ပင်လုံစာချုပ်မတိုင်မီ (ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပြည်ထောင်စုနေ့အကြောင်း)
ပို့စ်တင်ချိန်
- 2/12/2014 02:21:00 PM
ပင်လုံစာချုပ်တွင် ဗိုလ်ချုပ်လက်မှတ်ရေးထိုးနေ |
ဗိုလ်ချုပ်၏ ရခိုင်ပြည်နယ်၊ စစ်တွေခရီးစဉ် |
ဗိုလ်ချုပ်၏ ကချင်ပြည်နယ် မြစ်ကြီးနားခရီးစဉ် |
၁၉၄၃ခုနှစ် သြဂုတ်လ ၁ရက်နေ့တွင် ဂျပန် တို့က မြန်မာနိုင်ငံကို လွတ်လပ် ရေးကြေညာပေးခဲ့သည်။ လွတ် လပ်ရေးက အတုဖြစ်သည်။ ဒါ ကို ဗိုလ်ချုပ်က သိသည်။ ဗမာ ပြည်လွတ်လပ်ရေးရဖို့ ဂျပန်က စစ်ပညာကိုသင်သည်။ အင်္ဂလိပ် ကိုချသည်။ အင်္ဂလိပ်ပြေးတော့ ဂျပန်က ပြန်မထွက်ချင်၊ ဆက် ပြီး အုပ်စီးချင်သည်။ သို့နှင့် အတုအယောင်
လွတ်လပ်ရေး ကြေညာပွဲလုပ်သည်။ ဒါကို သိ သော ဗိုလ်ချုပ်က ဂျပန်ကိုပြန်ချ ဖို့ စီစဉ်ရပြန်သည်။ ဂျပန်ကို ပြန်မောင်းထုတ်ဖို့ ဆိုလျှင် အားရှိမှဖြစ်မည်။ အားသည် လက်နက်အားမဟုတ်၊ တိုင်းရင်းသားတို့၏ စည်းလုံးညီ ညွတ်ခြင်း အင်အား၊ သည်အားကို သူယုံသည်။ အထူးသဖြင့် မြစ်ဝကျွန်းပေါ်တွင် ဖြစ်ပွားခဲ့ သည့် ကရင်-ဗမာကိစ္စကို
သူ့ စိတ်ထဲတွင် သင်ပုန်းချေလိုသည်။ ကရင်တို့နှင့် ချစ်ကြည်လိုသည်။
ဂျပန်လွတ်လပ်ရေးကြေ ညာအပြီး သုံးလခန့်အကြာတွင် ကရင်ခေါင်းဆောင် စောစံဖိုး သင်တစ်ယောက် ဗိုလ်ချုပ်၏ စစ်ရုံးချုပ် (ယခု-အ.ထ.က(၂)စမ်းချောင်း)
သို့ရောက်လာသည်။ စစ်ရုံးချုပ်တွင် အလုပ်ရှုပ် နေသော ဗိုလ်ချုပ်၏ စားပွဲ ရှေ့၌ စောစံဖိုးသင်လာရပ်သည်။ ဗိုလ်ချုပ်က အတန်ကြာမှ မော့ ကြည့်ကာ..
ဗိုလ်ချုပ်- ခင်ဗျား ဘယ်သူလဲ။
စောစံဖိုးသင်- ကျုပ်ခင်ဗျားရဲ့ ရန်သူပဲ၊ စောစံဖိုးသင်ဆိုတာ ကျွန်တော်ပဲ။
ဗိုလ်ချုပ်က ခဏစိုက်ကြည့် ပြီး အတန်ငယ်ပြုံးလာပြီး လာ ၍ နှုတ်ဆက်သည်။
ဗိုလ်ချုပ်- သတ္တိရှိတဲ့ရန်သူဟာ အကောင်းဆုံးမိတ်ဆွေပဲ။ ထိုင် ဗျာ။
ဗိုလ်ချုပ်က လက်ဖက်ရည် ကြမ်းတစ်ခွက်ငှဲ့ပြီး စောစံဖိုးသင်ကို ကမ်းပေးသည်။
စောစံဖိုးသင်- ဘယ်နှယ့်လဲဗျ၊ ခင်ဗျားခေါ်လာတဲ့သူတွေတယ် ဆိုးပါလား။
ဗိုလ်ချုပ်- ဒီငပုတွေကို ချရတော့မယ်။
တစ်ချိန်ကရန်သူ၊ယခု မိတ်ဆွေ၊ ယခုမှမိတ်ဆွေစဖြစ်သူကိုပင် ဂျပန်(ငပု)ကို ပြန်ချတော့မည်ဖြစ်ကြောင်း ခုတွေ့ခုပြောလိုက်သည့်ဗိုလ်ချုပ်၏တိုင်းရင်း သားများအပေါ် ယုံကြည်မှုကို ခန့်မှန်းကြည့်နိုင်သည်။
သို့နှင့် ကရင်-ဗမာချစ်ကြည် ရေးလမ်းဖောက်သည်။ ၁၉၄၅ ခုနှစ်၊ ဖေဖော်ဝါရီလတွင် မြစ်ဝ ကျွန်းပေါ်၌ ကရင်အမျိုးသား ညီလာခံ ကျင်းပသည်။ ဗိုလ် ချုပ်ကို
ဖိတ်ကြားသည်။ လွှဲ ဖယ်မရသောအကြောင်း ကိစ္စ တစ်ရပ်ကြောင့် သူ့ကိုယ်စား ဗိုလ်လက်ျာနှင့် စောကြာဒိုးကို လွှတ်လိုက်သည်။ ဖေဖော်ဝါရီ ၁၉ရက်တွင် သဝဏ်လွှာတစ်
စောင်ပေးလိုက်သည်။ သဝဏ် လွှာတွင် ဗိုလ်ချုပ်က သူထားရှိ သော တိုင်းရင်းသားစည်း လုံး ညီညွတ်ရေးနှင့် လူမျိုးရေးတရား (သူ့အယူအဆ)ကို ယခုလို ဖော် ပြထားသည်။
" မြန်မာနိုင်ငံတွင် လူမျိုးများတစ်စည်းတစ်ရုံးတည်းဖြစ်မှုကိုလည်းကောင်း၊မြန်မာနိုင်ငံ လူမျိုးများသည် မှန်ကန်သော လူမျိုးရေးတရား လက်ကိုင်ထား၍ ကမ္ဘာသူကမ္ဘာသားတို့နှင့် အကျိုးတူဆောင်ရွက်မှုကိုလည်း ကောင်း ကျွန်ုပ်သည်ရှေးယခင် ကစ၍ ယုံကြည်ခဲ့ပါသည်။ ထို ယုံကြည်သည့်အတိုင်း ကျွန်ုပ် တတ်နိုင်သမျှ ကြိုးစားဆောင် ရွက်ခဲ့ပါသည်။ ဆက်လက်၍ လည်းဆောင်ရွက်သွားမည်ပင် ဖြစ်ပါသည်။ ကျွန်ုပ်၏ ဤစိတ် ထားမှာ ယခုစစ်အခြေအနေ တွင် ခါတော်မီဝါဒသဘော မဟုတ်သည်ကို တိတိလင်းလင်း နားလည်စေလိုပါသည်။ ကျွန်ုပ် ၏ စေတနာသည် ကရင်အမျိုး သားများအပေါ်သာမက မြန်မာ နိုင်ငံလူမျိုးများအားလုံးအပေါ် တွင်
