The Most Beautiful ဆုကို ရင်မခုန်တဲ့ ခင်ဝင့်ဝါ

ပို့စ်တင်ချိန် - 12/28/2013 08:00:00 AM


The Ideal Beauty ဝက်ဘ်ဆိုက်မှ ပေးမည့်ဆုကို ဆန်ခါတင် ၃ဝ ထဲဝင်ပေမယ့် The Most Beautiful Woman ဆုကိုရင်မခုန်ကြောင်း Miss Supra- national Myanmar 2013  ခင်ဝင့်ဝါက ပြောသည်။ ”မဖြစ်နိုင်ပါဘူး။ နိုင်ငံတကာအလှမယ်တွေက တအားလှကြတယ်။ ညီမအခု ပါဝင်လာတာက ပရိသတ်ကြောင့်နဲ့ ကံကောင်း လွန်းအားကြီး လို့သာပါတာ”ဟု ခင်ဝင့်ဝါက ပြောသည်။
၂ဝ၁၃ ခုနှစ်အတွင်း ကျင်းပသည့် Miss World, Miss Universe, Miss Supranati- onal, Miss Earth, Miss International, Miss Grand International ပြိုင်ပွဲမှ အလှမယ် ၅၈၅ ဦးကိုရွေးချယ်ထားပြီးအလှဆုံး The Most Beautiful Woman ဆုကိုပေးအပ်မှာဖြစ် ကြောင်းသိရသည်။ ”Miss တစ်ယောက်က နိုင်ငံတကာမှာဆိုရင် ဓာတ်ပုံရိုက်တာလောက်ရှိ ပြီး ပရဟိတကို အဓိကထား လုပ်ကြတယ်။ သရုပ်ဆောင်ကတော့ အနုပညာဖြစ်သွားပြီ”ဟု ၎င်းက ဆက်ပြောသည်။
”ညီမက အနုပညာကို ဝါသနာပါတဲ့အတွက် Miss ဝင်ပြိုင်ပြီး ပြန်လာတော့ ဓာတ်ပုံအနုပညာလုပ်ရင်းကားရိုက်ဖို့ ကမ်းလှမ်းလာတဲ့အခါမှာ သရုပ်ဆောင်ဘက် လုပ်တာ ပါ”ဟု ခင်ဝင့်ဝါက ဆက်ပြောသည်။ ”ခက်ခဲတယ်ဆိုတာ ကူညီတဲ့လူ၊ မကူညီတဲ့လူ။ အားပေးတဲ့လူ၊ အားမပေးတဲ့လူ အမြဲဒွန်တွဲတာတွေ ကြုံတွေ့နေရတယ်”ဟု ခင့်ဝင်ဝါ က ဆက်ပြောသည်။ ”ကိုယ့်ဝါသနာကို ရှေ့ထားတယ်။ ခက်ခဲတာတွေကို မေ့ထားတယ်။ ကိုယ်ဖြစ်ချင်တဲ့ ဆန္ဒကို အကောင်အထည်ဖော်တယ်။ ဒီစိတ်က အရေးကြီး တယ်” ဟု ၎င်းက ဆက်ပြောသည်။ ပရဟိတအလှူတစ်ခုကိုလည်း သွားလှူဖို့ရှိကြောင်း ၎င်းထံမှ သိရသည်။

Popular Journal