေးမိပါတယ်။ ပို၍ ဝမ်းနည်းစရာ ကောင်းတဲ့ အချက်တစ်ချက် က အခုအချိန် လူသား အရင်းအမြစ်များ ဆုံးရှုံး လာနေပြီ။ လူ အချင်းချင်း ခေါင်းပုံ ဖြတ်ရုံမက ပို့စရာကုန် ရှားလာပြီ ထင်ပါ ရဲ့။ လူသားများ ကိုပင် ကုန်ပစ္စည်းတစ် မျိုးသဖွယ် လူကုန်ကူးမှု များက အမျိုး သားကောင်း အမျိုး သမီးကောင်း များကို မညှာမတာ မက်လုံးပေးပြီး ကုန်ကူးလာ ကြပြန်ပြီ။ ငွေကြေး၊ ရွှေ အမြောက်အ မြားရမယ် ဆိုတဲ့ မက်လုံးပေးတဲ့ ပွဲစားတွေ ကြောင့် တရုတ် လူမျိုး များ ငွေဝယ်မယား ဖြစ် သူက ဖြစ်သလို၊ အနှိပ်ခန်း၊ မာဆတ် ခန်း၊ စားသောက်ဆိုင် ပြည့်တန်ဆာအ ခန်းရောက် သူတွေလည်း ယူနန်ပြည် နယ်ရဲ့ ကျေးရွာများ တင်မက တရုတ် ပြည်မကြီးသို့ ရောက်နေပြီ ဟုသိရတော့ စိတ်မကောင်း ဖြစ်မိပါ တယ်။ စဉ်းစားစ ရာတစ်ခုက လူသား (မိန်းမများ)ဟာ ကလေး ထုတ်တဲ့ စက်ရုံ တစ်ရုံ မဟုတ်ဘဲ ကလေးမွေးဖွားဖို့ အတွက် သူတစ်ပါး နိုင်ငံမှာ မျက်နှာငယ်စွာ နေရခြင်း အ ပေါ် ဘာကြောင့် နိုင်နိုင်နင်းနင်း မနှိပ် ကွပ်ပါသလဲဟု တွေးမိပါတယ်။

လူမှောင်ခို များဟာ နယ်စပ်ကနေ တစ်ဆင့် ရောင်းစား ကြပါတယ်။ အများ ဆုံးက မူဆယ် နယ်စပ်၊ မြဝတီနယ်စပ် များမှာ လူမှောင်ခို များရဲ့ ဈေးကွက်စီး ပွားရေးက အခွန်ဆောင်စရာ မလိုဘဲ ဈေးပြိုင် စနစ်ဖြင့် ရောင်း ချနေလေတော့ အနာဂတ်အတွက် ရင်လေးမိပါတယ်။ သိလျက်နဲ့ သွားသူ ရှိသလို နားမလည် ဘဲ အဆွယ်ကောင်း လို့ ရောင်းစား ခံရ သူများ အများအပြား ရှိနေပါတယ်။