ထားပါသည်။ ဤစေတနာ ဤစိတ်ထားသည် တစ်နေ့နေ့ လက်ငင်းအားဖြင့်လက်တွေ့ ကျွန်ုပ်ပြနိုင်သည့်အခါတွင် ထင် ထင်ရှားရှားမြင်တွေ့ရပါလိမ့်မည်" ဟု
သဝဏ်လွှာတွင် ဖော်ပြခဲ့သည်။ ဗိုလ်ချုပ်သည် တိုင်းရင်းသားတို့ အပေါ်ထားရှိသည့် သဘောထားကို သဝဏ်လွှာတွင် ယခုလို ဆက်လက်ဖော်ပြပါ သေးသည်။
" လူမျိုးများနှင့် ပတ်သက်၍ ကျွန်ုပ်၏သဘောထားကို အကျဉ်းအားဖြင့် ဖော်ပြရသော် အောက်ပါအတိုင်းဖြစ်ပါ သည်။
(၁) မည်သူမဆို ဘာသာ၊ သာသနာ၊ တရားအရေးတွင် လွတ် လပ်စွာ မိမိတို့ ကိုးကွယ်လိုရာ ဘာသာကို ကိုးကွယ်ခွင့်ရှိရ မည်။ နိုင်ငံတော်အစိုးရသည် ဘာသာရေးတွင်ကြားနေရမည်။
(၂) လူမျိုးကွဲပြားမှုကိုလည်း ကောင်း၊ ဘာသာကွဲပြားမှုကို လည်းကောင်း၊ယောက်ျား၊ မိန်းမ ကွဲပြားမှုကိုလည်းကောင်း၊ အခြေ ပြုကာ နိုင်ငံတော်တွင် ရာထူး ဌာနန္တရ၊
အလုပ်အကိုင် များရရှိ ရေးတွင်ချုပ်ချယ်မှုများမရှိ စေရ။
(၃) အလုပ်သမားသည်လည်း ကောင်း၊ လယ်သမားများသည် လည်းကောင်း၊ အင်းသားများ သည်လည်းကောင်း၊ လူမျိုးဘာ သာမရွေးအခွင့် အရေးတန်းတူ ရှိရမည်။
အလုပ်သမားများ သည် ကျန်းမာရေးနှင့်ညီညွတ် သော အလုပ်ချိန်ကိုသာ လုပ်ရ ၍ နားခွင့်ရက်များ၊ အသက်မွေး ဝမ်းကျောင်းလုံလောက်သော အခကြေးငွေများစသည်တို့
ရရ မည်။ လူမျိုးဘာသာကွဲပြားသူ များအတွက်နေ့ ထူးနေ့မြတ်များ ကို အစိုးရကရုံးပိတ်ရက်များ အဖြစ် အသိအမှတ်ပြုရမည်။ လယ်သမား၊ အင်းသမားများ အတွက်လည်း
သီးစားခပေးခြင်း ကိစ္စ၊ နွားစားကျက်နေရာများ အခမဲ့သုံးစွဲခွင့်ကိစ္စ၊ အိမ်သုံး ထင်းဝါးအိမ်သာ ဆောက်လုပ် ရန် သစ်ဝါးများအခမဲ့ ရရှိခွင့် ကိစ္စ၊ အိမ်သုံးစားရန် သားငါး
ဖမ်းဆီးနိုင်ခွင့် ကိစ္စတို့အတွက် ဆင်းရဲသား၊ လယ်သမား၊ အင်း သမားများသည် လူမျိုးမရွေးရရှိ ရမည်။
(၄) ပညာများကိုလူမျိုးမရွေး၊ ဘာသာမရွေး၊ ကျားမမရွေး သင်ကြားနိုင်ခွင့်ရှိရမည်။
(၅) လူမျိုးကွဲပြားသူများသည် မိမိတို့ သီးသန့်ယဉ်ကျေူးမှုကို ပိုင်ခွင့်ရှိရမည်။ ဥပမာ-ကရင် လူမျိုးများအတွက် ကရင်ကျောင်း များ၊ ရှမ်းများအတွက် ရှမ်းနေ့ များ၊
