ဒေါ်အောင်ဆန်းစုကြည် ခွဲစိတ်ကုသ
ပို့စ်တင်ချိန်
- 12/16/2013 01:46:00 PM
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနေ့ မနက် ၇ နာရီခွဲကနေ မနက် ၉ နာရီကျော်အထိ အာရှတော်ဝင်ဆေးရုံမှာ ခြေထောက်ခွဲစိတ်ကုသမှု ခံယူခဲ့တယ်လို့ ဒေါက်တာ တင်မျိုးဝင်းက ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆရာဝန် ဒေါက်တာ တင်မျိုးဝင်းက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေး အခြေအနေနဲ့ ပတ်သက်ပြီး ဒီနေ့ ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်တာပါ။
လမ်းလျောက်တာ များတဲ့အတွက် ခြေမ ၂ ချောင်းလုံးကို အတွင်းရော၊ အပြင်ရော ခွဲစိတ် ကုသခံရပြီး အရိုးနည်းနည်း ခြစ်ထုတ်ခဲ့ရတယ်လို့ ဒေါက်တာ တင်မျိုးဝင်းက ပြောဆိုခဲ့ပါတယ်။ အာရှတော်ဝင် အရိုးအထူးကုဆရာဝန်ကြီးတွေက ခွဲစိတ်ကုသခဲ့တာလို့ ဆိုပါတယ်။
၃ ရက်လောက်နေရင် လမ်းပြန်လျှောက်နိုင်မှာဖြစ်သလို ဆေးရုံက ဘယ်တော့ ဆင်းမလဲဆိုတာကတော့ သူ့ကို ခွဲစိတ်တဲ့ ဆရာဝန်ကြီးတွေအပေါ်မှာ မူတည်တယ်လို့ ရှင်းလင်းပြောဆိုခဲ့ပါတယ်။
DVB Burmese