ခုတစ်ခါ ဟောင်ကောင်မှ အိမ် အကူများ ခေါ်ဖို့ အတွက် အေးဂျင့်များ ကို ကမ်းလှမ်း နေပြန်ပြီ။ မက်လောက် အောင်ပေးထားတဲ့ ငွေကြေးေ ကြာင့် ကျေကျေနပ်နပ် သွားကြမှာ မြင်ယောင် ပါသေးတယ်။ ကောင်းတဲ့ အိမ်ရောက်ရင် တော်ပါသေးရဲ့၊ မကောင်းတဲ့ အိမ်ရောက် ရင် နှိပ်စက်မှာ စိုးရိမ်ရပါတယ်။ ဒါ ထက် ပိုဆိုးတာက မိန်းမ သားမို့ စော် ကားမှာကိုလည်း စဉ်းစားသင့်ပါတယ်။ သာဓက တစ်ခု ပြောချင်ပါတယ်။ ကျွန်မ တူမလေး တစ်ယောက် အမေရိကန်နိုင်ငံ မှာ ကျောင်းတက်ရင်း အချိန်ပိုင်း အလုပ် တစ်ခု လုပ်ပါတယ်။ ဆိုင်ရှင် လင်မယား က ဗီယက်နမ် လူမျိုးပါ။ တူမလေးနဲ့အ တူ အခြားနိုင်ငံသူ သုံးလေးဦး ပါပါတယ်။ အရှေ့တိုင်း သူတွေပါပဲ။ လစာ လည်း ကောင်းတော့ တူမလေးက အလွန်ဝမ်း သာနေပါတယ်။ အလုပ်စ ဝင်ပြီး လေး ရက်မြောက်နေ့မှာ ဆိုင်ရှင် ရဲ့ဇနီးက တူမလေးကို ဒီည သူ့ယောက်ျား နဲ့ အိပ် ရမယ် လို့ ပြောပါလေရော။ ဒီတော့ တူမလေးက အလွန် အံ့သြသွားပါတယ်။ မထင်မှတ်တဲ့ စကား ကြားရလို့ပါပဲ။ တူမလေးက ဒေါသ ထွက်ပြီး မလုပ်နိုင် ကြောင်း ၊ ကျောင်း လာတက်ပြီး အချိန် ပိုင်း အလုပ်သာ လုပ်ချင်ကြောင်း၊ မိဘ များက မြန်မာနိုင်ငံမှာ ချမ်းသာသူ ဖြစ်လို့ သူ့ဘဝကို ငွေနဲ့မလဲ လိုကြောင်း ပြန်ပြောတော့ တစ်ခါ တည်း အလုပ်ထုတ် လိုက်ပါတယ်။ ပြီးတော့ ဆိုင်ရှင် အမျိုး သမီးက ပြောသေးတယ်။ အခြား ဝန် ထမ်းတွေက သူ့ယောက်ျားရဲ့ အလို လိုက်လို့ အခုလို မြဲနေပြီး လစာ ပိုကောင်း တယ်လို့ ဆိုပါတယ်။ တူမလေး ဖုန်းဆက် ပြောပြတော့ အားလုံး ရင်တမမနဲ့ နား ထောင်ရပါတယ်။ တူမလေးက ပညာလို ချင်လို့ သာသွားတာ သူ့အပျိုစင် ဘဝကို ဘာနဲ့မှ မလဲနိုင်ဘူးဆိုလို့ စိတ်အေးရ ပါတယ်။ (ခုတော့ မြန်မာလူမျိုး၊ အင် ဂျင်နီယာ တစ်ဦးနဲ့ လက်ထပ် သွားပါပြီ)။ ဖတ်ကောင်းအောင် လုပ်ကြံပြောတာ မ ဟုတ်ပါဘူး။ တကယ့်ဖြစ်ရပ်မှန်ပါ။

ဒါကြောင့် နိုင်ငံရပ်ခြားမှာ အိမ် အကူ လုပ်ချင်သူများအတွက် တူမလေး လို စိတ်ဓာတ် ခိုင်မာဖို့ လိုပါတယ်။ ဖြစ် နိုင်ရင် စက်ရုံ၊ အလုပ်ရုံ များမှာ တစ်စု တစ်ဝေးတည်း သွားလုပ်သင့်ပါတယ်။ ဒီသတင်း ဖတ်ပြီးကတည်းက ကျွန်မတို့ မြန်မာ အမျိုးသမီးများ ရောင်းစားခံရပြီး ဘဝပျက်သူတွေ ရှိသလို ကျွန်ဘဝရောက် ကြဦးမှာ လားလို့ တွေးမိရင်း၊ ဆင်ခြင် စဉ်းစားပြီးမှ သွားဖို့ ဆုံးဖြတ်စေချင်ပါ တယ်။ မိဝေးဖဝေး တစ်ယောက်တည်း အလုပ်သွား လုပ်ရမှာကိုပါ ထည့်စဉ်းစား စေချင်ပါတယ်။ ဝန်ဆောင်မှု စရိတ်က လည်း နည်းမှာ မဟုတ်ဘူး။ ရတဲ့ငွေ ကြေးနဲ့ ဒုက္ခရောက် ရတာနဲ့ မကာမိဖြစ် နေရင် မိအေးနှစ်ခါနာ ဖြစ်ပါလိမ့်မယ်။

ကျွန်မတို့ ပြည်တွင်းက အိမ်အကူ များတောင် နှလုံးသားမရှိတဲ့အိမ်၊ ရက် စက်ကြမ်းကြုတ်တဲ့ အိမ်ရောက် သွားရင် နှိပ်စက်ခံရတဲ့ သာဓကများစွာ ရှိပါတယ်။ မီးပူနဲ့ထိုး၊ ကြက်မွေး တံမြက်စည်း နဲ့ရိုက်၊ ရေနွေးပူနဲ့လောင်း၊ လူသေအောင် နှိပ် စက်ကြတဲ့အပြင် အိမ်ရှင် အမျိုးသားများ ရဲ့ အသွေးအသား စုပ်ယူခြင်း ခံရတဲ့လူ တွေလည်း မကြာ ခဏ စာမျက်နှာပေါ် မှာ ဖတ်နေရပါတယ်။