ကရင်များအတွက် ကရင် ဘာသာကိုအစိုးရရုံးသုံး၊ ကျောင်း သုံးဘာသာအဖြစ် အသိအမှတ် ပြုခြင်း၊ ကရင်အမျိုးသားအဝတ်၊ ကရင်စရိုက်ဓလေ့ထုံးစံကို အသိ အမှတ်ပြုခြင်း၊ ကရင်စာပေယဉ် ကျေးမှုကို အသိအမှတ်ပြုခြင်း အစ ရှိသည်ကို ပင်ဖြစ်ပါသည်။
(၆) လူမျိုးများ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုဆက်ဆံရေး (social)နှင့်ပတ်သက်သော အခွင့်အရေးများကို တတ်နိုင်သမျှ အသိအမှတ်ပြုရမည်။
(၇)ဗမာများထက်အဆင့်အတန်း နိမ့်သော လူမျိုးများ၏ အဆင့်အတန်းများကို မြှင့်တင်ရန်အထူးကြိုးစားဆောင်ရွက်ပေး ပြီးလျှင် ဗမာများနှင့်အတူ ကမ္ဘာ့ အဆင့်အတန်း(World Level) သို့ အမြန်နှုန်းဖြင့်တက်လှမ်းနိုင်ရ မည်။ လူမျိုးအချင်းချင်း နှိမ့်ချ သည့် အသုံးအနှုန်း၊ အခေါ် အဝေါ်၊ စာပေအမှတ်အသား၊ အထိမ်းအမှတ်အလံ စသည်တို့
ကို အစိုးရက ဥပဒေဖြင့် တား မြစ် ပေးရမည်။ လူမျိုးများညီ ညွတ်မှုကိုသာရှေးရှုသော အမှတ် အသား၊ အထိမ်းအမှတ်စာပေများကိုသာ သုံးရသည်။
အထက်ပါ အချက်တို့ကား ကျွန်ုပ်၏ သဘောထားပုံကို သိ သာစေရန် ဖော်ပြခြင်းဖြစ်ပါ သည်။ ဤသဘောထားအတိုင်း အထမြောက်ရန် ကျွန်ုပ်သည် အစဉ်အလိုက် ကြိုးပမ်းသွား မည်ကို ရဲဘော်တို့အားစကား လက်ဆောင်ပါး လိုက်ပါသည်" ဟူ၍ဖော်ပြထားသည်။ ဤမျှဆိုလျှင်ပင် ဗိုလ်ချုပ်၏ တိုင်းရင်းသားများအပေါ် ထားရှိသည့်သဘောထား ကို ဝေဖန်သုံးသပ်နိုင်ကြမည်ဖြစ်ပါသည်။
၁၉၄၄ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်(သောကြာနေ့)က ဗိုလ် ချုပ်အောင်ဆန်းသည် ပြည်သူ့ တပ်မတော်သားများလိုက် နာ ကျင့်ကြံရမည့် စည်းကမ်းချက် များကိုယခုလိုချမှတ်ခဲ့ပါသည်။
(၁) ပြည်သူအပေါင်းတို့အား အရာရှိ၊အရာမဲ့၊လူကြီး၊လူငယ်၊ ယောက်ျား၊ မိန်းမ၊ လူမျိုးမရွေး၊ ဘာသာမရွေးဆက်ဆံတတ်ပါ စေ။ ဖော်ရွေကြပါ။ ယဉ်ကျေး ကြပါ။
ကိုယ့်အမှားမရှိပါစေနှင့်။ တရားမျှတကြပါ။ ကြင်နာကြပါ။ လေးစားကြပါ။
