ရန်ကုန်မြို့နဲ့ ပြိုင်ကား သောင်းကျန်းမှု နောက်ဆက်တွဲသတင်း
ပို့စ်တင်ချိန်
- 2/20/2014 10:42:00 AM
တနင်္ဂနွေနေ့က ရန်ကုန်မြို့ ပြည်လမ်းပေါ်မှာ အငှားယာဉ်တစီး၊ ယာဉ်မောင်းသူ၊ ခရီးသည်တို့ကို ဝိုင်းဝန်းရိုက်နှက်ခဲ့မှုနဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါပြီ။
-
-အရိုက်ခံရသူတွေ ဆေးရုံရောက်၊ ကား ပတ်ပတ်လည်မှန်တွေလည်း ကွဲပါတယ်။
ဒီအမှုမှာ ပတ်သက်ဖွယ်ရှိတဲ့ကားတွေထဲက ပြိုင်ကားတစီးကို သိမ်းလိုက်ပြီ၊ ပြစ်မှုကျူးလွန်သူလို့ ယူဆရသူတွေထဲကတချို့ နယ်ဘက်ကို တိမ်းရှောင်နေတယ်လို့ သတင်းထဲမှာ ရေးထားပါတယ်။
ရန်ကုန်မြို့ နဲ့ ပြိုင်ကား သောင်းကျန်းမှု
ဒီကနေ့ရက်စွဲနဲ့ ရဲတပ်ဖွဲ့ထုတ်ပြန်တဲ့သတင်းကို မူရင်းအတိုင်း ကူးယူ ဖော်ပြလိုက်ပါတယ်။
ပြိုင်ကားအုပ်စုဖြင့် အငှားယာဉ်မောင်းအား ရိုက်နှက်ထိုးကြိတ်ပြီး အငှားယာဉ်အား ဖျက်ဆီးခဲ့သည့် အမှုမှပြိုင်ကားတစ်စီးသိမ်းဆည်းရမိ
ရန်ကုန်၊ဖေဖော်ဝါရီ ၂၀
၁၆.၂.၂၀၁၄ရက်နေ့ ၀၁၁၅အချိန် ကိုသက်ဇော်ဝင်း မောင်းနှင်သည့် ၈က/၈၂၇၄ အငှားယာဉ်အား ပြိုင်ကားများမှ ကျော်တက်ပိတ်ရပ်ကာ ယာဉ်ပေါ်ပါ ယာဉ်မောင်းနှင့် ခရီးသည် ကိုအင်ထိတ်ကြန့် တို့အား ရိုက်နှက်ထိုးကြိတ်ပြီး အငှားယာဉ်အား ထုရိုက်ခဲ့သဖြင့် လှိုင်မြို့မရဲစခန်း(ပ)၇၂/၂၀၁၄၊ ပုဒ်မ ၄၄၀/၄၂၇/၃၂၅/၁၁၄ဖြင့် အမှုဖွင့်ပြီး ပြစ်မှုကျူးလွန်သူများနှင့် ပြိုင်ကားများအား ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ပါသည်။
အမှုမှ အလိုရှိသည့် ပြိုင်ကားများအနက် ၉ဂ/၇၄၁၄ Nissan Fairlady အဖြူရောင်ပြိုင်ကားအား ၁၉.၂.၂၀၁၄ရက်နေ့ ၀၂၅၀အချိန်တွင် မရမ်းကုန်းမြို့နယ်၊ (၆)ရပ်ကွက်၊ တော်ဝင်ချယ်ရီအိမ်ရာမှ သိမ်းဆည်းရမိပြီး ပြစ်မှုကျူးလွန်သူဟု မသင်္ကာသူ ဇာနည်ထက်ဝေ၊ ကိုကိုနိုင်တို့မှာ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူဘက်သို့ ထွက်ပြေးတိမ်းရှောင်သွားကြောင်းသိရှိရသဖြင့် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့်ချိတ်ဆက်ပြီး တရားခံဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
The Irrawaddy