ကိုယ်က ဘယ်အခြေအနေပဲရောက်ရောက် မိဘကို မစော်ကားပါနဲ့
ပို့စ်တင်ချိန်
- 1/27/2014 07:38:00 PM
27-01-2014
အညာဒေသက ရွာတစ်ရွာမှာ(ရွာနာမည် မဖော်လို) ဦးဝင်းမြင့် ဆိုတဲ့လူတစ်ယောက်ရှိတယ်။ သူ့မှာ အင်မတန် လှတဲ့ သမီးတစ်ယောက်လည်းရှိတယ်။ သမီးနာမည်က နှင်းအေးလို့ခေါ်တယ်။
အဖေတစ်ခု သမီးတစ်ခု ဘ၀ပေါ့ ။ ဦးဝင်းမြင့်ပာာ ကိုယ်မကောင်းဘူး။ နူနေတာပါ။ သမီလေးကို သိပ်ချစ်လွန်းလို့ ဘာမှ မခိုင်းဘူး။ ကျောင်းစာကိုပဲ ကြိုးစားခိုင်းတယ်။
သူကိုယ်တိုင်ကတော့ တစ်ရွာလုံးရဲ့ တောက်တိုမယ်ရ အလုပ်တွေ အကုန်လုပ်တယ်။ ရတဲ့ငွေနဲ့ သမီးကို ကျောင်းထားတယ်။
ညဘက်မှာဆို ထန်းလက် ကုလားထိုင်တွေလုပ်ပြီး ကျောင်းစရိတ် ရှာပေးတယ်။
နှင်းနှင်းအေးကလည်း ရုပ်ချောတဲ့အပြင် စာကလည်း အင်မတန်တော်တယ်။ ဆယ်တန်းအောင်တော့ နှင်းနှင်းအေးပာာ ဆေးမှတ် မီပြီး ဆေးကျောင်းတက်တယ်။
ဦးဝင်းမြင့်ပာာ သမီးဆေးကျောင်းတက်ဖို့ ရှိစုမဲ့စုတွေ အကုန်ရောင်းတယ်။ အိမ်လေးပါရောင်းပြီး ဆေးကျောင်းထားတယ်။ မလောက်ပါဘူး။ ဒါ့ကြောင့် သားသတ်ရုံမှာ နွားသတ်ပေးပြီး ငွေရှာတယ်။
ဦးဝင်းမြင့် ဘယ်လောက်ပဲရှာရှာ ငွေက မလောက်ဘူး ဖြစ်နေတယ်။
နှင်းနှင်းအေးလည်း စိတ်ပျက်ပြီး စိတ်လေနေခိုက် ကုမ္ပဏီပိုင်ရှင်ရဲ့သား စိုးအောင်နဲ့ သွားပြီးရေစက်ဆုံတယ်။ စိုးအောင်က သိပ်ချစ်တော့ နှင်းနှင်းအေး ကျောင်းစရိတ်ပါ ထောက်ပံ့ပေးခဲ့တယ်။
လူဂုဏ်တန်တွေကြားကို နှင်းနှင်းအေးပာာ ၀င်စ ပြုလာတယ်။ ကိုယ်မကောင်းတဲ့ ဖခင်ကို လျှို့ဝှက်ပြီး သူ့ကိုယ်သူ တစ်ကောင်ကြွက်လို့ ပြောခဲ့တယ်။
ကျောင်းပြီးတော့ ဒေါက်တာနှင်းနှင်းအေးပာာ စိုးအောင်နဲ့ လက်ထပ်ပြီး လူဂုဏ်တန်တစ်ယောက်အဖြစ် နေထိုင်ခဲ့တယ်။
အဖေဖြစ်သူဆီကို စာလည်းမရေး။ ဖုန်းလည်း မဆက်။ အကြောင်းလည်း မကြားတာ ၅နှစ်ကျော်တောင်ကြတယ်။ အဖေလုပ်တဲ့လူက စိတ်လည်းပူတယ်။ လွမ်းလည်း လွမ်းနေရှတယ်။ ကိုယ်မကောင်းတဲ့ အနူတစ်ယောက်ဆိုတော့ လိုက်လည်းမသွားရဲ။
ဦးဝင်းမြင့်ပာာ သူ့ဒုက္ခကို မေ့လျော့နေတယ်။ အိမ်လည်းမရှိ။ မြေလည်းမရှိတော့။ နွားသတ်သမားလုပ်ထားတော့ ဘုန်းကြီးကျောင်းလည်း မနေရဲ။ စားစရာမရှိလို့ တောင်းစားရင်လည်းမဖြစ်။ ဆရာဝန့် အဖေကိုး။ ကျန်းမာရေးကြောင့် နွားလည်း မသတ်နိုင်တော့။
