လူကီးမီးယား(သွေးကင်ဆာ)နှင့် လျှပ်စစ်တာဝါတိုင်များ ဆက်စပ်မှု မရှိဟုဆို
ပို့စ်တင်ချိန်
- 2/24/2014 07:55:00 PM
လေ့လာမှု အသစ်တစ်ခုအရ ဗို့အားပမာဏများသော လျှပ်စစ်တာဝါတိုင်များအနီးတွင် နေထိုင်သောကလေးများ၌ သွေးကင်ဆာတစ်မျိုးဖြစ်သော (Leukaemia) ဖြစ်ပွားသည်ဆိုသောအချက်မှာ မမှန်ကြောင်း University of Oxford မှ လေ့လာသူများက တင်ပြခဲ့သည်။ လေ့လာသူများက ၁၉၆၂ မှ ၂၀၀၈ ခုနှစ်အတွင်း သွေးကင်ဆာဖြစ်ပွားနေသောနိုင်ငံတစ်ဝန်းမှ ကလေးငယ်များနှင့် လျှပ်စစ်တာဝါတိုင်ကြီးများအနီးတွင် နေထိုင်သော ကလေးငယ်များအား နှိုင်းယှဉ်လေ့လာခဲ့ ကြသည်။ ရလဒ်များအရ တာဝါတိုင်ကြီးများအနီးတွင် နေထိုင်သော ကလေးများတွင် တာဝါတိုင်များမှ သက်ရောက်မှုများကြောင့် သွေးကင်ဆာပိုဖြစ်စေသောအချက်ကို ၁၉၈၀ နောက်ပိုင်း၌ မတွေ့ရပေ။ သို့သော်လည်း ၁၉၆၀ နှင့် ၁၉၇၀ ၀န်းကျင်၌ တာဝါတိုင်များအနီး မီတာ ၆၀၀ အတွင်း၌ နေထိုင်သည့် ကလေးများတွင်မူ တစ်နည်းနည်းဖြင့် ဆက်စပ်ခဲ့ ကြကြောင်း တွေ့ရသည်။ ပြီးခဲ့သည့် နှစ် စက်တင်ဘာလကလည်း Oxford တက္ကသိုလ်ကပင် နယူကလိယ စွမ်းအင်စက်ရုံများနှင့် နီးကပ်သည့် ရပ်ရွာများ၌ နေထိုင်ခြင်းက လူကီး မီးယားရောဂါဖြစ်ပွားမှုနှင့် မဆက်စပ်ကြောင်း ပြောကြားခဲ့သည်။
မိုင်ကိ
ref:Netdoctor.co.uk
Health Updates Journal