(၂)ကိုယ်နှင့်မဆိုင်သော အခြားသူတို့၏အလုပ်များကို အနှောင့်အယှက် မပြုပါနှင့်။ သို့သော် ကိုယ့်ဝတ္တရား အချိန်အခါတွင် မည်သူ့ကိုမဆို အထူးသဖြင့် လူအို၊ ကလေး၊ မိန်းမ၊ ဆင်းရဲ သားတို့ကို ကူညီနိုင်သမျှ ကူညီပါ။ ကူညီရာတွင် တရားနည်းလမ်းကျပါစေ။
(၃) ဗမာမဟုတ်သော နိုင်ငံ အတွင်းရှိ လူမျိုးစုများကို ငါတို့ တပ်တွင်း သော်လည်းကောင်၊ ပြင်ပသော်လည်းကောင်း၊ ဆွေ မျိုးရင်းခြာကဲ့သို့ သဘောထား ပါ။ ၄င်းတို့အား အစ်ကိုကြီးများ က ညီငယ်များကိုအလို လိုက် သကဲ့သို့ အလိုလိုက်ကြပါ။ ၄င်း တို့ကပင် ဆိုးစေကာမူ သည်းခံ နိုင်အောင် ကြိုးစားကြပါ။ ၄င်း တို့၏ ဘာသာစကားအလေ့
အထ အယူဝါဒ၊ ထုံးစံများကို ရိုသေလေးစားပါ။ ၄င်းတို့၏ အလေ့အထဘာသာအတိုင်း ကိုးကွယ်ခြင်း၊ပြောဆိုခြင်း၊ဝတ် စားခြင်း၊ နေထိုင်ခြင်း အစရှိ ခြင်းများကိုမကဲ့ရဲ့ပါနှင့်။ မပြောင် လှောင်ပါနှင့်။ မနှောင့်ယှက်ပါ နှင့်။၎င်းတို့မခံချင်သည့် အပြော အဆို၊အသုံးအနှုန်းမျိုးကို ရှောင် ပါ။ ၄င်းတို့ကို ကူညီနိုင်လျှင် ကူ ညီပါ။
(၄) ရဲဘော်စိတ်အချင်းချင်းထား ကြပါ။ တပ်မှူးက တပ်သားများ ကို လေးစားပါ။ ချစ်ခင်ပါ။ စောင့်ရှောက်ပါ။ တပ်မှူးထက် အသက်ကြီးသော တပ်သားများ ကို လေးစားစွာခေါ်ပါ။ တာဝန် အပြင်အပတွင် ရဲဘော်ချင်း ဆက်ဆံသကဲ့သို့ ဆက်ဆံပါ။ အချင်းချင်းလည်း တစ်ဦးကို တစ်ဦးပဲ့ပြင်ပါ။ကူညီပါ။ မတတ် သူကိုတတ်သူကကူညီပါ။
အလုပ် မပြီးသူကို ပြီးသူက ကူညီပါ။ အကျင့်မကောင်းသူကို ကောင်း သူကကူညီပါ။ ရဲဘော်မတရား ဒုက္ခရောက်လျှင် ကူညီပါ။ ရဲ ဘော်ဖျားနာလျှင်ကူပါ။ အားမဲ့ နေသော ရဲဘော်ကို ပစ်မထား ပါနှင့်။ ရဲဘော်အချင်းချင်း မြို့သား၊ တောသား၊ ပညာတတ်၊ မတတ်၊ အစရှိသဖြင့် အထင် မသေးပါနှင့်။ တစ်ဦးကိုတစ်ဦး ကူညီပါ။တစ်ဦးထံမှတစ်ဦး သင် ယူကြပါ။ ရှက်စရာမရှိ။ တပ် မှူးထံမှာလည်း တပ်သားများက သင်ရမည်။ တပ်သားများထံမှ တပ်မှူးများက သင်ရမည်။ တစ် ဦးနှင့်တစ်ဦးအရာရာမှာ အပေး အယူရှိရမည်။
