ချင်းပြည်နယ် ရွာ ၁၁ ရွာ မှ ဘိန်းစိုက်ခင်းများ စစ်ကြောင်းသုံးကြောင်းခွဲပြီး ဖျက်သိမ်း

ပို့စ်တင်ချိန် - 12/28/2013 02:15:00 AM


=========================================
အောင်အောင်
=========================================
ရန်ကုန် ၊ ဒီဇင်ဘာ ၂၆ ။ ။ ချင်းပြည် နယ်ရှိ ဘိန်းစိုက်ခင်းများ ကို စစ် ကြောင်းသုံးကြောင်းခွဲပြီး ဖျက် သိမ်းခဲ့ကြောင်း ပြည်နယ်ရဲမှူး ကြီးမြင့်လွင် က ဒီဇင်ဘာ ၂၅ရက် က ရန်ကုန်တိုင်းမ်သတင်းစာသို့ ပြောသည်။

အဆိုပါဘိန်းစိုက်ခင်း များ ရှိသည့် ချင်းပြည်နယ် တွန်းဇံမြို့ နယ်တွင် ဒီဇင်ဘာ ၁၁ရက်မှ စတင်ကာ ယင်းသို့ဖျက်သိမ်း ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရဲမှူးကြီးမြင့်လွင်က ''အ ရင် နှစ်တွေက စစ်ကြောင်းတစ် ကြောင်းပဲ သွားနိုင် တယ်။ ဒီနှစ် မှာတော့ သုံးကြောင်းခွဲပြီးသွား တယ်။ ပြည်သူ့ရဲရော၊ စစ်တပ် ရော သုံးကြောင်းခွဲပြီး အင်အား သုံးဖျက်ဆီးခဲ့ပါတယ်''ဟုပြော သည်။

ချင်းပြည်နယ်တွင် ဘိန်း စိုက်ပျိုးရာနေရာမှာ ယင်းတွန်း ဇံမြို့နယ်တစ်နေရာသာရှိပြီး စိုက်ပျိုးသည့် ကျေးရွာပေါင်း ၁၁ ရွာနီးပါးရှိကြောင်း ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ရဲမှူးကြီးက ''အရင်နှစ် တွေက ဧကအနည်းငယ်ပဲဖျက် ဆီးနိုင်တယ်။ ဒီနှစ်တော့ စစ် တပ်အင်အားရော၊ ပြည်နယ် အစိုးရရဲ့အကူအညီရော စစ် ကြောင်းတစ်ကြောင်းကိုအင် အား ၅ဝနှုန်းနဲ့ စစ်ကြောင်းသုံး ကြောင်း အင်အား ၁၅ဝသုံးပြီး ဖျက်သိမ်းခဲ့ပါတယ်''ဟုထပ်မံ ပြောသည်။

အဆိုပါဘိန်းစိုက်ပျိုးမှု များသည် တစ်ဧကလျှင် ငွေကျပ် ၁၀ သိန်းနှင့် ၁၅သိန်းကုန်ကျ ခြင်းကြောင့် ဘိန်းခင်းများဖျက် သိမ်းရုံဖြင့် ဘိန်းစိုက်ခင်း ပပျောက် သွားမည်မဟုတ်ဘဲ တခြားစိုက် ပျိုးသီးနှံ များပေးခြင်းနှင့် စားနပ်ရိက္ခာထောက်ပံ့ကူညီ မှုများ ပြုလုပ်ရန်လို အပ်ပြီး ယင်းတို့ ကို ဖြည့်ဆည်းပေးနိုင်ပါမှ အဆို ပါဘိန်းစိုက်ခင်းများ လုံးဝပျောက် သွားမည်ဖြစ်ကြောင်း သိရသည်။

ရဲမှူးကြီးက ''ဒီနှစ်မှာ ဧကပေါင်း ၇၀ဝနီးပါးကို ဖျက် သိမ်းနိုင်ခဲ့ပါ တယ် ။ ငွေကြေး တတ် နိုင်တဲ့သူတွေက ဒေသခံ တွေကို လာရောက်စိုက်ခိုင်း တာပါ ။ လာရောက်စိုက်ပျိုးနေ တာနှစ် ၂ဝလောက်ရှိပြီလို့ ခန့် မှန်းရပါတယ်။ ဘိန်းစိုက်ခင်း တွေ လုံးဝပျောက်ကင်းဖို့အ တွက် ပညာပေးလုပ်ငန်းတွေ လဲလုပ်ကိုင်ဆောင်ရွက်နေပါ တယ်''ဟုပြောသည်။

ယင်းနှင့်ပတ်သက်ပြီး ချင်း ပြည်နယ် အစိုးရအဖွဲ့မှ ပြော ရေးဆို ခွင့်ရှိ သူတစ်ဦး က ''ဘိန်း စိုက်တဲ့နေရာက လူသူအရောက် အပေါက်နည်းတယ်။ သွားလာ ရခက်ခဲတယ်။ အဲဒါကြောင့် စိုက် ပျိုးကြတာပါ။ ချင်းပြည်နယ်မှာ အဲဒီတစ်နေရာပဲ ရှိပါတယ်''ဟုပြောသည်။

Yangon Media Group