အရက်ကြောင်ကြောင်ပြီး မိမိကိုယ်မိမိ လှံဖြင့်ထိုးသတ်

ပို့စ်တင်ချိန် - 12/28/2013 08:15:00 AM




27-12-2013

မကွေးတိုင်းဒေသကြီး မင်းလှ မြို့နယ် ဆုံကုန်းကျေးရွာနေ စိုးလွင် သည် ယခုလ ၂၃ ရက် နံနက် ၁ဝ နာရီ ၁၅မိနစ်က အရက် အလွန်အကျွံ သောက်စားခဲ့ပြီး မူးယစ်ကာစိတ်ကယောင်ချောက်ချား ဖြစ်ပြီး ဝမ်းဗိုက်အောက်အားလှံဖြင့် မိမိကိုယ်မိမိထိုးခဲ့သည်။

ချက်အောက် တစ်လက်မခန့် ဒဏ်ရာရရှိခဲ့သဖြင့်မကွေးသင်ကြား
ရေးဆေးရုံသို့ ဆေးကုသမှုခံယူစဉ် ယခုလ ၂၄ ရက်က သေဆုံးသွား ခဲ့သည့် ထိုအမျိုးသားသေဆုံးမှုအား ဓမ္မတာ အတိုင်းသေဆုံးခြင်း ဟုတ် မဟုတ် သိရှိရန်အတွက် ရေနံမနယ် မြေ ရဲစခန်းမှ ရဲတပ်ကြပ်ကြီး တင်မောင်အေးက တရားလိုပြု တိုင်တန်းခဲ့သဖြင့် မင်းလှမြို့နယ်
ရေနံမနယ်မြေရဲစခန်းက သေမှု သေခင်း အမှတ်စဉ် ၁၂/၂ဝ၁၃ဖြင့် အမှုဖွင့်ထားကြောင်းသိရသည်။
The Union Daily