အားကျခဲ့မိသော သူတို့ဆီက သွားလာရေး စနစ်
ပို့စ်တင်ချိန်
- 1/24/2014 03:20:00 PM
ကျွန်မ သြစတြေးလျနိုင်ငံကို ရောက် စဉ်က သူတို့ဆီက သယ်ယူ ပို့ဆောင်ရေး စနစ်ကို လေ့လာခဲ့ပါတယ်။ ရထား၊ ဓာတ်ရထား၊ ဘတ်စ်ကား၊ တက္ကစီ တို့နဲ့ လူအများ အလွယ်တကူ သွားလာနိုင် အောင် သက်သက် သာသာ ရှိအောင် စီမံ ထားတာကို တွေ့ရပါတယ်။ ဝန်ထမ်း ဆိုရင် ဝန်ထမ်း အလျောက်၊ သက်ကြီး ရွယ်အို ဆိုရင်လည်း သူ့အလိုက် ဈေးနှုန်း သက်သက်သာသာနဲ့ ကတ်တွေ ထုတ် ပေးထားတယ်။ အသက် ၇ဝ ကျော်သွား ရင် ရထား၊ ကား၊ ဓာတ်ရထား အခမဲ့ စီးခွင့်ရသွားပါတယ်။
ကျွန်မ တို့က မြေး ဆရာဝန်မလေး ရှိရာ Traralgen မြို့လေးမှာ တည်းခိုကြ ပါတယ်။ မဲလ်ဘုန်းကို ရထား နဲ့သွားရင် နှစ်နာရီကျော် ကြာပါတယ်။ မိုင် ၁ဝဝ လောက်ဝေး ပါတယ်။ သူတို့ရဲ့ ရထား စနစ်က အင်မတန် ချောမွေ့ ပါတယ်။ Mykie ဆိုတဲ့ စက်ကလေး မှာ (၁၄) ဒေါ်လာ ထည့်လိုက်ရင် ကတ်လေးရပါတယ်။ ဒီကတ်နဲ့ ရထား၊ ဓာတ် ရထား၊ ဘတ်စ် ကားကြိုက်ရာကို စီးလို့ရပါတယ်။ ငွေ နည်းနေရင် စက်ကပြပါတယ်။ ထပ်ထပ် ထည့်သွားရုံပါပဲ။ ရထား၊ ကားအဝင်အထွက်၊ အတက်အဆင်း မှာတော့ စက်မှာ ကတ်နဲ့ Touch and go ထိသွားရုံပါပဲ။ ရထား ကိုတော့ လူအများ အားကိုးကြ တယ်။ အချိန် ဇယားပြ ကတ်ပြားလေး တွေ ဘူတာရုံမှာ ရယူနိုင်လို့ ကိုယ်စီးချင် တဲ့ အချိန်အတိုင်း စီးသွားရပါတယ်။ အချိန် တိကျတယ်။ နောက်ကျမယ် ဆိုရင် ၅ မိနစ်ဖြစ်စေ (၂) မိနစ်ပဲ ဖြစ်စေ LED နဲ့ ကြေညာပါတယ်။ ကြားဘူတာတွေ မှာ ခဏပဲ ရပ်တာဖြစ်လို့ ဆင်းခါနီးမှာ တံခါးနားကို သွားနေရပြီး တံခါးပွင့်သွားတာနဲ့ ဆင်းသွားဖို့ပါပဲ။ မဲလ်ဘုန်းက Southern Cross ဘူတာရုံကြီးမှာ ဆင်းပြီး မြို့ထဲ မှာ လျှောက် လည်ကြပါတယ်။ Man Power လူအင်အား သိပ်မသုံးတဲ့ တိုင်းပြည်ဖြစ် လို့ ရထားမှာလည်း မောင်းသူတစ် ယောက်၊ လက်မှတ်စစ် တစ်ယောက်ပဲ ပါပါတယ်။ စားသောက်တွဲပါတဲ့ ရထား ဆိုရင် ရောင်းတဲ့ အမျိုးသမီး တစ်ယောက် ပဲ ပါပါတယ်။ ဘူတာရုံတွေမှာ သိချင်တာရှိရင် လမ်းညွှန်မြေပုံတွေကို ကြည့် ရပါတယ်။ မေးစရာ လူ မရှိပါဘူး။ ရထား စီးတဲ့အခါ Peak Hours အလုပ်သွား အလုပ်ပြန် အချိန်တွေမှာ လူများပါ တယ်။ အလုပ်ဆင်းပြီ ဆိုရင် အမည်း ရောင်ဝတ်စုံ နဲ့ အမျိုးသား အမျိုးသမီး တွေ သည်းသည်း လှုပ် ရောက်လာကြ တယ်။ ရထားတွေက ၅ မိနစ် တစ်စင်း ဆိုက်နေတော့ ခဏနေရင် လူရှင်းသွား တာပါပဲ။ ကြားချိန်တွေ မှာတော့ ရထား တွဲတွေ ချောင်နေပါတယ်။ တစ်တွဲမှာ မှ လူ ၁ဝ ယောက်လောက်ပါပဲ။ ဆိတ် ငြိမ်တွဲ ဆိုတာ ပါပါတယ်။ စကားကျယ် ကျယ် မပြောရ။ သီချင်း မဖွင့်ရ။ အစား အသောက် မစားရပါဘူး။ ဘယ်သူမှ ဝင်မထိုင်ကြလို့ ကျွန်မတို့လည်း ”ပျင်းစရာကြီး လူတွေရှိတဲ့တွဲမှာ သွားထိုင်မယ်” ပြောပြီး တွဲပြောင်း ထိုင်ကြပါတယ်။ အားလုံး အဆင်ပြေအောင် စီစဉ်ပေးထား ပါတယ်။ အလုပ် သွားလုပ်တဲ့ သူတွေက ဘူတာရုံ ကားပါကင်မှာ ကားတွေရပ် ထားခဲ့ပြီး ရထားနဲ့ သွားကြတယ်။ ညနေ အလုပ်က ပြန်လာမှအိမ်ကို ကား မောင်းပြီး ပြန်ကြပါတယ်။ Metro ဆိုတဲ့ မြို့ပတ် ရထားတွေကို စီးကြတာများပါ တယ်။ ကျွန်မတို့ တိုင်းပြည်မှာလည်း ရထားကို အားကိုးရတဲ့ခေတ် ကို ရောက် စေချင်လှပါတယ်။
ဘူတာရုံတွေ မှာလည်း လူများများ မထားပါဘူး။ လက်မှတ် ရောင်းတဲ့သူ ရှိပါတယ်။ အချိန်နီးမှ လာကြတော့ လူ ရှုပ်တာလည်း မတွေ့ရပါဘူး။ ဘာဈေး သည် မှလည်း မရှိပါဘူး။ ရေဘူးတို့ အချိုရည်တို့ သောက်ချင်ရင် စက်ထဲမှာ ၂ ဒေါ်လာခွဲ ထည့်လိုက်ရင် ထွက်လာ တာပါပဲ။ အပြင်ဘက်ထွက်လိုက် မှစား သောက်ဆိုင်တွေ ကို တွေ့ ရပါတယ်။ Hamburgers ၊ Pizza ၊ ချောကလက် သကြားလုံးဆိုင်၊ စာအုပ်ဆိုင်တွေ ရှိပါ တယ်။ အလကား လိုက်ဝေနေတဲ့ မြို့ တော် သတင်းစာတွေ လည်း ယူပြီး ဖတ် နိုင်ပါတယ်။
လေယာဉ်ကွင်းကို သွားဖို့ Skybus Airport Express ဘတ်စ်ကား အနီကြီး တွေရှိပါတယ်။ ၅ မိနစ် တစ်စင်း ထွက်ပါ တယ်။ ဘူတာကြီး ကနေ မိနစ် ၂ဝ ပဲ သွားရပါ တယ်။ ပစ္စည်း ထားစရာစင်တွေ ထားပေးပါတယ်။ ကိုယ့်ပစ္စည်း ကိုယ်သယ် ရပါတယ်။ စပယ်ယာ ဆိုတာ မရှိပါဘူး။ ဘတ်စ်ကားမောင်းတဲ့ သူက ကားမထွက် ခင် ဆင်းပြီး လက်မှတ် စစ်ပါတယ်။ လေယာဉ်ကွင်း ရောက်တော့လည်း ချိုချိုသာသာ လူတိုင်းကို နှုတ်ဆက် လိုက်ပါသေးတယ်။ လေယာဉ်ကွင်း ရောက်တော့ တွန်း လှည်းပေါ် ကို ပစ္စည်း တင်ပြီး ဝင်ရောက် သွားရုံပါပဲ။ ကျွန်မလို Wheel Chair ယူထားတဲ့ အသက်ကြီးတဲ့သူ တွေကိုတော့ ဂရုတစိုက် နဲ့လေယာဉ် အပေါက်ဝ အထိ တွန်း ပို့ပေးကြပါတယ်။ လေယာဉ်ပေါ် မှာလည်း ရှေ့ဆုံးမှာထား ပြီး လေယာဉ်မယ်၊ လေယာဉ်မောင် တွေ က ဘာလိုသေးလဲလို့ မကြာခဏ လာမေး ကြပါတယ်။
သူတို့ဆီ မှာ တက္ကစီ ခေါ်ရတာ လည်း လွယ်ကူပါတယ်။ အိမ်ကိုလည်း တယ်လီဖုန်း နဲ့ ခေါ်ယူလို့ရပါတယ်။ ၁ဝ မိနစ်လောက် အတွင်း မှာ ရောက်လာ တတ်ပါတယ်။ မီတာ နဲ့ သွားတာဖြစ်လို့ ဈေး စကား ပြောစရာလည်း မလိုတော့ပါဘူး။ On Call ခေါ်ယူတဲ့ အတွက်တော့ နည်းနည်း ပိုပေးရပါတယ်။ အဆင်ပြေ လွယ်ကူတဲ့ စနစ်ပါပဲ။ ကျွန်မ တို့ဆီမှာ လည်း တက္ကစီသမား တော်တော်များ များ Mobile ဖုန်းတွေကို ကိုင်နိုင် လာကြ ပါပြီ။ သူတို့ဆီက ဖုန်းနံပါတ် ယူထားပြီး ဖုန်းနဲ့ခေါ် လို့ရနေပါပြီ။
