ရပ်ကွက်ထဲရှိ အထည်ချုပ်စက်ရုံ ညဘက်တွင် လုပ်ငန်းလုပ်နေမှုကြောင့် ရပ်ကွက်သားများ အိပ်ရေးပျက်၊ မီးအားကျ
ပို့စ်တင်ချိန်
- 1/09/2014 10:40:00 AM
၎င်းစက်ရုံ၏ ဘေးအိမ်နီးနားချင်းတစ်ဦးမှ ပေးပို့လာသော တိုင်ကြားစာဖြစ်ပါသည်။ ပေးပို့လာသူ၏ ပြောကြားချက် သိပ်မရှင်းလင်းသောကြောင့် Myanmar CNN မှ နားလည်သလို ပြန်ရေးလိုက်ပါတယ်။ ပေးပို့သူ၏ ပြောကြားချက်အရ
၎င်း အထည်ချုပ်စက်ရုံမှာ ယခင်က နေ့မနား ညမနား လုပ်ငန်းများလုပ်ရာတွင် ဘေးအိမ်မှ လူများမှာ သတင်းစာတွင် တိုင်ကြားထားဟန်တူပါသည်။ ထို့ကြောင့် သတင်းစာတွင် တိုင်ကြားစာပါလာရာ၊ ရပ်ကွက်လူကြီးမှ ညဘက်တွင် လုပ်ငန်းများမလုပ်စေဘဲ မနက် ၈ နာရီမှ ညနေ ၆ နာရီအထိသာ အလုပ်လုပ်စေခဲ့ပါသည်။ ထိုသို့ တိုင်ကြားစာ သတင်းစာတွင်ပါလာသောကြောင့် ဘေးအိမ်နီးနားချင်းများကိုပင် ရပ်ကွက်လူကြီးမှ ကျေနပ်ပုံမရဟု ပေးပို့လာသူမှ ဆိုထားပါသည်။
ရပ်ကွက်လူကြီးမှ လုပ်ငန်းချိန်သတ်မှတ်ပေးသော်လည်း၊ ယခုတစ်လောတွင် ညဘက်အချိန်များ၌ ပြန်လည်လုပ်ဆောင်နေသောကြောင့် ဘေးပတ်ဝန်းကျင် အိမ်နီးနားချင်းများ အိပ်ရေးပျက်ရသည်ဟုဆိုပါသည်။ ၎င်းအပြင် ထိုစက်ရုံမှ ၁၂ ပေခန့်ရှည်သောစက်ပေါင်း ၄ လုံး၊ မော်တာတပ် စက်ချုပ်စက်များ နှင့် လူအင်အား ၂၀ နီးပါးခန့်ဖြင့်အလုပ်လုပ်နေရာ ၎င်းစက်ရုံ လည်ပတ်နေချိန်တွင် ရပ်ကွက်အတွင်း မီးအားများ ကျဆင်းလျှက်ရှိပါသည်။ မီးအားများ မမှန်သောကြောင့် ဓာတ်တိုင်မှ ဖြူးစ် (Fuse) များ မကြာခဏ ပျက်စီးလျှက်ရှိသည်ဟု ဆိုပါသည်။ အသေးစိတ်ကိုဖတ်နိုင်ရန် ပေးပို့လာသူ၏ စာမူရင်းကို အောက်တွင်တပါတည်း ဖော်ပြလိုက်ရပါသည်။
လွတ်လပ်ရေးနေ.တဲ.ကျနော်တို.လမ်းထဲမှာလွတ်လပ်ရေးနေ.အငွေ.အသက်တွေလုံးဝစိတ်သုန်းကုန်ပြီ။ဘာလို.လဲဆိုတော.လမ်းထဲမှာအိမ်တွေရောင်းပြီးဒဂုံပြောင်သွားကြတော.လမ်းထဲအပွင်.တွေနဲ.လူတွေရောက်ရှိလာ ဘောစိတွေလဲတစ်လုံးပြီးတစ်လုံးဝယ်နဲ. လမ်းထဲဆိုင်ဘုတ်တောင်မထောင်ဘူး ချနေတာအိမ်တောင်းပြီးရော........... ရွက်ကွက်လူကြီးကလဲဖုန်းကတ်တွေ ဘယ်လိုအုရမလဲစဉ်းစားနေတာပဲ။ရက်ကွက်လမ်းထဲမှာ အထည်ချုပ်လုပ်တာတောင်း သတင်းစာတဲမှာပါလာတာတောင်း ရက်ကွက်လူကြီးက မင်းတို.လမ်းကောင်းတာပေါ.တဲ. ရပ်ကွက်လူကြီးကပြီးတော. ညမလုပ်နဲ.တော.တဲ.မနက်8နာရီစပြီးညနေ6နာရီ အလုပ်သိမ်းတဲ. ပြီးတော.ဘေးအိမ်တွေတောင်းကြိမ်းချင်သေးတယ်။မီးအားတွေကလဲကျလာပါတယ် မီးအားတွေကမပြည်.တော. လမ်းကူးထားတဲ.ဖြူးတွေက ခနခနပျက်လာပါတယ်နွေဆုရင် မတွေးဝင်.စရာပါပဲ။ဖိုးဖေါ်တီးလိုင်လဲယူထားတယပြောတာပဲ လမ်းထဲသင်ထားတဲ. ကြိုးလေးကြောင်းကိုအကုန်ချိတ်ပြီးသူ. အိမ်ကိုသွယ်ထားတော.တာပဲ။အခုတလောပိုဆိုးလာတာ ညဘက်ပြန်လုပ်နေတော. ဘေးအိမ်တွေကောင်းကောင်းအိပ်လို.မရတော.ပါဘူး။ကျနော်သိချင်တာက ရပ်ကွက်ထဲအထည်ချုပ်လုပ်ငန်းလုပ်လို.ရပါသလား။စက်တွေက12ပေလာက်ရှိပါတယ်အဲစက်ပေါင်း4လုံးချုပ်ပါတယ်။မော်တာစက်လေးတွေနဲ.လဲလုပ်ပါတယ်။လူအင်အား20နီပါးလောက်ရှိပါတယ်။အစိုးရအနေနဲ.ဘယ်လောက်ဝန်ကိုခွင်.ပြုထားပါသလဲသိချင်ပါတယ်။ကျနော်တို.အမေလဲတချုံးချုံးအသံနဲညအိပ်မပျာ်လို.ပါ။အမေရှိတဲ.သားတိုင်ခံစားကြည်.ပါ။ဟိုတစ်လောကဖုန်းကတ်တွေပြောက်လို.၀ိုင်ခံရပါသေးတယ်။
စက်ရုံတည်နေရာ တ/ဥက္ကလာ 4ရပ်ကွက် စာဂ21လမ်း အမှတ်605
တိုင်သူ ဘေးအိမ်နားနီးချင်း
Myanmar CNN မှ တင်ဆက်သည်
တိုင်စာများကို [email protected] သို့ ပေးပို့နိုင်ပါသည်။