(၅) အကျင့်စာရိတ္တကောင်း ကြပါ။ အရက်သေစာသောက် စားမူးယစ်၍ လူမြင်ကွင်းတွင် တပ်မတော်မှ နာမည်ပျက်စရာ အလုပ်များ မလုပ်ပါနှင့်။ မိန်းမ လိုက်စား၊ သုံးမရသည့် တပ်မ တော်မဖြစ်ပါစေနှင့်။ မိန်းမမြင် လျှင် ထိန်းမရသိမ်းမရ ရမ်း ကားသော တပ်မတော်မဖြစ်ပါ စေနှင့်။ သူတစ်ပါးပစ္စည်းများကို လုယက်ခိုးယူခြင်းမပြုပါနှင့်။
လူများအပေါ် မတရားအာဏာ မပြပါနှင့်။
(၆) ဆန္ဒအားကြီးအောင် ကြိုး စားကြပါ။ အစာခံနိုင်အောင်၊ အပင်ပန်းခံနိုင်အောင်၊ အငတ် ခံနိုင်အောင်၊ အဆင်းရဲခံနိုင် အောင်၊အနိုင်မခံရအောင်၊အရှုံး မပေးရအောင်ဆန္ဒများထားကြ ပါ။ တတ်နိုင်သမျှ ရိုးရိုးနေ၊ ရိုးရိုးကျင့်၊ မြင့်မြင့်ကြံကြပါ။ အရက်၊ ဆေးလိပ်၊ မိန်းမ၊ စည်း စိမ်များ ရှောင်နိုင်လျင် ရှောင် ပါ။
မရှောင်နိုင်သည့်အခါ စိတ် ကို ထိန်းသိမ်းနိုင်ပါစေ။ ကိုယ် နှုတ်ကို ထိန်းသိမ်းနိုင်ပါစေ။
သံယောဇဉ်မှန်သမျှ ဖြတ် တောက်နိုင်ရမည်။ ငါတို့သည် သားမယား၊ ဆွေမျိုး၊ မိဘများ ကို တတ်နိုင်သမျှ ကာကွယ် စောင့်ရှောက်ရန် ကြိုးပမ်းမည်။ ၄င်းတို့အား ချစ်ခင် လေးစား ခြင်းမှာလည်း နည်းမှန်ပင်ဖြစ် သည်။ သို့သော် ၄င်းတို့အား တွယ်တာမှုကြောင့် ငါတို့အလုပ် တာဝန်ကြီးကို မထိခိုက်ပါစေ နှင့်။ ၄င်းတို့အား ရက်စက်စွန့် ခွာရမည့် အခါမျိုးတွင် စွန့်ခွာ၍ တာဝန်ကို ထမ်းဆောင်ရန် အသင့်ရှိရမည်။ (ပြည်သူ့တပ်မတော်သားတိုင်း လိုက်နာကျင့်သုံးရန် ဖြစ်သည်)
ထိုစည်းကမ်းချက်များကို ထုတ် ပြန်သည့်ကာလကဆိုလျှင် မြန်မာနိုင်ငံသည် ဂျပန်လက် အောက်ကျရောက်နေချိန်၊ ဂျပန်တို့ပေးသည့် ရွှေရည်စိမ်လွတ်
လပ်ရေးတစ်နှစ်ပြည့်ပြီး ကာလလည်းဖြစ်သည်။ ထိုအချိန်ကပင် စစ်ဗိုလ်၊ စစ်သားတို့က တိုင်းရင်းသားတို့ အပေါ်ထားရှိဆက်ဆံရမည့် ကျင့် ဝတ်၊ စိတ်ဓာတ်နှင့် တာဝန်ဝတ္တ
ရားတို့ကို ဗိုလ်ချုပ်က စည်းကမ်း ချက်အမှတ် (၃)တွင် အသေအချာပြဆိုသတ်မှတ်ပြီးဖြစ် သည် ကိုလည်းစာဖတ်သူတို့ အထင်း သားတွေ့ရှိရမည်ဖြစ်ပါသည်။ လွန်ခဲ့သော နှစ်ပေါင်း ၇ဝ က ဗိုလ်ချုပ်၏ တိုင်းရင်းသားများအပေါ် သဘောထားဖြစ်သည်။