ဦးဝင်းမြင့်ပာာ သမီးရှိတဲ့ရန်ကုန်ကို လိုက်သွားဖို့ ဆုံးဖြတ်လိုက်တယ်။ လွန်ခဲ့တဲ့ ၅လလောက်က သမီးရဲ့ လိပ်စာကို ရထားတယ်လေ။ ဒါ့ကြောင့် လိုက်သွားနိုင်တာ။
ရန်ကုန်ရောက်တော့ သမီးနေတဲ့ ခြံအကျယ်ကြီးကို တွေ့ရတော့ အင်မတန် ၀မ်းသာသွားတယ်။ ရွာပြန်ရင် ငါ့သမီး ဘယ်လောက်ချမ်းသာတယ် ဆိုတာ တစ်ရွာလုံးကို ကြွားဝါဖို့ ဆုံးဖြတ်ထားတယ်။
ခြံဝက ခေါင်းလောင်းတီးလိုက်တော့ သမီး ယောက္ခမ လို့ ထင်ရတဲ့ အမျိုးသမီးတစ်ယောက် ထွက်လာတယ်။
"ဒေါက်တာနှင်းနှင်းအေးနဲ့ တွေ့ချင်လို့ ၀င်ခွင်ပြုပါ။ကျွန်တော်က သူ့အဖေပါ။ "
အမျိုးသမီးက မယုံပါ။ ၀င်ခွင့်မပြုပါ။ သူကိုယ်မကောင်းတာကို တွေ့ပြီး ၀င်ခွင့်မပြုတာပါ။ နောက်ပြီး နှင်းနှင်းအေးမှာ အဖေမရှိဘူးလို့ သိထားတယ်လေ။
အမျိုးသမီးက နှင်းနှင်းအေးကို လှမ်းခေါ်ပြီး
"သမီး။ဒီလူက သမီးအဖေလို့ ပြောပြီး ၀င်ခွင့်တောင်းနေတာ။ ပြီးတော့ သူက အနူကြီး။ သမီး အဖေ ပာုတ်လား။"
နှင်းနှင်းအေး သူ့အဖေကို ကြည့်ပြီး မျက်ရည်ဝိုင်းသွားသည်။ အဖေလို့လည်း ပြောလို့ မဖြစ်။ အလိမ်ပေါ်သွားမည်။ ဒါ့ကြောင့် သူ့အဖေကို တောင်းပန်တဲ့ မျက်လုံးနဲ့ ကြည့်ပြီး
"ဒီလူကြီးက သမီးအဖေ မပာုတ်ပါဘူး။"လို့ ပြောလိုက်တယ်။
ဦးဝင်းမြင့် ဖြေမဆည်နိုင်အောင် ၀မ်းနည်းသွားသည်။ ဒါ့ကြောင့်
"မိုက်လိုက်တာ သမီးရယ်။ အဖေ့ကို ဒီလိုပြောရလား။ အဖေ့မှာ နေစရာလည်း မရှိ။ စားစရာလည်း မရှိ။ ဒုက္ခရောက်နေလို့ သမီးလေးဆီလာတာပါ သမီးရယ်။ အဖေဘယ်ကို သွားရတော့မှာလဲ။"
ဦးဝင်းမြင့်လည်း ရန်ကုန်မြို့ကြီးမှာ တစ်လမ်းဝင် တစ်လမ်းထွက် သူတောင်းစားလို လည်တောင်းပြီး လမ်းစရိတ်ရတော့ ရွာကို ပြန်ခဲ့တယ်။
ဖြစ်သမျှ အကြောင့်စုံကို ကတ်ဆက်နဲ့ အသံသွင်းပြီး ပြောခဲ့တယ်။ ငိုနေတဲ့ အသံနဲ့ ပြောတာ။ ပြီးတော့ ရွာအပြင်သွားပြီး ဆွဲကြိုးချပြီး ကိုယ့်ကိုယ်ကို သတ်သေသွားရှာတယ်။နှင်းနှင်းအေးကတော့ မသိချေ။
ညီမလေးရေ....
ကိုယ်က ဘယ်အခြေအနေပဲရောက်ရောက် မိဘကို မစော်ကားပါနဲ့။ ကိုယ်ကောင်းစားဖို့အတွက် မိဘကို မစတေးပါနဲ့ လို့ သတိပေးပါရစေ။
မှတ်ချက်။ ။သင့်တော်ရာ ဓာတ်ပုံကို ရှာတင်ပေးပါသည်။ အဖြစ်မှန်ကို ရေးခြင်းဖြစ်သဖြင့် အားလုံး သင်းခန်းစာ ယူနိုင်ပါစေ။
ပြည်ငြိမ်း
ပုဂံအွန်လိုင်းမီဒီယာ