ကျွန်မအိမ် မှာလည်း အိမ်အကူ ကောင်မလေး ရှိပါတယ်။ သူရတဲ့ လစာ ထဲက မိဘတွေဆီ ပို့ပြီး ကျန်တာကို စု ပေးပြီး၊ ရွှေတိုရွှေစလေး များ လုပ်ပေးပါ တယ်။ ကျွန်မ အနေ နဲ့ ကိုယ်ချင်းစာစိတ် နဲ့ ဆက်ဆံပြီး အိမ်စေအိမ်ဖော် ဆိုတာ ဘယ်တော့မှ မပြောခဲ့ဘူး။ မွေးစားသမီး လို့သာ ပြောဆို မိတ်ဆက်ပေးပါတယ်။ ညတိုင်း ဘုရား ရှိခိုးမေတ္တာ ပို့ခိုင်းပါတယ်။ ပဋ္ဌာန်းလည်း သင်ပေးပါတယ်။

ဘုရားရှိခိုးပြီးတိုင်း ကောင်မလေး က ကျွန်မတို့ ဇနီးမောင်နှံ ကို ရှိခိုးပြီးမှ အိပ်တယ်။ ကျွန်မ သူ့ကို ဆုပြန်ပေးပါ တယ်။

”ရှေ့ဆက် ရမယ့် ဘဝခရီးဖြောင့် ဖြူးပါစေ။ အန်တီတို့ အိမ်မှာပဲ သမီး သံသရာကြွေးတွေ အမြန်ဆုံး ကျေပါစေ” လို့ ဆုပေးပါတယ်။ ပြီးတော့ ပေးတဲ့ဆု နဲ့ ပြည့်ပါစေ သားလို့ ပြန်ပြောလေလို့ ပြောတော့…

”ကျေချင်ပါတယ် အန်တီ၊ ဆု တောင်းလည်း ပြည့်ချင်ပါတယ်။ ဒါပေ မဲ့ အမြန်ဆုံး ဆိုတာတော့ မဖြစ်ချင်သေး ဘူး။ အန်တီတို့ အိမ်က ပြန်ရင် သမီး အမေက သမီးကို တစ်နေရာ ပို့ဦးမှာပဲ။ ဒါကြောင့် အန်တီ တို့နဲ့ အိမ်ထောင် ကျတဲ့ အထိ သမီးကြွေးဆပ်ပါရစေ”တဲ့။

ကျွန်မ သနားလွန်းလို့ ဘာပြောရ မှန်းတောင် မသိတော့ပါဘူး။ ကလေးမ လေးက ကျွန်မကို တစ်ခါ တစ်ရံပြောတဲ့ စကားများက ကျွန်မ နားထဲက ဘယ် တော့မှ ထွက်မှာ မဟုတ်ပါဘူး။ သူမ ပြောတဲ့စကားက

”အန်တီရယ် အိမ်ဖော်လိုက်လုပ် ရတာ သမီးဆယ်နှစ်ကျော် ကတည်းက အိမ်ပေါင်းလည်း မနည်းတော့ဘူး။ သမီး ဟိုဘဝက သူများ အကြွေးတွေ ယူပြီး မဆပ်ခဲ့လို့ ခုဘဝ မှာ ကျွန်ခံရတာလား မသိဘူးနော်” တဲ့။

ဒါကြောင့် နိုင်ငံခေါင်းဆောင်ကြီး များရဲ့ အသက်သွေးနဲ့ ပေးဆပ်ပြီး ရယူ ခဲ့ကာ သူ့ကျွန်အဖြစ်မှ လွတ်မြောက် လာကြတဲ့ နိုင်ငံသားများဟာ တစ်ပါးသူ ရဲ့ ကျွန် ဘဝပြန် မရောက်အောင် ကာ ကွယ်ရမှာ လူသားတိုင်း မှာ တာဝန်ရှိပါ တယ်။ ထို့အတူ အမျိုးသမီး များလည်း ကိုယ့်နိုင်ငံမှာပဲ အေးအတူ ပူအမျှ လုပ် ကိုင် စားသောက်ပြီး တိုင်း တစ်ပါးမှာ အနိမ့်ဆုံး လူတန်းစား အဖြစ် အလုပ် မလုပ်စေချင်ပါ။ အိမ်အကူ ပဲခေါ်ခေါ်၊ အိမ်စေ ပဲခေါ်ခေါ်၊ အိမ်ဖော် လို့ပဲ ခေါ် ခေါ် တကယ်တမ်း ကျတော့ ”ကျွန်” လို့ ပဲ သတ်မှတ် ကြမှာပါ။ ဒါကြောင့် လော ကအကြွေး၊ သံသရာကြွေး မပါအောင် အခုဘဝမှာ ကြွေးကျေအောင် ဆပ်ကြ ပါဟု မေတ္တာရှင် ရွှေပြည်သာ၏ တရား စာအုပ်ထဲမှ စာသားလေးနဲ့ နိဂုံးချုပ် လိုက်ရပါတယ်။

နီနီနိုင် (သထုံ)
Popular Myanmar News Journal