ရန်ကုန်မြို့ နဲ့ ပြိုင်ကား သောင်းကျန်းမှု
ပို့စ်တင်ချိန်
- 2/18/2014 08:16:00 AM
Tuesday, February 18, 2014
တနင်္ဂနွေမနက် ၁ နာရီကျော်ကျော်လောက်က ရန်ကုန်မြို့ ပြည်လမ်း ၇ မိုင် ကားမှတ်တိုင်နားမှာ သောင်းကျန်းသွားတဲ့ ပြိုင်ကား ၅ စီးနဲ့ ဆယ်ကျော်သက်တွေကို ဖမ်းမိဖို့ ရဲတွေက စုံစမ်းနေကြောင်း ဒီကနေ့ထုတ် သတင်းစာများမှာ ရေးထားပါတယ်။
(အွန်လိုင်းမှာ တွေ့ရတဲ့ ရဲကားတစီး)
သူတို့က အငှားယာဉ်တစီးကို ပိတ်ဆို့ပြီး ဘေ့စ်ဘောရိုက်တဲ့တုတ်တွေနဲ့ ဝိုင်းရိုက်ကြတယ်၊ ယာဉ်မောင်းနဲ့ခရီးသည် ဒဏ်ရာပြင်းထန်လို့ ရန်ကုန်ဆေးရုံကြီးမှာ ကုသမှုခံယူနေရတယ်၊ သူတို့ကားလည်းပျက်စီးမှုများပြားတယ်လို့ ဆိုတယ်။
ဒဏ်ရာရတဲ့ယာဉ်မောင်းက လှိုင်မြို့နယ်ရဲစခန်းမှာ တိုင်ချက်ဖွင့်ထားတယ်လို့ သတင်းတွေမှာ ရေးထားပါတယ်။
ဒီလို သောင်းကျန်းသွားတယ် ဆိုတဲ့ ပြိုင်ကားမောင်းသူတွေကို ဖမ်းမိဖို့က လွယ်ပါ့မလား။ သူတို့ရဲ့ကားနံပါတ်တွေကို မမှတ်မိဘူးလို့ သတင်းတွေထဲ ရေးထားတာပါ။
ရဲတွေက ဒီလိုဖြစ်ရပ်တွေအတွက် အားကိုးရပါ့မလား။
ပြိုင်ကားတွေ ပါဝင်ပတ်သက်တဲ့ အမှုအခင်းတွေအတွက် ရန်ကုန် ယာဉ်ထိန်းရဲကလည်း
ပြိုင်ကား သုံးပြီ ဆိုတဲ့အကြောင်း ဒီဘလော့ http://blog.irrawaddy.org/2013/05/nissa-fair-lady.html မှာ ဖော်ပြခဲ့ပြီးပါပြီ။ ဒီပြိုင်ကားကပဲ မြန်နှုန်းနိမ့်သလား၊ ကားအရေအတွက် မလုံလောက်ဘူးလား၊ ပြိုင်ကားမောင်းမယ့်ရဲ မရှိလို့လားတော့ မသိပါ၊ နောက်ဆက်တွဲသတင်း တက်လာတာတော့ မတွေ့ရပါ။
ဒီလိုအခြေအနေမှာ မေးခွန်းတချို့ ရှိနေပါပြီ ...
- ညဘက် ညဘက် ပြိုင်ကားတွေရဲ့ ပွက်ပွက်ညံတဲ့အသံကို ပြည်လမ်း၊ ကမ္ဘာအေးဘုရားလမ်းဝန်းကျင်က ဒေသခံတွေ သည်းခံနိုင်မှုအတိုင်းအတာ ကျော်သွားပြီဆိုရင် သွေးထွက်သံယိုမှုကြီးမားတဲ့ပဋိပက္ခတွေ ဖြစ်လာနိုင်မလား။
- ပြိုင်ကားတွေရဲ့ လမ်းစည်းကမ်းဥပဒေချိုးဖောက်မှုတွေကို ရဲတွေက ဒီအတိုင်း လွှတ်ထားဦးမှာလား။
ဒါကတော့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့ကို မေးသင့်တဲ့ မေးခွန်းများထဲကတချို့ ဖြစ်ပါတယ်။
ဧရာဝတီ