၁၉၄၆ခုနှစ် ဇန်နဝါရီ ၂ဝ ရက်ရွှေတိဂုံအလယ်ပစ္စယာဖဆပ လ ပြည်လုံးကျွတ်ညီလာခံအပြီးတွင် မူလရည် မှန်းချက်ဖြစ်သည့် တိုင်းရင်းသား စည်းလုံးညီညွတ် ရေးအတွက် စည်းရုံးရေးခရီး အဖြစ် မတ်လ ၄ရက်မှ ၂၄ရက် အထိစစ်တွေ၊မင်းပြား၊ မြေပုံစသည့် ရခိုင်ဒေသကိုခရီးထွက်ခဲ့သည်။ ၁၉၄၆ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်မှ ၃ဝရက်အတွင်း ကချင်ပြည်နယ်၊ မြစ်ကြီးနားသို့ ခရီးထွက်ခါကချင်ခေါင်းဆောင် များ၊ ကချင်တိုင်းရင်းသားများ တို့ကို စည်းရုံးခဲ့သည်။ ၁၉၄၆ခု ဒီဇင်ဘာလ ၁၈ရက်မှ ၂၆ ရက် အတွင်း သံဖြူဇရပ်၊မုဒုံ၊မော်လ မြိုင်၊ဘားအံ၊ လှိုင်းဘွဲ့၊ကပ္ပလီရွာ နှင့်သထုံစသည့်မွန်နှင့်ကရင် ဒေသကို စည်းရုံးရေးခရီးထွက်သည်။
ယင်းသို့စည်းရုံးနိုင်ခဲ့ခြင်း ကြောင့်လည်း အောင်မြင်မှုများ ရရှိခဲ့သည်။ ဒါကို အင်္ဂလိပ်က သွေးတိုးစမ်းသည်။ ဗိုလ်ချုပ်၏ ဗြိတိန်ခရီးစဉ်တွင် တိုင်းရင်းသား များနှင့် ဗိုလ်ချုပ်၏
ဖဆပလတို့ တစ်သဘောတည်းရှိကြောင်း ပြ ဆိုရန် အောင်ဆန်း-အက်တလီ စာချုပ်မှာပင် ထည့်သွင်းတောင်း ဆိုခဲ့သည်။ ၁၉၄၇ ခုနှစ် ဇန်နဝါရီ ၂ရက် မှ ဖေဖော်ဝါရီ ၂ရက်ထိ ဗြိတိန် ခရီးစဉ်အပြီး ဖေဖော်ဝါရီ ၈ရက် မှ ၁၂ရက်အထိ ရှမ်းပြည်နယ်သို့ ခရီးနှင်ကာ ပြည်ထောင်စုညီညွတ်မှု သက်သေ ပင်လုံစာချုပ် ကို ချုပ်ဆိုပြသနိုင်ခဲ့သည်။ကရင်အမျိုးသားညီလာခံ သို့ ဗိုလ်ချုပ်ပေးပို့ခဲ့သည့် သဝဏ်လွှာပါ ဖော်ပြချက်တွင် " ကျွန်ုပ်၏ ဤစိတ်ထားမှာ ယခုစစ် အခြေအနေတွင် ခါတော်မီဝါဒ သဘောမဟုတ်သည်ကို တိတိလင်းလင်း နားလည်စေလို ပါသည်။ ကျွန်ုပ်၏ စေတနာသည် ကရင်လူမျိုးများအပေါ် သာ မက မြန်မာနိုင်ငံ လူမျိုးများအားလုံး အပေါ် တွင်
ထားပါသည်။
ဤစေတနာ ဤစိတ်ထား သည်တစ်နေ့နေ့ လက် ငင်းအားဖြင့် လက်တွေ့ ကျွန်ုပ်ပြသနိုင်သည့် အခါ တွင် ထင်ထင်ရှားရှား ဖြင့် တွေ့ရပါလိမ့်မည်" ဟု ဆိုခဲ့သည့်အတိုင်းပင် ပင်လုံစာချုပ်ဖြင့် သက် သေပြနိုင်ခဲ့သည်ကတော့ အထင်အရှားပင် ဖြစ်ပါသတည်း။
သိန်းအေး
ရည်ညွှန်း-
(၁) အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း (၁၉၅၅-၁၉၄၇)
(၂) ကိုယ်ပိုင်မှတ်စုများ
Popular Journal