လူစီး များတဲ့ Tram ဓာတ်ရထား ပေါ်မှာ ကျွန်မတို့လို သက်ကြီး ရွယ်အို တွေနေရာ မရရင် နေရာထပေးကြပါ တယ်။ မသန်စွမ်းတဲ့ သူတွေ နဲ့ အသက် ကြီးတဲ့သူတွေ အတွက် နေရာ သတ်သတ် လည်း ထားပေးပါတယ်။ ကလေးတွေ တွဲလဲ တန်းလန်းနဲ့ မိခင်တွေကိုလည်း နေရာ ထ ပေးကြပါ တယ်။ တစ်ခါတလေ မှာ လက်တွန်း လှည်းထဲ က တစ်ယောက်၊ ချီထားတာ က တစ်ယောက်၊ ဘေးနားက လမ်းလျှောက် လိုက်လာတဲ့ တစ်ယောက် နဲ့လာကြတဲ့ မိခင်တွေလည်း တွေ့ရပါတယ်။ ကလေးတွေ နီးလှ ချည်လားလို့ စပ်စုကြည့်တော့ အစိုးရက ကလေး တစ်ယောက် မွေးရင် ဒေါ်လာ ၆ဝဝဝ ပေးပြီး နောက်ထပ်လည်း ကလေး အတွက် ရပိုင် ခွင့်တွေ ပေး ပါသေးတယ်။ ဒါကြောင့် ကလေးစရိတ် အများကြီး ရနေ တော့ မိခင်တွေက အလုပ် မလုပ်တော့ ဘဲ ကလေးတွေ နှစ်ယောက် သုံးယောက် ဆက်တိုက်မွေး ကြတာဖြစ် ပါတယ်။ သူ တို့ဆီမှာ လူဦးရေ နည်းပါတယ်။ မြေ လွတ်တွေလည်း အများကြီး ရှိပါတယ်။ နွားမွေးမြူရေး၊ သိုးမွေးမြူရေး၊ စိုက်ပျိုး ရေး လုပ်စရာမြေ ပေါ ပါတယ်။ လယ်သ မားတွေ လည်း အစိုးရဆီက ထောက်ပံ့ ကြေး ရတယ်လို့ သိရပါတယ်။
သူတို့ဆီမှာ စက်ဘီး တော်တော်စီး ကြပါတယ်။ စက်ဘီး ငှားတဲ့နေရာတွေ ရှိပါတယ်။ လူငယ်တွေ တော်တော်များ များ စက်ဘီးစီး ကြတယ်။ ဘတ်စ်ကား ကြီးတွေရှေ့မှာ စက်ဘီး တင်စရာ နေရာ ရှိပါတယ်။ တင်ပြီး ယူသွားလို့လည်း ရပါတယ်။ စက်ဘီးစီး ဦးထုပ်ကိုတော့ ဆောင်းကို ဆောင်း ရပါတယ်။ ကျောင်း သားလေးတွေစက်ဘီး နဲ့ကျောင်း သွားကြ တယ်။ ရထားနဲ့လည်း ကျောင်းတက်ကြ တယ်။ ဘယ်မိဘ ကမှ လိုက်မပို့ကြပါ ဘူး။
မော်တော်ဆိုင်ကယ်တွေလည်း စီး ကြတယ်။ Harley Davidson ဆိုင်ကယ်ကြီးတွေက သားနားပြီး လှပလှလို့ သူတို့ စီးသွားရင် ငေးကြည့် ရပါတယ်။ Helmet အနီ၊ အမည်းတွေ ဆောင်းပြီး လက်အိတ် အပြည့်အစုံ နဲ့ကြည့်ရတာ တကယ်ဟီး ရိုးပါပဲ။ မင်းသား ဦးဝင်း ဦးစီးခဲ့တာလို့ ပြော ရပါသေးတယ်။
ပြီး Caravan နောက်တွဲယာဉ်တွေ ငှားကြတယ်။ Caravan ကွင်းတွေလည်း ရှိတယ်။ ကားနဲ့ ဆွဲသွားပြီး စတည်းချ အပန်းဖြေကြတယ်။ Caravan မှာ အိပ် ခန်း၊ မီးဖို၊ သန့်စင်ခန်း အကုန်ပါပါတယ်။ အားလပ်ရက် ဆိုရင် မိသားစု Caravan နဲ့ ခရီးထွက်ကြတယ်။
သူတို့ တိုင်းပြည်မှာ သွားရေးလာ ရေး၊ သယ်ယူပို့ဆောင်ရေး စနစ်က လူ တွေအတွက် အဆင်ပြေ သက်သာလှပါ လားလို့ အားကျမိ ခဲ့ကြောင်း ရေးပြလိုက် ရပါတယ်ရှင်။
ခင်စောတင့်
Popular Myanmar News Journal